Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၄.၅.၂၀၁၂

ဘာသာပြန်သတင်းများ

  1. အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုသည် မြန်မာနိုင်ငံကို Ruby Republic အဖြစ် ဖန်တီးပေးရာ ရောက်သလော

(23 May 2012 ရက်စွဲပါ Huffington Post မှ Andrew G.Lim ရေးသားသော Will U.S Investment create a ‘Ruby Republic’ in Burma? ကို ဘာသာပြန်ဆိုသည်)

  1. \အာဆီယံစီးပွားရေး အသိုင်းအဝိုင်း AEC မစတင်မှီ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် ဈေးကွက်များကို ထိုးဖောက်ထားရန်     ထိုင်းကုမ္ပဏီ စီစဉ်

(Thai-Asean News မှ 23 May 2012 ရက်စွဲပါ “Thai firm aims fo penetrate Myanmar, Cambodian, Vietnamese markets ahead of the AEC” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး ပြည်ပခရီးတွင် ဘန်ကောက် ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် စကားပြောကြားမည်

(Associated Press မှ 23 May 2012 ရက်စွဲပါ “Myanmar Suu Kyi to Speak at World Economic Forum in Bangkok, in her first trip abroad”သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံသို့ ဘတ်စ်ကားလိုင်း ပြေးဆွဲရန်နှင့် လေကြောင်း ခရီးစဉ်များ တိုးချဲ့ရန် အိန္ဒိယ စဉ်းစား

(Bernama News မှ 24 May 2012 ရက်စွဲပါ “India considers bus service,more flight to Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

***************************

ဘာသာပြန်သတင်းများ

အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုသည် မြန်မာနိုင်ငံကို Ruby Republic အဖြစ် ဖန်တီးပေးရာ ရောက်သလော

(23 May 2012 ရက်စွဲပါ Huffington Post မှ Andrew G.Lim ရေးသားသော Will U.S Investment create a ‘Ruby Republic’ in Burma? ကို ဘာသာပြန်ဆိုသည်)

              ပြီးခဲ့သည့် အပတ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်သည် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်အတူ လူထုသို့ အသိပေး ပြောကြားရာတွင် “ဒီနေ့ ကျွန်မတို့ အမေရိကန် စီးပွားရေးလုပ်ငန်းတွေကို ပြောလိုတာက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံကြပါလို့ ဆိုချင်ပါတယ်”ပာု ဆိုသည်။

ဧပြီ(၁) ရက်နေ့တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီသူရဲကောင်း ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ် တင်မြှောက်ခံခဲ့ရသည်။ အဆိုပါ သတင်းသည် နိုင်ငံတကာအသိုင်းအဝိုင်းမှ အများစုကို မြန်မာ့နိုင်ငံရေးသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆီသို့ ဦးတည်နေပြီဖြစ်ကြောင်း အချက်ပေးလိုက်သလို ဖြစ်ခဲ့ရသည်။ အမှန်တကယ်တွင်မူ အနောက်နိုင်ငံများသည် မြန်မာနိုင်ငံ၏ အီလစ်(Elite) များက ပစ်ချလိုက်သော အသားတုံးသေးသေးလေးကို ကြည့်၍ အသားလွတ် အောင်ပွဲခံနေခြင်းဖြစ်ပြီး စစ်တပ်မှာ ၎င်းတို့၏ အရပ်သားများကို ပိုမိုတိုက်ခိုက်လျက် ရှိနေဆဲဖြစ်သည်။ အမေရိကန်သည် မြန်မာအစိုးရထံမှ မှန်ကန်သော ပြုပြင်ပြောင်းလဲရေး ပြုလုပ်နေကြောင်း သက်သေမရှိပဲ အမေရိကန် စီးပွားရေးလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းနေခြင်းမှာ ကြီးမားသော မှားယွင်းမှုကို လုပ်ဆောင်နေခြင်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီး ကလင်တန်၏ တက်ကြွသော တိုက်တွန်းမှုမှာ အချိန်မတန်သေးပေ။ မြန်မာနိုင်ငံသည် အဓိပ္ပါယ်ရှိသော ပြောင်းလဲမှုများ အတွက်များစွာ လုပ်ဆောင်ရဦးမည် ဖြစ်သည်။ မြန်မာအစိုးရသည် အနောက်နိုင်ငံ အရေးယူမှုများ ဖြေလျော့နိုင်ရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းကို အာဏာရှင် မပာုတ်တော့ကြောင်းများစွာ လုပ်ဆောင်ပြနေသည်။ သို့သော် ၎င်းတို့၏ အမှန်တကယ် ပြုပြင်ပြောင်းလဲမှုများမှာ အနည်းဆုံး အခြေအနေတွင်ပင် ရှိနေပါသေးသည်။ မီဒီယာများကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက လွှတ်တော်တွင် (၄၅) နေရာအနက် (၄၃) နေရာ အနိုင်ရခဲ့ခြင်းကို အောင်ပွဲကြီးအဖြစ် ရေးသားနေကြသည်။ သို့သော် ထိုပမာဏမှာ လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၆% သာရှိပြီး၊ ၈၀% သောနေရာကို စစ်တပ်နောက်ခံပြုသော နိုင်ငံရေးသမားများက နေရာယူထားသည်။

အနောက်နိုင်ငံများကလည်း မြန်မာနိုင်ငံတွင် ဖက်စပ်စီးပွားရေးများ ပြုလုပ်ရန် တိုက်တွန်းနေချိန်တွင် မြန်မာစစ်တပ်သည် ကချင်ပြည်နယ် ကဲ့သို့သောဒေသများတွင် ပြင်းထန်သော တိုက်ခိုက်မှုများတိုး၍ ပြုလုပ်လျက်ရှိသည်။ မကြာသေးမီက ရရှိသော သတင်းများအရ ကချင်အရပ်သား (၄၅၀၀၀)ခန့် အိုးမဲ့၊ အိမ်မဲ့ ဖြစ်နေပြီး၊ လက်နက်မရှိသော ကလေးငယ်များကို မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့သည်ပာု ဆိုသည်။

နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ပြောကြားရာတွင် ၎င်းတို့၏ ရည်မှန်းချက်နှင့် ကတိကဝတ်မှာ မြန်မာနိုင်ငံတွင် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ အလျင်အမြန်တိုးချဲ့နိုင်သမျှ တိုးချဲ့ရန်ဖြစ်ကြောင်း ဆိုသည်။ သို့သော် နိုင်ငံတစ်ခု၏ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် တိုင်းပြည်တစ်ခုကို အနည်းစုအမြတ်ရရေးအတွက် လုပ်ငန်းကြီးတစ်ခုအသွင် ဝင်ရောက်လုပ်ကိုင်မှုတို့တွင် ခြားနားမှုရှိသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးအရင်းအမြစ်တွင် သဘာဝသယံဇာတနှင့် စွမ်းအင်များ ပါဝင်နေရာ၊ ၎င်းတို့ကို ရယူရန် ကချင်ကဲ့သို့သော တိုင်းရင်းသားဒေသများမှ အရပ်သားများအပေါ် အမြတ်ထုတ်မှုအပေါ် မူတည်နေပြီး၊ နောက်တစ်ခုမှာ ၎င်းတို့ကို မြန်မာနိုင်ငံမှ အချမ်းသာဆုံး အီလစ်မိသားစုများက ပိုင်ဆိုင်ကြခြင်းဖြစ်သည်။

ယခု အမေရိကန်၏ မြန်မာနိုင်ငံနှင့် ပတ်သက်၍ တိုက်တွန်းချက် အသစ်များမှာ ထူးဆန်းခြင်း၊ ရှုပ်ထွေးခြင်းနှင့် အန္တရာယ်ကြီးခြင်း အသွင်ဆောင်နေရာ ၂၀ ရာစု အစောပိုင်းက ဂွါတီမာလာ၊ ပွာန်ဒူးရပ် ကဲ့သို့သော အသုံးမကျသည့် အစိုးရ ရှိသည့် ဆင်းရဲသော နိုင်ငံများ(Banana republic)တွင် အမေရိကန်၏ လုပ်ဆောင်မှုနှင့် ဆင်ဆင်တူပါသည်။ လိုအပ်နေသူများအတွက် ဖွံ့ဖြိုးတိုးတက်ရေးပာု အမည်တပ်လျက် အမေရိကန်ကုမ္ပဏီများသည် စိုက်ပျိုးရေးကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ပံ့ကူညီခဲ့ရာ လယ်သမားများနှင့် ဒေသခံအလုပ်သမားများကို ခေါင်းပုံဖြတ်သလိုဖြစ်ပြီး ချမ်းသာသော စီးပွားရေးလုပ်ငန်းများနှင့် လက်တင်အမေရိကမှ စစ်တပ်အသိုင်းအဝိုင်းကိုသာ အမြတ်ထွက်စေခဲ့သည်။ လက်ရှိအားဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံခြားက ပတ္တမြား၊ ကျောက်စိမ်း၊ ကျွန်းနှင့် ရေနံများကို စိတ်ဝင်စားလျက်ရှိရာ ကျွန်ုပ်တို့ အစိုးရသည် ယခင် Banana republic ဆိုသော စကားလုံးမှ အရှေ့တောင်အာရှ၏ Ruby Rebublic သို့ ထောက်ပံ့ရန် အပြေးအလွှားသွားနေပြီပာု ဆိုရတော့မည်ဖြစ်သည်။

ကံမကောင်းသည့် ကိစ္စတစ်ခုမှာ နိုင်ငံရေးခေါင်းဆောင် အများစုသည် အရေးယူမှုကို ထောက်ခံခြင်းအား တန်ပြန်ရန် မြန်မာနိုင်ငံမှ ပြည်သူများအတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ရေး လုပ်ဆောင်ရမည်ပာု လက်ခံထားကြခြင်း ဖြစ်သည်။ ယခင်က အရေးယူမှုများသည် စစ်အစိုးရ မိသားစုများ၏ ငွေကြေးပိုင်ဆိုင်မှုများကို ပစ်မှတ်ထားခဲ့သည်။ သို့သော် ၎င်းတို့သည် စီးပွားရေး လုပ်ကိုင်သူများ မပာုတ်ပေ။ ခရိုနီများကသာ သဘာဝ သယံဇာတများကို တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ စင်္ကာပူနိုင်ငံများသို့ ရောင်းချပြီး ကြီးစွာသော အမြတ်အစွန်းများ ရရှိခဲ့ကြသည်။

အနာဂါတ်တွင် အဆိုပါ စစ်တပ်မိသားစုများ ခရိုနီများ၏ အမွေဆက်ခံမည့်သူများသည် အောက်တိုမစ်တစ် လက်နက်များ ပိုက်၍လည်းကောင်း၊ ကြီးမားသော စိန်ကြီးများ၊ ပတ္တမြား ကျောက်မျက်များဖြင့် လည်းကောင်း၊ ဓာတ်ပုံများ ပေါ်ထွက်လာနိုင်ပေသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် သာမန် ပြည်သူများကို တစ်ရက်လျှင် ၅၀ ဆင့်မျှသာပေး၍ ခေါင်းပုံဖြတ်လျက်ရှိသည်။

ရင်းနှီးမြှုပ်နှံမှုမပြုရန် ငြင်းချက်ထုတ်မှုကို Boston Common Asset Management နှင့် Calvert Investments အပါအင် အမေရိကန် ကုမ္ပဏီနှင့် ရင်းနှီးမြှုပ်နှံသူအချို့ကသာ ထောက်ခံလျက်ရှိသည်။ အိုဘားမား အစိုးရသို့ စာရေးသားပေးပို့ရာတွင် ၎င်းတို့က မြန်မာနိုင်ငံတွင် အရပ်သားများကို စစ်ဆင်ရေးများ လုပ်နေခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှု တရားဝင်ဖြစ်မှုအတွက် တားဆီးမှုဖြစ်မည်ဖြစ်ပြီး၊ အကျိုးရှိမည့် ရင်းနှီးမြှုပ်နှံမှု ဖြစ်ရေးအတွက် မသင့်တော်သေးကြောင်း ငြင်းချက်ထုတ်ထားသည်။ ယနေ့မြန်မာနိုင်ငံ၏ အခြေအနေမှာ အချိန်မရွေး ပြောင်းလဲသွားနိုင်ပြီး၊ တရားဥပဒေစိုးမိုးမှု၊ လူထုအခြေပြု အဖွဲ့အစည်းများ အားနည်းမှုတို့ကြောင့် နိုင်ငံခြားသား ပိုင်ဆိုင်မှုနှင့် အကျိုးစီးပွား အကာအကွယ်ပေးမှုတွင် အားနည်းမည်ဖြစ်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရေးကို ရှေ့ဆက်လုပ်ဆောင်ရန်မှာ မေးခွန်းထုတ်ဖွယ်မရှိပေ။ သို့သော် ၎င်းတို့သည် မြန်မာနိုင်ငံတွင်လုပ်ဆောင်ရာတွင် မြန်မာပြည်သူများ၏ လူ့အခွင့်အရေးကို ထိန်းသိမ်းပေးမည့် နည်းလမ်းဖြင့်သာ လုပ်ဆောင်ရမည် ဖြစ်သည်။ အကယ်၍ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် ယခု ရင်းနှီးမြှုပ်နှံမည်ပာု ရွေးချယ်ခဲ့ပါက တိုင်းရင်းသားများအပေါ် စစ်တပ်က နှိပ်စက်နေခြင်းကို ထောက်ခံသည့် သဘောရှိနေသလော။ ကျွန်ုပ်တို့သည် ရွာများကို ဖျက်၍ ပိုက်လိုင်းများဆောက်ခြင်း၊ စက်မှုဇုန်များတည်ထောင်ခြင်းများ ပြုလုပ်ခဲ့ပါက မည်သူ အကျိုးအမြတ်ရှိ၍ မည်သူ ဆုံးရှုံးမည်နည်း။ အမျိုးသမီးငယ်များကို အဓမ္မပြုကျင့်ခြင်းကို စစ်မပာာဗျူပာာတစ်ရပ်လို့ ကျင့်သုံးသော အစိုးရအပေါ် ငွေကြေးထောက်ပံ့မှုများပြုခြင်းသည် မြန်မာပြည်သူများအတွက် မှန်ကန်သော ရင်းနှီးမြှုပ်နှံခြင်းပေလော။ မကြာသေးမီက အမေရိကန်အစိုးရ၏ လုပ်ရပ်သည်  အဆိုပါ လူသားချင်း မစာနာသည့် ရာဇဝတ်မှုများ ပိုမိုအားကောင်းအောင် ခွင့်ပြုသလို ဖြစ်မနေသလော။

အကယ်၍ ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရတော့မည် ဆိုပါကလည်း စီးပွားရေးအရ အကျိုးစီးပွားနှင့် အီလစ်မိသားစုအကျိုးအတွက် ၁% ကျော်ကျော်လေးသာ ရင်းနှီးမြှုပ်နှံရမည် ဖြစ်သည်။ ကျွန်ုပ်တို့ ရင်းနှီးမြှုပ်နှံရမည်မှာ ကျေးလက်ဒေသများမှ ဒေသခံများ ပညာရေး၊ ကျန်းမာရေးအတွက် ရပိုင်ခွင့်များအတွက် ရင်းနှီးပေးရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် မှန်ကန်သော ရင်းနှီးမြှုပ်နှံမှုဖြစ်ရန်၊ အမေရိကန်စီးပွားရေး လုပ်ငန်းများ အနေဖြင့် ၎င်းတို့၏ လုပ်ရပ်ကြောင့် မြန်မာပြည်သူအများစုအပေါ် သက်ရောက်လာနိုင်သည့် အကျိုးဆက်များကို အရေးတကြီး စဉ်းစားရမည် ဖြစ်သည်။

အမေရိကန် စီးပွားရေးလုပ်ငန်းများသည် မြန်မာနိုင်ငံတွင် တာဝန်ယူနိုင်သည့် ရင်းနှီးမြှုပ်နှံမှုစံအဖြစ် ကမ္ဘာကို ပြသနိုင်ရမည် ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုစံအဖြစ် ကမ္ဘာကို ပြသနိုင်ရမည် ဖြစ်သည်။ သို့မှသာ ကုမ္ပဏီများသည် ၎င်းတို့၏ သြဇာလွှမ်းမိုးမှုကို ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပြုစုပျိုးထောင်ရာရောက်ပြီး၊ အလုပ်အကိုင် ဖန်တီးပေးခြင်း၊ ကြီးထွားစေခြင်း သာတူညီမျှ၍ တရားမျှတသော နိုင်ငံရေးစနစ်ကို အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။

သို့မပာုတ်ပါက အမေရိကန်နှင့် ၎င်း၏ ကုမ္ပဏီများသည် သမိုင်းတွင် ဒီမိုကရေစီနှင့် လွတ်လပ်ခြင်းကို ထောက်ခံသူမဖြစ်ပဲ မြန်မာနိုင်ငံမှ Ruby Rebublic အစိုးရသစ်ကို ငွေကြေးထောက်ပံ့သူ ဖြစ်သွားလိမ့်မည်ဖြစ်သည်။

****************************************

အာဆီယံစီးပွားရေး အသိုင်းအဝိုင်း AEC မစတင်မှီ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် ဈေးကွက်များကို ထိုးဖောက်ထားရန် ထိုင်းကုမ္ပဏီ စီစဉ်

(Thai-Asean News မှ 23 May 2012 ရက်စွဲပါ “Thai firm aims fo penetrate Myanmar, Cambodian, Vietnamese markets ahead of the AEC” သတင်းကို ဘာသာပြန်ဆိုသည်)

လာမည့် ၃ နှစ်အကြာတွင် ဖွဲ့စည်းထူထောင်တော့မည့် အာဆီယံစီးပွားရေး အသိုင်းအဝိုင်း AEC မပေါ်ပေါက်မှီ မြန်မာ၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများ၌ ဖြန့်ချီ ရောင်းချရေးစင်တာများ ဖွင့်လှစ်ရန် ထိုင်းလျှပ်စစ်မီးပစ္စည်း ထုတ်လုပ်သူများက စီစဉ်နေကြသည်။

                လျှပ်စစ်မီးပစ္စည်း တီထွင်ထုတ်လုပ် ရောင်းချသော အင်အားကြီးကုမ္ပဏီ TMI ၏ အကြီးအကဲ တီရာချိုင်းပရာစီထရာတာနာပေါင်က ၎င်းတို့ ကုမ္ပဏီထုတ် ပစ္စည်းများကို လောလောဆယ်တွင် ဆောက်လုပ်ရေး ပစ္စည်းလက်လီ အရောင်းဆိုင်များမှတဆင့် ရောင်းချပေးလျက် ရှိသည်ပာု ပြောကြားသည်။

TMI ကုမ္ပဏီသည် ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၏ ခွင့်ပြုချက်ရရှိထားပြီးသော မီးသီးနှင့် မီးချောင်း စက်ရုံကို တိုးချဲ့ရန်အတွက် ဘတ်ငွေ သန်း ၄၀ မှ ၅၅ သန်းအထိ သုံးစွဲရန် ပြင်ဆင်ထားပြီး သြဂုတ်လတွင် စတင်ရန် စီစဉ်ထားသည်။

တစ်ချိန်ထဲတွင် ၂၀၁၅ ၌ စတင်အကြုံးဝင် သက်ရောက်မည့် အာဆီယံစီးပွားရေး အသိုင်းအဝိုင်း(AEC) မတိုင်မှီ ကြိုတင် ပြင်ဆင်သည့် အနေဖြင့် ယခုနှစ်တွင် ကမ္ဘောဒီးယား၊ နောက်နှစ်တွင် မြန်မာ၊ လာအို၊ ဗီယက်နမ်နိုင်ငံတို့၌ ဖြန့်ချီရေးစင်တာ ဖွင့်လှစ်ရန် TMI ကုမ္ပဏီက စီစဉ်ပြင်ဆင်လျက်ရှိသည်ပာု သိရသည်။

****************************************

ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး ပြည်ပခရီးတွင် ဘန်ကောက် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် စကားပြောကြားမည်

(Associated Press မှ 23 May 2012 ရက်စွဲပါ “Myanmar Suu Kyi to Speak at World Economic Forum in Bangkok, in her first trip abroad”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၄ နှစ်ကာလအတွင်း ပထမဆုံး ပြည်ပခရီးစဉ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်၌ လာမည့် သီတင်းပတ်တွင် ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် မိန့်ခွန်း(စကား) ပြောကြားမည်ပာု ပါတီတာဝန်ရှိသူတစ်ဦးက သတင်းထုတ်ပြန်သည်။

မေလ ၃၀ မှ ဇွန် ၁ ရက်အထိ ဘန်ကောက်တွင် ကျင်းပမည့် အရှေ့တောင်အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် ဖြစ်ကြောင်း သူမ၏ NLD ပါတီအကြီးတန်း ပါတီဝင်တစ်ဦးက ဗုဒ္ဓပာူးနေ့တွင် ပြောကြားသည်။

အဆိုပါ ပါတီဝင်က ၎င်းသည် တရားဝင်ပြောရေးဆိုခွင့်ရှိသူ မပာုတ်သောကြောင့် နာမည်မဖော်ပြရန် တောင်းဆိုထားသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဝါဒီသမ္မတသစ် ဦးသိန်းစိန်သည်လည်း အဆိုပါ စီးပွားရေးဖိုရမ်တွင် မိန့်ခွန်းပြောကြားရန် စီစဉ်ထားသည်ပာု သိရှိရသည်။

ယခင် အစိုးရလက်ထက်တွင် နှစ်ပေါင်းများစွာ အကျယ်ချုပ်ထိန်းသိန်းခံခဲ့ရသူ မြန်မာအတိုက်အခံ ခေါင်းဆောင်သည် နောက်ထပ် ပြည်ပခရီးစဉ်အဖြစ် ဥရောပသို့ သွားရောက်ရန် စီစဉ်ထားပြီး လွန်ခဲ့သော ၂၁ နှစ်က သူမ ရရှိခဲ့သော ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် ဆုလက်ခံစကားပြောကြားရန် နော်ဝေနိုင်ငံ အော့စလိုတွင် ခရီးတစ်ထောက် ရပ်နားမည်ပာု ဆိုသည်။

****************************************

မြန်မာနိုင်ငံသို့ ဘတ်စ်ကားလိုင်းပြေးဆွဲရန်နှင့် လေကြောင်းခရီးစဉ်များ တိုးချဲ့ရန် အိန္ဒိယ စဉ်းစား

(Bernama News မှ 24 May 2012 ရက်စွဲပါ “India considers bus service,more flight to Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသို့ လူစီးဘတ်စ်ကား ခရီးစဉ် စတင်ပြေးဆွဲရန်နှင့် လေကြောင်းခရီးစဉ်များ တိုးချဲ့ရန်အတွက် ကြာသပတေးနေ့တွင် အိန္ဒိယအစိုးရက မီးစိမ်းပြဖွယ်ရှိသည်ပာု Press Trust of India က သတင်းထုတ်ပြန်သည်။

ကုန်းလမ်းပို့ဆောင်ရေးနှင့် အဝေးပြေးလမ်းဝန်ကြီးဌာနက တင်ပြထားသော အဆိုပြုချက် တစ်ခုဖြစ်သည့် မဏိပူရပြည်နယ် အင်ဖားနှင့် မြန်မာနိုင်ငံ မန္တလေးမြို့တို့ အကြား လူစီးဘတ်စ်ကားခရီးစဉ် စတင် မိတ်ဆက်ပြေးဆွဲရေး အစီအစဉ် အလားအလာကို ကြာသပတေးနေ့တွင် ကက်ဘိနက် က ဆွေးနွေးလိမ့်မည်ပာု အဆိုပါ သတင်းရပ်ကွက်က ပြောကြားသည်။

ထို့အပြင် မြန်မာအစိုးရနှင့် သဘောတူညီမှု ရရှိထားသော လေကြောင်းခရီးစဉ် လုပ်ငန်းများကိုလည်း ကက်ဘိနက် က ပြန်လည်သုံးသပ်မည်ဖြစ်ပြီး အိန္ဒိယနိုင်ငံမြို့ကြီး အသီးသီးမှ မြန်မာနိုင်ငံသို့ လေကြောင်း ခရီးစဉ်များပိုမိုပျံသန်းနိုင်ရေးကိုလည်း လေ့လာနေသည်ပာုဆိုသည်။

ယခုလကုန် မြန်မာနိုင်ငံသို့ သွားရောက်မည့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မန်မိုပာန်ဆင်း ခရီးစဉ်အတောအတွင်း သဘောတူညီမှုများ ရရှိလိမ့်မည်ပာု မျှော်လင့်ရသည်။

********************************************************************************

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment