Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၂၉.၃.၂၀၁၂

ပြည်တွင်းသတင်းများ

  1. မြစ်ကြီး(၄)သွယ် ထိန်းသိမ်းစောင့်ရှောက်ရေးသတ္တုတွင်း ဝန်ကြီးဌာနမှ အမိန့်ကြေညာစာထုတ်ပြန်
  2. ဘဏ္ဍာအခွန် ခွင့်ပြုချက်ရသည့်နှင့် တိုကျိုကုမ္ပဏီနှင့် မြန်မာ ဗပိာုဘဏ်တို့ စာချုပ် ချုပ်ဆိုမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. လွှတ်တော်ရေးရာ ကော်မတီများသည် ပြည်ထောင်စု အဆင့်မဟုတ်ကြောင်း ဖွဲ့စည်းပုံခုံရုံးက ဆုံးဖြတ်
  2. နိုင်ငံတကာမှ လေ့လာသူများအား နိုင်ငံခြားရေးဝန်ကြီးဌာနက စည်းကမ်းချက်များ ထုတ်ပြန်
  3. ရွေးကောက်ပွဲ၌ သတင်းထောက်နှင့် စောင့်ကြည့်သူများ ကိုက် ၅၀၀ အတွင်း မဝင်ရ

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

မြစ်ကြီး(၄)သွယ် ထိန်းသိမ်းစောင့်ရှောက်ရေး သတ္တုတွင်းဝန်ကြီးဌာနမှ အမိန့်ကြေညာစာထုတ်ပြန်

မြစ်ကြီး(၄)သွယ်အား ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် မြစ်ကြီးလေးသွယ်၏ ပေ(၃၀၀)အတွင်း မြန်မာ့သယံဇာတထွက်ပစ္စည်းများကို တူးဖော်ခြင်း မပြုရန် သတ္တုတွင်းဝန်ကြီးဌာနမှ ၂၀၁၂ မတ်လ ၂၈ ရက်နေ့ ရက်စွဲဖြင့် အမိန့်ကြော် ငြာစာ အမှတ် (၂၆/၂၀၁၂) ကို ထုတ်ပြန်ကြေညာခဲ့သည်။

၎င်း ထုတ်ပြန်ကြေညာချက်၌ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံပုဒ်မ ၄၅ တွင် “နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို  ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမည်”ပာု ပြဋ္ဌာန်းထားသည့်အပြင် မြန်မာ့သတ္တုတွင်းဝန်ကြီးဌာန၏ ဥပဒေပုဒ်မ ၃ ပုဒ်မခွဲ(စ)တွင် ဓာတ်သတ္တုလုပ်ငန်းကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ထိခိုက်ပျက်စီးမှု မရှိစေရပာု ပြဋ္ဌာန်း ထားကြောင်း သိရသည်။

ထိုသို့ နိုင်ငံတော်မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပြဋ္ဌာန်းထားသည်နှင့်အညီ တန်ဖိုးမဖြတ်နိုင်သော နိုင်ငံတော်၏ သဘာဝ အမွေ အနှစ်ဖြစ်သည့် ဧရာဝတီမြစ်၊ သံလွင်မြစ်၊ ချင်းတွင်းမြစ်နှင့် စစ်တောင်း မြစ်ကြီး ၄ သွယ်၏ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ၂၀၁၂ မတ်လ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ (၁၁/၂၀၁၂)ကြိမ်မြောက် အစည်းအဝေး သဘောတူညီချက်များအရ သတ္တုတွင်း ဝန်ကြီးဌာနမှ မြန်မာ့သတ္တုတွင်းဥပဒေ ၃၉ အရ ဤအမိန့်ကြေငြာစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာန၏ အမိန့်ကြေငြာစာ၌ ဖော်ပြပါ ရှိသည်။

“စစ်တောင်းမြစ်နားမှာ သတ္တုရှာဖွေတဲ့လူတွေ၊ သယံဇာတထွက် ပစ္စည်းရှာဖွေတဲ့သူတွေကြောင့် တဖြည်းဖြည်း မြစ်ကြီးတွေ တိမ်ကောလာတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှု တွေကလည်း တော်တော်ကို များလာပါတယ်။ အဲ့ဒီဒေသမှာရှိတဲ့ လူတွေကလည်း ဒါကို တော်တော်စိုးရိမ် နေကြတာပါ”ပာု သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သတ္တုတွင်းဝန်ကြီးဌာန၏ စစ်တောင်းမြစ် ထိန်းသိမ်းရေးအတွက် ထုတ်ပြန်ခဲ့သည့် အမိန့်ကြေငြာစာ၌ မြစ်ကြီး (၄) သွယ်၏ မြစ်ကြောင်းအတွင်းနှင့် မြစ်ကမ်းစပ်မှ ပေ(၃၀၀)အတွင်း မြေထုမှ တူးဖော်၍လည်းကောင်း၊ တခြားနည်းဖြင့်သော်လည်းကောင်း၊ မြန်မာ့သတ္တုတွင်းဥပဒေနှင့် မြန်မာ့ကျောက်မျက် ရတနာဥပဒေပါ ကျောက်မျက်ရတနာ၊ သတ္တု၊ တွင်းထွက်ကုန်ကြမ်းပစ္စည်းနှင့် ကျောက် စသည့် ဓာတ်သတ္တုများအား ရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်းနှင့် ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို အမိန့်ထုတ်ပြန်သည့်နေ့မှ နောက်ထပ်အမိန့် တစုံတရာဖြင့် ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း မပြုသရွေ့ မပြု လုပ်ရန် တားမြစ်ခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ဘဏ္ဍာအခွန် ခွင့်ပြုချက်ရသည့်နှင့် တိုကျိုကုမ္ပဏီနှင့် မြန်မာ ဗပိာုဘဏ်တို့ စာချုပ် ချုပ်ဆိုမည်

မြန်မာနိုင်ငံ၏ ငွေအရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်လာနိုင်စေရန် တိုကျိုစတော့အိတ်ချိန်းနှင့် ဒိုင်ဝါသုတေသနအဖွဲ့ ကုမ္ပဏီလီမီတက်တို့မှ မြန်မာ နိုင်ငံရှိ ဗပိာုဘဏ်နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းကို မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိသည်နှင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဗပိာုဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

၂၀၁၂ မတ်လ ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံတွင်း ငွေတိုက်စာချုပ် ဈေးကွက်ဖော်ဆောင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ၎င်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပထမအဆင့်ကိုတော့ ၂၀၁၁ ဇွန်လ ကတည်းက စတင်ခဲ့တာပါ။ မေလမှာ ပြီးစီးမယ်လို့ ထင်ပါတယ်။ ဒုတိယ အဆင့်ကိုတော့ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်ရုံး(ASEAN Secretariat)ကို အသေးစိတ်အချက်အလက်တွေ တင်ပြသွားပါမယ်”ပာု ဗပိာုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အာဆီယံ စီးပွားရေးအဖွဲ့အစည်းများနှင့် ညှိယူနိုင်ရန် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ငွေအရင်းအနှီးများကို လွတ်လပ်စွာ စီးဆင်းခွင့်ပေးနိုင်ရန် လိုအပ်ပြီး ငွေအရင်းအနှီးဈေးကွက်ဖွံ့ဖြိုးနိုင်ရန် ပထမဆုံးခြေလှမ်းအဖြစ် ငွေချေးစာချုပ်ဈေးကွက်(Bond Market) ဖွံ့ဖြိုးလာရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ဆိုသည်။

လက်ရှိ ငွေအရင်းအနှီးဈေးကွက်တွင် ချေးငွေဖြင့်သာ လုပ်ကိုင်ဆောင်ရွက်နေရသည့်အပြင် အများပိုင် ကုမ္ပဏီများ ပြည်တွင်း၌ ထွန်းကား လာနိုင်ရန် မှတ်ပုံတင်ပြုလုပ်သည့်အခါ မြန်ဆန်လာနိုင်ရန်နှင့် အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲရာတွင် အလေးပေးဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း ၎င်းက အကြံပြု ပြောကြားသည်။

Ref:မြန်မာတိုင်းမ်

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

လွှတ်တော်ရေးရာ ကော်မတီများသည် ပြည်ထောင်စု အဆင့်မဟုတ်ကြောင်း ဖွဲ့စည်းပုံခုံရုံးက ဆုံးဖြတ်

ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်တို့၏ အခွင့်အာဏာဖြင့်  လွှတ်တော်ကိုယ်စားလှယ်များ၊ ပြင်ပပညာရှင် များကို စုစည်းကာ ဖွဲ့စည်းထားသည့် လွှတ်တော်ရေးရာ ကော်မတီများ၊ ကော်မရှင်များသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းမဟုတ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ဥပဒေခုံရုံးက မတ်လ ၂၈ ရက်နေ့တွင် ဆုံးဖြတ်လိုက်သည်။

ယင်းအဆိုကို ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား နိုင်ငံတော်ရှေ့နေချုပ်က ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်း ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်သည် လွှတ်တော်ရေးရာ ကော်မတီများ၏ လုပ်ငန်းတာဝန်များကို ထိခိုက်မည် မဟုတ် ကြောင်း ယင်းက ဆက်လက် ပြောကြားသည်။

လွှတ်တော် အသီးသီးတွင် ဖွဲ့စည်းထားသည့် လွှတ်တော်ရေးရာ ကော်မတီများသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း မဟုတ်ကြောင်းကို ဖွဲ့စည်းပုံ အခြေခံ