Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၆.၅.၂၀၁၂

ဘာသာပြန်သတင်းများ

  1. နာမည်ကျော် သေမင်းတမန် ရထားလမ်း ပြန်ဖောက်လုပ်တော့မည်။

(ABC News မှ 21 May 2012 ရက်စွဲပါ "Burma to restore infamous Death Railway" သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာ့စီးပွားရေး အားကောင်းရန်ပြင်

(21 May 2012 ရက်စွဲပါ The Gulf Today မှ Myanmar economy set to boom: Report ကို ဘာသာပြန်သည်)

  1. ထားဝယ်အတွက် ထိုင်းတို့ ပုံအောရင်းနှီးမြှုပ်နှံတော့မည်

(Bangkok Post မှ 21 May 2012 ရက်စွဲပါ “Massive investment for Dawai”သတင်းကို ဘာသာပြန်ဆိုသည်)

  1. ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်သို့ လာရောက်လည်ပတ်၍ ပါလီမန်တွင် မိန့်ခွန်းပြောကြားမည်

(21 May 2012 ရက်စွဲပါ Expressbuzz မှ Suu kyi to visit Bratain, address parliment ကိုဘာသာပြန်ပါသည်)

***************************

ဘာသာပြန်သတင်းများ

နာမည်ကျော် သေမင်းတမန် ရထားလမ်း ပြန်ဖောက်လုပ်တော့မည်။

(ABC News မှ 21 May 2012 ရက်စွဲပါ "Burma to restore infamous Death Railway" သတင်းကို ဘာသာပြန်ဆို သည်)

ဒုတိယ ကမ္ဘာစစ်အတွင်းက ချွေးတပ်အကျဉ်းသားများ၏လုပ်အားဖြင့် ဖောက်လုပ်ခဲ့သော နာမည်ကျော် သေမင်းတမန် ထိုင်း-မြန်မာ ရထားလမ်း ကို ပြန်လည်ဖောက်လုပ်ရန် မြန်မာနိုင်ငံက စီစဉ်လျက်ရှိသည်။

တောကြီးမျက်မည်းနှင့် တောင်ကမ်းပါးယံများကို ဖြတ်သန်းသွားသော ၄၂၄ ကီလိုမီတာ ရထားလမ်းကို ချွေးတပ်အကျဉ်းသားများအား အဓမ္မ ခိုင်းစေ၍ ဂျပန်တို့က ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။

၁၉၄၃ ခုနှစ်အထိ ရထားလမ်း ဖောက်လုပ်ခဲ့သော ကာလအတွင်း သြစတြေးလျား ၂၈၁၅ ဦးအပါအဝင် စစ်အကျဉ်းသား ၁၁၀၀၀ ကျော်နှင့် အာရှ သား အလုပ်သမား ၇၅၀၀၀ ခန့် သေဆုံးခဲ့ရသည်။

ဘုရားသုံးဆူဒေသမှ ထိုင်းနိုင်ငံသို့ ၁၈၅ ကီလိုမီတာ ဖောက်လုပ်မည့် ရထားလမ်းပိုင်း ရှေ့ပြေးလေ့လာခြင်းအစီအစဉ်ကို အောက်တိုဘာခန့်တွင် စတင်ရန် စီစဉ်ထားသည်ဟု ရထားဝန်ကြီး ဦးအောင်မင်း က ပြောကြားသည်။

"ဒီလမ်းကို ကျွန်တော်တို့ ပြန်ဖွင့်မယ်။ တခြားနိုင်ငံတွေကလည်း ကူညီမယ်လို့ ကမ်းလှမ်းထားကြတယ်။ ဒါကိုကျွန်တော်တို့ ဆက်လုပ်သွားမှာပါ" ဟု ဦးအောင်မင်းက ရှမ်းလက်နက်ကိုင်တပ်ဖွဲ့နှင့်ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

မိုးရာသီအကုန်မှာ နိုင်ငံတကာ အကူအညီနဲ့ ကွင်းဆင်းလေ့လာမှုတွေ စတင်ဆောင်ရွက်မှာဖြစ်ပါတယ်ဟု ဦးအောင်မင်းက ဆိုသည်။

နှစ်ပေါင်း ၅၀ ခန့် စစ်အုပ်ချုပ်ရေးဖြင့် တံခါးပိတ် အမှောင်ချထားခဲ့သော မြန်မာနိုင်ငံ၌ လက်ရှိသမ္မတ ဦးသိန်းစိန်လက်ထက်တွင် အိမ်နီးချင်းနိုင် ငံများအပါအဝင် နိုင်ငံတကာနှင့် ပြေလည်ရေး အပါအဝင် နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို မြန်မြန်ဆန်ဆန် ပြုလုပ်လျက်ရှိသည်။

ကရင်သူပုန်များ ထိန်းချုပ်သော ဖွံ့ဖြိုးမှု နိမ့်ကျသည့် နယ်မြေတွင် ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းကို မြှင့်တင်ရာ၌ ဤရထားလမ်းက များစွာ အသုံးတည့်သော စီးပွားရေးလက်တံတစ်ခုအဖြစ် ဖြည့်ဆည်းပေးပါလိမ့်မည်။

နှစ်ပေါင်း ၆၀ ပြည်တွင်းစစ်ကာလတစ်လျှောက် ထူးခြားသောတိုးတက်မှုအဖြစ် ပြီးခဲ့သော ဇန်နဝါရီလတွင် ကရင် KNU အုပ်စုနှင့် မြန်မာအစိုးရ တို့ အပစ်ရပ်သဘောတူညီမှု ရရှိခဲ့သည်။

အင်ဂျင်နီယာများက မဖြစ်နိုင်ဟု ယူဆထားကြသော ရထားလမ်းကို ဒုတိယကမ္ဘာစစ်အတွင်းက ထိုင်း-မြန်မာ လွန်းပျံ သယ်ယူပို့ဆောင်ရန် ဂျပန် တို့က ဖောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး၊ ၁၉၄၅ ခုနှစ်တွင် မဟာမိတ်ဗုံးကြဲလေယာဉ်များက တိုက်ခိုက်ဖျက်ဆီးပစ်ခဲ့သည်။

 ****************************************

မြန်မာ့စီးပွားရေး အားကောင်းရန်ပြင်

(21 May 2012 ရက်စွဲပါ The Gulf Today မှ Myanmar economy set to boom: Report ကို ဘာသာပြန်သည်)

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ငွေကြေးဖောင်းပွမှု၊ အခြေခံအဆောက်အဦနှင့် နိုင်ငံရေးအရ တည်ငြိမ်မှုတို့တွင် စိုးရိမ်ဖွယ်များရှိလင့်ကစား လျင် မြန်စွာချဲ့ထွင်ရန် အသင့်ရှိနေသည့်အသွင် ရှိသည်ဟု နိုင်ငံတကာသတင်းများအရ သိရှိရသည်။

ဘောဂဗေဒနှင့် စီးပွားရေး သုတေသနတွင် ဦးဆောင်အဖွဲ့ဖြစ်သော The Economist Intelligence Unit (EIU) မှ ယခုအပတ် ထုတ်ပြန်သော မြန်မာနိုင်ငံနှင့် ပတ်သက်သော အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၁၂-၂၀၁၃ တွင် ငွေကြေး ဖောင်းပွမှု၌ ၆%ထိ မြင့်တက်နေသော်လည်း ၅.၂% တိုးတက်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

သြဇာရှိသော အဆို ဗြိတိသျှ၏ EIU က ထပ်မံပြောကြားရာတွင် နိုင်ငံတကာအရေးယူမှုများ ဖြေလျော့သွားခြင်းကြောင့် မြန်မာနိုင်ငံတွင်းသို့ နိုင်ငံ ခြားကုမ္ပဏီများ ဝင်ရောက်လာမှုကြောင့် သွင်းကုန်များ မြင့်တက်လာမည်ဖြစ်ကြောင်း ပြောသည်။ ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာခြင်းကြောင့် ထုတ် လုပ်မှုစွမ်းရည် တိုးတက်လာကာ ပို့ကုန်များလည်း မြင့်တက်လာမည်ဟု ဆိုသည်။

"ဒေသတွင်း မြန်မာနိုင်ငံမှ အများဆုံးတင်ပို့သော သဘာဝဓာတ်ငွေ့နှင့် ကျောက်မျက်ရတနာများကို ပြင်းပြစွာ ဝယ်ယူလာမှုကြောင့် ၂၀၁၂ တွင် ပို့ကုန်မှ ရငွေ မြင့်တက်လာလိမ့်မည်"ဟု အစီရင်ခံစာတွင်ဖော်ပြခဲ့သည်ကို ကိုးကား၍ ဧရာဝတီက ဖော်ပြထားသည်။

EIU က ခန့်မှန်းရာတွင် အနောက်နိုင်ငံများမှ အရေးယူမှုများ ရုတ်သိမ်းသွားမှုကြောင့် ကုန်သွယ်မှုအဆက်အသွယ်များ အာရှအပြင် တိုးချဲ့လာ မည်ဖြစ်ပြီး ၂၀၁၄-၁၆ တွင် ပို့ကုန်မှ ရငွေကို ၁၂% ဝန်းကျင်ထိ တိုးတက်အောင် လုပ်ဆောင်နိုင်မည်ဟု ဆိုသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရပြီး၊ လွှတ်တော်သို့ ရောက်ရှိလာခြင်း ကြောင့် အစိုးရ၏သဘောာထား တင်းမာသူများ၏ နောက်ပြန်သွားမည့်အရေး စိုးရိမ်ရမှုကို သတိထားရမည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

"စိန်ခေါ်မှုမှာ အစိုးရသည် လွှတ်တော်အတွင်းရှိ အင်အားနည်းသော်လည်း ကြီးထွားလာနေသည့် အတိုက်အခံနှင့် မည်မျှလောက် အလုပ်အတူ လုပ်နိုင်မည်ဆိုသည့် အချက်ဖြစ်သည်"ဟု အစီရင်ခံစာက ဆိုသည်။

"အစိုးရသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ယင်းကြုံတွေ့ရမည့်ကိစ္စကို ကောင်းစွာ သဘောပေါက်လျက်ရှိသည်။ မကြာသေးမီက ကြားဖြတ် ရွေး ကောက်ပွဲရလဒ်သည် ၂၀၁၅ တွင် အာဏာရပါတီဖြစ်သော USDP ကို နိုင်ငံရေးအင်အားစုအဖြစ်မှ ပျောက်ကွယ်သွားပြီး၊ လွှတ်တော်တွင် စစ်တပ်မှ ၂၅% ရှိသည့်တိုင် NLD ကသာ ချုပ်ကိုင်လိမ့်မည်ဟု ပြသနေပါသည်"ဟု ဖော်ပြထားသည်။

ကမ္ဘာလုံးဆိုင်ရာ စားသောက်ကုန်ဈေးနှုန်းများ ကျဆင်းမည်ဟု မျှော်လင့်ရသော်လည်း ယခုနှစ်တွင် မြန်မာနိုင်ငံ၏ သွင်းကုန်ဖောင်းပွမှုများ လျော့နည်းနေနိုင်ပါသေးသည်။ ဇန်နဝါရီလက ဓာတ်ဆီဈေးနှုန်း ၃၀% တက်ခြင်း၊ ၂၀၁၁ နှစ်ကုန်တွင် လျှပ်စစ်ဓာတ်အားခနှုန်းများ မြင့်တက်ခြင်းတို့သည် ၂၀၁၂ တွင် ငွေကြေးဖောင်းပွမှုနှုန်းကို ၅.၇% တွင် ဆက်လက်ရှိနေစေဦးမည် ဖြစ်သည်။

****************************************

ထားဝယ်အတွက် ထိုင်းတို့ ပုံအောရင်းနှီးမြှုပ်နှံတော့မည်

(Bangkok Post မှ 21 May 2012 ရက်စွဲပါ “Massive investment for Dawai”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတောင်ပိုင်း ထားဝယ်ဒေသမှ ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်ကို တိုးတက်အောင် ပံ့ပိုးရန်အတွက် ဘတ်ငွေ ၃၀ ဘီလျံတန်ဘိုးရှိ စီမံ ကိန်း ၃၀၂ ခုကို ထိုင်းကတ်ဘိနက်က မနေ့က အတည်ပြုလိုက်ပါသည်။

ထို့အပြင် လူနေမှုစရိတ်ကို ထိန်းချုပ်မည့် ရေတိုစီမံချက်များကိုလည်း ထိုင်းအစိုးရက အတည်ပြုခဲ့သည်။

ထားဝယ်ဖွံ့ဖြိုးရေးစီမံကိန်းကို အထောက်အကူဖြစ်စေရန်အတွက် မြေပြန့်ပြည်နယ် ၈ ခုတွင် ဘတ်ငွေ ၃၃.၁၁ ဘီလျံတန်ဖိုးရှိသော စီမံကိန်းများ ဆောင်ရွက်ရန် ကန်ချနာဘူရီ၌ ရွှေ့ပြောင်းကျင်းပနေသော ကက်ဘိနက်အစည်းအဝေးက အတည်ပြုပေးခဲ့သည်။ ယင်းတို့အနက် ဘတ်ငွေ ၁ ဘီလျံတန် ဖိုးရှိသော စီမံကိန်း ၆၀ ခန့်မှာ အကောင်အထည်ဖော်ရန် အဆင်သင့်ဖြစ်နေပြီပာု အစိုးရပြောရေးဆိုခွင့်ရှိသူ အနူဆွန်လမ်အာဘတ်က ပြောကြားသည်။

ယင်းစီမံကိန်းများတွင် ကားလမ်းသစ်များ ဖောက်လုပ်ခြင်း၊ ရပ်ချနာဘူရီပြည်နယ်ရှိ သောင်ရင်းမြစ်ပေါ်တွင် တမံဆောက်လုပ်ခြင်း၊ ဆပ်ပန်ဘူရီ ပြည်နယ်တွင် စားနပ်ရိက္ခာဖူလုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် သတင်းအချက်အလက်စနစ်ဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်းတို့ပါဝင် သည်ပာု ဆိုသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြန်မာနိုင်ငံကို ပံ့ပိုးအားပေးရန် အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေး ဘုတ်အဖွဲ့က အဆိုပြုခြင်းကိုလည်း ထိုင်းကတ်ဘိနက်က သဘောတူခဲ့သည်။

“ထားဝယ်ပာာ အာဆီယံအနောက်ပိုင်းဒေသကုန်သွယ်ရေးမှာ ဂိတ်ပေါက်တစ်ခုဖြစ်လာနိုင်တဲ့အပြင် အရှေ့တောင်အာရှနဲ့ ဒေသတွင်းနိုင်ငံတွေ ဆက်သွယ်ဖို့ တံတားတစ်စင်းဖြစ်လာနိုင်ပါတယ်။ ထိုင်းနိုင်ငံရဲ့ GDP ကိုလည်း ၁၉ ရာခိုင်နှုန်းလောက် မြှင့်ပေးပါလိမ့်မယ်”ပာု အနူဆွန်က ပြောကြား သည်။

ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး ကစ်တီရတ်နာရာနောင်ဦးဆောင်သော အမျိုးသားစီမံကိန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီက အထက်ပါ စီမံကိန်းများကို အဆင့် ၃ ဆင့်ဖြင့် အကောင်အထည်ဖော်သွားမည်ပာုသိရသည်။

၂၀၁၅ အထိ ဆောင်ရွက်မည့် ပထမအဆင့်တွင် ထားဝယ်ဆိပ်ကမ်းတောင်ပိုင်းဇုံ ဖွံ့ဖြိုးရေးကို ဦးတည်ဆောင်ရွက်မည်ဖြစ်ပြီး၊ ထိုင်းနယ်စပ်နှင့် ထားဝယ်ကိုဆက်မည့် ၄ လမ်းသွားကားလမ်း ကုဗမီတာ ၉၃ သန်းရေလှောင်ကန်၊ ကျောက်မီးသွေးလောင်စာသုံးဓာတ်အားပေးစက်ရုံ၊ စက်မှုဇုန်ကားလမ်း များ၊ အိမ်ယာသစ်များ၊ အစိုးရရုံးသစ်များ၊ ရေစီးရေလာနှင့် ရေဆိုးသန့်စင်မှုစနစ်များ တည်ဆောက်သွားမည်ဖြစ်သည်။

၂၀၁၃ မှ ၂၀၁၈ အထိ ဆောင်ရွက်မည့် ဒုတိယအဆင့်တွင် ဒေသ၏ ရေစီးရေလာစနစ်ကို တိုးချဲ့ပြင်ဆင်ခြင်း၊ ထားဝယ်လမ်းကို ၈ လမ်းသွားတိုး ချဲ့ခြင်း၊ ဒေသတွင်း ဈေးဝယ်စင်တာတည်ဆောက်ခြင်းတို့ ပါဝင်မည်ဖြစ်သည်။

၂၀၁၆ မှ ၂၀၂၀ အထိ နောက်ဆုံးအဆင့်တွင်မူ ထားဝယ်ဆိပ်ကမ်းမြောက်ပိုင်း ဖွံ့ဖြိုးရေးကို ရည်မှန်းထားသည့် ၎င်းအဆင့်တွင် ထိုင်းနိုင်ငံဖက်မှ ရထားလမ်းများ၊ ဓာတ်အားလိုင်းများ၊ ရေနံဓါတ်ငွေ့ပိုက်လိုင်းများကို ထားဝယ်ဒေသသို့ တိုးချဲ့လာမည်ဖြစ်သည်။

“ထို့အပြင် ယခုအစည်းအဝေးတွင် အစိုးရက ဒီဇယ်ဆီအပေါ် အခွန်လျှော့ချမှုကို နောက်တစ်လ သက်တမ်းတိုးခဲ့သည်။ ထို့အတွက် အစိုးရသည် ဘတ်ငွေ ၉ သန်းကုန်ကျမည်ဖြစ်သော်လည်း အများပြည်သူတို့၏ လူနေမှုစရိတ်ထိန်းချုပ်ရေးတွင် အထောက်အကူဖြစ်စေလိမ့်မည်”ပာု လက်ထောက် ပြော ရေးဆိုခွင့်ရှိသူ ပတ်ဒီပာန်ပီာမာသောင်ခန်က ပြောကြားခဲ့သည်။

ထိုသို့ အခွန်လျော့ စီမံချက်သက်တမ်းတိုးခြင်းကို တစ်လခြင်းအလိုက် အစိုးရက စဉ်းစားပေးသွားမည်ပာု သိရှိရသည်။

****************************************

ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်သို့ လာရောက်လည်ပတ်၍ ပါလီမန်တွင် မိန့်ခွန်းပြောကြားမည်

(21 May 2012 ရက်စွဲပါ Expressbuzz မှ Suu kyi to visit Bratain, address parliment ကိုဘာသာပြန်ပါသည်)

မြန်မာနိုင်ငံ၏ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း(၂၄)နှစ်အတွင်း မြန်မာနိုင်ငံပြင်ပသို့ ပထမဦးဆုံး သမိုင်းဝင် ပြည် ပခရီးစဉ်အဖြစ် လာမည့်လတွင် ဗြိတိန်နိုင်ငံသို့ သွားရောက်လည်ပတ်မည်ဖြစ်ပြီး၊ ပါလီမန်နှစ်ရပ်လုံးတွင် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

ဗြိတိန်ဝန်ကြီးချုပ် David Cameron သည် နိုဘယ်ဆုရှင်အား ဗြိတိန်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ၎င်းဧပြီလက မြန်မာနိုင်ငံသို့သွားစဉ်က ဖိတ်ကြားခဲ့သည်ပာု မဇ္ဇျိမ၏သတင်းအရ သိရှိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံအကြီးအကဲတစ်ဦးမပာုတ်သော်လည်း ရှားရှားပါးပါး ဗြိတိသျှပါ လီမန်တွင် မိန့်ခွန်းပြောကြားခွင့်ရခြင်းဖြစ်သည်။

သူသည် ၎င်း၏ တစ်ပတ်ကြာမည့် ဗြိတိန်ခရီးစဉ်ကို ဇွန်လ ၁၈ ရက်နေ့တွင် စတင်မည်ဖြစ်သည်။ ၎င်းသည် နော်ဝေသို့လည်း သွားရောက်နိုင်ရန် မျှော်လင့်လျက်ရှိသည်။

သူသည် ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံသို့ မသွားရောက်မီအထိ ကွယ်လွန်သူခင်ပွန်း၊ သားနှစ်ဦးတို့နှင့်အတူ ဗြိတိန်နိုင်ငံတွင် နှစ်ပေါင်းများစွာ နေထိုင် ခဲ့သည်။

၎င်းသည် ထိုစဉ်ကတည်းက မြန်မာနိုင်ငံပြင်ပသို့ ခရီးသွားခြင်းမရှိပေ။ အကြောင်းမှာ စစ်အစိုးရ မြန်မာနိုင်ငံသို့ ပြန်ရန်ခွင့်မပြုမည်ကို စိုးရိမ်၍ ဖြစ်သည်။

********************************************************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment