Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၂၅. ၅.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ပြည်သူများ စိတ်ပူပန်မှု လွတ်လပ်စွာ တွေးခေါ်နိုင်ရေး မြန်မာပြည်သူ့ဖိုရမ် ကျင်းပမည်
  2. ရွှေလီ-မန်စံ ဓာတ်အားလိုင်းတာဝါ ပြင်ဆင်ပြီးပါက ရန်ကုန်နေပြည်သူများ လျှပ်စစ်ပိုရမည်
  3. ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို မြန်မာဗပိာုဘဏ်မှ စောင့်ကြည့်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ဇိုမီးအမျိုးသားကွန်ကရက်ပါတီ အမည်သုံးခွင့်မရ
  2. ပါတီဝင်များ ကူးပြောင်းခြင်းကြောင့် NDF ပါတီ ပြန်ဖွဲ့စည်းခြင်းမပာုတ်ကြောင်း ပြောကြား

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ပြည်သူများ စိတ်ပူပန်မှု လွတ်လပ်စွာ တွေးခေါ်နိုင်ရေး မြန်မာပြည်သူ့ဖိုရမ် ကျင်းပမည်

မြန်မာနိုင်ငံရှိ ပြည်သူများအနေဖြင့် စိတ်ပူပန်သောကရောက်ရမှုများကို လွတ်လပ်စွာ တွေးခေါ်ဆွေးနွေးနိုင်ရန် မြန်မာပြည်သူ့ဖိုရမ်ကို သြဂုတ်လအ တွင်း ကျင်းပပေးသွားမည်ဖြစ်ကြောင်း အဆိုပါကိစ္စအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာပြည်သူ့ဖိုရမ်ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အစိုးရ၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဆုံးဖြတ်ချက်များတွင် မြန်မာနိုင်ငံသားများ၏ အမြင်များ ပါဝင်လာနိုင်စေခြင်း၊ ယခုကျင်းပမည့် မြန်မာပြည်သူ့ဖိုရမ်မှတစ်ဆင့် နိုင်ငံအဆင့်ကိုယ်စားလှယ်များရွေးချယ်၍ အာဆီယံပြည်သူ့ဖိုရမ်သို့ တက် ရောက်ကာ ပြည်သူ့အသံကို အာဆီယံသို့ တင်ပြနိုင်ရန်နှင့် အခြားသောနိုင်ငံများမှ လူမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်အတွက် ဖြစ် ကြောင်း သိရသည်။

“ဒီဖိုရမ်မှာ ပြည်သူတွေ သူတို့စိုးရိမ်ပူပန်နေတဲ့ကိစ္စကို ဘယ်သူ့ဖိအားမှမပါဘဲနဲ့ လွတ်လပ်စွာ ဆွေးနွေးနိုင်အောင်လို့ လုပ်ဆောင်နေတာပါ။ လာ မယ့် သြဂုတ်လအတွင်းမှာကျင်းပနိုင်အောင်လို့ စီစဉ်ဆောင်ရွက်နေပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

ယခု ကျင်းပပြုလုပ်မည့် မြန်မာပြည်သူ့ဖိုရမ်တွင် လူတန်းစားအမျိုးမျိုးမှ ၎င်းတို့၏ စိုးရိမ်ပူပန်လျက်ရှိနေသည့် အခြေအနေများ၊ ပြဿနာများ၊ အခက်အခဲများကို လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးနိုင်မည်ဖြစ်ပြီး ယခုပြုလုပ်မည့် မြန်မာပြည်သူ့ဖိုရမ်သည် အာဆီယံပြည်သူ့ဖိုရမ်တွင် ဝင်ရောက်ဆွေးနွေး နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်ကြောင်း သိရသည်။

“အာဆီယံ ပြည်သူ့ဖိုရမ်ဆိုတာ အာဆီယံနိုင်ငံတွေက ပြည်သူတွေစုပေါင်းပြီးတော့ အာဆီယံနိုင်ငံတွေမှာဖြစ်နေတဲ့ အခက်အခဲ၊ ပြဿနာတွေနဲ့ အ တွေ့အကြုံတွေကို အာဆီယံနိုင်ငံတွေမှာရှိတဲ့ ခေါင်းဆောင်တွေကိုတင်ပြကြတဲ့ ဖိုရမ်တစ်ခုဖြစ်ပါတယ်”ပာု အာဆီယံဖိုရမ်သို့ ယခုနှစ်ပိုင်းတွင် တက်ရောက်ခဲ့ သူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံသည် လာမည့် ၂၀၁၄ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက်ရမည်ဖြစ်သည့်အတွက် မြန်မာပြည်သူများ၏ အ ခက်အခဲ၊ ပြဿနာများအတွက် မြန်မာပြည်သူ့ဖိုရမ်သည် အရေးပါသော အခန်းကဏ္ဍတစ်ခုတွင်ရှိနေကြောင်း မြန်မာပြည်သူ့ဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Ref:(မြန်မာပို့စ်ဂလိုဘယ်)

 -----------------------------------------------------------------------------------------------------------------------------------

ရွှေလီ-မန်စံ ဓာတ်အားလိုင်းတာဝါ ပြင်ဆင်ပြီးပါက ရန်ကုန်နေပြည်သူများ လျှပ်စစ်ပိုရမည်

၂၀၁၂ မေလ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့များတွင် မသမာသူများလက်ချက်ဖြင့် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် ရွှေလီ-မန်စံ ဓာတ်အားလိုင်းတာဝါများ ပြင်ဆင်ပြီးပါက ရန်ကုန်မြို့နေပြည်သူများအတွက် လျှပ်စစ်မီးပိုမိုရရှိနိုင်စေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေး ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“လက်ရှိ ကျွန်တော်တို့ ပေါက်ကွဲပျက်စီးသွားတဲ့ ရွှေလီ-မန်စီ ဓာတ်အားလိုင်းတာဝါတွေကို အမြန်ဆုံးပြန်လည်ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ဒီ ပြင်ဆင်မှုတွေ ပြီးသွားပြီဆိုရင်တော့ ရန်ကုန်မြို့မှာရှိတဲ့ ပြည်သူတွေအတွက် ဓာတ်အားပိုပြီးပေးနိုင်အောင် လုပ်ဆောင်ပေးသွားမှာပါ။ အခုပျက်စီးသွားတဲ့ တာဝါတိုင်တွေကို ဒု-ဝန်ကြီးကိုယ်တိုင် သွားပြင်နေပါတယ်”ပာု အထင်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

မေလ ၁၈ ရက်နေ့တွင် ရွှေလီ-မန်စံ ဓာတ်အားလိုင်းမှ တာဝါတိုင်များ ဖောက်ခွဲဖျက်ဆီးခံရမှုကြောင့် ယခင်ရွှေလီဓာတ်အားပေးစက်ရုံမှ ထုတ်လွှတ် လျက်ရှိသော ဓာတ်အား ၂၀၀ မဂ္ဂါဝပ်မှာ မရရှိနိုင်တော့သည့်အတွက် မေလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့မှ ရန်ကုန်မြို့တွင်းရှိ ပြည်သူများကို အလှည့်ကျမီးပေးစနစ်ဖြင့် လျှပ်စစ်မီးဖြန့်ဝေပေးခဲ့ရကြောင်း သိရသည်။

ထိုသို့ ရန်ကုန်မြို့တွင်းပြည်သူများအတွက် အလှည့်ကျမီးပေးစနစ်ဖြင့် လျှပ်စစ်မီးဖြန့်ဝေပေးခဲ့မှုကြောင့် မေလ ၂၁ ရက်နေ့ ညမှစတင်၍ ရန်ကုန်မြို့ နေပြည်သူများမှာ ဖယောင်းတိုင်မီးများထွန်းညှိကာ လျှပ်စစ်မီးပိုမိုရရှိရေး ငြိမ်းချမ်းစွာဆန္ဒပြုတောင်းဆိုခဲ့ကြပြီး မေလ ၂၂ ရက်နေ့တွင် ဆူးလေတွင်လည်း ကောင်း၊ မေလ ၂၃ ရက်နေ့ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတောင်မြို့နယ်နှင့် မြို့တော်ခန်းမရှေ့တို့တွင်လည်းကောင်း ဖယာင်းတိုင်မီးများ ထွန်း၍ ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုမှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ အခြေခံပြည်သူလူထုတွေအတွက် အဓိက က လျှပ်စစ်မီးပါပဲ။ စားဝတ်နေရေးအတွက်ကော၊ မိသားစုစီးပွားရေးအတွက်ပါ လျှပ်စစ် မီးက အဓိကကျနေပါတယ်။ ဒါကြောင့် ရန်ကုန်မှာလျှပ်စစ်မီးပိုမိုရရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဘယ်သူ့ရဲ့ ဖိအား၊ ဘယ်သူရဲ့ အထောက်အပံ့မှမပါဘဲနဲ့ ခုလို ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်တောင်းဆိုရတာပါ”ပာု မင်္ဂတောင်ညွှန့်တွင်နေထိုင်သည့် ဒေါ်နန်းအေးပုံက ဆိုသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို မြန်မာဗပိာုဘဏ်မှ စောင့်ကြည့်မည်

မြန်မာနိုင်ငံတော်ဗပိာုဘဏ်မှ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို စောင့်ကြည့်လေ့လာ၍ ကာလတိုရင်းနှီးမြှုပ်နှံမှုဖြစ်သည့် ငွေပူ (Hot Money) များကို စိစစ်တားဆီးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဗပိာုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ပြည်တွင်း၊ ပြည်ပက ရင်းနှီးမြှုပ်နှံကြမယ့်လုပ်ငန်းရှင်တွေရဲ့ လုပ်ကိုင်နေမှုတွေကို စောင့်ကြည့်လေ့လာပြီး ကာလတိုရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ (Hot Money) တွေဆိုရင်တော့ တားဆီးသွားမှာပါ။ နိုင်ငံတွင်းကို စီးဝင်လာမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေကို စိစစ်ပြီး လက်ခံ သွားမှာပါ။ ဒါမှ ကာလတိုစီးပွားရေးလာလုပ်ပြီး မြန်မာ့စီးပွားရေး ဈေးကစားမှုတွေကို ရှောင်ရှားနိုင်မှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

လက်ရှိအချိန်တွင် မြန်မာအစိုးရသစ်သည် မြန်မာနိုင်ငံတော်ဗပိာုဘဏ်အား လွတ်လပ်၍ သီးခြားရပ်တည်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ပေးခဲ့ပြီး မကြာမီကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ငွေကြေးဈေးကွက်နှင့် ချိတ်ဆက်ဆောင်ရွက်တော့မည် ဖြစ်သည့်အတွက် မြန်မာနိုင်ငံတော်ဗပိာုဘဏ်နှင့် ပုဂ္ဂလိကလုပ်ကိုင်ခွင့်ရ ဘဏ်များမှာ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ပုဂ္ဂလိကဘဏ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အခု မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြည်တွင်းလုပ်ငန်းရှင်တွေ မနစ်နာနိုင်အောင် ပြင်ဆင်ရေးဆွဲနေပါတယ်။ ဒီဥပဒေမှာ ပြည်တွင်းက ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ပြည်ပက လာရောက်ရင်းနှီးမြှုပ်နှံမှုတွေနဲ့နည်းတူ တန်းတူအခွင့်အရေး ရရှိနိုင်အောင် စီစဉ်ဆောင်ရွက်နေပါတယ်။ နိုင်ငံခြားက ပြည်တွင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံမယ့်သူတွေရော နိုင်ငံသားရင်းနှီးမြှုပ်နှံသူတွေရော နစ်နာမှုတွေ မရှိရအောင်ဆိုပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို လည်း ပြင်ဆင်ရေးဆွဲနေပါတယ်”ပာု မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယခင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတွင် ပြည်တွင်း၌ လာရောက်ရင်းနှီးမြှုပ်နှံမှုများအတွက် ဝင်ငွေခွန် သုံးနှစ်ခွင့်ပြုထားသော်လည်း ယခု ပြင် ဆင်လိုက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတွင် ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို ငါးနှစ်သို့ တိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အတွက် ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တရှိန်ထိုးဝင်ရောက်လာခဲ့သည့်အပြင် မကြာသေးမီကာလအတွင်းက မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့ အရေးယူမှု ပြုလုပ်ထားသည့် အမေရိကန်နိုင်ငံနှင့် အီးယူနိုင်ငံများက ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့သည့်အတွက် အမေရိကန်နှင့် အီးယူနိုင်ငံရှိ လုပ်ငန်းရှင် ကြီးများပါ မြန်မာနိုင်ငံအတွင်း စီးပွားရေးရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ဇိုမီးအမျိုးသားကွန်ကရက်ပါတီ အမည်သုံးခွင့်မရ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဇိုမီးအမျိုးသားကွန်ကရက်ပါတီမှ ပါတီတည်ထောင်ခွင့် လျှောက်ထားရာတွင် ဇိုမီးအမျိုးသားပါတီပာူသည့်အမည်အား အသုံးပြုခွင့်မပေးကြောင်း ဇိုမီးအမျိုးသားကွန်ကရက်ပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

“ရွေးကောက်ပွဲကော်မရှင်က ဇိုမီးဆိုတဲ့နာမည်ပာာ မြန်မာအမည်မှာမရှိဘူး။ ဇိုမီးဆိုတဲ့လူမျိုးကလည်း မရှိတဲ့အတွက် ပါတီတည်ထောင်ခွင့်ကို ပယ် ချခဲ့တာပါ။ လုံးဝပယ်ဖျက်တာမျိုးတော့မပာုတ်ဘူး။ တခြားနာမည်နဲ့ ပါတီတည်ထောင်ခွင့်လျှောက်ထားပါ။ ဒီအမည်ကိုမသုံးပါနဲ့လို့ပဲ ပြောတယ်”ပာု အထက် ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

ထိုသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဇိုမီးအမျိုးသားကွန်ကရက်ပါတီအမည်ဖြင့် လျှောက်ထားမှုအပေါ် ပယ်ချခဲ့သည့်အတွက် ယင်းပါတီ မှ တာဝန်ရှိသူများက ဇိုမီးလူမျိုးများတည်ရှိနေကြောင်း စာရွက်စာတမ်းအထောက်အထားများဖြင့် တင်ပြခဲ့သော်လည်း ကော်မရှင်မှလက်ခံခြင်းမရှိဘဲ ပါတီ အား အခြားအမည်ဖြင့်သာ လျှောက်ထားရန်နှင့် မေလ ၃၁ ရက်နေ့နောက်ဆုံးထားကာ ဇိုမီးအမျိုးသားကွန်ကရက်ပါတီအမည်အား ပြောင်းလဲ၍ လျှောက် ထားရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

“လက်ရှိအချိန်မှာက ပါတီရဲ့ ဗပိာုအလုပ်အမှုဆောင်အစည်းအဝေးကလည်း မခေါ်ရသေးဘူး။ ပါတီရဲ့ သက်ဆိုင်ရာလူကြီးတွေကလည်း မစုံသေး ဘူးဆိုတော့ ပါတီအမည်ကို ဘယ်နာမည်နဲ့အစားထိုးပြီး ကော်မရှင်ကိုပြန်လျှောက်မလဲဆိုတဲ့ကိစ္စကို မဆုံးဖြတ်ရသေးဘူး။ ဒါပေမယ့် မေလ ၃၁ ရက်နေ့မ တိုင်ခင်မှာတော့ တခြားနာမည်တခုခုနဲ့ ပါတီအမည်ပြောင်းပြီး ကော်မရှင်ကို တည်ထောင်ခွင့်လျှောက်ထားသွားမှာပါ”ပာု ဇိုမီးအမျိုးသားကွန်ကရက်ပါတီမှ တာဝန်ရှိသူတစ်ဦး က ဆိုသည်။

ဇိုမီးအမျိုးသားကွန်ကရက်ပါတီသည် ပြီးခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲတွင် လေးနေရာဝင်ရောက်ယှဉ်ပြိုင်ရာတွင် နှစ်နေရာအနိုင်ရရှိခဲ့သည့် ပါတီ တစ်ခုဖြစ်ကြောင်း သိရသည်။

YC

--------------------------------------------------------------------------------------------------------------------------------

ပါတီဝင်များ ကူးပြောင်းခြင်းကြောင့် NDF ပါတီ ပြန်ဖွဲ့စည်းခြင်းမပာုတ်ကြောင်း ပြောကြား

၂၀၁၀ ရွေးကောက်ပွဲဝင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) အနေဖြင့် ပါတီပြန်လည်ဖွဲ့စည်းရခြင်းမှာ NDF ပါတီဝင်များ အခြားပါတီတစ် ခုသို့ ကူးပြောင်းသွားခြင်းကြောင့်မပာုတ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

“အဓိကက ပြောင်းသွားလို့ မပာုတ်ပါဘူး။ ဗပိာုအဆင့်က နှစ်ယောက်ပဲထွက်သွားတာကို အစားဖြည့်ရမယ်”ပာု ဦးခင်မောင်ဆွေက ပြောကြား ကြောင်း အပတ်စဉ်ထုတ် Unity ဂျာနယ်တွင် ဖော်ပြပါရှိသည်။

လာမည့် ၂၀၁၂ ဇွန်လလယ်ပိုင်းတွင် အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီ ပြန်လည်ဖွဲ့စည်းခြင်းများကို ပြုလုပ်သွားမည်ဖြစ်ပြီး NDF ပါတီ ပြန်လည်ဖွဲ့စည်းရာတွင် ဗပာိုဦးစီးအဖွဲ့ဝင်များနှင့် ပါတီဝင်များကို ရွေးချယ်သွားမည်ဖြစ်ကာ ပါတီ၏ မူဝါဒပိုင်းများကိုမူ ပြောင်းလဲပြင်ဆင်သွားမည်မပာုတ် ကြောင်း အပတ်စဉ်ထုတ် Unity ဂျာနယ်တွင် ဖော်ပြပါရှိသည်။

“၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီးမှာ လူထုရဲ့သဘောထားကို သိရပြီလေ။ အဲဒါကြောင့် လူထုနဲ့ပါတီကြားမှာ ဘာတွေ ညှိနှိုင်းလုပ်ဆောင်သွား ရမယ်ဆိုတာ လိုအပ်တယ်”ပာု ပါတီပြန်လည်ဖွဲ့စည်းရခြင်းနှင့် ပတ်သက်၍ NDF ပါတီမှ ဦးခင်မောင်ဆွေက ဆက်လက်ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲကြီးတွင် အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီမှ ကိုယ်စားလှယ် ၁၆၁ ဦး ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံခဲ့ရာတွင် ပြည်သူ့လွှတ်တော်တွင် ရှစ်ဦး၊ အမျိုးသားလွှတ်တော်တွင် လေးဦးနှင့် တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော်တွင် လေးဦး စုစု ပေါင်း လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦး ရွေးချယ်ခံခဲ့ရကြောင်း သိရသသည်။

Ref:Unity

 ****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

Press council ကိုမျိုးစုံဝေဖန်နေကြတာရှိတယ်။ တကယ့်ဂျာနယ်လစ်တွေပါမှာလား။ စာပေစိစစ်နဲ့ ပြန်ကြားရေးနဲ့ နီးစစ်သူတွေပဲ ဒီကောင်စီကို ချုပ်ကိုင် သွားမှာလား။ တနည်းအားဖြင့် Press Council က တစ်ဖက်လှည့်နဲ့ နာမည်ကောင်းယူပြီး ပြန်ကြားရေးက ပြန်ကိုင်တာမျိုးလားစတဲ့ ဝေဖန်မှုတွေအပေါ် သုံးသပ်ပေးပါဦး။

အဲဒါကတော့ လုံးဝအဆိုးမြင်တာပဲ။ စာပေလောကကိုစာပေစိစစ်ကိုတိုက်ရိုက်ကိုင်တွယ်မှုတွေရှိမှာမဟုတ် တော့ဘူး။ ထွက်သွားပြီ။ ဒါပေမဲ့ အဲလိုပြဿနာ လေးတွေ ပေါ်လာမယ်ဆိုရင်တော့ မူတွေစစ်ဖို့မဟုတ်ဘူး။ Complain တွေကိုဘယ်သူကိုယ်တွယ်ပေးမလဲ။ အဲဒါကမှားတယ်။ တော်တော်များများက စိစစ်ရေးက ပုံစံခွက်တစ်ခုထဲကို ချထားပေးတယ်လို့ ခံယူတယ်။ လုပ်စေချင်တယ်။ တာဝန်ကိုတော့ ဒီဘက်က မြင်တဲ့ဟာကို ရေးတာပေါ့။ တကယ်တမ်းကျ တော့ ကိုယ်လုပ်ချင်တဲ့ပုံစံကိုကိုယ်တိုင်ဆွဲရမှာပါ။

မေ ၂၄ ထုတ် 7Days News အတွဲ (၁၁) အမှတ် (၁၁) တွင်ပါသည့် “ဦးတင့်ဆွေ(ဒုတိယညွှန်ကြားရေးမှူးချုပ်)” ၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------

“နောက်လုပ်သားအနိမ့်ဆုံးလစာဥပဒေရေးနေပေမယ့်လည်းအခုလို ဘဏ္ဍ/အခွန်ကအနိမ့်ဆုံးလစာသတ်မှတ်တာတောင် မပေးနိုင်တဲ့ အလုပ်ရှင်က ရှိသေး တယ်။ အစိုးရကအနိမ့်ဆုံးလစာသတ်မှတ်လိုက်ပြီဆိုတာတောင် အလုပ်ရှင်ကပေးနိုင်တဲ့သူရှိတယ်။ မပေးနိုင်တဲ့သူရှိတယ်။ ပေးနိုင်တဲ့ အလုပ်အမျိုးအစားရှိ သလို မပေးနိုင်တဲ့ အလုပ်အမျိုးအစားလည်းရှိတယ်။ အလုပ်ရှင်တွေရဲ့ အပိုင်းကျတော့လည်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်တော့မယ်ဆိုတော့ အီးယူကလည်း ပိတ်ဆို့မှုကိုဖွင့်တော့မယ်ပေါ့။ အမေရိကန်ကလည်း ပိတ်ဆို့မှုကိုဖွင့်တော့မယ်လို့ စဉ်းစားတဲ့အပိုင်းမှာပဲ ရှိသေးတယ်။ ဖွင့်ရင်လည်း ဒီက ဖောက်သည်ရှာဖို့က အချိန်လိုသေးတယ်။ ဒီကာလအတွင်းမှာ အခက်အခဲတွေအများကြီးရှိသေးတယ်။ အချိန်ကာလတစ်ခုပေးလိုက်တော့မှ လုပ်ခတိုး တောင်းမယ်ဆိုမှ သဘာဝကျမှာလေ”

မေ ၁၉ ထုတ် The TRADE TIMES အတွဲ (၁) အမှတ် (၇) တွင်ပါသည့် “အလုပ်ရှင်အလုပ်သမား နှစ်ဦးနှစ်ဖက်နားလည်မှုလို” သတင်းမှ အလုပ်သမားဝန်ကြီးဌာနလူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယုလွင်၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------

“NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကမူ တော်တော်စောစောကပင် လက်နက်ကိုင်လမ်းစဉ်ကို လက်မခံဟုကြေညာထားသည်။ အကြမ်းဖက်ဝါဒကို မယုံကြည်ဟုထုတ်ဖော်ပြောထားသည်။ သို့စဉ်လျက် ဘာကြောင့် ထိပ်တိုက်ရင်ဆိုင်ရေးမဟဗျူဟာ ကျင့်သုံးခဲ့ရသနည်း။ ထိုမဟာဗျူဟာမှာ အနှစ်နှစ် ဆယ်ကျော် အလုပ်မဖြစ်ခဲ့ပါ။ တစ်နေရာတွင် ဒေါ်အောင်ဆန်းစုကြည်က ‘ကျွန်မတို့လည်းပုထုဇဉ်ပဲ။ အမှားရှိခဲ့ပါတယ်’ဟု ဝန်ခံခဲ့တာတွေ့ရသည်။ ၂၀၁၁ အစိုးရသစ်လက်ထက်တွင် မဟာဗျူဟာကိုပြောင်းလဲချမှတ်ခဲ့သည်။ အပြုနိုင်ငံရေးကို စတင်အကောင်အထည်ဖော်သည်။ တိုင်းပြည်အကျိုးရှိမယ်ဆိုရင် တပ်မတော်နဲ့လည်း လက်တွဲဆောင်ရွက်မည်ဟု ဖိတ်ခေါ်သည်။ အချိန်တိုတိုအတွင်း ထိရောက်မှုရှိခဲ့သည်မှာ ကြားဖြတ်ရွေးကောက်ပွဲရလဒ်ဖြစ်နေသော ကိစ္စမှာလည်း အလျှော့ပေးခြင်းဖြင့် အပြုသဘောဆောင်ရာပြလိုက်သည်”

မေ ၂၁ ထုတ် The Street View News Journal အတွဲ (၁) အမှတ် (၁၉)တွင်ပါသည့် ဆောင်းပါးရှင် သစ္စာနီရေးသားသည့် “အဖျက်နိုင်ငံ နှင့် အပြုနိုင်ငံရေး”သတင်းမှ ကောက်နှုတ်ချက်

*************************************

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment