Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၉.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း (၂)

  1. ဂျပန်အိုကာယာမတက္ကသိုလ်က မြန်မာနိုင်ငံ၌ ဆေးကောလိပ်ဖွင့်ရန် စီစဉ်

(Daily Yomiuri News မှ 17 March 2012 ရက်စွဲပါ Okayama University extends hand to Myanmar သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. ထိုင်းထိပ်တန်း အထည်ချုပ်လုပ်ငန်း (၆) ခု လုပ်ခနည်းသော မြန်မာနိုင်ငံသို့ရွေ့မည်

(The Nation မှ 17 March 2012 ရက်စွဲပါ Petchanet Pratrauangkrai ရေးသားသော Six top garment makers fleeing to Low-wage Burma ကို ဘာသာ ပြန်ဆိုသည်)

  1. ထိုင်းတွင် မက်သာဖက်တမင်းဆေးပြား နှစ်သန်းခွဲဖမ်းမိ

(ABC News မှ 16 March 2012 ရက်စွဲပါ Thai authorities seizes 2.5 million meth pills ကို ဘာသာ ပြန်ဆိုသည်)

***********************************************************************

ဂျပန်အိုကာယာမတက္ကသိုလ်က မြန်မာနိုင်ငံ၌ ဆေးကောလိပ်ဖွင့်ရန် စီစဉ်

(Daily Yomiuri News မှ 17 March 2012 ရက်စွဲပါ Okayama University extends hand to Myanmar သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ဆေးတက္ကသိုလ်ဖွင့်လှစ်ရန် နိုင်ငံတွင်း ကျန်းမာရေးစောင့်ရှောက်မှု အဆင့်ကို မြင့်ရန် အစီအစဉ်များကို အိုကာယာမ တက္ကသိုလ်က မကြာသေးမီက ထုတ်ပြန် ကြေညာလိုက်သည်။

လတ်တလောတွင် ဂျပန်အိုကာယာမ တက္ကသိုလ်က ဆေးပညာသင်ကြားမှုနှင့် ဆေးပညာရှင်များ ချို့တဲ့ အားနည်းနေသော မြန်မာနိုင်ငံကို ဆေးဖက်ဆိုင်ရာ အကူအညီများ ထောက်ပံ့ပေးအပ်နေသည်။ အိုကာယာမ တက္ကသိုလ်သည် ကျောင်းဖွင့်လှစ်မည့်နေရာ၊ Rinsho Acatamy ဟု အမည်ပေးရန် ကိစ္စနှင့် သင်တန်းကြေး ကိစ္စများကို မြန်မာကျန်းမာရေးဝန်ကြီးဌာနနှင့် ဆွေးနွေးတိုင်ပင်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဆေးကုသမမှု အချက်အချာ ဗဟို ဖြစ်လာရန် မျှော်မှန်းထားသော အဆိုပါ ဆေးတက္ကသိုလ်ကို နှစ်အနည်းငယ်အတွင်း တည်ဆောက်မှု စတင်ရန် ရည်ရွယ်ထားသည်ဟု သိရှိရသည်။အိုကာယာမ တက္ကသိုလ်သည် ၂၀၀၂ ခုနှစ်တွင် ယင်း၏ ဆေးကောလိပ်မှ ပါမောက္ခရှိဂဲရုအိုဂါဒါ၏ အကူအညီဖြင့် မြန်မာကျန်းမာရေး ဝန်ကြီးဌာနနှင့် သဘောတူညီမှု ရရှိခဲ့ပြီးနောက် ဆေးဖက်ဆိုင်ရာ အကူအညီများ စတင်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ပါမောက္ခအိုဂါဒါနှင့် တပည့်များသည် မြန်မာနိုင်ငံမှ ဆရာဝန်များအား ဟောပြောပို့ချရန်နှင့် ကုသမှုဆိုင်ရာ လမ်းညွှန်မှုများပေးရန်အတွက် နေပြည်တော်နှင့် ရန်ကုန်မြို့များသို့ လာရောက်ခဲ့ကြပြီး ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံ၌ ဗြိတိသျှတပ်များ၏ ဖမ်းဆီးခြင်း ခံခဲ့ရသော ဖခင်ဖြစ်သူကို ဒေသခံ မြန်မာတို့က အစားအစာ တိတ်တဆိတ် ကျွေးမွေးခဲ့သည်ကို ကြားသိခဲ့ရပြီးနောက် မြန်မာတို့ အပေါ်သံယောဇဉ်ကြီးခဲ့သည်ဟု အိုကာဒါက ပြောကြားသည်။

၂၀၀၅ ခုနှစ်တွင် ပါမောက္ခအိုဂါဒါ အငြိမ်းစားယူသွားပြီးနောက်ပိုင်း အဆိုပါစီမံကိန်းကို ပါမောက္ခ ယိုရှိဟီရိုကီမာတာက ဆက်လက် လုပ်ဆောင်ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ခွဲစိတ် မှုဆိုင်ရာ အကူအညီ စတင ပေးအပ်ခဲ့ပြီး၊ လူနာပေါင်း ၁၆၀ ကျော် ကုသပေးခဲ့ရာတွင် အဓိကအားဖြင့် ပလပ်စတစ်ဆာဂျရီ ပြုလုပ်ပေးခြင်း ဖြစ်သည်ဟု သိရှိရသည်။

ထိုအတောအတွင်း အိုဂါဒါသည် အိုကာယာမအခြေစိုက် လူမှုကူညီရေးအဖွဲ့အစည်းဖြစ်သော “လူသားဆေးပညာ ရင်းမြစ်ဖွံ့ဖြိုးရေး ဆိုင်ရာ ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း” ၏ ဒါရိုက်တာ အဖြစ် မြန်မာဆေးလောက တိုးတက်ရေး ကြိုးပမ်းမှုများကို ဆက်လက် လုပ်ဆောင်ခဲ့သည်။

မြန်မာနိုင်ငံသို့ မကြာခဏရောက်ရှိနေသော ပါမောက္ခ ကီမာတာ၏ အဆိုအရ လူဦးရေ ၁၀၀၀၀၀ လျှင် ဆရာဝန် ၃၀ မျှသာ ရှိသော မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုနှုန်းသည် ဂျပန် နိုင်ငံ၏ ၇ ချိုး ၁ ချိုးသာ ရှိသည်ဟု သိရှိရသည်။

ဆေးတက္ကသိုလ် ၃ ခုခန့်သာ ရှိသော မြန်မာနိုင်ငံတွင် ဆရာဝန်မလုံလောက်မှုကိစ္စမှာ ရေရှည် ပြဿနာတစ်ရပ် ဖြစ်နေသည်။ ပါမောက္ခ ကီမာတာက “မြန်မာနိုင်ငံကို ဆေးဖက်ဆိုင်ရာ အကူအညီပေး နေရုံလောက်နဲ့တော့ ကျွန်တော်တို့ရဲ့ ကြိုးပမ်း အားထုတ်မှုတွေက အရာထင်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ဆေးကုသမှုနယ်ပယ်က လူသားရင်းမြစ် ဖွံဖြိုးရေးကို ပထမဦးစားပေး လုပ်ဆောင်ကြရမှာပါ”ဟု သုံးသပ် ပြောကြားသည်။

ထို့ကြောင့်ပင် မြန်မာဆေးလောက တိုးတက်ရေးအတွက် ဆေးတက္ကသိုလ်ထူထောင်ဖွင့် လှစ်ရန် အိုကာယာမ တက္ကသိုလ်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး၊ စီမံကိန်း အတွက် ရန်ပုံငွေထောက်ပံ့မည့် ကုမ္ပဏီများကို ရှာဖွေရန် အိုကာယာမ အခြေစိုက် လူမှုကူညီရေးအဖွဲ့(NPO)က စီစဉ်ပြင်ဆင်လျက် ရှိသည်။။ မြန်မာနိုင်ငံကို ဆရာဝန်တွေ အလှည့်ကျစေလွှတ်ပြီး လူနာတွေကို ကယ်ဆယ်ကုသပေးမယ့် စနစ်တစ်ခုကို ထူထောင်ချင်ပါတယ်။ မြန်မာနိုင်ငံနဲ့ စစ်မှန် နက်ရှိုင်းတဲ့ ရင်းနှီးခင်မင်မှုတွေ အပြန်အလှန် ဖလှယ်ပြီး၊ တက္ကသိုလ်ရဲ့ နိုင်ငံတကာ တန်းဝင်မှုကို မြှင့်တင်သွားဖို့ ရည်မှန်းထားပါတယ်”ဟု ပါမောက္ခ ကီမာတာက ပြောကြားခဲ့သည်။

*****************************************************

ထိုင်းထိပ်တန်း အထည်ချုပ်လုပ်ငန်း (၆) ခု လုပ်ခနည်းသော မြန်မာနိုင်ငံသို့ရွေ့မည်

(The Nation မှ 17 March 2012 ရက်စွဲပါ Petchanet Pratrauangkrai ရေးသားသော Six top garment makers fleeing to Low-wage Burma ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုဥပဒေများအရ ဒီမိုကရေစီသို့ ဦးတည်ပြီး လုပ်သာကိုင်သာ ရှိလာခြင်းကြောင့် အနည်းဆုံး အထည်ချုပ်လုပ်ငန်းကြီး ခြောက်ခုခန့်သည် ယခုနှစ်ဒုတိယနှစ်ဝက်တွင် မြန်မာနိုင်ငံတွင် စက်ရုံများ ထူထောင်ရန် စီစဉ်လျက်ရှိသည်။

စက်ရုံတစ်ရုံလျှင် ကနဦးရင်းနှီးမြှုပ်နှံငွေသည် ပျမ်းမျှဒေါ်လာ(၁၀)သန်း(ဘတ်သန်း ၃၀၀)ခန့်ရှိ မည်ဖြစ်ရာ စုစုပေါင်းဒေါ်လာသန်း (၆၀) ရှိမည်ဖြစ်သည်။ ထိုင်းရင်းနှီးမြှုပ်နှံသူများက ရန်ကုန်မြို့အား မျက်စိကျလျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ရန်ကုန်မြို့သည် အခြေခံအဆောက်အဦးတွင် အခြားနေရာများ ထက်စာလျှင် ပိုမိုပြည့်စုံပြီး၊ ဆိပ်ကမ်းမြို့ဖြစ်ခြင်းကြောင့် ဖြစ်သည်။

ထိုင်းအထည်ချုပ်လုပ်ငန်းများအဖွံ့(TGMA)မှ အကြံပေးပညာရှင် Vallop Vitanakorn က ပြောကြားရာတွင် မြန်မာနိုင်ငံ၏ လုပ်ဆောင်နိုင်စွမ်းကြောင့် မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံရန် စီစဉ်ခြင်း ဖြစ်ပြီး ပြည်တွင်းတွင် ရောင်းချရန်နှင့် တတိယနိုင်ငံများသို့ တင်ပို့ရန်ဖြစ်ပါသည်။

ထိုင်းအထည်ချုပ် လုပ်ငန်းများအဖွဲ့ (TGMA)မှ အကြံပေးပညာရှင် Vallop Vitanakorn က ပြောကြားရာတွင် မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံရန် စီစဉ်ခြင်း ဖြစ်ပြီး ပြည်တွင်းတွင် ရောင်းချရန်နှင့် တတိယနိုင်ငံများသို့ တင်ပို့ရန်ဖြစ်သည်။

၎င်းက ပြောကြားရာတွင် စက်ရုံတစ်ခုစီသည် မြင့်မားသော ထုတ်လုပ်မှုနှုန်းရှိရန် စီစဉ်ထားပြီး၊ လုပ်သားအင်အား ၁၀၀၀ မှ ၃၀၀၀ အထိ အသုံးပြုရန်လည်း စီစဉ်ထားသည်ဟု ပြောသည်။

“ဧပြီလ (၁)ရက်နေ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအနေနဲ့ နောက်ပြန်မသွားတော့ဘူးလို့ ပြသပါလိမ့်မယ်။ ဒါဆိုရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အတွက် တိုးတက်လာရေးအတွက် ဥပဒေ၊ နည်းဥပဒေတွေ ပြန်လည်သုံးသပ်ပြီး၊ တိုးတက်မှုအတွက် မူဝါဒတွေ ပိုမို ရှင်းလင်းပီပြင်လာမှာပါ”ဟု Vallop က ပြောသည်။

မြန်မာနိုင်ငံသည် ယခုအခါ(၂၄)နှစ်ခန့် မပြောင်းလဲခဲ့သော ရင်းနှီးမြှုပ်နှံမှုဥပဒေကို မကြာခင် ပြင်ဆင်တော့မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် အလုပ်သမား လုပ်ခများသည် ထိုင်းနိုင်ငံမှ လုပ်ခများထက် သုံးပုံတစ်ပုံ လျော့နည်းသည်။

TGMA ဥက္ကဌ Sukij Kongpiyacharn က ပြောကြားရာတွင် လက်ရှိ ထိုင်းနိုင်ငံတွင် အလုပ်သမား မလုံလောက်မှုနှင့် လာမည့်လတွင် အနည်းဆုံး လုပ်ခကို တစ်ရက်လျှင် ဘတ်(၃၀၀)သို့ တိုးမြှင့်ရန် စီစဉ်နေမှုကြောင့် အကြီးဆုံး အထည်ချုပ်လုပ်ငန်း (၁၅)ခုသည် အိမ်နီးချင်းနိုင်ငံများသို့ ပြောင်းရွှေ့ရန် တွန်းအား ပေးသလို ဖြစ်ခဲ့ရသည်။

လွန်ခဲ့သော နှစ်ကလည်း ထိုင်းအထည်ချုပ် လုပ်ငန်းရှင်များသည် အခြားအာဆီယံနိုင်ငံများ ဖြစ်သော ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လာအိုတို့တွင် စုစုပေါင်း ဒေါ်လာသန်း (၂၀၀) တန်ဖိုးရှိ စက်ရုံများ တည်ဆောက်ခဲ့သည်။

Sukij က ပြောကြားရာတွင် ထိုင်းအထည်ချုပ်လုပ်ငန်း (၁၀) ခုကျော်သည် ယခုနှစ်တွင် မြန်မာနိုင်ငံ၌ စက်ရုံသစ်များ ထူထောင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “မြန်မာနိုင်ငံမှာ တည်မယ့်စက်ရုံတွေဟာ အခြားအာဆီယံနိုင်ငံတွေက စက်ရုံတွေထက် ပိုကြီး ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံဟာ ရင်းနှီးမြှုပ်နှံမှုအတွက် အလားအလာဟာ အမြင့်ဆုံးမှာ ရှိနေပြီ၊ ပြည်တွင်းဈေးကွက် ကလည်း အကြီးကြီး ရှိပါတယ်။ တတိယနိုင်ငံကို တင်ပို့လို့လည်း ရပါတယ်” ဟု Sukij က ပြောသည်။ ထိုင်းအစိုးရသည် လူနေမှု အဆင့်မြင့်ရန်နှင့် ဝင်ငွေကွာဟမှုလည်း ကျဉ်းမြောင်းစေရန် ရည်ရွယ်၍ လုပ်ခများ မြှင့်တင်ရန် ကျိုးကြောင်းဆီလျော်ခြင်း မရှိသည့် မူဝါဒများချမှတ်ခဲ့ရာ ထိုင်းကုမ္ပဏီများသည် ထိုင်းနိုင်ငံတွင် လုပ်ငန်းသစ်များ တိုးချဲ့ရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ယခုနှစ်တွင် ထိုင်းနိုင်ငံ၌ အထည်ချုပ်လုပ်ငန်း ပို့ကုန်တန်းဖိုး တိုးတက်မှုမရှိဘဲ ရပ်တန့်နေသည်။ အထည်ချုပ် ပို့ကုန်မှ ထိုင်းနိုင်ငံသည် တစ်နှစ်လျှင် ဒေါ်လာ(၃.၂၅) ဘီလီယံရရှိသည်။

အထည်ချုပ် လုပ်ငန်းရှင်များသည် ဧပြီလ(၁)ရက်နေ့တွင် စတင် သက်ရောက်မည့် လုပ်ခများ တိုးမြှင့်ရေးမူဝါဒကို အစိုးရအနေဖြင့် ရွှေ့ဆိုင်းပေးရန် မျှော်လင့်လျက်ရှိသည်။ အောက်တိုဘာလက လုပ်ငန်းရှင်များ စုပေါင်း၍ ဗဟိုအုပ်ချုပ်မှု တရားရုံးသို့ ရွှေ့ဆိုင်းပေးရန် လျှောက်ထားချိန်မှာ မအောင်မြင်ခဲ့ပေ။

လုပ်သားများ၏ စွမ်းဆောင်ရည် တိုးတက်ခြင်းမရှိဘဲ လစာ တိုးပေးခြင်းသည် သင့်တော်မှုမရှိ ကြောင်း အထည်ချုပ် လုပ်ငန်းများက မေးခွန်း ထုတ်ကြသည်ဟု Vallop က ပြောပါသည်။ အထည်ချုပ် လုပ်ငန်းများ၏ ၃၀% ကျော်သည် အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များဖြစ်ကြောင်း လုပ်သား များ စွမ်းဆောင်ရည် တိုးတက်မှုမရှိပဲ ထုတ်လုပ်မှုစရိတ် မြင့်တက်လာပြီး ဒေဝါလီ ခံရနိုင်ကြောင်း ပြောသည်။

ကမ္ဘာ့စီးပွားရေး တိုးတက်မှုတွင် အခက်အခဲများ ကြုံတွေ့နေရခြင်းကြောင့် အထည်ချုပ်လုပ် ငန်းများသည် ထုတ်လုပ်မှုစရိတ် မြင့်တက်လာသော်လည်း ၎င်းတို့၏ ရောင်းဈေးကို မြှင့်တင်ရန် မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းများ ပိတ်သိမ်းရဖွယ် ရှိကြောင်း ၎င်းက သတိပေးလိုက်သည်။

*********************************************************

ရင်းနှီးမြှုပ်နှံရန် လက်ကမ်းခေါ်နေသည့် မြန်မာ

(Financial Times Blog မှ Josh Noble ရေးသားသော Myanmar: Welcome to the sell-side ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

အေးတိအေးစက် ဖြစ်နေသည့် အခြေအနေထဲမှ မြန်မာနိုင်ငံရုန်းထွက်လာပြီး ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်၌ ဒယီးဒယိုင် လျှောက်လှမ်းနေသည်ကို စာဖတ်သူများအနေဖြင့် ကောင်းစွာရိပ်စားမိခြင်း ရှိချင်မှ ရှိပါလိမ့်မည်။

မတ်လ ၁၄ ရက်နေ့က စာရေးသူ၏ အီးမေးလ်ထဲသို့ Nomura သုတေသနစင်တာမှ စာတစ်စောင် ဝင်လာသည်။ အလွန် စိတ်ဝင်စားစရာ ကောင်းသည့်စာလည်း ဖြစ်သည်။ မြန်မာနိုင်ငံနှင့်ပတ်သက်သော ပွဲဦးထွက် သုတေသန အစီရင်ခံချက်ဖြစ်သည်။ အဆိုပါ အစီရင်ခံစာကို Citi ၊ Standard Chartered နှင့် HSBC တို့က ထုတ်ပြန်မည့် အစီရင်ခံစာများနှင့်အတူ ထုတ်ပြန်မည်ဖြစ်သည်။ အစီရင်ခံစာများအားလုံးမှာ မြန်မာနိုင်ငံ၏ ပြည်ပ စားသုံးမှု(Consumption) နှင့်ပတ်သက်ပြီး သုတေသနပြုထားခြင်း ဖြစ်သည်ဟု သိရသည်။ အာရှအခြေစိုက် CLSA အဖွဲ့ကလည်း မကြာသေးခင် ရက်သတ္တပတ်အတွင်း အစီရင်ခံစာထုတ်ပြန်ခဲ့သေးသည်။ သို့သော် မီဒီယာများသို့ ဖြန့်ဝေမှုမပြုလုပ်ခဲ့ပေ။

အမှန်ပြောရမည်ဆိုပါက ဂျပန်အကြောင်းသာ ဖြစ်သည်။ မကြာသေးခင်က ဂျပန်ဘဏ်တစ်ခုက မြန်မာနှင့် ပတ်သက်သော သုတေသန အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာ အလွန်တန်ဖိုးရှိလှသည်ဟု ဆိုရပေမည်။ ဂျပန်က ပြီးခဲ့သည့် ဒီဇင်ဘာ မတိုင်မီကတည်းက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အစိုးရနှင့် ဆွေးနွေးပြောဆိုမှုများပြုလုပ်ခဲ့သည်။ အစိုးရနှင့် သဘောတူညီချက်ရရှိရန်လည်း အတော်အတန်ပင်ကြိုးပမ်းခဲ့သည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံသို့ ချေးငွေအစီအစဉ် ပြန်လည်စတင်မည်ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုထားကြောင်း ကျိုတိုသတင်းဌာနက ရေးသားဖော်ပြခဲ့သေးသည်။

မြန်မာနိုင်ငံတွင်းမှ အခြားသော နိုင်ငံစုံကုမ္ပဏီလုပ်ငန်းများ နုတ်ထွက်သွားခဲ့ကြပြီးနောက် ဂျပန်ကုမ္ပဏီကြီးများ ဆက်လက် ကျန်ရစ်နေခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စုနှင့် အီးယူတို့၏ ပိတ်ဆို့အရေးယူမှုများနှင့် သက်ဆိုင်သည့် ရှုပ်ထွေးမှုများရှိနေသည့်တိုင် ဂျပန်ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင်း ကောင်းစွာ ခြေချနိုင်သည့် အနေအထားတွင်ရှိသည်။ Convenience Store ဆိုင်တစ်ခုဖြစ်သော Lawson ဆိုလျှင် မြန်မာပြည်တွင်း ဝင်ရောက် လုပ်ကိုင်ရေးအတွက် အစီအစဉ်များရေးဆွဲထားပြီးဖြစ်သည်။ Lawson ကလည်း အစီရင်ခံစာတစ်ရပ် ထုတ်ပြန်သည်။ "မြန်မာ သို့မဟုတ် တယ်လီ ဆက်သွယ်ရေး ဈေးကွက် မရှိသေးသည့် နိုင်ငံ" ဟု ခေါင်းစဉ်ပေးထားသည့် အဆိုပါ အစီရင်ခံစာတွင် နိုင်ငံတကာ Operator များအပြိုင်အဆိုင်ဝင်ရောက်ကာ

ရင်းနှီးမြှုပ်နှံမည့် ကိစ္စကို အလေးပေး ရေးသားထားသည်။ ထို့ပြင် ရင်းနှီးမြှုပ်နှံမှုဘဏ်များ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လာရေးကိုလည်း ထည့်သွင်းရေးသားထားသည်။

"မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများအတွက် အပြုသဘောရှုမြင်နိုင်မည့်

တရားဝင် အကြောင်းအရင်းရှိသည်ဟု ကျွန်ုပ်တို့ထင်သည်။ သို့သော် မြန်မာစစ်တပ်သည် လွန်စွာသြဇာ လွှမ်းမိုးမှုကြီးမားသည် ဖြစ်ရာ ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် အကောင်အထည်ဖော်လုပ်ကိုင်ခြင်း တို့အတွက်

စိန်ခေါ်မှုများရှိနေမည်ဖြစ်သည်" ဟုဆိုထားသည်။ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခြေအနေများကို အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ကာ ဇယားများဖြင့်အဆိုပါ အစီရင်ခံစာကဖော်ပြပြီး မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံရာတွင် ဝန်ဆောင်မှုပေးမည့် လုပ်ငန်းများဘက်က ရပ်တည်ရေးသားထားဟန် ရှိသည်။

CIA World Factbook ကဲ့သို့ လွတ်လပ်စွာ ရယူနိုင်သည့် ဝက်ဘ်ဆိုက်မျိုးတွင်ပင် မြန်မာနိုင်ငံ၏

စစ်မှန်သော ကိန်းဂဏန်းများနှင့်ပတ်သက်၍ မည်မျှအတိုင်းအတာအထိ အခက်အခဲရှိကြောင်း ဖော်ပြထားသည်ကို တွေ့ရမည်ဖြစ်သည်။ သို့သော် ယခုအထက်ဖော်ပြပါ အစီရင်ခံစာမျိုးများ အစီအရီထွက်ပေါ်လာသည်မှာ

ထူးခြားလှသည်။ သို့ဆိုပါက ရင်းနှီးမြှုပ်နှံသူများသည် မြန်မာဟူသော စီးပွားရေးစစ်မြေပြင်သို့ အစောတလျင် ခြေကုပ်ယူ ဝင်ရောက်နေပြီဖြစ်ပြီး နောင်မဝေးတော့သည့် ကာလတွင်လည်း အလားတူ သုတေသနစာတမ်းများ

အလျှိုလျှို ထွက်ပေါ်လာဦးမည်သာပင် ဖြစ်ပါသည်။

****************************************************

ထိုင်းတွင် မက်သာဖက်တမင်းဆေးပြား နှစ်သန်းခွဲဖမ်းမိ

(ABC News မှ 16 March 2012 ရက်စွဲပါ Thai authorities seizes 2.5 million meth pills ကို ဘာသာ ပြန်ဆိုသည်)

ထိုင်းနိုင်ငံ လုံခြုံရေး တပ်ဖွဲ့များသည် နှစ်ရက်အတွင်း ဒုတိယအကြိမ်မြောက် မက်သာဖက်တမင်းဆေးပြား သန်းပေါင်းများစွာ ထပ်မံ ဖမ်းဆီးမိခဲ့ရာ ယခုနှစ်တွင် ဖမ်းမိခဲ့သော ဆေးပြား ၁၂ သန်းကျော် ရှိသွားပြီ ဖြစ်သည်။

ရဲမှူးကြီး Surachet Thopunyanon က ပြောကြားရာတွင် စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့သည် သောကြာနေ့က ချင်းရိုင်ရှိ အိမ်တစ်လုံးတွင် မက်သာဖက်တမင်းဆေးပြား ၂.၅ သန်းနှင့် ခရစ်စတယ် မက်သာဖက်တမင်း ၅ဝ ကီလို (၁၁ဝ ပေါင်) ကို ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။ ထိုင်းလူမျိုး အမျိုးသား တစ်ဦးနှင့် အမျိုးသမီးနှစ်ဦး အဖမ်းခံခဲ့ရသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင် အများစု ထုတ်လုပ်သော မက်သာဖက်တမင်း ဆေးပြားများအတွက် အဓိက ဈေးကွက်နှင့် တစ်ဆင့်ခံ ပို့ဆောင်ရာ နိုင်ငံ ဖြစ်သည်။ ယခုနှစ်အတွင်း အကြီးဆုံး ဖမ်းဆီးရမိခဲ့မှုမှာ လွန်ခဲ့သည့် နှစ်ပတ်က ချင်းရိုင် စစ်ဆေးရေးဂိတ်တွင် ဆေးပြား ၄ သန်းကျော် ဖမ်းဆီးရခဲ့မှု ဖြစ်သည်။ ပြီးခဲ့သည့် ကြာသပတေးကလည်း မြောက်ပိုင်းပြည်နယ်တစ်ခု ဖြစ်သော လမ်ပန်တွင် ဆေးပြား ၂ သန်းခန့် ဖမ်းမိခဲ့သည်။

*****************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment