Transparency Myanmar

transparency.myanmar@gmail.com

၁.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မြန်မာ့နိုင်ငံရေးတွင် ပြောင်းလဲမှုအမျိုးအစားသည်သာ စိန်ခေါ်မှုဖြစ်သည်

*****************************************

ဆောင်းပါးကဏ္ဍ

မြန်မာ့နိုင်ငံရေးတွင် ပြောင်းလဲမှုအမျိုးအစားသည်သာ စိန်ခေါ်မှုဖြစ်သည်

ရာမက်ရှ်ဆရက်ရှ်သာ (ယူနီဆက်ဖ်မြန်မာ)

(စာရေးသူသည် ယူနီဆက်ဖ်၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဖြစ်သည်။)

(ခင်အောင်နှင့်ညွန့်ညွန့်ဝင်း ဘာသာပြန်ဆိုသည်။)

 (MYANMAR TIMES အတွဲ (၂၉) ၊ အမှတ် (၅၆၆)  ထုတ်နှုတ် ဖော်ပြသည်)

ကမ္ဘာပေါ်ရှိ မည်သည့်အစိုးရအဖွဲ့မျှ ၎င်းတို့၏ ပြည်သူများ မျှော်လင့်အားထားချက်ကို ပြည့်ဝစွာ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသောကြောင့် မြန်မာနိုင်ငံအဖို့လည်း ဤနေရာတွင် ခြွင်းချက်အဖြစ် မရပ်တည်နိုင်ပေ။ နိုင်ငံအစိုးရအပေါ် ပြည်သူတို့က မျှော်လင့်ချက် ကြီးမားစွာ ထားပေလိမ့်မည်။ ကမ္ဘာ့ နိုင်ငံအများကလည်း 'ယခုထက်ပိုလုပ်ဆောင်ပေးရန်' ဖိအားပေးလိမ့်မည်။ စီးပွားရေးလုပ်ငန်းများလုပ်ခွင့် ပိုမိုလုပ်ကိုင်ရေးအတွက်နှင့် ရင်းနှီး မြှုပ်နှံမှု အခွင့်အလမ်းများ ပိုမိုဖွင့် လှစ်ပေးရန်အတွက်လည်း ဖိအားပေးကြပေလိမ့်မည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးမြင်ကွင်းသည် ပြောင်းလဲနေသည်။ ပြောင်းလဲနှုန်းသည် မသေချာပေ။ လူအချို့အတွက် သိပ်မြန်သည်ဟု ထင်ရပြီး  အခြားသူများအတွက် သိပ်နှေးနေသည်ဟု ထင်ရသည်။ ဖြစ်နေသည့်အနေအထားအရ တစုံတရာ ပြောင်းလဲမှုမရှိသေးပေ။ ပြုပြင်ပြောင်းလဲ မှုများအတွက် ကတိ ပေးထားမှုများသည် စဉ်ဆက်မပြတ် အကြောင်းခံပြီး မိန့်ကြားထားသရွေ့ ပြောင်းလဲမှုနှုန်းသည် သိပ်အရေးမပါသင့်ပေ။ မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုသည် ပြောင်းလဲမှု၏ နှုန်း မဟုတ်ဘဲ စတင်တင်သွင်းသည့် ပြောင်းလဲမှုအမျိုးအစားများသာ ဖြစ်သည်။

ဒီမိုကရေစီရရှိစေရန် အဆိုပါ ပြုပြင်ပြောင်းလဲမှုများ တင်သွင်းလာသောအခါ မြန်မာနိုင်ငံအနေဖြင့် ၎င်း၏ ယဉ်ကျေးမှုဆိုင်ရာဖြင့် ရိုးရာလက္ခဏာ များနှင့် လူမှုရေးတန်ဖိုးထားမှုကို မည်သို့ထိန်းသိမ်းနိုင်မည်နည်း။ ၁၀၀ ကျော်ရှိသော တိုင်းရင်းသားမျိုးနွယ်စုများ၏ ထွေပြားသောယဉ်ကျေးမှု၊ ဘာသာ စကားနှင့် ရိုးရာကိုယ်ပိုင်လက္ခဏာများကို မြန်မာနိုင်ငံအနေဖြင့် ကာကွယ်စောင့်ရှောက်နိုင်မည်လား။ ဝန်ကြီးချုပ်ဟောင်းတစ်ဦးက သမ္မတအဖြစ် ဦးဆောင် သည့် စစ်ဘက်ဆိုင်ရာ အရာရှိဟောင်း အများအပြားပါဝင်သော အရပ်သားအစိုးရသစ်နှင့် မြန်မာနိုင်ငံ၏ ခေတ်ပြိုင်သမိုင်းတွင် ခေတ်အပိုင်း အခြားသစ် စတင်ခဲ့သည်မှာ တစ်နှစ်ရှိပါပြီ။

အစိုးရသစ်က အကြွင်းမဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုသည် လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးရုံးဖြစ်သော လွှတ်တော်သည် တစ်ဦးနှင့်တစ်ဦး၏ ဆုံးဖြတ်ချက်ချမှတ်သည့် ယန္တရားကို ဩဇာမသက်ရောက်ဘဲ မျှော်လင့်သည့်အတိုင်း လည်ပတ်နေပုံရသည်။ ဒီမို ကရေစီသို့ လမ်းပြမြေပုံခုနစ်ဆင့်သည် အမှန်တကယ်တည်ရှိသည်မှာ အထင်အရှားဖြစ်ပြီး စီစဉ်ထားသည့်အတိုင်း အရေးယူ ဆောင်ရွက်ခဲ့သည်။  အစိုးရ ဟောင်း၏ အုပ်ချုပ်မှုနှင့် စီမံ ခန့်ခွဲမှု၏ အားနည်းချက်များအားလုံးကို ကိုင်တွယ်ရန် ပြတ်ပြတ် သားသား ဆုံးဖြတ်ပြီးဖြစ်သည်။

သမ္မတ၏ အဖွင့်မိန့်ခွန်းတွင် ဖော်ပြသည့် ပြည်သူအား တာဝန်ခံသော ဒီမိုကရက်တစ် အုပ်ချုပ်မှုအတွက် ကတိပေးပြီးသော အလုပ်များဖြင့် မြန်မာ နိုင်ငံသည် ကမ္ဘာအနှံ့ ဖွံ့ဖြိုးတိုးတက်ရေး စိန်ခေါ်မှုများကို တဖြည်းဖြည်း ယုံကြည်လက်ခံလာသည်။ မကြာမီ အချိန်မရွေး ပျောက်သွားရန် အလားအလာ မရှိသော အချို့ကိစ္စတွင် သံသယရှိနေဆဲဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြောင်းလဲမှုများ အမှန်တကယ် ဖြစ်ပျက်နေသည်ဆိုသောအချက်ကို နိုင်ငံတကာအသိုင်းအဝိုင်းက ကူးပြောင်းလက်ခံရန်အချိန် ဖြစ်သည်။ ၎င်းကို အပြင်ပန်းအမြင်ဖြင့်သာ ယူရမည်။ လွန်ခဲ့သော ဆယ်စုနှစ်အချို့အတွင်း မည်သည့်နိုင်ငံရေးစနစ်မဆို လူသား ဖွံ့ဖြိုး တိုးတက်ရေး အတွက် အခြေခံအဖြစ် ဒီမိုကရေစီ၊ တစ်ဦးချင်း လွတ်လပ်မှုနှင့် ဈေးကွက်စီးပွားရေးနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှုမူဝါဒတွင် ကမ္ဘာတွင် ထူးထူး ကဲကဲ ပြောင်းလဲမှု ကို ရှိခဲ့သည်။

ဒီမိုကရေစီ၏ လွတ်လပ်သောသဘော တရားအသစ်၊ တစ်ဦးချင်းလွတ်လပ်မှုနှင့် လွတ်လပ်သော ဈေးကွက်စီးပွားရေးကို လူသား ရှင်သန်နိုင်ရန် မရှိမဖြစ်သည့် အပြန်အလှန် ဆက်သွယ်သော အသိုင်းအဝိုင်းအဖြစ် ကမ္ဘာအနှံ့ ဖြန့်ဝေပေးခဲ့သည်။

၎င်း၏ ကွန်မြူနစ်ဝါဒကြောင့် ဝေဖန်ခံရဆဲဖြစ်သော တရုတ်နိုင်ငံသည် ယခုအခါ အကြီးဆုံးနိုင်ငံတကာ ဦးဆောင်သူ ဖြစ်ပြီး အဓိက နိုင်ငံပေါင်းစုံ ကုမ္ပဏီအားလုံးနီးပါးတွင် ရှယ်ယာများ ရှိသည်။ တရုတ်ပြည်မှ ကွာလှမ်းသော မလေးရှားနှင့် စင်ကာပူနိုင်ငံတို့သည် အနောက်နိုင်ငံ ဒီမိုကရေစီသဘော တရားနှင့် သိသိသာသာ ကွဲပြားသည့် အုပ်ချုပ်မှုစနစ်ဖြင့် ကြီးပွားတိုး တက်နေသည်။ စီးပွားရေးကြီးပွားတိုးတက်မှု ပြုလုပ်နေစဉ် ဒီမိုကရက်တစ် အခြေခံ သဘောတရားအချို့ကို ဖီဆန်သည့် ဗီယက်နမ်နိုင်ငံသည် အခြားသာဓက ဖြစ်သေးသည်။ အထူးသဖြင့် နိုင်ငံရေး အပြန်အလှန် ဆွေးနွေးမှု၊ ကုန် သွယ်ရေး နှင့် စီးပွားရေးအတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းသို့ မြန်မာနိုင်ငံက တံခါးဖွင့်ပေးရာတွင် အလှူရှင်မြို့တော်များတွင် တန်းစီနေသော မြန်မာ့ကျွမ်းကျင်သူ များ၏ အကြံပေးခံရသော ရင်းနှီးမြှုပ်နှံသူများအား ကျေနပ်စေရန် အကြောင်း ပြချက်နှင့် စိတ်ခိုင်ခိုင် ဆုံးဖြတ်ချက်ယူရန် လိုအပ်သည်။

ဒီမိုကရက်တစ် အုပ်ချုပ်မှုကို စီးပွားရေး ပညာရှင်များ ၏ Big Mac အညွှန်း သို့မဟုတ် မြို့တွင် KFC ကြက်ကင်ဆိုင်များ၊ သို့မဟုတ် starbucks ကော်ဖီဆိုင်များ အရေအတွက် သို့မဟုတ် CocaCola အအေးပုလင်းသွင်း စက်ရုံအရေ အတွက်များနှင့် အကဲဖြတ်ရန် မသင့်ပေ။ သဘာဝ အရင်းအမြစ်များ၊ ပြည်သူများနှင့် ရင်းနှီးမြှုပ်နှံမှုသူများကို တန်းတူရည်တူ ကာကွယ်ပေးသည့် သင့်တော်သော ဥပဒေပြုပတ်ဝန်းကျင်ကို မြန်မာနိုင်ငံက ပထမခြေလှမ်းအနေဖြင့် ဖန်တီးပေးရမည်။

မြန်မာနိုင်ငံက ထုတ်ပေးမည့် ကုန်သွယ်ရေးအတွက် လိုင်စင်တိုင်းတွင် မြန်မာနိုင်ငံ၏ သဘာဝကို ကာကွယ်ရန်၊ ဧရာဝတီမြစ်ကို ညစ်ညမ်းမှုမှ တားဆီးရန်၊ သစ်တောများထဲမှ ဒေသရင်း သစ်ပင်များ၊ တိရစ္ဆာန်များကို ကာကွယ်ရန်နှင့် ပင်လယ်ကမ်းခြေနှင့် ရေနေသတ္တဝါများကို ကာကွယ်ရန် စသည့် ဆုံးရှုံးမှုဆိုင်ရာ နိုင်ငံတကာ ပူးတွဲထိန်းသိမ်းမှုအတွက် အပိုဒ်ငယ်ပါရှိရမည်။  ၎င်းတို့ပျောက်ကွယ်လျှင် အမြဲဖြစ်သွားမည် ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံ အများ အပြားတွင် ၎င်းတို့ကို ဆုံးရှုံးခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ယင်းကိစ္စများကို ထိန်းချုပ်ရန်နှင့် မျှတသော ဆုံးဖြတ်ချက်ချမှတ်ရန်အချိန် ရှိသေးသည်။ ပြည်ပကုမ္ပဏီများနှင့် တွဲဖက်လုပ်မည့် ဒေသခံစီးပွားရေး လုပ်ငန်းရှင်များအပါအဝင် လူတိုင်းသည် အကျိုးအမြတ် မြန်မြန်ရရှိရန် လိုလားကြသဖြင့် အခက်အခဲရှိနိုင်မည်။

အစိုးရသည် ၎င်း၏ အကျင့်ဟောင်းများကို ပြန်သွားရာတွင် ဝေဖန်ခံရမည်မှာ သေချာသည်။ ရေရှည်အကျိုးအတွက် မိမိ၏ စီးပွားရေး တည် ဆောက်၍ မိမိ၏ နိုင်ငံသားများအား ကာကွယ်စောင့် ရှောက်ရန်အတွက် အဆိုပါ ဝေဖန်ချက်ကို အစိုးရအနေဖြင့် သည်းညည်းခံရမည်။ နောင်လာမည့် မျိုးဆက်များအတွက် ရေရှည်အပျက်သဘောဆောင်သော အကျိုးဆက်များမှ မြန်မာနိုင်ငံအား ယခုလက်ခံသည့် လုပ်ဆောင်ချက်များက ကာကွယ်လိမ့် မည် ဖြစ်သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အစိုးရ၏ ကြိုးပမ်းမှုများကို အများပြည်သူအဖွဲ့ အစည်းများက ဖြည့်ဆည်းပေးသောကြောင့် ၎င်းတို့သည် ဧကန်မုချ အရေးကြီးသည်။ သို့သော် အခြေခံဝန်ဆောင်မှုများကို ပြည်သူများအား စီစဉ်ပေးခြင်းသည် အထူးသဖြင့် ကျန်းမာရေးနှင့်၊ ပညာရေးကိစ္စများနှင့် ပတ်သက်၍ အစိုးရ၏ အဓိကအကျဆုံး တာဝန်ဖြစ်သည်။ လောလောဆယ် ဦးစားပေးကိစ္စအဖြစ် ၎င်း၏ အခြေခံလိုအပ်ချက်များကို မြန်မာနိုင်ငံ အနေဖြင့် သတ်မှတ်ရန် လိုအပ်ပြီ။ အခြေခံပညာရေးမှ အထက်တန်း၊ ၎င်းမှ အဆင့်မြင့်ပညာရေးသို့ အကူးအပြောင်းတွင် ကွာဟချက် ကျယ်ကျယ် ရှိနေ သည်။

အသိပညာအခြေခံသော လူ့အဖွဲ့အစည်းကို ဖန်တီးရန် သမ္မတက မျှော်မှန်းထားသည့်အတိုင်း မြန်မာနိုင်ငံသည် အလယ်အလတ်မှ ရေရှည် စီမံကိန်းအထိ ရှေ့ရေးမျှော်မှန်း၍ လူသားအရင်းအမြစ်စီမံကိန်းများကို ပြင်ဆင်ရန် လိုအပ်သည်။ အနည်းဆုံး အခြေခံပညာရေးအတွက် အခြေခံ အဆောက်အအုံ တည်ရှိသည်။ သို့သော် အထက်တန်းနှင့် အဆင့် မြင့်ပညာရေးအတွက် အခြေခံအဆောက်အအုံကို ၎င်းတို့၏ အရည်အသွေးတိုးတက် ကောင်းမွန်ရန် ရည် ရွယ်၍ များပြား သော ရင်းနှီးမြှုပ်နှံမှုဖြင့် အလေးအနက် ချဲ့ထွင်ရန်လိုအပ်သည်။

ကိုယ်ပိုင်ရိုးရာဓလေ့များ၊ ယဉ်ကျေးမှုနှင့် ဘာသာစကားများဖြင့် မြန်မာနိုင်ငံ၏ တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ စုကို ထိန်းသိမ်းထား ရမည်။ မျိုးနွယ်စု ယဉ်ကျေးမှုနှင့် ပြည်နယ်နယ်နိမိတ်မျ&#