Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၄.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. သူနိုင်ကိုယ်နိုင်

*****************************************

ဆောင်းပါးကဏ္ဍ

သူနိုင်ကိုယ်နိုင်

မိုးမြင့်ငြိမ်း

မြန်မာနိုင်ငံတွင်သာမကကမ္ဘာပေါ်တွင် ဖြစ်ထွန်းနေသောပဋိပက္ခများကို ကြားသိတွေ့မြင်ရတိုင်း ပြေလည်ရန်နည်းလမ်းများကို စဉ်းစားလေ သောအခါ စာရေးသူအနေဖြင့် စာအုပ်တစ်အုပ်နှင့် အိုင်ဒီယာတစ်ခုကို သွားသတိရမိသည်။ စာရေးသူဖိတ်မိသည့် စာအုပ်မှာသချာင်္ပညာရှင်တစ်ဦး၏ ဘဝ ဖြစ်ရပ်ကို ရေးသားထားသည့် The Beautiful Mind စာအုပ်ဖြစ်သည်။ John Nash ဟု အမည်တွင်သည့် ယင်းပညာရှင်မှာ သချာင်္ပညာရပ်တွင် game theory ၏ နယ်ပယ်ဘောင်ကို ကျယ်ပြန့်စေခဲ့သူဖြစ်သည်။ သူ၏ ဖန်တီးချက်တစ်ခုဖြစ်သော Nash equilibrium မှာ လူ့ဘောင်လောကကို များစွာ ကောင်းကျိုးသက်ရောက်မှု ကြီးမားခဲ့သည့်အတွက်ကြောင့် သူ့ကို ဘောဂဗေဒနိုဘယ်ဆု ပေးအပ်ချီးမြှင့်ခဲ့သည်။

အနိုင်အရှုံးအဖြေတစ်မျိုးတည်းထွက်သော နှစ်ဦးတည်းကစားရသည့် ဂိမ်းများသာရှိသည်ဟု လက်ခံထားရာမှ နှစ်ဦးထက်မကရှိသည့် ဂိမ်းများ လည်းရှိကြောင်းနှင့် ဂိမ်းများတွင် နိုင်၊ ရှုံးအဖြေထက် သူနိုင်၊ ကိုယ်နိုင်ဖြစ်အောင် ထိန်သိမ်းဖန်တီး၍ ရနိုင်သည်ဟုဖော်ထုတ်ခဲ့သည်။ သူနိုင်၊ ကိုယ်နိုင်ဖြစ် အောင် ဆောင်ရွက်ခြင်းသည်ကပင် Nash equilibrium ၏ အနှစ်သာရဖြစ်သည်။ သူ၏သီအိုရီကို စီးပွားရေးနယ်ပယ်တွင်သာမက စစ်အေးခေတ် တစ်ခေတ်လုံး အသုံးပြုခဲ့ခြင်းကြောင့် တတိယကမ္ဘာစစ်မဖြစ်ပေါ်အောင် ထိန်းသိမ်းသွားနိုင်ခဲ့သည်ဟု နိုင်ငံတကာရေးရာသုံးသပ်သူများက ချီးကျူးကြ သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ကြည့်ပါကအဆိုပါသီအိုရီအတိုင်း လုပ်ဆောင်သွားသည်ဟုဆို၍ ရနိုင်သည်။ မြန်မာနိုင်ငံ၏ နိုင်ငံ ရေးအရွေ့မှာ သုံးပွင့်ဆိုင်ကစားသည့်ဂိမ်း ဖြစ်သည်။ ယင်းသုံးပွင့်ဆိုင်မှာ တပ်မတော်အစိုးရမှ အရပ်ဖက်အစိုးရသို့ ပြောင်းလဲလာသည့် အုပ်ချုပ်သူအင် အားစု၊ အာဏာပိုင်စနစ်ကို ထိပ်တိုက်ရင်ဆိုင်ရေးလမ်းစဉ်ဖြင့် နှစ်ပေါင်း ၂၀ ကျော်တိုက်လာသည့် အတိုက်အခံနိုင်ငံရေးအင်အားစုများနှင့် မြန်မာနိုင်ငံဒီမို ကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်ကို နှစ်ပေါင်းများစွာကူညီလာသည့် စီးပွားရေး၊ စစ်ရေးအင်အားကြီးနိုင်ငံဖြစ်သော အမေရိကန်နိုင်ငံတို့ပါဝင်သည်။ အင်အားစုသုံးစုစလုံးမှာ မိမိတို့၏ လိုလားချက်များကို လျှော့မပေးနိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံသည် နှစ်ပေါင်း ၂၀ကျော် မည်သည့်အင်အားစုများ ရှေ့မ တိုးနိုင်သည့် တစ်ဖက်ပိတ်လမ်းကြောင်းဖြင့် ခရီးဆက်ခဲ့ရသည်။ တပ်မတော်အစိုးရက နိုင်ငံတကာရဲ့တရားဝင်မှုကိုမရ။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင် သည့် အတိုက်အခံနိုင်ငံရေးအင်အားစုတွေကလည်း ထိပ်တိုက်ရင်ဆိုင်ရေးလမ်းကြောင်းဖြင့် ပင်မရေစီကြောင်းနိုင်ငံရေးအပေါ် မတက်လာနိုင်။ အမေရိ ကန်ကလည်း တရုတ်၏အင်အားကိုထိန်းဖို့ထက် အရှေ့အလယ်ပိုင်းတွင် အင်အားကြီးနိုင်ငံမပေါ်ထွက်ရေးကိုသာ ထိန်းသိမ်းနေရသည့်အတွက် မြန်မာ နိုင်ငံ၏ ဒီမိုကရေစီအရေးတွင် ပိတ်ဆို့အရေးယူမှုသည်သာ မှန်ကန်သည့်မူဝါဒဟု ထင်မှတ်ခဲ့သည်။

ဤသို့ တစ်ဖက်ပိတ်လမ်းကြောင်းပေါ်တွင် လှုပ်လို့မရသည့်အနေအထားမှ ပထမဦးဆုံး နိုင်ငံရေးကျားကွက်ရွေ့လိုက်သည့်အင်အားစုမှာ တပ်မ တော်အစိုးရမှဖြစ်သည်။ ယင်းတို့ဦးဆောင်မှုဖြင့် မြန်မာပြည်သူများမှာ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ဒရွက်တိုက်လိုက်ပါခဲ့ရသည့် အနေအထားမျိုး ဖြစ်ခဲ့ သည်။ NLD၏ ထိပ်တိုက်ရင်ဆိုင်ရေးလမ်းစဉ်ကို သိထားပြီးပြီဖြစ်သည့်အလျှောက် ၂၀၁၀ ရွေးကောက်ပွဲကိုကျင်းပပြီး ယခင်ဗိုလ်ချုပ်ဟောင်းများကပင် နိုင်ငံကို ဆက်လက်အုပ်ချုပ်ခဲ့သည်။ သို့သော်….ဤသို့သော်မှပဲစရမည်။ အစိုးရသစ်မှာ ထင်ထားသလောက်မတင်းမာ၊ ပြုပြင်ပြောင်းလဲရေးကိုလည်း နောက်မဆုတ်တမ်းလုပ်မည်ဟု စိတ်ပိုင်းဖြတ်ထားသည့် သမိုင်းမှတ်တမ်းကောင်းလိုသူများ ပါဝင်နေသည်။ အစိုးရအဖွဲ့အတွင်းတွင် ပြုပြင်ပြောင်းလဲမှုကို အမှန်တကယ်လိုလားသူ အနည်းငယ်သာရှိမည်ဖြစ်သော်လည်း ယင်းအနည်းမှာ အပြောင်းအလဲများကို ထင်ထင်ရှားရှား၊ ပြတ်ပြတ်သားသား လုပ်ဆောင် လာသည်ကို မြင်တွေ့လာရသည်။ ယင်းမထင်မှတ်ထားသည့် နိုင်ငံရေးအပြောင်းအလဲများကို ပါးပါးနပ်နပ် လက်သင့်ခံခဲ့သောကြောင့် အတိုက်အခံနိုင်ငံ ရေးအင်အားစုများသည်လည်း ပင်မရေစီကြောင်းနိုင်ငံရေးဖြစ်စဉ်ထဲတွင် ပါဝင်လာခဲ့ပြီဖြစ်သည်။

ထိုသို့ ပါဝင်လာခြင်းနှင့်အတူ နိုင်ငံတကာမှလည်း မြန်မာနိုင်ငံကို အသိအမှတ်ပြုလာခဲ့သည်။ အနောက်အုပ်စုဝင်နိုင်ငံများ အထူးသဖြင့် အမေရိ ကန်နိုင်ငံမှာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ တဖြည်းဖြည်း ရုတ်သိမ်းလာခဲ့သည်။ အာရှစီးပွားရေး နောက်ထပ်ကျားတစ်ကောင်ဖြစ်လာနိုင်သည့် မြန်မာနိုင်ငံကိုလည်း နိုင်ငံတကာရင်းနှီးမြုပ်နှံသူများ ဝင်ရောက်ချင်သည်။ ဤသို့နှင့် မြန်မာနိုင်ငံရေးအရွေ့ကို သုံးပွင့်ဆိုင် ရွှေ့လိုက်ကြရာ ဒီမိုကရက်တိုက် ဇေးရှင်းခရီးလမ်းကြီးကို အတန်ပေါက်လာပြီဟုဆို၍ ရနိုင်သည်။ ယခု KIA အရေး၊ နောက်ထပ် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ထာဝရငြိမ်းချမ်းရေးရ အောင် ဆောင်ရွက်ရမည့်အရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ အမျိုးသားပြန်လည်ရင်ကြားစေ့မှု ခိုင်မာအားကောင်းရေးနှင့် ယခုကြုံတွေ့နေရသည့် လျှပ် စစ်မီးရရှိရေး ဆန္ဒပြပွဲများတွင်လည်း အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုကိုတည်ဆောက်ပြီး အားလုံးအဆင်ပြေနိုင်မည့် မျှခြေအနေအထားကို အရယူ နိုင်အောင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

*****************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment