Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၁၅.၅.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ကျောင်းအပ်ရာတွင် အလှူငွေကောက်ခံမှုများအား ထိရောက်စွာ အရေးယူမည်
  1. ပြည်တွင်း အလုပ်သမားများအတွက် အနိမ့်ဆုံးလစာ သတ်မှတ်ပေးရန် ILO ထံတင်ပြ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ဌာနဆိုင်ရာ တခုနှင့် တခု အပြောင်းအရွှေ့တွင် ဝင်ခွင့်စာမေးပွဲဖြေဆိုရန် ဒု-သမ္မတ ညွှန်ကြား
  2. ဒီချုပ်ဥက္ကဋ္ဌနှင့် တောင်ကိုရီးယားသမ္မတတို့ တွေ့ဆုံ
  3. တောင်ကိုရီးယား သမ္မတခရီး လုံးခြုံရေး ငါးဆတိုးချ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ကျောင်းအပ်ရာတွင် အလှူငွေကောက်ခံမှုများအား ထိရောက်စွာ အရေးယူမည်

၂၀၁၂-၂၀၁၃ ပညာသင်နှစ်၌ ကျောင်းအပ်လက်ခံရာတွင် အလှူငွေကောက်ခံမှုများကို စစ်ဆေးတွေ့ရှိရပါက ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အခု ပညာသင်နှစ်မှာ ကျောင်းတွေမှာ ကျောင်းအပ်လက်ခံရင် ကျောင်းသားတွေဆီက အလှူငွေမကောက်ရဘူးလို့ မြို့နယ်ပညာရေးမှူးတွေကို ညွှန်ကြားထားပါတယ်။ ဒီလိုညွှန်ကြားမှုကို မလိုက်နာဘူးလို့ စစ်ဆေးတွေ့ရှိလို့ရှိရင် သက်ဆိုင်ရာကျောင်းအုပ်တွေကို ရာထူးချတာတွေ၊ ဝေးလံတဲ့အရပ် တွေကို ပို့ဆောင်တာတွေ လုပ်သွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ ပညာရေးစနစ်ဖွံ့ဖြိုးတိုးတက်ရေး ဘက်စုံမြှင့်တင်နိုင်ရန်နှင့် မသင်မနေရ ပညာရေးစနစ် ဖော် ဆောင်နိုင်ရန် ကျောင်းသားများ ကျောင်းအပ်လက်ခံရာတွင် မူလတန်းအဆင့်ကို အခမဲ့အပ်နှံခွင့်ပြုထားပြီး အလှူငွေကောက်ခံခြင်းများကို လုပ်ဆောင်ခြင်း မပြုလုပ်ရန် အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြားခဲ့ကြောင်း သိရသည်။

“ဗိုလ်တစ်ထောင်(၅) မှာ ကျွန်မညီမလေးကို ကျောင်းသွားအပ်တာ အလှူငွေ(၃) သိန်းကောက်တယ်။ သူတို့က ဘယ်လောက်ထည့်ပါဆိုပြီး ကောက်တာတော့ မပာုတ်ဘူး။ အလှူငွေ ပိုထည့်နိုင်တဲ့ကျောင်းသားမှ အတန်းကောင်းကောင်းကိုရတာဆိုတော့ ကျွန်မလည်း ကိုယ့်ညီမ မျက်နှာမငယ်ရ အောင် အောင့်သက်သက်နဲ့ အလှူငွေထည့်လာရတယ်”ပာု ဗိုလ်တစ်ထောင်(၅)၌ ကျောင်းအပ်ခဲ့သူတစ်ဦးက ပြောကြားသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကောင်းမွန်နိုင်စေရေးအတွက် နိုင်ငံတော်မှ လုပ်ဆောင်နေသကဲ့သို့ ပညာရေးကဏ္ဍအသီးသီးရှိ သက် ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများမှ ဝိုင်းဝန်းကူညီမှသာ အနာဂါတ်၏ အသီးအပွင့်များဖြစ်သည့် ကျောင်းသား လူငယ်များ၏ ပညာရေးကဏ္ဍတိုးတက်ကောင်းမွန်လာနိုင်မည်ဖြစ်သည်။

YC

 -----------------------------------------------------------------------------------------------------------------------------------

ပြည်တွင်း အလုပ်သမားများအတွက် အနိမ့်ဆုံးလစာ သတ်မှတ်ပေးရန် ILO ထံတင်ပြ

မြန်မာနိုင်ငံအတွင်းရှိ အလုပ်သမားကိုယ်စားလှယ်တစ်ဦးက ပြည်တွင်း အခြေခံလုပ်သားများအတွက် အနိမ့်ဆုံးလုပ်ခလစာနှုန်းထားများ သတ် မှတ်ပေးရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO) မှ တာဝန်ရှိသူတစ်ဦးထံသို့ တင်ပြထားကြောင်း သိရသည်။

“ပြည်တွင်းမှာရှိတဲ့ အခြေခံလုပ်သားတွေအတွက် အနိမ့်ဆုံးလုပ်ခလစာတွေ သတ်မှတ်ပေးဖို့အတွက် ILO က အုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌကို တင်ပြ ထားပါတယ်။ လက်ရှိအချိန်မှာ ပြည်တွင်းမှာရှိတဲ့ အလုပ်သမားတွေကို ကာကွယ်ပေးနိုင်မယ့် အလုပ်သမားဥပဒေတွေ၊ နည်းဥပဒေတွေ အများအပြား လို အပ်နေပါပြီ။ ဒီကိစ္စတွေကိုလည်း ILO ကို တင်ပြနိုင်ဖို့ အတွက်လုပ်ဆောင်သွားမှာပါ”ပာု အလုပ်သမားအဖွဲ့အစည်းကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO)မှ မြန်မာနိုင်ငံနှင့်ပတ်သက်သော ဆုံးဖြတ်ချက်များကို ၂၀၁၂ ဇွန်လအတွင်း ဆွစ်ဇာ လန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ၌ ချမှတ်သွားမည်ဖြစ်ပြီး ထိုညီလာခံသို့ မြန်မာနိုင်ငံမှ အစိုးရကိုယ်စားပြု အလုပ်သမား ကိုယ်စားလှယ်တစ်ဦး၊ အလုက်သမားကိုယ်စားပြု ကိုယ်စားလှယ်တစ်ဦးနှင့် အလုပ်ရှင်ကိုယ်စားပြုကိုယ်စားလှယ်တစ်ဦးပာူ၍ စုစုပေါင်း ကိုယ်စားလှယ်သုံးဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

“ဒီပွဲကို သွားတက်ကြမယ့် ကိုယ်စားလှယ်တွေပာာ တစ်နိုင်ငံလုံးမှာရှိတဲ့ အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေအားလုံးကို ကိုယ်စားပြုပါတယ်။ ဒါ ကြောင့် ဒီပွဲမှာ သွားတက်မယ့်ကိုယ်စားလှယ်တွေပာာ အရည်အချင်းတွေ၊ အရည်အသွေးတွေ ပြည့်ဝဖို့လိုပါလိမ့်မယ်။ မြန်မာနိုင်ငံထဲမှာရှိတဲ့ အလုပ်သမား တွေရဲ့ ခံစားချက်တွေ၊ အခက်အခဲတွေ၊ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ ဖြစ်ပျက်နေတဲ့ ကိစ္စရပ်တွေကို တင်ပြနိုင်တဲ့သူ ဖြစ်ရပါမယ်”ပာု အခြေခံလုပ် သားတစ်ဦးက ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အနိမ့်ဆုံးအခြေခံလုပ်ခလစာများကို သတ်မှတ်ပေးနိုင်ခြင်းမရှိသည့်အတွက် အလုပ်ရှင်နှင့် အလုပ်သမားကြား ပဋိပက္ခ ပြဿနာများမှာ များပြားလျက်ရှိနေသေးကြောင်း သိရသည်။

Ref:Newsday News

 *****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ဌာနဆိုင်ရာ တခုနှင့်တခု အပြောင်းအရွှေ့တွင် ဝင်ခွင့်စာမေးပွဲဖြေဆိုရန် ဒု-သမ္မတ ညွှန်ကြား

၂၀၁၂ မေလ ၁၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၌ ပြုလုပ်ခဲ့သည့် Reform Strategy ရှင်းလင်းဆွေးနွေးညှိနှိုင်းခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက စစ်ဘက်မှ အရပ်ဘက်သို့ ကူးပြောင်းလာသူများ(သို့) ဌာနဆိုင်ရာ တခုမှတခုသို့ ပြောင်းရွှေ့လာသူများအား ဝင်ခွင့်စာမေးပွဲစနစ်ဖြင့် စစ်ဆေးပြီး ဝင်ခွင့်စာမေးပွဲများ ဖြေဆိုအောင်မြင်မှသာ ရာထူးခန့်အပ်ရမည်ဖြစ်ကြောင်း ညွှန်ကြားမှု များ ပြုလုပ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတဝက်ဆိုဒ်၏ ဖော်ပြချက်အရ သိရသည်။

ညွှန်ကြားရေးမှူးချုပ်အဆင့်မှ အောက်ခြေအထိ ဆက်ဆံပုံ၊ လုပ်ကိုင်ဆောင်ရွက်ပုံများကို ပြောင်းလဲရန်ရှိက ပြောင်းလဲကြရန်လိုအပ်ကြောင်း၊ သာမန်အားဖြင့် အောက်ခြေမှ တက်လာသော ဝန်ထမ်းများအနေဖြင့် လုပ်ငန်းကျွမ်းကျင်မှုတွင်ပြောရန် မရှိသော်လည်း ကြားမှဖြတ်ဝင်လာသော ပုဂ္ဂိုလ် များ ရှိလာပါက မူလဝန်ထမ်းများ စိတ်ဓာတ်ကျဆင်းနိုင်သည့်အတွက် ဝန်ကြီးဌာန၏ လုပ်ငန်းများလည်း အထိုက်အလျောက် ကျဆင်းနိုင်ကြောင်း၊ ထို့ ကြောင့် မိမိခန့်ထားလိုသူရှိပါက အရည်အသွေးကို သိရှိနိုင်ရန် ဝင်ခွင့်စာမေးပွဲများဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက် ခမ်းက ပြောကြားသည်။

မြန်မာနိုင်ငံအား ပြုပြင်ပြောင်းလဲမည့် စီမံချက်မူကြမ်းကို ယခုလကုန်အပြီးတွင် ဆောင်ရွက်တင်ပြရမည်ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရာတွင် မူဝါဒနှင့် ကြီးကြပ်မှုကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့တွင် အတွေ့အကြုံအားနည်းသည့်သဖြင့် အကောင်အထည်ဖော်မှုအပိုင်းတွင် ခက်ခဲ နိုင်ကြောင်း၊ သေချာလေ့လာလိုက်စားပါက အရည်အသွေးတက်လာနိုင်ကြောင်း၊  မြန်မာနိုင်ငံအား ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် ကျင်းပခဲ့သည့်  Reform Strategy ရှင်းလင်းဆွေးနွေးညှိနှိုင်းခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင်၎င်းမှ ဆက်လက်ပြောကြားသည်။

ဝန်ကြီးဌာနများအား ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာတွင် ဦးစီးဌာနများဖောင်းပွနေမှုရှိမရှိ၊ လေလွင့်မှုများ ရှိမရှိ ပြန်ကြည့်ရန်လိုအပ် ကြောင်း၊ ပြုပြင်ရန် လိုမလို၊ လက်ရှိအတိုင်း သွားရန် လိုမလို စဉ်းစားဆောင်ရွက်ကြရန်နှင့် ပြုပြင်ရန်ရှိက အမြန်ဆောင်ရွက်ရန်လိုကြောင်း ဆိုသည်။

ယင်းစည်းဝေးပွဲအခမ်းအနားသို့ နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းအပါအဝင် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအား Political Reform, Administration Reform, Economic Reform, Social Reform စသည့်ကိစ္စရပ်များကို နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ မြန်မြန်ဆန်ဆန် ဆောင်ရွက်သွားရန် ဒေါက်တာစိုင်းမောက်ခမ်းက ညွှန်ကြားခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

                YC

-----------------------------------------------------------------------------------------------------------------------------------

ဒီချုပ်ဥက္ကဋ္ဌနှင့် တောင်ကိုရီးယားသမ္မတတို့ တွေ့ဆုံ

မေလ ၁၅ရက်နေ့ မနက် ၁၀နာရီခွဲခန့်အချိန်တွင် ရန်ကုန်မြို့နယ်ရှိ Sedona Hotel ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်နှင့် တောင်ကိုရီးယားသမ္မတ လီမြောင်ဘက်တို့သည် မိနစ်၂၀ကြာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကြပြီး သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်သွား ကြောင်း သိရသည်။

ထိုတွေ့ဆုံပွဲ၌ တောင်ကိုရီးယားသမ္မတ လီမြောင်ဘက်မှ မြန်မာနိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေခြင်းအား ပိုမိုထောက်ခံသွားမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ပညာရေးစနစ်အား ကူညီပေးသွားရှိကြောင်းကိုလည်း ပြောကြားသွားပြီး NLDဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှလည်း ပြည်တွင်း၌ ငြိမ်းချမ်းရေးရရှိစေရန်နှင့် စစ်မှန်သော ဒီမိုကရေစီရရှိစေရန်အတွက် အခုအချိန်တွင် အရေးကြီးနေကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားကြောင်း သိရသည်။

ထို့နောက် ယင်းပွဲသို့ NLD မှ လွှတ်တော်ကိုယ်စားလှယ်(၃) ဦး၊ ပြည်ပသတင်းဌာနမှ သတင်းသမား (၃)ဦး၊ ပြည်တွင်းသတင်းဂျာနယ်မှ (၄)ဦးနှင့် စုစုပေါင်း ၁၀ ဦးသာ ၀င်ရောက်ခွင့်ရရှိပြီး လုံခြုံရေးများကိုလည်း အထူးတင်းကြပ်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ နှစ်ရက်ခရီးစဉ်ဖြင့် ရောက်ရှိနေသည့် တောင်ကိုရီးယားသမ္မတသည် မေလ ၁၄ရက်နေ့ ညနေ ၃နာရီခန့်တွင် ရောက်ရှိလာပြီး နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ ဦးသိန်စိန်နှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

တောင်ကိုရီးယားသမ္မတခရီး လုံးခြုံရေး ငါးဆတိုးချ

တရုတ်နိင်ငံဘက်မှ တဆင့်မြောက်ကိုရီးယား အမျိုးသမီးသူလျှို ငါးဦးထိုးဖောက်စိမ့်ဝင်လျှက်ရှိသည်ဆိုသော သတင်းကြောင့် တောင်ကိုရီးယား သမ္မတလီမြောင်ဘတ်၏ ချစ်ကြည်ရေးခရီးလုံခြုံရေးကို ငါးဆတိုးမြှင့်ချထားကြောင်း ဗဟန်းမြို့နယ်မှ(စအဖ)ခေါ် စစ်ဖက်လုံခြုံရေး သတင်းရပ်ကွက်မှ စုံးစမ်းသိရှိရသည်။

တောင်းကိုရီးယားသမ္မတသည် မေလ ၁၅ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည့်နှင့် တွေ့ဆုံပြီး ရွေတိဂုံဘုရား မြောက်ဖက်မုဒ်ရှိ အာဇာနည်ဗိမာန် သို့ သွားရောက်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

တောင်းကိုရီးယားသမ္မတ မလာခင်သုံးရက်ခန့်ကတည်းက ရန်ကုန်မြို့၏ အဓိကကျသော အ၀င်အထွက်လမ်းများအား တင်းကြပ်သောစစ်ဆေး မှုများ ပြုလုပ်ပြီး လုံခြုံရေးတင်းကြပ်ထားကြောင်း အင်းစိန်းစော်ဘွားကြီးကုန်းတွင်နေထိုင်သူ တစ်ဦးက ပြောကြားသည်။

နှစ်ပေါင်း ၃၀နီပါးအတွင်း တောင်ကိုရီးယားသမ္မတတစ်ဦး ပထမဆုံးလာရောက်သည့် ခရီးစဉ်ဖြစ်ပြီး ၁၉၈၃ ခုနှစ်က နောက်ဆုံးလာရောက်ခဲ့ သော တောင်ကိုရီယားသမ္မတ ချန်ဒူးဝမ်ခရီးစဉ်တွင် မြောက်ကိုရီယားနိင်ငံဘက်ဗုံးခွဲ တိုက်ခိုက်မှုကြောင့် သမ္မတချန်ဒူးဝမ် အသက်ဘေးက လွတ်မြောက်ခဲ့ သော်လည်း အစိုးရအဖွဲ့ဝင် ၀န်ကြီးလေးယောက်နှင့် သံတမန်များ အသက်ဆုံးရှုံးခဲ့ရသည်။

MP

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ယနေ့မြန်မာနိုင်ငံသည်ကား အာဏာရှင်စနစ်ပြိုလဲ၍ ဒီမိုကရေစီခေတ်ဆီသို့ ရောက်ရှိလာခဲ့လေပြီ။ ဆိုရလျှင် ဆိုးရွားလှသည့် မြန်မာတို့၏ အာဏာရှင် နိုင်ငံတော်ခေတ်သည် ပြိုလဲပျက်စီးခဲ့လေပြီ။ ထိုအခြင်းအရာသည် သမိုင်းမှတ်တမ်းတင်ခဲ့လေပြီ။ နိုင်ငံသားတို့၏ စုစည်းညီညွတ်မှုနှင့် အာဏာရှင်နိုင်ငံ ဟောင်းကို တွန်းဖြို၍ ဒီမိုကရေစီနိုင်ငံသစ်ကို ထုဆစ်နေကြလေပြီ။ လွန်လေပြီးသောအတိတ်တစ်ခုတွင် နိုင်ငံသားတို့သည် နိုင်ငံဟောင်းထဲတွင် မွန်းကျပ် ပိတ်လှောင်ခဲ့ကြရသည်။ ထိုမွန်းကျပ်ပိတ်လှောင်မှုသည် နိုင်ငံဟောင်းခေတ်ကို ဖြိုလှဲရန် တွန်းအားပေးခဲ့သည့် အရေးကြီးဆုံးသောပါဝါ ဖြစ်ခဲ့သည်။ ယင်း ပါဝါသည် နိုင်ငံဟောင်းခေတ်ကို ဖြိုလှဲရင်း နိုင်ငံသစ်ဒီမိုကရေစီကိုပါ ထုဆစ်နိုင်သည့် ပါဝါအဆင့်သို့ ရောက်ခဲ့သည်။ ယင်းသည် နိုင်ငံဟောင်းခေတ် ပြိုလဲခြင်း၏ အဓိကအကြောင်းအရင်းဖြစ်သည်”

မေ ၁၅ ထုတ် The Flower News အတွဲ (၈) အမှတ် (၁၈) တွင်ပါသည့် ဆောင်းပါးရှင် ဗညားဦးရေးသားသည့် “နိုင်ငံဟောင်းခေတ် ပြိုလဲခြင်း”ဆောင်း ပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အရင်တုန်းက မြန်မာနိုင်ငံကိုလာချင်ကြတဲ့ နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဗီဇာခွင့်ပြုချက်ရဖို့အတွက် တစ်ပတ်လောက်ကြာတယ်။ အခု တော့ ရန်ကုန်ရောက်တာနဲ့ စီးပွားရေးဆိုက်ရောက်ဗီဇာ ထုတ်ပေးတော့မယ်။ အဓိကတော့ နိုင်ငံတော်ဝင်ငွေများများရဖို့ ကန့်သတ်ချက်တွေကို အဆင့်ဆင့် လျှော့ချပေးသွားမှာ ဖြစ်ပါတယ်”

မေ ၁၄ ထုတ် The Messengerအတွဲ (၂)အမှတ် (၅၁) တွင်ပါသည့် “စီးပွားရေးဆိုက်ရောက်ဗီဇာ ဇွန်လ ၁ ရက်နေ့ စတင်ထုတ်ပေးမည်” သ တင်းမှ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

 -----------------------------------------------------------------------------------------------------------------------------------

“ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံအရ ဒီနေ့ ပြည်သူတွေရဲ့ဆန္ဒက အပြောင်းအလဲကိုလိုချင်ပြီး ကျွန်တော်တို့အစိုးရရဲ့ အောက်ခြေ ရပ်ကွက် ကျေးရွာအဆင့်မှ မြို့နယ်၊ တိုင်းဒေသကြီး/ပြည်နယ်မှ ပြည်ထောင်စုအဆင့်အထိ ရှေးယခင် လုပ်နည်းလုပ်ဟန်တွေကိုအတိုင်း လုပ်ကိုင်ဆောင်ရွက် နေကြတာကို မကြိုက်တော့ဘူးဆိုတဲ့ အနေအထားကို ပြ သခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် Reform ကို ထိထိရောက်ရောက်ပြောင်းလဲလုပ်ရမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်”

မေလ ၁၇ ထုတ် Venus News အတွဲ (၃) အမှတ် (၄၃) တွင်ပါသည့် “ပြုပြင်ပြောင်းလဲရေးတွင် နောက်ကြောင်းပြန်လှည့်လိုသူများ နောက် ချန်ထားခဲ့မည်ဟု သမ္မတဦးသိန်းစိန် သတိပေး”သတင်းမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်အပေါ် ကောက်နုတ်ချက်

**************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment