Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၉.၄.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. အားဖြင့် ဖြတ်သန်းဖို့

*****************************************

ဆောင်းပါးကဏ္ဍ

အားဖြင့် ဖြတ်သန်းဖို့

မိုးမြင့်ငြိမ်း

နှစ်သစ်ကာလတစ်ခုသို့ ဆန်းသစ်တော့မည်ဖြစ်သည်။ မြန်မာသိမှုနယ်ပယ်အတွင်း မြန်မာလူမျိုးတို့ အစဉ်တဆက် ထိန်းသိမ်းကျင်းပခဲ့သည့် သင်္ကြန်ရိုးရာ ရေသဘင်ပွဲတော်ကြီးများ မကြာမီဝယ် ဆွဲနွဲချိန်တန်တော့မည်။ သင်္ကြန်သဘာဝအတိုင်း သင်္ကြန်မတိုင်ခင် မိုးနုမွမွလေးများ အချိန်တန် ရောက်လာတတ်သည့် ဧည့်သည်လို ကမ္ဘာမြေပြင်အထက်ဝယ် ဟိုနားတစ်ကွက်၊ ဒီနားတစ်ကွက် ပက်ဖြန်းလို့နေပါသည်။ မိုးရေစိုနေသည့် လမ်းများပေါ် လမ်းလျောက်ရသည့်အခါ မြေသင်းနံ့ကလေးများ ကြိုင်ကြိုင် သင့်ပျံ့လာသည်မှာ အောင်းမေ့မှုနှစ်ခု ဖြစ်ထွန်းလာခဲ့ရသည်။ တစ်ခုမှာမိုးရွာခြင်း၏ မိုးမလင်း မှီနိုးသည့်ဖြစ်စဉ်နှင့် ယင်းသို့ မိုးရွာခြင်းမှာ သင်္ကြန်ကာလအတာနှစ်ကူးကို ဖြတ်သန်းတော့မည်ကို အချက်ပြခြင်းတို့ဖြစ်သည်။ သင်္ကြန်ကို မြန်မာတိုင်း ချစ်ကြပါသည်။ တချို့က သင်္ကြန်မှာရေကစားချင်လို့ ချစ်ကြသလို၊ တချို့မှာသင်္ကြန်တွင် ကောင်းမှုကုသိုလ်ယူချင်၍ ဖြစ်သည်၊ တချို့မှာမူ အလုပ်ပင်ပန်းမှု များကို သင်္ကြန်ပိတ်ရက်အတွင်း အပြည့်အဝ အနားယူလိုမှုတို့ကြောင့်ဖြစ်သည်။ ဤသို့ ရက်ရှည်ပိတ်ရက်ယူမှုသည် မည်သည့်နိုင်ငံမျိုးတွင်ရှိသနည်း။ စာရေးသူမိတ်ဆွေတစ်ဦးမှာ စင်င်္ကာပူတွင် အလုပ်လုပ်ခဲ့သည်ဖြစ်ရာ သင်္ကြန်ရောက်တိုင်း သင်္ကြန်ကိုလွမ်းလေ့ရှိသည်ဟု ပြောပါသည်။ အမိနိုင်ငံတွင် ကျန် ရှိခဲ့သည့် သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်းများက သင်္ကြန်ပိတ်ရက်အတွင်းပျော်ရွှင်၊ ကြည်နှုး၊ စိတ်ချမ်းသာနေသည်ကို အားကျသောကြောင့်ပင် ဖြစ်သည်။ သင်္ကြန်သီချင်းများကြားချိန်တွင် မြန်မာလူမျိုးတိုင်းစိတ်နှလုံးဝယ် ဖွားခနဲ ကြည်နှုးမှုတစ်ခု၊ ပီတိတစ်ခုကိုခံစားရချိန် ကြုံစမြဲပင်ဖြစ်သည်။ ငယ် စဉ်ကတည်းက မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သူတိုင်း မြန်မာယဉ်ကျေးမှု၏ လူမှုရေးသင်ကြားနားလည်မှုဖြစ်စဉ် (Socialization) ကို ဖြတ်သန်းရစမြဲပင် ဖြစ်သည်။ ဥပမာ- အိမ်များ၊ လမ်းများတွင် ဆီမီး၊ အလှမီးများသာမာန်ထက်ပို၍ ထူးခြားစွာဆင်ယင် ထွန်းလင်းထားမှုအပေါ် သီတင်းကျွတ်ပွဲတော်ဟု သိမှတ်လိုက်သည်နှင့်တစ်ပြိုင်နက် လူကြီးမိဘ၊ ဆရာသမားများကိုပူဇော်ကတော့ကာ ပြုခဲ့ဖူးသည့်အပြစ်များရှိခဲ့သော် ဆေးကြောရမည်ဟူသောအသိ သိသကဲ့သို့ဖြစ်သည်။

မြန်မာလူမျိုးတစ်ဦးအတွက်မူ မြန်မာယဉ်ကျေးမှုမှာ ချစ်ဖို့ကောင်းသည်ဟုဆိုလိုက်လျှင် ကိုယ့်ငါးချဉ် ကိုယ်ချဉ်ရာကျပါသည်။ ဤသည်မှာ ယခုဟိုတယ်ခန်းဌားရမ်းမှု မလောက်မငှ ဖြစ်နေသည့်တိုင် မပြတ်လာနေသည့် ကမ္ဘာလှည့်ခရီးသည်များ မှတ်ချက်ပြုရမည် ချီးကျူးစကား ဖြစ်နေသင့် သည်။ မြန်မာလူမျိုးအတွက်မူ ယဉ်ကျေးမှုနယ်ပယ်ကို ကြည့်ခြင်းထက် ယင်းယဉ်ကျေးမှုဖြစ်ထွန်းစေသည့် မြန်မာ့အတွေးအခေါ်ကို တူးဆွဖော်ထုတ်ဆင် ခြင်နိုင်မှ မြန်မာပီသမည်။ သို့ဆိုပါလျှင် မြန်မာအတွေးအခေါ်မှာ မည်သို့နည်း။ မြန်မာတို့တွင် ကိုယ်ပိုင်အတွေးအခေါ်ရှိပါ၏လော၊ အစရှိသည့် စူးစမ်း လေ့လာစိန်ခေါ်သည့် မေးခွန်းများမေးထုတ်ရန် ရှိလာသည်။ မေးခွန်းများကို ဆန်ကာတင်ကာ အဖြေထုတ်ရသော် မြန်မာ့အတွေးအခေါ် အများစုမှာ ဗုဒ္ဓအတွေးအခေါ်များသာဖြစ်ကြောင်း တွေ့ရမည်သာဖြစ်သည်။ မြန်မာအတွေးအခေါ် အခြေခံထောက်တိုင်ကြီးသုံးခုမှာသီလ၊ သမာဓိ၊ ပညာဟူ၍ ဖြစ်ပါ သည်။ ယင်းတို့မှာ တစ်ခုကိုတစ်ခု အပြန်အလှန်အကျိုးပြုနေသည့် အရည်အချင်းများလည်းဖြစ်သည်။

ယခု ၂၁ရာစုအဝင်တွင် မြန်မာ့အတွေးအခေါ်မှာ မြန်မာလူမှုအဖွဲ့အစည်းအတွက် အသုံးအဝင်ဆုံးရာစုဟုဆို၍ ရနိုင်သည်။ ခေတ်ကိုကပညာကို ဦးစားပေးသည့်ခေတ် ရောက်ရှိလာပြီး၊ ပညာအခြေခံနိုင်ငံရေး၊ ပညာအခြေခံစီးပွားရေးသည်သာ Global platform တစ်ခု ဖြစ်လာခဲ့ချေပြီ။ ဉာဏ်ရည် အမြင့်ဆုံးလူတန်းစားမှ နိုင်ငံ၏ ဓနများကိုယခင်ရာစုထက် ပိုမိုစုပ်ယူခွင့်ရနေသည့်အတွက် ဖွံ့ဖြိုးပြီးနိုင်ငံများတွင်ပင် လူတန်းစားကွာဟမှုများ ကြီးထွားလာ မှု၏ အရင်းခံအကြောင်းရင်းကို စိစစ်ရသော် လောဘသာဖြစ်သည်။ လောဘကြောင့် သီလများကျိုးဖောက်လာကြသည်။ သီလကျိုးဖောက်သူများနေသည့် လူ့အဖွဲ့အစည်းမှာ အဘယ်သို့ တည်ငြိမ်အေးချမ်းနိုင်ပါမည်နည်း။ လူအများစုတွင် မလုံခြုံသည့် ခံစားမှုကို ဖြစ်ပေါ်နေမည်သာဖြစ်သည်။ ထိုအတွက် ကြောင့် မြန်မာ့အတွေးအခေါ်ဖြင့် ဖြတ်သန်းနေထိုင်မှုတွင် အစွန်းမရောက်သဘောထားများပါသည်၊ မအ၊ မနုံသည့်သဘောလည်းပါသည်၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် နောင်ဖြစ်ရင် နောင်အခါဈေးဆိုသည့် လက်လွတ်စပယ် ပြုမှု ပြောဆိုမှုများကို ထိန်းသိမ်းသည့်သဘောလည်း ပါနေသည်။ ထိုအတွက် ကြောင့် အစွန်းနှစ်ဘက်ဖြစ်နေသည့် နိုင်ငံရေး၊ လူတန်းစားကွာဟမှုကြီးမားနေသည့် စီးပွားရေးစနစ်ကိုမှန်ကန်သည့် စနစ်များဆီသို့ရောက်အောင် နိုင်ငံရေးတွင်လည်း အကြွင်းသုံးည ဂိမ်းမကစားကျဖို့ (Zero sum game)၊ စီးပွားရေးတွင် အလယ်အလတ်လမ်းစဉ်(middle way) ကိုလိုက်ပြီး ကျင့်ဝတ် သိက္ခာများနှင့် ထိန်းရင်းထေရင်းဖြင့် လူအများစု ကြွယ်ဝလာအောင် ဆောင်ကြဉ်းဖို့ ကမ္ဘာ့ကျော် နိုင်ငံရေးသိပ္ပံပညာရှင်များ၊ စီးပွားရေးပညာရှင်များ၊ သ တင်းသမားများ၊ လှုပ်ရှားတက်ကြွသူများ၊ ဒဿနနှင့်စာရေးဆရာများ၊ ခေါင်းဆောင်များ၊ သိပ္ပံပညာရှင်များ၊ ပြောဆိုရေးသားမှုများ စဉ်ဆက်မပြတ် ပြုလုပ် နေခဲ့၊ နေဆဲရှိသည်။

ကုန်လွန်ခဲ့ပြီးသော နှစ်များအတွင်း မြန်မာ့အတွေးအခေါ်ဖြင့် ဖြတ်သန်းခဲ့သည့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲများကို ကမ္ဘာ့မီဒီယာများ က သမိုင်းဝင်အပြောင်းအလဲများဖြစ်သည်ဟု ဝိဂြိုလ်ပြုကြသည်။ အပြောင်းအလဲများသည် တကယ့်စေတနာအပြည့်ဖြင့်ဖြစ်သည်။ စေတနာရှိသည့် အပြောင်းအလဲမှာ ဟန်ဆောင်ပြောင်းလဲမှုနှင့်မတူ။ ဟန်ဆောင်ပြောင်းလျှင် သိသာပါသည်။ ယခုအပြောင်းမှာအမှန်။ နိုင်ငံတကာမှ ကြားဖြတ်ရွေးကောက် ပွဲကျင်းပခဲ့မှုနှင့် ပြစ်ချက်အနည်းငယ်မှအပ တရားနည်းလမ်းကျမှုကြောင့် ဦးသိန်းစိန်အစိုးရအား အစိုးရတစ်ရပ်၏ တရားဝင်မှုကို လှိုက်လှိုက်လှဲလှဲ အသိအ မှတ် ပြုလာခဲ့သည်။  ဆက်တိုက်ဆိုသလို ဖြစ်ထွန်းခဲ့သည့် နိုင်ငံရေးဖြစ်စဉ်များမှာ ဇတ်များကသွားသည့်နှယ် ကြည့်လို့ကောင်းပြီး လူအများပီတိဖြာရသည့် ပွဲလည်းဖြစ်သည်။ လာတော့မည် အတာနှစ်ကူးတခူးလကို ဖြတ်သန်းကာ သင်္ကြန်ရေဖြင့် လောင်းပတ်သန့်စင်၍ နှစ်သစ်အတွက် နိုင်ငံသားအားလုံးအား မွေးပြင်ဆင်ဖို့ လိုအပ်ပါကြောင်း…။

*****************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment