Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၇.၅.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာအပေါ်ပိတ်ဆို့မှုများ ဆိုင်းငံ့ရာတွင် ပျောက်ဆုံးနေသည့် အမှန်တရား

(Washington Post သတင်းစာမှ 22 May 2012 ရက်စွဲပါ A missing fact in  the suspension of sanction on Burma ကိုဘာသာပြန်ဆိုသည်)

******************************

မြန်မာအပေါ်ပိတ်ဆို့မှုများဆိုင်းငံ့ရာတွင် ပျောက်ဆုံးနေသည့် အမှန်တရား

(Washington Post သတင်းစာမှ 22 May 2012 ရက်စွဲပါ A missing fact in  the suspension of sanction on Burma ကိုဘာသာပြန်ဆိုသည်)

ဝါရှင်တန်ပို့စ်အနေဖြင့် အမည်မဖော်ပြထားသော၊ တိကျခိုင်လုံမှုမရှိသော ကြေညာချက်များကို ကိုးကားရေးသားဖော်ပြလေ့ မရှိခဲ့ပေ။ သို့သော် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှုများ ဆိုင်းငံ့ကြောင်း သမိုင်းဝင်ကြေညာချက်ထုတ်ပြန်ပြီးနောက် ဝါရှင်တန်အစိုးရအဖွဲ့မှ အမည်မဖော်လိုသူအရာရှိကြီးများ၏ ထင်မြင်သုံးသပ်ချက်များမှာမူများစွာ စိတ်ဝင်စားစရာကောင်းလှသောကြောင့် ကောက်နုတ် ဖော်ပြရန် ဆုံးဖြတ်လိုက်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတ်မှတ်ထုတ်ပြန်ထားသည့် ဥပဒေစည်းမျဉ်းစည်းများအရ သတင်းထောက်များအနေဖြင့် အဆိုပါအရာရှိကြီးများ၏ သုံးသပ်ပြောဆိုမှုများကို အမည်ဖော်ပြ၍ ရေးသားနိုင်ခြင်းမရှိပေ။ အမည်မဖော်ပြသော အဆိုပါအရာရှိကြီးများ၏ ထင်မြင်သုံးသပ်ချက်များသည် အမေရိကန်သံတမန်ရေးရာနယ်ပယ်တွင် ပြုလုပ်သော ရွေးချယ်မှုများဆိုင်ရာ လေ့လာဆန်းစစ်ချက်ဖြစ်သည်။ ၎င်းတို့က အမေရိကန်ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်း ပူးပေါင်းလုပ်ဆောင်ခြင်းမှ ပိတ်ပင်ကန့်သတ်ခံထားရသော လူပုဂ္ဂိုလ်များ၊ ကုမ္ပဏီများနှင့်ပတ်သက်၍ ထင်မြင်သုံးသပ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

ပိတ်ပင်ကန့်သတ်ခံရသော လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများကို "မကောင်းသည့် အသီးများ" (Bad Apples) ဟုခေါ်ဆိုသည်။

စစ်အာဏာရှင်စနစ်ကျင့်သုံးခဲ့သော မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုများ ပေါ်ထွန်းလာစေရန် ဝါရှင်တန်အစိုးရက ကြိုးပမ်းခဲ့စဉ်ကာလများအတွင်း မျိုချရန်ခက်ခဲသော အမှန်တရားများကို တစ်ခါအားလျော်စွာ မသိကျိုးနွံပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုပေါ်ထွန်းခြင်းသည် ၎င်းအတွက် သံတမန်ရေးရာအောင်မြင်မှုတစ်ရပ် ဖြစ်လိမ့်မည်ဟုလည်း ထင်မြင်ယူဆခဲ့သည်။

နောက်ခံ အခင်းအကျင်းကို ကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံတွင်း အပြောင်းအလဲခြေလှမ်းများမှာ ထူးထူးခြားခြားပင် ဖြစ် သည်။ ကာလကြာရှည်စွာ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရသော နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစု ကြည် လွတ်မြောက်ကာ ပါလီမန်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသလို အခြားသောအထင်ကရ အတိုက်အခံ နိုင်ငံရေးသမားများအား လွှတ်ပေးခဲ့ခြင်းတို့မှာ ထူးခြားမှုဟုပင် ဆိုရမည်။

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အနေဖြင့် မြန်မာအပေါ် ပိတ်ဆို့မှုများ ဆိုင်းငံ့ကြောင်းကြေညာချက်မထုတ်ပြန်မီ လူ့အခွင့်အရေးအဖွဲ့များက "ပိတ်ဆို့မှုများကို တဖြည်းဖြည်းချင်း ဖြေလျှော့ပေးသွားရန်" ဝါရှင်တန်အစိုးရအား ဖိအားပေး တောင်းဆိုခဲ့ကြသည်။

ပိတ်ဆို့အရေးယူခြင်းခံထားရသူ လူပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်းများကို အနီးကပ်စောင့်ကြည့်လေ့လာပြီးမှ ဖြေလျှော့ရန်လည်း ပြောဆိုခဲ့ကြသည်။ "ယခုလို ကြိုတင်သတိပြုမှုများမရှိခဲ့ပါက ဖြေလျှော့ပေးမှုများကြောင့် ထွက်ပေါ်လာမည့် အမေရိကန်စီးပွားရေးလုပ်ငန်းများ၏ လုပ်ဆောင်ချက်များသည် လူ့အခွင့်အရေးချိုးဖောက်သူများ၊ အဂတိလိုက်စားသူများ သို့မဟုတ် မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ်ကို အဟန့်အတားဖြစ်အောင်လုပ်ကိုင်နေသူများ တိုက်ရိုက်အကျိုး အမြတ်ဖြစ်ထွန်းအောင် ဖန်တီးပေးလိုက်သလိုဖြစ်ပေလိမ့်မည်" ဟု လူ့အခွင့်အရေးအဖွဲ့ကိုးဖွဲ့က သမ္မတအိုဘားမားထံသို့ ဧပြီလ ၂၄ရက်နေ့တွင် စာတစ်စောင်ရေးသားပေးပို့ခဲ့သည်။

တိုင်းရင်းသားလူမျိုးစုများကလည်း မြန်မာအစိုးရက ၎င်းတို့အပေါ် ဖိနှိပ်တိုက်ခိုက်မှုများ မရပ်တန့်သေးသရွေ့ မည်သည့် ပိတ်ဆို့အရေးယူမှုကိုမျှ ဖယ်ရှားရန်မလိုဟု အခိုင်အမာပြောဆိုခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပိတ်ဆို့မှုများ ဖယ်ရှားမည့်ကိစ္စကို အထူးသတိထား၍ လုပ်ဆောင်သင့်သည်ဟု တိုက်တွန်းပြောဆိုခဲ့သည်။

မေလ ၁၇ ရက်၊ ဟီလာရီကလင်တန်က ပိတ်ဆို့မှုများဆိုင်းငံ့မည့်အကြောင်း ကြေညာချက်ထုတ်ပြန်ချိန်သည် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်ရောက်ရှိနေချိန်လည်းဖြစ်သည်။ ပိတ်ဆို့အရေးယူမှုများ ဆိုင်းငံ့သည့်ကိစ္စမှာ အံ့အားသင့်စရာကောင်းလောက်အောင်ပင် ကျယ်ကျယ်ပြန့်ပြန့်သဘောမျိုး ဖြစ်ခဲ့သည်။

အမှန်ပြောရလျှင် "ဆိုင်းငံ့မှု" ဆိုသည်မှာ ကျိုးကြောင်းဆီလျော်မှုတစ်ခုသာဖြစ်သည်။ အကြောင်းမှာ သဘာဝသယံဇာတများ ကြွယ်ဝချမ်းသာသော မြန်မာနိုင်ငံသို့ အမေရိကန်စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန်ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက်တည်း ပိတ်ပင်ကန့်သတ်မှုများ ပြန်လည်ပြုလုပ်ရန် ခဲယဉ်းသွားမည်သာဖြစ်ပြီး ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများအကျိုးကိုသာ ရှေးရှုသွားရန်သာ ရှိတော့သည်။ ဝါရှင်တန်အစိုးရသည် လူ့အခွင့်အရေးအဖွဲ့များ၏ မေတ္တာရပ်ခံချက်ဖြစ်သည့် အနီးကပ်စောင့်ကြည့်လေ့လာရမည့်သူများ စာရင်းကို အသစ်တစ်ဖန်ရေးဆွဲပြီးမှ ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားပေးရေးကိစ္စကို လျစ်လျူရှုခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အမည်မဖော်လိုသူ ဝါရှင်တန်အစိုးရအရာရှိကြီးများက မကြာသေးမီကာလအတွင်း စာရင်းအသစ်ရေးဆွဲမည် ဖြစ်သည်ဟု ဆိုကြသည်။ ဤနေရာတွင် ထောက်ပြစရာ ကိစ္စတစ်ရပ် ထပ်မံပေါ်ထွက်လာသည်။ ယင်းမှာ အိုဘားမား အမေရိကန်သမ္မတရာထူး ရယူထားစဉ် ကာလပတ်လုံးတွင် မြန်မာပြည်မှ အနီးကပ်စောင့်ကြည့်လေ့လာရမည့် လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများ စာရင်းကို ပြင်ဆင်ဖြည့်စွက်မှု တစ်စုံတရာ မပြုလုပ်ခဲ့ခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့ ဝါရှင်တန်ပို့စ် သတင်းစာ၏ လေ့လာဖော်ထုတ်မှုများ အရ အိုဘားမားသမ္မတ ဖြစ်လာပြီးနောက် ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားအက်ဆက်များထိန်းချုပ်ရေးဌာနက လူတစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုကိုသာ အဆိုပါစာရင်းတွင် ပြင်ဆင်ဖြည့်စွက်ခဲ့ဖူးသည်။

ယင်းမှာလည်း ၂၀၁၀ ပြည့်နှစ်က ဖြစ်သည်။ အဆိုပါစာရင်းကို ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် တင်ထားသော်လည်း ကောင်းစွာသိရှိနားလည်ရန် လွန်စွာခဲယဉ်းသည်။ အထူးသဖြင့် နာမည်အတော်များများမှာ နှစ်မျိုးဖြစ်နေပြီး နိုင်ငံများမှာလည်း ရောထွေးနေသည်။ US Campaign for Burma မှ အောင်ဒင်ဆိုသူသာ အဆိုပါစာရင်းကို အသေးစိတ်သိရှိနိုင်အောင် အကူအညီပေးခဲ့သည်။

*****************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment