Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၂၄. ၅.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ပြည်တွင်းနိုင်ငံခြားဖက်စပ်ပိာုတယ်များ နှစ်နှစ်အတွင်း အကြွေးအကြေဆပ်ရတော့မည်
  2. မန္တလေးမြို့ လျှပ်စစ်မီးရရှိရေးဆန္ဒဖော်ထုတ်ပွဲနှင့် ပတ်သက်၍ စာရေးဆရာညီပုလေးအား ခေါ်ယူမေးမြန်း
  1. အလုပ်သမားအခွင့်အရေး ဆောင်ရွက်နိုင်ရေး အတိုင်ပင်ခံစင်တာ ဖွင့်လှစ်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. NDF ပါတီမှ တိုင်းရင်းသားအရေးအပေါ် သဘောထားတစ်ရပ်ထုတ်ပြန်
  1. ဒီမိုမိတ်ဆွေပါတီအချို့နှင့် ကနေဒါသံရုံးမှ တာဝန်ရှိသူတစ်ချို့တွေ့ဆုံ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ပြည်တွင်းနိုင်ငံခြားဖက်စပ်ပိာုတယ်များ နှစ်နှစ်အတွင်း အကြွေးအကြေဆပ်ရတော့မည်

ပြည်တွင်း၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပြုလုပ်လျက်ရှိသည့် နိုင်ငံခြားဖက်စပ်ပိာုတယ်များအနေဖြင့် မြန်မာအစိုးရအား ပေးဆပ်ရန်ကျန်ရှိနေ သေးသည့် အကြွေးများကို နှစ်နှစ်အတွင်း အကြေပြန်ဆပ်ရတော့မည်ဖြစ်ကြောင်း ပိာုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

“အစိုးရကို အကြွေးပေးဖို့ ကျန်နေတဲ့ နိုင်ငံခြားဖက်စပ်ပိာုတယ်တွေအားလုံး ဒီနှစ်နှစ်အတွင်းမှာ အကြွေးကို အကုန်အကြေဆပ်ရပါတော့မယ်။ အားလုံးကတည်း သဘောတူပါတယ်။ ဘယ်နေ့ ဘယ်ရက်မှာ အတိအကျ အကြွေးအကြေဆပ်ရမယ်ဆိုတာကိုတော့ မပြောထားရသေးပါဘူး”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ၁၉၉၇ နှစ်များတွင် အာရှဒေသတွင်းစီးပွားရေး အကြပ်အတည်းများကို ရင်ဆိုင်ရခြင်း၊ ခရီးသွားလုပ်ငန်း ကျဆင်းမှု တို့ကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုပိာုတယ်များသည် အစိုးရသို့ မြေဌားရမ်းခအဖြစ် အကြွေး ကန်ဒေါ်လာ ၇၆ ဒဿမ ၇ သန်းပေးရမည်ဖြစ်ပြီး လက်ရှိအချိန် တွင် ကန်ဒေါ်လာ ၃၆ ဒဿမ ၈၉ သန်းရရှိထားပြီးဖြစ်ကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် Popular News ဂျာနယ်တွင် ဖော်ပြပါရှိသည်။

“ပာိုတယ်နဲ့ ခရီးသွားလုပ်ငန်းပာာ အခုနှစ်မှပြန်ပြီး ဖွံ့ဖြိုးတိုးတက်လာတာပါ။ ဒါကြောင့် အရင်နှစ်တွေကတည်းက အကြွေးမဆပ်နိုင်တဲ့ နိုင်ငံခြား ဖက်စပ်ပိာုတယ်တွေကို အနည်းငယ်ဖြေလျော့မှုတွေ ပြုလုပ်ပေးခဲ့ရပါတယ်။ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွေမှာ ကြွေးကျန် ၁၀ ရာခိုင်နှုန်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ကြွေးကျန် ၁၀ ရာခိုင်နှုန်းကို ရရှိပြီးပါပြီ”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံသည် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှ စတင်၍  BOT စနစ်ဖြင့် နိုင်ငံခြားရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှုပိာုတယ်များကို စတင်လုပ်ကိုင်ခွင့် ပေးခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင် ကုန်သည်ကြီးများပိာုတယ်၊ ဆီဒိုးနားပိာုတယ်၊ Park Royal ပိာုတယ်၊ ချက်ထရီယမ်ပိာုတယ် စသည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပိာုတယ် ၂၆ လုံးရှိကြောင်း ပြည်တွင်း အပတ်စဉ်ထုတ် Popular News ဂျာနယ်တွင် ဖော်ပြပါရှိသည်။

Ref:Popular News

 -----------------------------------------------------------------------------------------------------------------------------------

မန္တလေးမြို့ လျှပ်စစ်မီးရရှိရေးဆန္ဒဖော်ထုတ်ပွဲနှင့် ပတ်သက်၍ စာရေးဆရာညီပုလေးအား ခေါ်ယူမေးမြန်း

မန္တလေးမြို့ရှိ ပြည်သူများ၏ လျှပ်စစ်မီးပိုမိုရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲနှင့်ပတ်သက်၍ ၂၀၁၂ မေလ ၂၂ ရက်နေ့တွင် လူထုသတင်းစာ တိုက်မှ စာရေးဆရာညီပုလေးအား အက်စ်ဘီအဖွဲ့မှ လာရောက် ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

“မန္တလေးကပြည်သူတွေ လျှပ်စစ်မီးရရှိရေးအတွက် ဖယောင်းတိုင်ထွန်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဖေဖေ့ကို မနက်က လာဖမ်းသွားကြပါတယ်။ ပြန်ပို့ပေးမယ်လို့တော့ ပြောတယ်”ပာု စာရေးဆရာညီပုလေး၏ သမီးဖြစ်သူ ဒေါ်လင်းလင်းမွန်က ပြောကြားသည်။

လက်ရှိအချိန်တွင် သတင်းစာဆရာ၊ စာရေးဆရာ လူထုဦးလှနှင့် လူထုဒေါ်အမာတို့၏ အငယ်ဆုံးသားဖြစ်သူ စာရေးဆရာညီပုလေးအား မန္တလေး အလုပ်သမားဆေးရုံကြီးအနီးရှိ စစ်ဆေးရေးစခန်းတွင် ခေါ်ယူမေးမြန်းလျက်ရှိပြီး မန္တလေးမြို့ လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှုနှင့် ပတ်သက်ပြီး စာရေး ဆရာ ညီပုလေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်ခင်သန်းမြင့်နှင့်အဖွဲ့၊ ကဗျာဆရာ ဥက္ကာကျော်အပါအဝင် ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့သူများကို သက်ဆိုင်ရာက ခေါ်ယူမေးမြန်းမှုများရှိကြောင်း သိရသည်။

ထို့နောက် ယင်းကဲ့သို့ ခေါ်ယူမေးမြန်းမှုများအား မနက် ၈နာရီမှ စတင်၍ နေ့လည် ၁၂နာရီကျော်အထိ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ပြန်လည်လွှတ် ပေးခဲ့သည်ဟု ခေါ်ယူစစ်ဆေးခြင်းခံရသည့် စာရေးဆရာညီပုလေး၏ ပြောကြားချက်အရ သိရသည်။

“ခေါ်မေးတဲ့အကြောင်းကတော့ ဘယ်သူကဦးဆောင်ပြီးလုပ်တာလဲဆိုတာကို မေးတာပါ။ မေးတဲ့ပုံစံကလည်း အေးအေးဆေးဆေးပဲ လူကြီးလူ ကောင်းဆန်ဆန်မေးတာပါ။ စစ်ကြောရေးလိုမျိုး ရိုက်နှက်ပြီးမေးတာမျိုးတွေမဟုတ်ပါဘူး။ ခေါ်မေးခံရတဲ့သူတွေ အားလုံးနီးပါးလောက်ကတော့ ကိုယ့်အိမ် ကိုယ် အေးအေးဆေးဆေးပြန်ရောက်နေပါပြီ”ဟု ၎င်းမှ ဆက်လက်ပြောကြားသည်။

၂၀၁၂ မေလ ၂၀ ရက်နေ့မှ စတင်၍ မန္တလေးမြို့တွင် လျှပ်စစ်မီးအပြည့်အဝရရှိရေးအတွက် မန္တလေးဒေသခံပြည်သူများက မန္တလေးမြို့ရှိ လျှပ်စစ်မီးအပြည့်အဝ ရရှိရေးဆန္ဒထုတ်ဖော်သူများသည် ၇၇ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြားရှိ မြန်မာ့လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း(တိုင်း)ရုံးနှင့် ၂၆ လမ်း၊ ၆၆ လမ်းနှင့် ၆၈ လမ်းကြားရှိ မန္တလေးစွမ်းပာိုတယ်ရှေ့တွင် လည်းကောင်း၊ ၂၀၁၂ မေလ ၂၁ ရက်နေ့ ညခုနစ်နာရီတွင် မန္တလေးကျုံးဘေး တစ်လျှောက်နှင့် မန္တလေးဘူတာကြီး တစ်ဝိုက်တို့တွင်လည်းကောင်း ဖယောင်းတိုင်မီးများ ထွန်းညှိဆုတောင်းခြင်းဖြင့် ငြိမ်းချမ်းစွာဆန္ဒပြကြခဲ့ကြပြီး မေလ ၂၂ ရက်နေ့တွင်လည်း ထပ်မံဆန္ဒပြခဲ့ကြပြီး မုံရွာနှင့် ပဲခူးတိုင်းတို့၌လည်း ယင်းလှုပ်ရှားမှုနှင့်ပတ်သက်၍ ပြုလုပ်ခဲ့ကြကြောင်း သတင်းများအရ သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

အလုပ်သမားအခွင့်အရေး ဆောင်ရွက်နိုင်ရေး အတိုင်ပင်ခံစင်တာ ဖွင့်လှစ်မည်

မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ အခွင့်အရေးများ အပြည့်အဝ ရရှိနိုင်စေရေးဆောင်ရွက်နိုင်ရန် အလုပ်သမားအတိုင်ပင်ခံစင်တာများကို ရန်ကုန် နှင့် မန္တလေးမြို့များတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယင်းကိစ္စအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသူတစ်ဦးက ဆိုသည်။

အလုပ်သမားများ၏ အခွင့်အရေးများဆောင်ရွက်နိုင်ရေးအတွက် အတိုင်ပင်ခံစင်တာဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အမည်ကို Active for Free and Development Communities(AFDC) ပာုပေးထားပြီး ယင်း အလုပ်သမားအခွင့်အရေး အတိုင်ပင်ခံစင်တာမှ ကျွမ်းကျင်သူများမှ အကြံဉာဏ်များ၊ ဥပဒေရေးရာအကူအညီများ၊ လုပ်သားရေး ရာပြဿနာများဖြစ်ပွားပါက ဖြေရှင်းနည်းများကို ပေးသွားမည်ဖြစ်ကြောင်း AFDC မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

“အလုပ်သမားအခွင့်အရေးတွေ ရရှိဖို့အတွက် ဥပဒေရေးရာအကူအညီတွေ၊ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် အတိုင်ပင်ခံစင်တာတစ်ခုကို ရန်ကုန်နဲ့ မန္တလေးမှာ ဖွင့်လှစ်သွားပါမယ်။ အတိုင်ပင်ခံစင်တာတွေကို စက်ရုံ၊ အလုပ်ရုံတွေနဲ့ နီးတဲ့နေရာတွေမှာသာ ဖွင့်လှစ်သွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ် က ဆက်လက်ဆိုသည်။

လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အချို့တွင် အလုပ်သမားအခွင့်အရေး အပြည့်အဝမရရှိမှုများကြောင့် ဆန္ဒပြတောင်း ဆိုမှုများ ဖြစ်ပေါ်လျက်ရှိပြီး မကြာသေးမီကပြဋ္ဌာန်းခဲ့သည့် အလုပ်သမားဥပဒေတွင်လည်း အလုပ်သမားများအတွက် အခြေခံလုပ်ခလစာ အတိအကျ ပြ ဋ္ဌာန်းသတ်မှတ်ထားခြင်း မရှိသေးသည့်အတွက် အလုပ်ရှင်နှင့် အလုပ်သမားအကြား အငြင်းပွားမှုများမှာ ဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

Ref:Venus

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

NDF ပါတီမှ တိုင်းရင်းသားအရေးအပေါ် သဘောထားတစ်ရပ်ထုတ်ပြန်

မေလ ၂၂ရက်နေ့စွဲဖြင့် နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ကြေညာချက်အမှတ် (၅/၂၀၁၂)ဖြင့် တိုင်းရင်းသား လူမျိုးများအရေးအပေါ် သဘောထားတစ်ရပ်အား အချက် ၈ချက်ဖြင့် ထုတ်ပြန်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ တာဝန်ရှိသူတစ်ဦး၏ ပြော ကြားချက်အရ သိရသည်။

“အဓိကကတော့ ကချင်ပြည်နယ်မှာ နှစ်ပေါင်း ၆၀အတွင်း လက်နက်ကိုင်ဖြေရှင်းနေတဲ့ ပြဿနာနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်က ပြည်သူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ရတာတွေဟာ တော်တော်လေးကို ဝမ်းနည်းဖို့ကောင်းတဲ့အတွက် ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေနဲ့ အပြစ်မဲ့ကချင် ပြည်သူတွေအရေးကို ပြည်ထောင်စုတစ်ခုလုံးရဲ့အရေးဆိုတာခံယူတာရယ်။ ပြီးတော့ ဒါဟာလည်း ပြည်သူတစ်ရပ်လုံးနဲ့ သက်ဆိုင်တဲ့အရေးလို့လဲ  ခံယူပါ တယ်ဆိုတာတွေကို (၅/၂၀၁၂)ကြေညာချက်ထဲမှာ ထည့်သွင်းထားပါတယ်”ဟု ၎င်းက ဆိုသည်။

ထို့ပြင် နိုင်ငံတော်သမ္မတ ကိုယ်တိုင်ဦးစီး၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား လုပ်ဆောင်တော့မည်ဖြစ်ကြောင်း ကြားသိရပြီး ယင်းသို့လုပ် ဆောင်ခြင်းမှာ ပြည်သူတို့အတွက် ဝမ်းမြောက်ဖွယ်ရာဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ လုပ်ဆောင် ရေး၌လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်းကိုလည်း ယင်းကြေညာချက်ထဲတွင် ဖော်ပြထားချက်အရ သိရသည်။

“ကျွန်တော်တို့ပါတီအနေနဲ့ကတော့ လူမျိုးဘာသာတွေမခွဲခြားဘဲနဲ့ နိုင်ငံသားတိုင်းရရှိရမယ့် တန်းတူညီမျှရေးနဲ့ စစ်မှန်တဲ့ဒီမိုကရေစီနည်းကျတဲ့ ပြည်ထောင်စုဘဝကို ရရှိမယ်လို့လဲ ယုံကြည်ပါတယ်။ ပြီးတော့ အပစ်ရပ်စဲတယ်ဆိုတာက စစ်ရေးအရ နှစ်ဘက်က အပြန်အလှန် ယုံကြည်မှုတည်ဆောက် တာဖြစ်ပြီး နိုင်ငံရေးပြဿနာကိုတော့ နိုင်ငံရေးအရ ဖြေရှင်းဖို့အဓိကကျပါတယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။ ပြည်တွင်းစစ်ကြောင့် မိတကွဲဖတ ကွဲတွေ ငတ်မွတ်ဆာလောင်တဲ့ဒဏ်တွေနဲ့ ရောဂါဘယဒဏ်တွေ စတာတွေရယ်။ နောက်ပြီး နိုင်ငံသားအခွင့်အရေးဆုံးရှုံးရတာတွေဖြစ်တဲ့ လူမှုရေးနာကျင် မှုတွေကို စာနာထောက်ထားတဲ့အနေနဲ့လည်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို အပြီးသတ်နိုင်ဖို့ကိုလည်း ထည့်သွင်းတောင်းဆိုထားပါသေး တယ်”ဟု အထက်ပါပုဂ္ဂိုလ်မှ ဆက်လက်ဆိုသည်။

ထို့နောက် ယင်းကြေညာချက်ထဲ၌ အပစ်အခတ်ရပ်စဲရေးသည် စစ်ရေးအရ ယုံကြည်မှုတည်ဆောက်ခြင်းဖြစ်ပြီး နိုင်ငံရေးပြဿနာအား နိုင်ငံရေး နည်းဖြင့် ဖြေရှင်းခြင်းသာ အဓိကဖြစ်ကြောင်းနှင့် တိုင်းရင်းသားလူမျိုးများအရေး၊ ဒီမိုကရေစီရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတိုးအား ဖော်ဆောင် ခြင်းဖြင့် စစ်မှန်သည့် ဒီမိုကရေစီပြည်ထောင်စုသစ်အား တည်ဆောက်နိုင်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီပါတီအနေဖြင့် ယုံကြည်ကြောင်း ကြေညာ ခြင်းတို့ကိုလည်း ထည်သွင်းဖော်ပြထားသည်။

ထို့ပြင် နှစ်ပေါင်း ၆၀အတွင်း အခြေခံဥပဒေသုံးမျိုးဖြင့် အုပ်ချုပ်မှုအဆက်ဆက်တို့ပြောင်းလဲလာခဲ့ပြီး ၂၀၁၂ခုနှစ် ဇွန်လ ၉ရက်နေ့သည် အပစ် အခတ်ရပ်စဲခြင်းလက်မှတ်များ ပျက်ပြယ်ခဲ့သည်မှစ၍ တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားခဲ့သည်မှာ တစ်နှစ်ပြည့်မည့်နေ့ဖြစ်သည်ဟုလည်း ယင်းကြေညာ ချက်ထဲတွင် ထည့်သွင်းဖော်ပြချက်အရ သိရသည်။

ATM

--------------------------------------------------------------------------------------------------------------------------------

ဒီမိုမိတ်ဆွေပါတီအချို့နှင့် ကနေဒါသံရုံးမှ တာဝန်ရှိသူတစ်ချို့တွေ့ဆုံ

မေလ ၂၂ရက်နေ့ ညနေ ၃နာရီအချိန်မှစတင်၍ ဘန်ကောက်အခြေစိုက် ကနေဒါသံရုံးမှ Ms. Aleisha Arnush သည် တာမွေမြို့နယ် မေတ္တာ ညွန့်တွင်ရှိသည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီဌာနချုပ်သို့ လာရောက်၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု ပါတီမှ ပါတီဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“လာတွေ့တာကတော့ ဒီမိုမိတ်ဆွေပါတီတစ်ချို့ကိုလည်း ကြိုတင်ချိန်းဆိုပြီးတော့မှ လာတွေ့တာပါ။ အဲဒီမှာ ကျွန်တော်တို့ NDF ပါတီက ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေနဲ့ ပါတီအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်တို့နဲ့ အရင်တွေ့ဆုံကြပါတယ်။ ပြီးတော့ ဖိတ်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ချို့နဲ့လည်း လွှတ်တော်နဲ့ဆိုင်တဲ့ အကြောင်းတွေကို ထည့်သွင်းဆွေးနွေးသွားပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ ဒီမိုမိတ်ဆွေပါတီအချို့ဖြစ်သည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)၊ ရခိုင်တိုင်း ရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီတို့မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံကြသည်ဟုလည်း ဖိတ် ကြားခံထားရသောကြောင့် တက်ရောက်သည့် ပါတီလွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ထို့နောက် အဆိုပါတွေ့ဆုံပွဲအား အမျိုးသားဒီမိုကရေစီအင်အားစုပါတီဌာနချုပ်တွင် တစ်နာရီကြာ တွေ့ဆုံခဲ့ကြေကြောင်းနှင့် ဖိတ်ကြားခံထား ရသည်ကြောင့် လာရောက်တွေ့ဆုံကြသည့် အခြားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံ၍ လွှတ်တော်နှင့်သက်ဆိုင်သည့် ကိစ္စရပ် များနှင့် ပတ်သက်၍ ဆွေးနွေးသွားကြောင်း သိရသည်။

ထို့ပြင် ပြင်သစ်နိုင်ငံသံရုံးမှ ကောင်စစ်ဝန် Mr Xavier d ‘ Argoeuves နှင့်အဖွဲ့မှလည်း လာရောက်၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားသေး ကြောင်း NDFပါတီမှ အဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ATM

 ****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အခုကတော့ ဒေါ်လာဈေးတက်အောင် ဆွဲတင်နိုင်ဖို့အတွက် ဒုတိယအကြိမ်လုပ်တယ်လို့ သုံးသပ်လို့ရတယ်။ အခုကျတော့ ဒေါ်လာဈေးက အနည်းငယ် တော့တက်သွားတယ်။ အဲဒါကြောင့် မူဝါဒတွေပြောင်းပြောင်းပြီးတော့ ဒေါ်လာတန်ဖိုးတက်အောင်လုပ်ဦးမှာလားဆိုတာ ပြည်သူတွေက စိုးရိမ်လာကြတယ်။ ဒါကြောင့် သက်ဆိုင်ရာလူကြီးတွေအနေနဲ့ ဒေါ်လာကိုဆွဲတင်ဖို့တွက် မူဝါဒတွေပြောင်းပြီးတော့ ဟိုဟာလုပ်လိုက်၊ ဒီဟာလုပ်လိုက်ဆိုတဲ့ အတွေးတွေကို ပြင်ပါတော့လို့ ပြောချင်တယ်။ လက်ရှိအနေအထားက ရှေ့နောက်မညီဘူး။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီး ဂျီဒီပီတိုးတက်အောင်လုပ်နိုင်မယ့် အနေအထား တွေကိုပဲ လုပ်နိုင်ဖို့လိုအပ်တယ်”

မေ ၂၄ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၈) အမှတ် (၁၉) တွင်ပါသည့် “ကားတင်သွင်းခွင့်မူဝါဒအပြောင်းအလဲနှင့် ကားဈေးကွက်အလှုပ်အယမ်း”သတင်းမှ စီးပွားရေးပညာရှင်ဦးလှမောင်၏  ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------

“မျှော်လင့်ချက်တွေ ဖြစ်ပေါ်လာရုံနဲ့တော့ မလုံလောက်သေးပါဘူး။ အတိတ်တုန်းကလည်း ဒီလိုမျှော်လင့်ချက်တွေ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ဘယ်မှမရောက် ပေါက်ခဲ့ပါဘူး။ မျှော်လင့်ကြတဲ့အတိုင်း ဖြစ်ပေါ်ဖို့ဆိုရင်တော့ နိုင်ငံရေး အရ တကယ်လုပ်ချင်တဲ့ စိတ်ဆန္ဒပြင်းပြင်ပြပြရှိရပါမယ်။ စိုက်လိုက်မတ်တတ်ပိုင်း ဖြတ်လုပ်ဆောင်ရပါမယ်။ အားထုတ်ကြိုးပမ်းရပါမယ်။ လုပ်နိုင်စွမ်းရှိရပါမယ်။ ဒါတွေလိုအပ်ပါတယ်။ ဒီလိုစိတ်ပြင်းပြလုပ်ဆောင်ပုံထောင့်က ပြောမယ် ဆိုရင် မြန်မာနိုင်ငံအနေနဲ့ ခုထိတော့ ကောင်းကောင်းမလုပ်နိုင်သေးပါဘူး။ လက်ရှိဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးကြောင့် ဖြစ်ပေါ်လာမယ်လို့ မျှော် လင့်ထားကြတဲ့အကျိုးရလဒ်တွေ ပြည်သူတွေ လက်တွေ့မျက်တွေ့ အခိုင်အမာရရှိခံစားနိုင်အောင် လုပ်ကြရဦးမှာပါ။ ဒါကခုချိန်မှာ ကြုံနေရတဲ့ အဓိကစိန် ခေါ်ချက် တစ်ရပ်ဖြစ်ပါတယ်”

မေ ၂၄ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၈) အမှတ် (၁၉) တွင်ပါသည့် ဦးမြင့်ရေးသားပြုစုသည့် “ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာဂုဏ်သိက္ခာကို ပြန်လည် တည်ဆောက်ရေး ပြည်သူသို့ အိတ်ဖွင့်ပေးစာ”မှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------

“ဥပဒေစိုးမိုးမှုသည် နိုင်ငံနှင့်လူမျိုးတို့၏ စီပွားရေး၊ နိုင်ငံရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍများနှင့် တိုက်ရိုက်အချိုးကျနေပြီး ဖွံ့ဖြိုးတိုးတက်ပြီးသည့် နိုင်ငံ များတွင် ဥပဒေစိုးမိုးမှုနှင့် ဥပဒေလေးစားလိုက်နာမှု မြင့်မားသည်ကို တွေ့ရသည်။ Venus News Weekly အနေနှင့် ဥပဒေစိုးမိုးမှုဟူသော စကားရပ်ကို ဘဝလုံခြုံမှုဟု အဓိပ္ပယ်ဖွင့်လိုပါသည်။ မွေးဖွားရာမှ သေဆုံးသည်အထိ လုံလုံခြုံခြုံမကြောင့်မကြ နေထိုင်သွားနိုင်မှသာလျှင် ဥပဒေစိုးမိုးမှု၏ အနှစ်သာရ ပေါ်လွင်ပါမည်။ ကလေးဘဝအိပ်ချိန်တွင်လည်း လုံခြုံရမည်။ နိုးချိန်တွင်လည်း လုံခြုံရမည်။ စာသင်ချိန်၊ ကစားချိန်မှသည် လူကြီးဘဝဖြတ်သန်းရောက်ရှိ ချိန်အထိ လုံခြုံစွာနေထိုင်ရပါမည်။ လုံခြုံမှုမရှိဘဲ ညအချိန်မတော် ပြေးလွှားရင်း နေဝင်ခဲ့ရသောဘဝများ၊ ပညာသင်ခွင့်မရ ပင်ပန်းဆင်းရဲစွာဖြင့် နွံနစ်ခဲ့ရ ခြင်းမှာ ဥပဒေစိုးမိုးမှုမရှိခဲ့ခြင်းနှင့် Jungle Law ထွန်းကားခဲ့ခြင်းကြောင့်သာဖြစ်သည်”

မေ ၂၄ ထုတ် Venus News အတွဲ (၃) အမှတ် (၄၄) တွင်ပါသည့် “ဥပဒေစိုးမိုးမှုသာလျှင်”အယ်ဒီတာ့အာဘော်မှ ကောက်နှုတ်ချက်

*************************************

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment