Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၂၁. ၅.၂၀၁၂

ပြည်တွင်းသတင်းများ

  1. UMFCCI ဥက္ကဌ ဦးဝင်အောင် သတင်းမှောင်ချ
  1. မြန်မာဘဏ်များ အမေရိကန်နှင့် အီးယူနိုင်ငံရှိ ဘဏ်များနှင့် စတင်ချိတ်ဆက်
  2. လျှပ်စစ်မီးအချိန်ပြည့် ရရှိရေး မန္တလေးမြို့၌ ဆန္ဒထုတ်ဖော်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. မြဝတီတံတားပိတ်မည်ပာု DKBA ပြောကြားမှုကြောင့် ဒေသခံများ စိုးရိမ်
  1. မော်တော်ယာဉ်များ၌ ခွပ်ဒေါင်းအလံလွှင့်ထူမှုအတွက် တိုင်းကော်မရှင်မှ NLD သို့ အကြောင်း ကြားစာပေးပို့

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

UMFCCI ဥက္ကဌ ဦးဝင်အောင် သတင်းမှောင်ချ

ရန်ကုန်မြို့မင်းကျော်စွာလမ်း မြန်မာနိင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တွင်ပြုလုပ်သော မော်တော် ယာဉ်ထုတ်လုပ်တင်သွင်းခွင့်ဆိုင်ရာ အလုပ်ရုံဆွေးပွဲသတင်းကို တက်ရောက်ရန်ပိတ်ပိတ်ပင်ခဲ့သော ဦးဝင်းအောင်အား ယာဉ်တင်သွင်းသူများက သတင်း အမှောင်ချလိုသူ၊ သတင်းထိမ်ချန်လိုသူ၊ transparency ပွင့်လင်းမြင်သာမှုနည်းပါးသူအဖြစ် စွပ်စွဲပြောဆိုလျက်ရှိကြောင်း သိရှိရသည်။

ပြီးခဲ့သည့် စနေနေ့ အကြိုညှိနှိုင်းဆွေးနွေးပွဲတွင် ကားတင်သွင်းသူများအနေဖြင့် ကားတင်သွင်းမှုအခြေအနေနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ပြီး  သတင်းမီးဒီယာနှစ်ဆယ်ကျော် တက်ရောက်သတင်းရယူကြသည်။

ယခုဝန်ကြီးဌာနနှင့် လုပ်ငန်းရှင်များတွေဆုံဆွေးနွေးပွဲတွင် လုပ်ငန်းရှင်များအနေဖြင့် အထုပ်ဖြေသလို ပြောဆိုမှာကို ဦးဝင်းအောင်မျက်နှာပူနေ ပုံရကြောင်း ကားအရောင်းစင်တာဖွင့်လှစ်ထားသူတစ်ဦးမှ သုံးသပ်ပြောဆိုသည်။

ဦးဝင်းအောင်သည် ပြီးခဲ့သည့် Transition Costs အလုပ်ရုံဆွေးနွေးပွဲကိုလည်း သတင်းတက်ရောက်ရယူသူများ တက်ရောက်ခွင့်မပြုခဲ့ကြောင်း လူငယ်သတင်းသမားတစ်ဦးက ပြောကြားသည်။

စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ယခုအလုပ်ရုံဆွေးနွေးပွဲကျင်းပမည့်အကြောင်းကို မေလ ၇ ရက်နေ့ကတည်းက အသိပေးကြေ ညာထားကြောင်း ၀န်ကြီးဌာနတစ်ချို့က တွေ့ဆုံပွဲများလုပ်ပြီး ပြည်သူများကို အသိပေးနေချိန်တွင် လုပ်ငန်းရှင်တစ်ဦးက အဆူအပူခံရမည်စိုးသောကြောင့် သတင်းရယူခွင့်တားမြစ်ခြင်းသည် မဖြစ်သင့်ကြောင်း ၎င်းက အကြံပြုပြောကြားသည်။

ကားမူဝါဒသည် ကားတင်သွင်းသူများနှင့် ၀န်ကြီးဌာနနှင့်သာ သက်ဆိုင်သည့်ကိစ္စမဟုတ်ကြောင်း ပြည်သူအများနှင့်သက်ဆိုင်၍ သတင်းသမား များကို တက်စေချင်ခဲ့ကြောင်း ကားတင်သွင်းသူတစ်ဦးပြောကြားသည်။

MP

-----------------------------------------------------------------------------------------------------------------------------------

မြန်မာဘဏ်များ အမေရိကန်နှင့် အီးယူနိုင်ငံရှိ ဘဏ်များနှင့် စတင်ချိတ်ဆက်

မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသည့် အမေရိကန်နိုင်ငံနှင့် အီးယူနိုင်ငံများက မြန်မာအစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများကြောင့် ဖြေလျော့မှုများကို ပြုလုပ်လိုက်ပြီဖြစ်သည့်အတွက် နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသည့် ပြည်တွင်းဘဏ်များ က အမေရိကန်နှင့် အီးယူနိုင်ငံရှိ ဘဏ်များနှင့် စတင် ချိတ်ဆက်လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြည်တွင်းဘဏ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

“အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် အမေရိကန်နဲ့ အီးယူနိုင်ငံတွေက စတင်ပြီးတော့ ဖြေလျော့မှုတွေ လုပ်ဆောင်နေပါပြီ။ ဒီမှာရှိတဲ့ နိုင်ငံခြားဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိထားတဲ့ ဘဏ်တွေကလည်း အခုအီးယူနဲ့ အမေရိကန်နိုင်ငံမှာရှိတဲ့ ဘဏ်တွေနဲ့ ချိတ်ဆက်လုပ်ဆောင်ဖို့ ပြင်ဆင် နေပါပြီ။ အခုလက်ရှိမှာတော့ ပြည်တွင်းကဘဏ်တွေကို အာဆီယံနိုင်ငံက ဘဏ်တွေနဲ့ ဂျပန်ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး နိုင်ငံခြားဘဏ်လုပ်ငန်း ဆောင် ရွက်နေပါတယ်”ပာု နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသည့် ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံအပေါ် နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှု ပြုလုပ်ထားသည့် အမေရိကန်နိုင်ငံမှ ၂၀၁၂ မေလ ၁၇ ရက်နေ့တွင် ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်ရန် တားမြစ်မှုများကို လျှော့ပေါ့ပေးကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး မြန်မာနိုင်ငံတွင် အမေရိကန် နိုင်ငံမှ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန် ဖြေလျော့မှုများ ပြုလုပ်ပေးသည်။

“အခုဆို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် အမေရိကန်စီးပွားရင်းနှီးမြှုပ်နှံသူတွေ အဆင်သင့်ဖြစ်နေပါပြီ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြဋ္ဌာန်းပြီးသွားပြီဆိုရင်တော့ အမေရိကန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေကို စတင်တော့မှာပါ။ မြန်မာနိုင်ငံရဲ့ အနာဂါတ် စီးပွားရေး အလားအလာတွေကလည်း ကောင်းနေပါပြီ”ပာု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အတွက် မြန်မာနိုင်ငံ အား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့ အရေးယူမှုပြုလုပ်ထားသည့် အမေရိကန်နိုင်ငံနှင့် အီးယူနိုင်ငံများမှာ ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့သည်။

YC

--------------------------------------------------------------------------------------------------------------------------------

လျှပ်စစ်မီးအချိန်ပြည့် ရရှိရေး မန္တလေးမြို့၌ ဆန္ဒထုတ်ဖော်

၂၀၁၂ မေလ ၂၀ ရက်နေ့မှ စတင်၍ မန္တလေးမြို့တွင် လျှပ်စစ်မီး အပြည့်အဝရရှိရေးအတွက် မန္တလေးဒေသခံပြည်သူများက ဖယောင်းတိုင်မီး ထွန်း၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ဧပြီလကတည်းက မီးက မလာတစ်ရက် ပျက်တစ်ရက်ဆိုတော့ မန္တလေးကလူတွေ တော်တော်ကို အခက်အခဲကြုံရတယ်။ ရေမလာတာ တွေ၊ ထမင်းကို ပေါင်းအိုးနဲ့တည်ထားရင်း မီးပျက်တော့ ပစ်လိုက်ရတဲ့ကိစ္စတွေက တော်တော်ကိုများတယ်။ အခြေခံလုပ်သားတွေကိုကော၊ အပေါ်ကလူ တွေကိုပါထိခိုက်တော့ ခုလို လျှပ်စစ်မီးအချိန်ပြည့်ရ နိုင်အောင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာပါ”ပာု မန္တလေးမြို့ခံတစ်ဦးကဆိုသည်။

မန္တလေးမြို့ရှိ လျှပ်စစ်မီးအပြည့်အဝ ရရှိရေးဆန္ဒထုတ်ဖော်သူများသည် ၇၇ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြားရှိ မြန်မာ့လျှပ်စစ်ဓာတ်အားပေး လုပ်ငန်း(တိုင်း)ရုံးနှင့် ၂၆ လမ်း၊ ၆၆ လမ်းနှင့် ၆၈ လမ်းကြားရှိ မန္တလေးစွမ်းပာိုတယ်ရှေ့တွင် ဖယောင်းတိုင်မီးများထွန်း၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြ ကြောင်း သိရသည်။

ထိုသို့ မန္တလေးဒေသခံပြည်သူများက ဖယောင်းမီးများထွန်း၍ လျှပ်စစ်မီးအပြည့်အဝရရှိရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည့်အတွက် မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာနဝန်ကြီး ဒေါက်တာမြင့်ကြူနှင့် မြန်မာ့လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ် အင်ဂျင်နီယာ ဒေါ်အေးအေးမင်းတို့က ၂၀၁၂ မေလ ၂၀ ရက်နေ့ ညတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ကြောင်း အပတ်စဉ်ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြပါရှိသည်။

ယင်း သတင်းစာရှင်းလင်းပွဲတွင် လျှပ်စစ်အင်ဂျင်နီယာ ဒေါ်အေးအေးမင်းက “မန္တလေးမြို့ လျှပ်စစ်မီးပိုမိုရရှိဖို့အတွက် ရုံးချုပ်ကို မီးစက်တွေ မှာထားပါတယ်။ ကျွန်မတို့အနေနဲ့ ပေးချင်ပါတယ်။ ပေးစရာမရှိလို့ကို မပေးတာပါ။ မန္တလေးမြို့ လျှပ်စစ်မီးပိုမိုရရှိဖို့အတွက် မိုးနတ်မင်းကြီးကိုသာ ဆုတောင်းကြပါ”ပာု ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးသို့ ပေးပို့လျက်ရှိသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ထုတ်လုပ်မှု လျော့နည်းလာသည့် အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့များ၊ ရွာများသို့ လျှပ်စစ်မီးကို အချိန်ပိုင်းသာ ပေးပို့ရလျက်ရှိကြောင်း သိရပြီး ၂၂ရက်နေ့၌ မန္တလေးတောင် ခြေရှိ အလုပ်သမားဆေးရုံအနီးမှ သတင်းတပ်ဖွဲ့ရုံး၌ မနက် ၈နာရီမှစ၍ နေ့လည် ၁၂နာရီကျော်အထိ မေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး နေအိမ်အသီးသီးသို့ ပြန်လွှတ်ပေးခဲ့ကြောင်း ယင်းသို့ မေးမြန်းခံရသည့် မန္တလေးဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။