Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၃.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. လူဦးရေ အချိုးအစား ပြောင်းလဲမှု၏ စိန်ခေါ်မှုများ၊ အာရှသည် မချမ်းသာခင် အိုမင်းနေပြီ

*****************************************

ဆောင်းပါးကဏ္ဍ

လူဦးရေ အချိုးအစား ပြောင်းလဲမှု၏ စိန်ခေါ်မှုများ၊ အာရှသည် မချမ်းသာခင် အိုမင်းနေပြီ

(မြန်မာတိုင်းမ်ဂျာနယ် အတွဲ ၂၉ ၊ အမှတ် ၅၆၈ မှ ကောက်နုတ်ဖော်ပြချက်)

အယ်ဒိုဝါဒိုကလင်

အာရှဒေသရှိ လူဦးရေအချိုးအစားဟာ အလျင်အမြန်ကိုပဲ ပြောင်းလဲနေပါတယ်။ ဒီလိုပြောင်းလဲမှုမှာ မြန်မာနိုင်ငံလည်း တစ်နိုင်ငံအပါဝင် ဖြစ်ပါ တယ်။ ယခုအချိန်က စတင်ရေတွက်ပြီး လာမယ့် နှစ်ပေါင်း ၂၀ အတွင်းမှာ အာရှမှာ အသက် ၆၀ ကျော်ရှိတဲ့လူဦးရေက ကလေးဦးရေထက် ပိုများပြားလာ ပါလိမ့်မယ်။

လက်ရှိအချိန်အထိတော့ မြန်မာနိုင်ငံမှာ သက်ကြီးရွယ်အို ၅ ဒသမ ၅ သန်း ရှိပြီး ၂၀၂၅ နှစ်ကျရင်တော့ ဒီအရေအတွက်ဟာ နှစ်ဆ ဖြစ်လာပါ လိမ့်မယ်။

အဲဒီအချိန်မှာ လူငါးဦးလျှင် တစ်ဦးက အသက် ၆၀ ကျော်တဲ့လူတွေ ဖြစ်လာပါလိမ့်မယ်။ သမိုင်းတစ်လျှောက် လူဦးရေဖွဲ့စည်းမှုပုံစံဟာ ပိရမစ်တွေ ပုံစံအတိုင်း ရှိပါတယ်။

အောက်ခြေမှာ ကလေးဦးရေများပြားပြီး အပေါ်ရောက်လာတာနဲ့ ပိရမစ်အတိုင်း ကျဉ်းသွားကာ သက်ကြီးရွယ်အို အနည်းငယ်သာ ထိပ်ပိုင်းမှာ ရှိပါတော့တယ်။ ဒါပေမယ့် မြန်မာအပါအ၀င် ကမ္ဘာပေါ်မှာ အပြောင်းအလဲဟာ လျင်မြန်စွာ ပြောင်းလဲနေပါတယ်။

ပိရမစ်ပုံစံနဲ့ လူဦးရေဖွဲ့စည်းမှုဟာ မိုးမျှော်တိုက်များအသွင်ကို ပြောင်းလဲနေပါတယ်။ ၁၉၇၀ ခုနှစ်က ၁၄ နှစ်အောက် ကလေးသူငယ်ဦးရေဟာ အများဆုံးဖြစ်ပြီး အောက်ဆုံးလိုင်း သုံးခုမှာ ရှိနေပါတယ်။

ဒါပေမယ့် ၂၀၁၀ ပြည့်နှစ်မှာ အသက် ၂၀ မှ ၅၀ အကြား လူဦးရေဟာ အများဆုံးဖြစ်လာပါတယ်။ လာမယ့် ၂၀၃၀ မှာတော့ အသက် ၆၀ ကျော် လူဦးရေဟာ အသက် ၁၄ နှစ်အောက် လူဦးရေထက် ပိုများလာမည်ဖြစ်ပြီး၊ ၂၀၅၀ ခုနှစ်အရောက်မှာ သက်ကြီးရွယ်အိုဦးရေက ငါးနှစ်အောက် ကလေးဦး ရေထက် ပိုများပြားလာပါလိမ့်မယ်။

ဒါ့ပြင် အသက် ၈၀ ကျော်လူဦးရေလည်း များပြားလာမှာဖြစ်ပြီး ထိုထဲက အများစုက အမျိုးသမီးများဖြစ်ကြပါတယ်။

လူဦးရေအချိုးအစား ပြောင်းလဲတာဟာ မြန်မာပြည်တစ်ခုတည်းတင် မဟုတ်ပါဘူး။ ဒါပေမယ့် မြန်မာပြည်အတွက် ထူးခြားတာကတော့ လူဦးရေ အချိုးအစား ပြောင်းလဲမှုက အလွန်လျင်မြန်တာပဲ ဖြစ်ပါတယ်။

ဖွံ့ဖြိုးပြီး ဥရောပနိုင်ငံတွေမှာဆိုရင် ဒီလိုပြောင်းလဲမှုတွေဟာ နှစ် ၁၀၀ လောက်အချိန်ယူရပါတယ်။ မြန်မာနိုင်ငံအပါအ၀င် အာရှနိုင်ငံတွေမှာ တော့ ဒီအပြောင်းလဲဟာ ၂၅၊ ၃၀ နှစ်လောက်ပဲ ကြာပါတယ်။

အာရှနိုင်ငံတွေက ဒီအပြောင်းအလဲနဲ့ လိုက်လျောညီအောင် ကြိုးစားဖို့ ဥရောပလို အချိန်သိပ်မရပါဘူး။ ဒီကိစ္စက အမျိုးသားမဟာဗျူဟာ စီမံကိန်း ရေးဆွဲရေးမှာ ထည့်သွင်း စဉ်းစားရမယ့် စိန်ခေါ်မှုတစ်ခုပါပဲ။

ဒီလို လူဦးရေအချိုးအစား ပြောင်းလဲမှု ကြီးမားလာခြင်းရဲ့ အကြောင်းအရင်းက ဘာပါလဲ။ အခြေခံအားဖြင့်တော့ အကြောင်းအရင်း နှစ်ချက်ရှိပါ တယ်။ အဲဒီအချက် နှစ်ချက်ကတော့ မွေးဖွားနှုန်း ကျဆင်းလာခြင်းနဲ့ လူတွေ သက်တမ်း ပိုရှည်လာလို့ပါပဲ။

ယခုခေတ် အမျိုးသမီးတွေဟာ သူတို့ရှေ့ကမျိုးဆက်တွေထက်စာရင် ကလေးမွေးဖွားနှုန်းကျဆင်းလာပြီး ယခုခေတ်လူအများစုဟာ ၂၀ ရာစု ခေတ်က လူတွေထက် ပိုပြီးအသက်ရှည်ကြလို့ပါပဲ။

ကုလသမဂ္ဂ၏ စာရင်းများအရ မွေးဖွားနှုန်းကျဆင်းခြင်းသည် ဂျပန်၊ တောင်ကိုရီးယား၊ အီတလီနဲ့ စင်ကာပူနိုင်ငံတွေမှာ နိုင်ငံလုံး အတိုင်းအတာ ထိ လူဦးရေကျဆင်းခြင်းမဖြစ်ခင် လူဦးရေတည်ငြိမ်မှုကို ဖြစ်စေပါတယ်။

လူဦးရေပညာရှင်များရဲ့အဆိုအရ အမျိုးသမီးတစ်ဦးမှ ပျမ်းမျှ ကလေး ၂ ဒသမ ၁ ယောက်မွေးမှသာ လက်ရှိလူဦးရေအတိုင်း ဆက်လက် ထိန်းချုပ်နိုင်မယ်လို့ ဟောကိန်းထုတ်ထားပါတယ်။

ဒီနှုန်းထက်ကျော်ပြီး မွေးဖွားနှုန်းများခဲ့ရင်တော့ လူဦးရေတိုးပွားလာမှာဖြစ်ပြီး အဆိုပါနှုန်းထက် နည်းရင်တော့ လူဦးရေ လျော့ကျမှာဖြစ်ပါတယ်။ အံ့ဩစွာပဲ ယနေ့အချိန်မှာ အာရှဟာ ကမ္ဘာပေါ်မှာ မွေးဖွားမှုနှုန်း အနည်းဆုံးဒေသဖြစ်နေပါတယ်။

ဒီနှုန်းထားဟာ အမျိုးသမီးတစ်ဦးလျှင် ကလေးတစ်ယောက်နှုန်းသာ မွေးဖွားတဲ့ တောင်ကိုရီးယား၊ စင်ကာပူနဲ့ ဂျပန်တင် မကပါဘူး၊ တခြား သိပ် မချမ်းသာသေးတဲ့နိုင်ငံတွေမှာပါ ဖြစ်နေပါပြီ။

တောင်ကိုရီးယား၊ စင်ကာပူနဲ့ ဂျပန်နိုင်ငံတွေက မွေးဖွားနှုန်းဟာ လက်ရှိလူဦးရေကို ပြည့်မီအောင် အစားမထိုးနိုင်ပါဘူး။ အာရှနိုင်ငံတွေဖြစ်တဲ့ ဗီယက် နမ်ရဲ့ ကလေးမွေးဖွားနှုန်းဟာ ဗြိတိန်နိုင်ငံထက် နည်းနေပြီး မြန်မာနိုင်ငံရဲ့ ကလေးမွေးဖွားနှုန်း (အမျိုးသမီးတစ်ဦးလျှင် ကလေးမွေးဖွားနှုန်း ၁ ဒသမ ၉၄ ဦး) ဟာလည်း ပြင်သစ်နိုင်ငံရဲ့ ၁ ဒသမ ၉၉ ထက် နည်းနေပါတယ်။

မြန်မာနိုင်ငံမှာ လာမယ့် ၂၀၁၄ ခုနှစ်မှာပြုလုပ်မယ့် တစ်နိုင်ငံလုံးအတိုင်းအတာ သန်းခေါင်စာရင်း ကောက်ခံမှုရဲ့ ရလဒ်က သက်သေပြပါလိမ့် မယ်။ လူဦးရေတည်ဆောက်ပုံ ပြောင်းလဲမှုရဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုက လူတွေသက်တမ်း ပိုရှည်လာလို့ပါပဲ။

ယနေ့ခေတ်မှာမွေးတဲ့ ကလေးတစ်ဦးဟာ ၁၉၈၀ ခုနှစ်က မွေးတဲ့လူထက် အသက် ၁၀ နှစ်ပိုရှည်နိုင်မယ်လို့ ယူဆရပါတယ်။ လူတွေ သက်တမ်း ရှည်ကြာစွာ ပိုနေလာကြရတဲ့အတွက်ကြောင့် သက်ကြီးရွယ်အိုဆိုတဲ့ အတွေးအခေါ် သဘောတရားကို ပြန်ပြီးစဉ်းစားဖို့ လိုအပ်လာပါပြီ။ ကျွန်တော်တို့ရဲ့ အဘိုး၊ အဘွားများကို စဉ်းစားကြည့်လိုက်ရင် သူတို့ဟာ အသက် ၅၅ နှစ်၊ ဒါမှမဟုတ် ၆၀ ရှိမယ်လို့ ကျွန်တော်တို့တွေးမိကြမှာပါပဲ။

ဒါပေမယ့် အခုအခါမှာတော့ ဒီအသက်အပိုင်းခြားရှိ လူတွေထဲက အများစုဟာ ကျန်းမာဆဲဖြစ်သလို တက်ကြွပြီး လုပ်နိုင်ကိုင်နိုင်ဆဲဖြစ်တဲ့ လူတွေ ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ မြင်တွေ့ရနေပါပြီ။

ဒီလူဦးရေအချိုးအစား ပြောင်းလဲခြင်းဟာ မြန်မာနိုင်ငံအတွက်တော့ အခွင့်အလမ်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၁၀ လူဦးရေအချိုး အစား ပိရမစ်ကိုကြည့်ရင် အလုပ်လုပ်နိုင်တဲ့ ၁၄ နှစ်က နှစ် ၆၀ အတွင်း လူအများစုရှိနေလို့ပါပဲ။

ဒီလိုအလုပ်လုပ်နိုင်တဲ့ လူဦးရေအချိုးအစားက မှီခိုနေထိုင်သူတွေရဲ့ လူဦးရေကို ကျော်လွန်သွားတာကို လူဦးရေ ပြောင်းလဲမှုအချိုးလို့ ခေါ်ပါ တယ်။

ဒါပေမယ့် ဂျပန်နိုင်ငံလိုမျိုး လူဦးရေအချိုး အစားပြောင်းလဲမှု အကျိုးရလဒ် ရှေ့ရောက်နေတဲ့နိုင်ငံတွေမှာတော့ အလုပ်လုပ်နိုင်တဲ့ လူဦးရေအချိုးက နည်းနေပြီး အဲဒီအုပ်စုက အလုပ်မလုပ်နိုင်တဲ့လူတွေကို ထောက်ပံ့နေရလို့ပါပဲ။

ဒီလိုဖြစ်စဉ်ကို လုပ်သားများထွက်ပြေးခြင်းလို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံမှာကတော့ လူဦးရေ အချိုးအစားပြောင်းလဲမှု အကျိုးရလဒ် ဖြစ်စဉ်က နှစ် ၂၀၊ ၃၀ လောက်ထိ ရှိနေမှာပါ။ ဒီလိုအချိန်မှာ တိုင်းပြည်အနေနဲ့ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်သလို မတူညီတဲ့ လူဦးရေ တည်ဆောက်ပုံ အတွက်လည်း ပြင်ဆင်ဖို့လိုအပ်ပါတယ်။

ဒါ့ပြင် လူမှုရေးကဏ္ဍနဲ့ စီးပွားရေးစီမံကိန်းရေးဆွဲ ရေးဆွဲတဲ့ ကဏ္ဍတွေမှာ ဒီအခွင့်အလမ်းကို နောက်ထပ်ငါးနှစ်၊ ၁၀ နှစ် စောင့်စရာ မလိုဘဲ ယခုအချိန်ကတည်းကကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။

လူဦးရေတည်ဆောက်ပုံ အချိုးအစား ပြောင်းလဲခြင်းဟာ လူမှုရေးနဲ့ စီးပွားရေးကဏ္ဍတွေကို များစွာ အကျိုးသက်ရောက်မှုရှိပါတယ်။ ပိုပြီး ခေတ် မီဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာဆိုရင် အငြိမ်းစားယူနိုင်တဲ့ အသက်အရွယ်အပိုင်းအခြား၊ ပင်စင်အတွက် ကုန်ကျစရိတ် စတာတွေကို အကြိတ်အနယ် ဆွေးနွေးနေပါပြီ။

ဒါပေမယ့် မြန်မာနိုင်ငံအပါအ၀င် မြန်မာနဲ့ ဖွံ့ဖြိုးမှုတူညီတဲ့ တခြားနိုင်ငံတွေမှာတော့ လူအနည်းစုပဲ အငြိမ်းစားပင်စင်အတွက် စိုးရိမ်စရာရှိပြီး လယ်သမားတွေ၊ ၀န်ထမ်းမဟုတ်တဲ့ အလုပ်သမားတွေ အလုပ်ဆက်လက်လုပ်နေကြပြီး ပင်စင်မရှိပါဘူး။

ဒါပေမယ့် သက်ကြီးရွယ်အိုတွေအတွက် ၀င်ငွေရရှိအောင် လုပ်ဆောင်ပေးခြင်းဟာ လူမှုရေးနဲ့ စီးပွားရေး မဟာဗျူဟာစီမံကိန်းများ ရေးဆွဲရာမှာ အရေးကြီးပါတယ်။ ဒါဟာ ကျန်းမာရေးကဏ္ဍအတွက် အကြီးအကျယ် စိန်ခေါ်မှုတစ်ခုပါပဲ။

ကူးစက်နိုင်တဲ့ရောဂါတွေကို အာရုံစိုက် နေရာကနေ သက်ကြီးရွယ်အိုတွေမှာ အဖြစ်များတဲ့ မကူးဆက်နိုင်သောရောဂါတွေ၊ ဒါမှမဟုတ် နာတာ ရှည်ရောဂါတွေ များပြားလာမှုကို ကျန်းမာရေးကဏ္ဍအနေနဲ့ လိုက်လျောညီအောင်ပြုလုပ်ရမှာ ဖြစ်ပါတယ်။

ကူးစက်နိုင်တဲ့ ရောဂါအများစုဟာ ကုသနိုင်ပါတယ်။ အယ်ဇိုင်းမား၊ အဆစ်ရောင်နာ၊ သွေးတိုးရောဂါ၊ စိတ်ကစဥ့်ကလျားရောဂါ၊ သို့မဟုတ် ဆီးချို သွေးချိုရောဂါတွေဟာ အရှင်းပျောက်ကင်းအောင် မကုသနိုင်ပေမယ့် ကာကွယ်နိုင်သလို သက်ရှည်ကျန်းမာစွာ နေထိုင်အောင် စီမံလုပ်ဆောင်နိုင်ပါတယ်။

ကျန်းမာရေးစနစ်တွေရဲ့ စံချိန်စံညွှန်းတွေကို ပြောင်းလဲလာတဲ့ လူဦးရေ တည်ဆောက်မှုနဲ့အညီ ပြန်လည်သတ်မှတ်ရန် လိုအပ်တယ်ဆိုတာ အထင်အရှားပါပဲ။ လူတွေဟာ ကလေးအနည်းငယ်ပဲယူကြပြီး မိသားစုအများအပြားဟာ အလုပ်အကိုင်ရဖို့အတွက် မြို့ကြီးပြကြီးတွေကို ရွှေ့ပြောင်း နေထိုင်ကြတဲ့အတွက်ကြောင့် ကလေးတွေဟာ သက်ကြီးရွယ်အိုများနဲ့ နေလာကြရပါတယ်။

ဒါကြောင့် အဘွားအိုတွေကို စောင့်ရှောက်ဖို့ နည်းလမ်းကောင်းတွေ လိုအပ်လာပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်နဲ့ ကျိုက်လတ် ဒေသတွေမှာ ရပ်ရွာအဖွဲ့ အစည်းတွေက ကျန်းမာရေးမကောင်းတဲ့၊ အထီးကျန်ဖြစ်နေတဲ့ သက်ကြီးရွယ်အိုတွေအတွက် စောင့်ရှောက်ရေး လုပ်ငန်းတွေကို လုပ်ကိုင်နေပါတယ်။

ဒီနည်းလမ်းဟာ အလွန်ကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပြီး ကျန်ဒေသတွေကိုလည်း ဆက်လက်တိုးချဲ့ လုပ်ကိုင်နိုင်ပါတယ်။ သက်ကြီးရွယ်အိုတွေ နဲ့ သူတို့ရဲ့ အသေးစိတ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရန် လူမှုရေး၊ စီးပွားရေးပေါ်လစီများ လိုပါပေတယ်။

ဒီမူဝါဒတွေဟာ အသက်ကြီးပေမယ့် တက်တက်ကြွကြွ လှုပ်ရှားနေတဲ့ သက်ကြီးရွယ်အိုများကို ထောက်ခံအားပေးနိုင်မှာ ဖြစ်သလို၊ မိမိတို့ကိုယ် ကိုကိုယ် စောင့်ရှောက်ခြင်းမရှိနိုင်ဘဲ အကူအညီလိုအပ်နေတဲ့ အားနည်းသူတွေကို ကာကွယ်နိုင်ရန် လိုအပ်ပါတယ်။

ဒီလိုလုပ်ဆောင်တာ အမြော်အမြင်ရှိလှတဲ့ အစီစဉ်အဖြစ်ပြီး ငယ်ရွယ်စဉ်က တိုင်းပြည်ကို အကျိုးပြုခဲ့သူများ အသက်ကြီးလာတဲ့အချိန်မှာ ပျော်ရွင် ချမ်းမြေ့စေရန်၊ သက်ကြီးရွယ်အိုများဟာ တိုင်းပြည်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု မဖြစ်စေဘဲ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကျိုးကျေးဇူးအဖြစ် လူအများ သိမြင်စေရန် လုပ်ဆောင်ရမှာဖြစ်ပါတယ်။

*****************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment