Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၀.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ပိုမိုမျှော်လင့်လာနိုင်သည့် အလုံးစုံငြိမ်းချမ်းရေးနှင့် ရွေးချယ်စရာ နည်းလမ်းနည်းလာသည့် KIA

*****************************************

ဆောင်းပါးကဏ္ဍ

ပိုမိုမျှော်လင့်လာနိုင်သည့် အလုံးစုံငြိမ်းချမ်းရေးနှင့် ရွေးချယ်စရာ နည်းလမ်းနည်းလာသည့် KIA

အောင်မောင်း

အစိုးရသစ်လက်ထက်တွင် ပြည်တွင်းငြိမ်းချမ်းရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိပြီး KNU ကဲ့သို့ နိုင်ငံရေးအစဉ်အလာ ကြီးမားသည့် အစည်းအရုံးကြီးတစ်ခုနှင့်ပင် ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် ရလဒ်ကောင်းများ ရရှိနေချိန်တွင် KIA နှင့် ငြိမ်းချမ်းရေး သဘောတူညီမှု မရနိုင်သေးသည့်ကိစ္စမှာ မေးခွန်းတစ်ခုဖြစ်နေသည်။ ဗမာအပါအဝင်  ပင်မတိုင်းရင်းသားအုပ်စုကြီး ၈ ခုရှိပြီး တိုင်းရင်း သားမျိုးနွယ်စုပေါင်း ၁၃၅မျိုးကျော်ရှိသည့် ပြည်ထောင်စုနိုင်ငံတစ်ခုတွင် ယုံကြည်ကိုးကွယ်ရာ ဘာသာနှင့် ဓလေ့ထုံးတမ်းများ ကွဲပြားမှု ကြောင့် မျိုးနွယ်စုများ၏ လိုအင်ဆန္ဒနှင့် လိုလားချက်များက မတူညီပေ။ ထို့ကြောင့် ယခုလုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး တည်ဆောက် မှုတွင် တိုင်းရင်းသားလက်နက်ကိုင်များအား တစ်ဖွဲ့ချင်းအလိုက် ဆွေးနွေးညှိနှိုင်းခဲ့ရခြင်းလည်းဖြစ်သည်။ ထိုအထဲတွင် KIA နှင့် ပြဿနာ က ပြေလည်မှုမရသေးခြင်း ဖြစ်သည်။

Negotiating တွင် နှစ်ဦးနှစ်ဖက်လုံးက မိမိတို့၏ ယူဆချက်များ၊ လိုလားချက်များကို လျော့ပေးရသည့် သဘောရှိပါသည်။ တစ် ဖက်နှင့်တစ်ဖက် မိမိ၏လိုလားချက်ကို အတင်းစွဲကိုင်ထားခြင်းထက် နှစ်ဦးနှစ်ဖက်လုံးက လက်ခံနိုင်မည့် အခြေအနေတစ်ခုဖြစ်သည့် တတိ ယလမ်းကြောင်းတစ်ခုကိုလည်း ဖော်ဆောင်ပေးရန် လိုအပ်သည်။ မြန်မာနိုင်ငံတွင် အစိုးရနှင့် အတိုက်အခံအကြား ရွေးကောက်ပွဲကို တတိ ယလမ်းကြောင်းအဖြစ် အသုံးပြု၍ ဒီမိုကရေစီစနစ်ကို စတင်ပြောင်းလဲနိုင်ရန် ကြိုးပမ်းခဲ့သည့် သာဓကမှာ အကြီးမားဆုံးအောင်မြင်မှု အဖြစ် ရှုမြင်နိုင်ကြပါလိမ့်မည်။ တိုင်းရင်းသားလက်နက်ကိုင်များနှင့်လည်း ထိုနည်းတူစွာ နှစ်ဦးနှစ်ဖက် အလျော့ပေး၍ ငြိမ်းချမ်းရေး ဆွေး နွေးခဲ့ရခြင်းလည်း ဖြစ်ပါသည်။ ဥပမာ ဆိုရလျှင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ တစ်ခုတည်းသော တပ်မတော်အဖြစ်သာထား၍ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့များကို လက်နက်ချခိုင်းရန် ရှိသော်လည်း လက်ရှိအခြေအနေတွင် ဆက်လက်ပြီး လက်နက်ကိုင်ခွင့်ပြုထား သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း လိုက်လျောရန် ခက်ခဲသည့် အခြေအနေအချို့ကို အလျော့ပေးခဲ့ကြသည်။ ဤနည်းဖြင့် ငြိမ်းချမ်းရေး ရုပ်လုံးပေါ်လာခြင်းဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင်များတွင်လည်း အမျိုးသားရေးအတွက် အမှန်တကယ် လက်နက်စွဲကိုင်နေရသူများ ရှိသလို၊ ကိုယ် ကျိုးစီးပွားအတွက် လက်နက်စွဲကိုင်ထားသူများလည်း ရှိသည်။ လက်နက်မရှိတော့လျှင် မိမိတို့ဒေသ၌ အာဏာမရှိတော့ဟု လွဲမှားစွာ အထင်ရောက်နေသည့် တိုင်းရင်းသားခေါင်းဆောင်များ ရှိသလို ပြည်တွင်းစစ်ကို အလျှင်အမြန်ရပ်စဲပြီး ရွေးကောက်တင်မြှောက်ပွဲများမှ တဆင့်၊ စားပွဲဝိုင်းပေါ်မှတဆင့် တိုင်းရင်းသားအရေးကို လုပ်ဆောင်လိုသည့် ခေါင်းဆောင်များလည်း ရှိပါသည်။ အဓိကမှာ  တိုင်းရင်းသား အရေး လူမျိုးရေးအတွက် ရသည့်နည်းဖြင့် ကြိုးပမ်းလိုစိတ်က အဓိကဖြစ်ပြီး မဖြစ်သာ၍ လက်နက်ကိုင်စွဲနေရသည့် အခြေအနေကို အလျင်အမြန်ဆုံး ရပ်တန့်ရန် စိတ်ရင်းစေတနာ မှန်ကန်မှုပင် ဖြစ်ပါသည်။ အစိုးရအဖွဲ့ထဲတွင်လည်း တိုင်းရင်းသားအရေးနှင့် ပတ်သက်၍ တင်းမာသူများ၊ ကိုယ်ကျိုးစီးပွားရှာသူများ ရှိနိုင်သလို ပြည်တွင်းစစ်ကို ပါဝင်တိုက်ခိုက်ခဲ့ရပြီး အမှန်တကယ်ရပ်ဆိုင်းလိုသည့် ပုဂ္ဂိုလ်များ လည်းရှိပါသည်။ အဓိကမှာ ထိုကဲ့သို့ ခေါင်းဆောင်များ ပွင့်လင်းစွာ ပြောဆို ဆွေးနွေးနိုင်ရေးပင်ဖြစ်သည်။

KIA အဖွဲ့ကို တာဝန်ယူဆွေးနွေးနေသည့် ဦးအောင်သောင်း နှုတ်ထွက်သွားပြီးနောက်ပိုင်းတွင် ဦးအောင်သောင်းအနေဖြင့် သ ဘောထားမမှန်ကန်ဘဲ အစိုးရသို့ အချက်အလက် ပြည့်စုံစွာတင်ပြမှုမရှိကြောင်း KIA အဖွဲ့မှ စွပ်စွဲပြောဆိုခဲ့သည်။ သဘောထားတင်းမာ သူဟု ထင်ကြေးပေးခံရသူ ဦးအောင်သောင်းအနေဖြင့် လက်နက်ကိုင်တိုက်ခိုက်နေရသည့် အချိန် တစ်ဖက်နှင့်တစ်ဖက် သံသယကြီးစွာ ထားရှိနေသည့် အချိန်တွင် သံသယများ လျော့ပါးအောင် မစွမ်းဆောင်နိုင်သကဲ့သို့ KIA ဘက်မှလည်း လိုအပ်သည်ထက် ပို၍ စိုးရိမ်ခဲ့ဖွယ် ရှိပါသည်။ ထို့ပြင် KIA ကိစ္စ၌ တရုတ်ပြည်၏ အကျိုးစီးပွားလည်း ပါကောင်းပါနိုင်ပေရာ ဤပြဿနာ၏ အတိမ်အနက်မှာ အခြားသော တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့များထက် ပို၍ ရှုပ်ထွေးဖွယ်ရှိပါသည်။ အထူးသဖြင့် တရုတ်ပြည်၏ အကျိုးစီးပွားနှင့် မိမိအကျိုးစီးပွား ချိတ် ဆက်နေသော အစိုးရအဖွဲ့ဝင်များ၊ စစ်တပ်အသိုင်းအဝိုင်းများလည်း ရှိနေသေးသည်။ ထို့ပြင် တစ်ဖက်တွင်လည်း KIA ၏ အကျိုးစီးပွား လည်း ရှိနေပြန်သေးသည်။

ယခု ပြည်ထောင်စု ငြိမ်းချမ်းရေး ဗဟိုကော်မတီကို နိုင်ငံတော်သမ္မတကိုယ်တိုင် ဦးဆောင်ဖွဲ့စည်းခဲ့ပြီးဖြစ်သလို လုပ်ငန်းကော်မ တီတွင်လည်း စစ်တပ်အသိုင်းအဝိုင်းမှ မဟုတ်သော အရပ်သားများဖြစ်သော တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များလည်း ပါဝင်လာ ခဲ့ပါသည်။ ယခုတစ်ကြိမ်တွင်မူ အစိုးရဘက်က တစ်ထစ်လျော့၍ ပိုမို ပျော့ပြောင်းသည့်နည်းလမ်းဖြင့် ချဉ်းကပ်ခဲ့ခြင်းဟု ဆိုရမည်လည်း ဖြစ်ပါသည်။ ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် အောင်မြင်မှုမရရှိခဲ့သော ပုဂ္ဂိုလ်များ နှုတ်ထွက်သွားကြသလို အောင်မြင်မှုရရှိခဲ့သော ပုဂ္ဂိုလ်များလည်း ပါဝင်လာတော့မည်ဖြစ်၍ ယခင်ကထက်ပို၍ ရလဒ်ကောင်းများ ရရှိရန် မျှော်လင့်လာနိုင်ပါသည်။ ယခင်အစိုးရလက်ထက် က ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးများသည် မူဝါဒ ပုံသေမရှိခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်များကို ဥပဒေအထက်တွင်ရှိသော အခွင့်အ ရေးအချို့ပေးခဲ့ခြင်း၊ ပြည်သူလူထုကို ကိုယ်စားမပြုခဲ့ခြင်းတို့ကြောင့် အပစ်အခတ်ရပ်စဲနိုင်ခဲ့စေကာမူ အမှန်တကယ် ဖြစ်သင့်ဖြစ်ထိုက် သော အခြေအနေ တည်ဆောက်ရန်အတွက် လက်နက်ဖြုတ်သိမ်းရန် ကြိုးပမ်းရာမှ ယခုအစိုးရသစ်လက်ထက်တွင် အခက်အခဲများ ပေါ် ပေါက်ခဲ့ရခြင်းလည်း ဖြစ်သည်။ သို့ရာတွင် ယခုအစိုးရသစ်လက်ထက်၌ ပြုလုပ်နေသော ငြိမ်းချမ်းရေးများသည် အဖြစ်မဟုတ်ဘဲ စနစ်ကျ သည့် ငြိမ်းချမ်းရေးတည်ဆောက်မှုများ ဖြစ်သည်ကိုတော့ အသိအမှတ်ပြုနိုင်ပါသည်။ အဓိကမှာ ဖွံ့ဖြိုးရေးရှုထောင့်မှနေ၍ ပြည်သူကို အ ခြေခံ၍ စဉ်းစားသည့်ပုံစံမျိုးကြောင့် ယခုကဲ့သို့  စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် သရုပ်မှန်သော ငြိမ်းချမ်းရေးတည်ဆောက်မှုပုံစံ ရုပ်လုံးပေါ် လာခြင်းဖြစ်သည်။  သမ္မတကိုယ်တိုင်ဦးဆောင်၍ ငြိမ်းချမ်းရေးတည်ဆောက်မှုကို ဖော်ဆောင်ရာတွင် တိုင်းရင်းသာများ၏ အမျိုးသားရေး၊ တန်းတူရည်တူရှိမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံသည့် ရှုထောင့်မှ ငြိမ်းချမ်းရေးတည်ဆောက်ရန် ကြိုးပမ်းမှုမှာ အောင်မြင်ဖွယ်ရာ များ စွာရှိပါသည်။ အထူးသဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် ကမ္ဘာ့အသိုင်းအဝိုင်းက ကူညီပံ့ပိုးလိုမှု မြင့်တက်နေချိန်ဖြစ်ရာ တရုတ် ပြည်၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားခဲ့ရသော အခြေအနေများလည်း မလိုအပ်တော့သည့်အချိန်တွင် အကယ်၍များ ငြိမ်းချမ်းရေး တည်ဆောက်မှု မအောင်မမြင်ဖြစ်ခဲ့ပါက KIA အတွက် ရွေးချယ်စရာမရှိတော့သည့် အနေအထားတစ်ခုသို့ မလွဲမသွေရောက်ရှိ နိုင်သည့် ကိစ္စမှာလည်း ………………

*****************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment