Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၅.၅.၂၀၁၂

ဘာသာပြန်သတင်းများ

  1. အမေရိကန်နှင့် အီးယူ ရင်းနှီးမြှုပ်နှံမှုသည် တရုတ်နှင့် စီးပွားရေးအရ ဆက်ဆံရေးကို အားမနည်းစေနိုင်

(24 May 2012 ရက်စွဲပါ VOA News မှ Scott Stearns ရေးသားသော Burma: US, EU investment will not weaken China economictie ကို ဘာသာပြန်ဆိုသည်)

  1. ထိုင်းက မြန်မာ့ပိာုတယ် ဈေးကွက်တွင် ဒေါ်လာသန်း ၂၆၀ ရင်းနှီးမြှုပ်နှံထား

(25 May 2012 ရက်စွဲပါ The Nation မှ Bamrung Amnatcharoenrit ရေးသားသော Thais enter Myanmar hotel market with $260 u stake ကိုဘာသာပြန်ဆိုသည်)

  1. ဒေါ်အောင်ဆန်းစုကြည် အောက်စဖို့ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ရရှိမည်

(The Nation မှ 25 May 2012 ရက်စွဲပါ “Suu Kyi to get honorary doctorate” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ပြုပြင်ပြောင်းလဲမှုကြောင့် အဖူးများထွက်လာသော်လည်း အသီးမဖြစ်လာသေးပာု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

( The Straits Times မှ 25 May 2012 ရက်စွဲပါ " Suu Kyi : Reforms bearing buds, not fruit" သတင်းကို ဘာသာပြန်ဆိုသည်)

***************************

ဘာသာပြန်သတင်းများ

အမေရိကန်နှင့် အီးယူ ရင်းနှီးမြှုပ်နှံမှုသည် တရုတ်နှင့် စီးပွားရေးအရ ဆက်ဆံရေးကို အားမနည်းစေနိုင်

(24 May 2012 ရက်စွဲပါ VOA News မှ Scott Stearns ရေးသားသော Burma: US, EU investment will not weaken China economictie ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ဥရောပနှင့် အမေရိကန်တို့က အရေးယူမှုများကို ယာယီရုတ်သိမ်းပေးပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်များကို တံခါးဖွင့်ပေးခဲ့သည်။

မြန်မာနိုင်ငံသည် ပြောင်းလဲလျက်ရှိသည့်နည်းတူ အနောက်နဲ့ ဆက်ဆံရေးသည်လည်း ပြောင်းလဲလျက်ရှိသည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ယခုအခါ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာပြီဖြစ်သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည်လည်း ဂုဏ်ပြုခံဧည့်သည် ဖြစ်ခဲ့သည်။ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများသည် ဆက်ဆံရေးများကို တဖြေးဖြေး တံခါးဖွင့်ပေးရန် အာမခံချက်များပင်ဖြစ်သည်ဟု အနောက်နိုင်ငံ ခေါင်းဆောင်များကပြောသည်။

"ကျွန်တော်တို့တစ်တွေဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ ခြေလှမ်းတွေစနေပါပြီ။ ခေါင်းဆောင်ပိုင်းနဲ့ ဆွေးနွေးမှုတွေလုပ်နေပါပြီ။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ ဆက်လုပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီလုပ်ငန်းစဉ်ကိုအားပေးဖို့ ကျွန်တော်တို့ လုပ်နိုင်တာအကုန်လုပ်ပေးပါ့မယ်"ဟု အမေရိကန်သမ္မတ Barack  Obama က မကြာသေးမီက ဝါရှင်တန်အနီးတွင်ကျင်းပသော G-8 ထိပ်သီး ညီလာခံတွင်ပြောကြားသည်။

သို့ဆိုလျှင် ဥရောပသမဂ္ဂ နှင့် အမေရိကန်တို့၏ မြန်မာနိုင်ငံအပေါ် အရေးယူမှုများ ဖြေလျော့ပေးခြင်းသည် မြန်မာနိုင်ငံ၏ တရုတ်နှင့် နှစ်ပေါင်းများစွာက ပြုလုပ်လာခဲ့သော ကုန်သွယ်မှုအပေါ် မည်သို့သက်ရောက်မည်နည်း။

"ကျွန်တော်တို့ဟာ တရုတ်နဲ့ အလွန်ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှု ရှိပါတယ်။ ဒီတော့ အနာဂါတ်တရုတ်နဲ့ ဆက်ဆံရေးမှာ အန္တရာယ်မရှိနိုင်ပါဘူး" ဟု ၄င်းက ပြောသည်။

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း မြန်မာနှင့် တရုတ်ကြားဆက်ဆံရေးကို အမေရိကန်ပြည်ထောင်စုအနေဖြင့် အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။

"တစ်ခြား နိုင်ငံတွေကိစ္စမဟုတ်ပါဘူး။ ကျွန်မတို့ချင်းကိစ္စဖြစ်ပါတယ်။ ဒါဟာ ပြောင်းလဲမှုတွေအပေါ်မှာ အခြေခံပါတယ်။ ပြောင်းလဲမှုတွေ ဖြစ်တာကို စောင့်ကြည့်နေပြီး အဆိုပါပြောင်းလဲမှုတွေ ဆက်ဖြစ်စေလိုတဲ့အတွက် ထောက်ခံလိုတဲ့ ဆန္ဒပဲရှိတာပါ " ဟုသူကပြောသည်။

ဝါရှင်တန်၏ Cato Institute မှ Doug Bandow ကလည်း မြန်မာနိုင်ငံရော တရုတ်နိုင်ငံကပါ ပြောင်းလဲလျှက်ရှိကြောင်း ပြောကြားသည်။

"တရုတ်ကလည်း မြန်မာနိုင်ငံရဲ့ အနောက်နဲ့ဆက်ဆံရေးကို ကြည့်နေမယ်လို့ ကျွန်တော်ထင်တယ်။ ဒီတော့ Beijing နဲ့ နွေးထွေးတဲ့ ဆက်ဆံရေးအတွက် တစ်စိတ်တစ်ပိုင်းတော့ စိုးရိမ်မှာပဲ။ ဒါကြောင့် ကျွန်တော်ထင်တယ် တရုတ်ကသင်ခန်းစာယူပြီး အချိုသတ် ဆက်ဆံမယ်လို့ ထင်တယ် " ဟု Bandow ကပြောသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများသည် မြောက်ကိုရီးယားကဲ့သို့ မဖြစ်လိုခြင်းကို တစ်စိတ်တစ်ပိုင်း အခြေခံမည်ဟု ၄င်းက ယုံကြည်နေသည်။ အဘယ့်ကြောင့်ဆိုသော် ဆင်းရဲသော အပယ်ခံနိုင်ငံတစ်နိုင်ငံဖြစ်သည့် မြောက်ကိုရီးယားသည် တရုတ်နိုင်ငံတစ်ခုတည်းအပေါ်တွင်သာ မှီခိုနေရခြင်းကြောင့် ဖြစ်သည်။

အရေးယူမှုများ ယာယီမရုတ်သိမ်းမှီက မြန်မာနိုင်ငံသည် တရုတ်တို့ ဆောက်လုပ်နေသော ဒေါ်လာ ၃ ဘီလီယံတန် ရေအားလျှပ်စစ်တမံကို ပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားသူများ၏ ဆန္ဒပြမှုများကြောင့် ရပ်ဆိုင်းခဲ့သည်။ သို့သော် တရုတ်၏ရင်းနှီးမြှုပ်နှံမှု မကျေနပ်ဖြစ်သွားမည့် အရေးအတွက် ဆက်ဆံရေးကို ရှေ့သို့ ပိုမိုကောင်းမွန်အောင် လုပ်သင့်ကြောင်း Brookings Institution မှ ဖဲလိုး Lex Rieffel ကပြောသည်။

မြန်မာအစိုးရတာဝန်ရှိသူများက ရင်းနှီးမြှုပ်နှံမှုအသစ်များသည် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများကို အထောက်အကူပြုသည်ဟု ဆိုသည်။ သို့သော် အမေရိကန်အစိုးရတာဝန်ရှိသူများက အဆိုပါ ပြုပြင်ပြောင်းလဲမှုများ ဆက်မလုပ်ပါက အရေးယူမှုများ ပြန်လည်တင်းကျပ်နိုင်ကြောင်း ပြောခဲ့သည်။

****************************************

ထိုင်းက မြန်မာ့ပိာုတယ် ဈေးကွက်တွင် ဒေါ်လာသန်း ၂၆၀ ရင်းနှီးမြှုပ်နှံထား

(25 May 2012 ရက်စွဲပါ The Nation မှ Bamrung Amnatcharoenrit ရေးသားသော Thais enter Myanmar hotel market with $260 u stake ကိုဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ ပိာုတယ်လုပ်ငန်းကဏ္ဍတွင် စင်္ကာပူပြီးလျှင် ဒုတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်သည်။ သို့သော် Association of Thai Travel Agents(ATTA) က မြန်မာနိုင်ငံတွင် ခေတ်မမှီတော့သည့် ဥပဒေများ၊ နိုင်ငံရေးအရ မတည်ငြိမ်မှုများကဲ့သို့သော အတားအဆီးများကို ကြုံတွေ့နေရဆဲဖြစ်ကြောင်း သတိပေးခဲ့သည်။

ATTA ဥက္ကဋ္ဌ Sisdivachr Cheewaraltanaporn က မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍနှင့် ပောာ်တယ်လုပ်ငန်းတွင် ကြီးမားသော အလားအလာများရှိသည်ကို သိရှိသော်လည်း၊ အနာဂါတ် စီးပွားရေးဖြစ်တည်မှုမှာ မသဲကွဲသေးပာုဆိုသည်။ သို့သော် ဒေသတွင်းအချို့နိုင်ငံများသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားမှု ဆက်လက် ရှိနေဆဲဖြစ်သည်။

ပိာုတယ်လုပ်ငန်းအသင်းဥက္ကဋ္ဌ ဦးမောင်မောင်ဆွေ၏ အဆိုအရ ထိုင်းနိုင်ငံသည် အင်ဒမန်ကလပ်၊ ကန်တော်ကြီးပဲလေ့စ်၊ ချက်ထရီယမ်၊ မန္တလေး Hill နှင့် Pearl Laguna အပါအဝင် ပိာုတယ်(၁၁)ခု တွင် အခန်းပေါင်း(၁၈၉၆) ခန်း၌ ဒေါ်လာ ၂၆၃.၂၅ သန်း ရင်းနှီးမြှုပ်နှံထားသည်ပာု သိရသည်။ (ကန်တော်ကြီးပဲလေ့စ်မှာ မြန်မာနိုင်ငံသားသို့ ရောင်းချပြီးဖြစ်သည်။ အယ်ဒီတာ)

စင်္ကာပူသည် ပာိုတယ်လုပ်ငန်းတွင် ဒေါ်လာ ၅၉၇ သန်း ရင်းနှီးမြှုပ်နှံပြီး အများဆုံးဖြစ်ကာ၊ ထို့နောက် ထိုင်းနိုင်ငံ၊ ဂျပန် က ဒေါ်လာ ၁၈၃ သန်း၊ ပောာင်ကောင်က ဒေါ်လာ ၇၇ သန်း၊ မလေးရှားက ဒေါ်လာ ၂၀ သန်း နှင့် ဗြိတိန်က ဒေါ်လာ ၃.၄ သန်း အသီးသီး ရင်းနှီးမြှုပ်နှံထားသည်။

ဦးမောင်မောင်ဆွေက ပြောကြားရာတွင် မြန်မာနိုင်ငံ၌ ပိာုတယ်နှင့်ခရီးသွားကဏ္ဍတွင် တိုးတက်လာရာ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်ပြီး ကြီးထွားလာနိုင်သည်ပာု ဆိုသည်။ မြန်မာနိုင်ငံတွင် အသာစီးရသော အချက်မှာ သဘာဝ သယံဇာတကြွယ်ဝပြီး၊ ယဉ်ကျေးမှုအမွေအနှစ်များသည် ခရီးသွားကဏ္ဍအတွက် ဆွဲဆောင်နိုင်ခြင်းဖြစ်သည်။

မြန်မာအစိုးရသည် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပြီးနောက် ခရီးသွားကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် လက်ရှိ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ခေတ်မှီအောင်  ပြုပြင်လျက်ရှိသည်။

ဥပမာအားဖြင့် မြေဌားရမ်းသည့် ဥပဒေတွင် အစပထမ၌ နှစ်ငါးဆယ်ပေးပြီး၊ ဆယ်နှစ်စီ သက်တမ်း နှစ်ကြိမ်တိုးပြီး၊ စုစုပေါင်း နှစ်ပေါင်း(၇၀) ဌားရမ်းနိုင်ရန် လုပ်ဆောင်လျက်ရှိသည်ပာု ဦးမောင်မောင်ဆွေက ပြောသည်။ လက်ရှိ ဥပဒေတွင် နှစ်(၃၀) စတင်ဌားရမ်းပြီး၊ (၁၅)နှစ်စီ နှစ်ကြိမ်သက်တမ်းတိုး၍ စုစုပေါင်း နှစ်(၆၀) ဌားရမ်းလျက်ရှိသည်။

ပိာုတယ် ရင်းနှီးမြှုပ်နှံမှုတွင် အစိုးရက တိုင်းရင်းသားလုပ်ငန်းရှင်များအား အကာအကွယ်ပေးရေးကိုလည်း ပိာုတယ်လုပ်ငန်းရှင်အသင်းက အဆိုပြုထားသည်။ ဥပမာအားဖြင့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများသည် ကြယ်တစ်ပွင့်၊ နှစ်ပွင့် ပိာုတယ်များ ရင်းနှီးမြှုပ်နှံမှု ခွင့်မပြုရန်ဖြစ်သည်။ သို့သော် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် ကြယ်သုံးပွင့်ပာိုတယ်အား မြန်မာနိုင်ငံသားများနှင့် ဖက်စပ်လုပ်ခွင့်ပြုရန်နှင့် ကြယ်လေးပွင့်၊ ငါးပွင့်ပိာုတယ်များကိုသာ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံခွင့်ပြုရန်ဖြစ်သည်။

လာမည့် သုံးလေးနှစ်အတွင်း ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် ခရီးသွားကဏ္ဍတွင် ပြိုင်ဆိုင်ရနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဥရောပလေကြောင်းလိုင်း အများအပြားသည် မြန်မာနိုင်ငံသို့ တိုက်ရိုက်ဆင်းသက်ရန် ပြင်ဆင်လျက်ရှိခြင်းကြောင့်ဖြစ်ကြောင်း Sisdivachr က ပြောကြားသည်။ ဆိုလိုသည်မှာ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံသို့ တစ်ခုတည်းသော ဝင်ပေါက် မဟုတ်တော့သောကြောင့် ခရီးသွားအချို့ ဆုံးရှုံးရနိုင်ကြောင်း ဆိုသည်။

မြန်မာနိုင်ငံတွင် လက်ရှိအားဖြင့် ပြည်တွင်း လေကြောင်းလိုင်း ခြောက်ခုရှိပြီး ၊ ရန်ကုန် ၊ နေပြည်တော် နှင့် မန္တလေးတို့တွင် လေဆိပ်များ ကိုယ်စီရှိကြသည်။ မြန်မာနိုင်ငံတွင် လိုင်စင်ရခရီးသွားကုမ္ပဏီ (၇၅၉) ခုရှိပြီး တစ်ခုမှာ ရာနှုန်းပြည့်နိုင်ငံခြားပိုင်၊ (၁၅)ခုမှာဖက်စပ်နှင့် ပြည်တွင်းကုမ္ပဏီ (၇၄၃)ခု ဖြစ်သည်။ လက်ရှိအားဖြင့် နိုင်ငံတကာလေကြောင်းလိုင်း ၁၆ ခု ပြေးဆွဲလျက်ပြီး ၁၅ ခုမှာ ရန်ကုန်သို့လည်းကောင်း၊ တစ်ခုမှာမန္တလေးသို့လည်းကောင်း ပြေးဆွဲနေသည်။

ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံသည် ခရီးသွားကဏ္ဍမှ ၀င်ငွေ ဒေါ်လာ ၃၁၉ သန်းရရှိခဲ့ပြီး ၂၀၁၀ ခုနှစ်က ဒေါ်လာ ၂၅၄ သန်းသာ ရရှိခဲ့သည်။ ပြီးခဲ့သည့်နှစ်က ခရီးသည်တစ်ဦးလျှင် ပျှမ်းမျှသုံးစွဲငွေ ၂၁၀ ဒေါ်လာ ရှိခဲ့ရာ နေထိုင်ရက် ၈ ရက်သာ ရှိခဲ့သည်။

ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံတွင် ခရီးသည် ၈၁၆,၃၆၉ ရှိခဲ့ပြီး ၂၀၁၀ ခုနှစ်က ၇၉၁,၅၀၅ ဦးရှိခဲ့သည်။ ပြီးခဲ့သည့်နှစ်က ခရီးသည်များတွင် ၄၂၅,၁၉၃ ဦးမှာ နယ်စပ်မှ ၀င်ရောက်သူများဖြစ်သည်။ ၂၀၁၀ ဧပြီလမှ ၂၀၁၂ မတ်လ အထိ မြန်မာနိုင်ငံသို့ ထိုင်းခရီးသွား ၆၄,၂၆၇ ရှိခဲ့ပြီး ယခင်တစ်နှစ်က ၅၉,၆၉၂ ဦးသာရှိခဲ့သည်။

****************************************

ဒေါ်အောင်ဆန်းစုကြည် အောက်စဖို့ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ရရှိမည်

(The Nation မှ 25 May 2012 ရက်စွဲပါ “Suu Kyi to get honorary doctorate” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ၏ ဂုဏ်သိက္ခာကြီးမြင့်သည့် အောက်စဖို့တက္ကသိုလ်၏ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကို ချီးမြှင့်ခြင်းခံရကြောင်း တစ်ချိန်က သူမပညာ ဆည်းပူးခဲ့သော မိခင်ကျောင်းတော်က ကြာသာပတေးနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

မြန်မာနိုင်ငံ၏ ကမ္ဘာကျော် ဒီမိုကရေစီခေါင်းဆောင်သည် နှစ်ပေါင်း ၂၀ နီးပါး အကျယ်ချုပ် ထိန်းသိမ်းခံရပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ် နိုင်ငံရပ်ခြားခရီးစဉ် အတွင်း သူမ၏ ၆၇ နှစ်မြောက် မွေးနေ့အပြီး နောက်တစ်ရက် ဇွန်လ ၂၀ ရက်တွင် အောက်စဖို့ကျောင်းတော်၌ အရပ်ဘက်ဥပဒေဆိုင်ရာဒေါက်တာဘွဲ့ကို လက်ခံယူလိမ့်မည်ဟု သိရှိရသည်။

သူမသည် နောက်တစ်ရက်တွင် ဗြိတိသျှလွှတ်တော်နှစ်ရပ်တွင် မိန့်ခွန်း ပြောကြားမည်ဖြစ်ပြီး ယင်းအစီအစဉ်သည် ကမ္ဘာ့ခေါင်းဆောင်အချို့ကိုသာ ဖိတ်ခေါ်သည့် အစီအစဉ်ဖြစ်သည်။

"နောက်ဆုံးမှာတော့ ဒေါ်အောင်ဆန်းစုကြည် အခုလို မိခင်တက္ကသိုလ်ကို ပြန်လာနိုင်သည့်အတွက် ကျွန်တော်တို့ ဝမ်းမြောက်ပီတိ ဖြစ်ရပါတယ်။ အလွန်ထူးခြားတဲ့ အစီအစဉ်တစ်ခု ဖြစ်လိမ့်မယ်လို့လည်း ကျွန်တော်တို့ ကြီးကြီးမားမား မျှော်လင့်နေကြပါတယ်"ဟု အောက်စဖို့တက္ကသိုလ် ဒုတိယအဓိပတိပါမောက္ခ အင်ဒရူးဟယ်မီတန် က ပြောကြားသည်။

မြန်မာ့နိုင်ငံရေးခေါင်းဆောင်သည် ၁၉၆၄ မှ ၁၉၆၇ အထိ အောက်စဖို့ တက္ကသိုလ် စိန့်ဟတ်ခ်ျကောလိပ်၌ ဒဿနိကဗေဒ၊ နိုင်ငံရေး၊ စီးပွားရေး ဘာသာရပ်များကို လေ့လာဆည်းပူးခဲ့ပြီး ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံ သို့ မပြန်မှီ အချိန်အထိ အင်္ဂလန်နိုင်ငံ တောင်ပိုင်းမြို့တော်တစ်ခုတွင် မိသားစုနှင့်အတူ အခြေချနေထိုင်ခဲ့သည်။

***************************************

ပြုပြင်ပြောင်းလဲမှုကြောင့် အဖူးများထွက်လာသော်လည်း အသီးမဖြစ်လာသေးပာု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

 ( The Straits Times မှ 25 May 2012 ရက်စွဲပါ " Suu Kyi : Reforms bearing buds, not fruit"သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် တစ်နှစ်တာကာလ ပြုပြင်ပြောင်းလဲမှုများသည် အဖူးလေးများထွက်ရန် တာစူနေပြီဖြစ်သော်လည်း အသီးအပွင့် ဖြစ်လာဦးမည် မဟုတ်သေးဟု ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ၏ အပြောင်းအလဲများနှင့်ပတ်သက်၍ သတိရှိကြရန် ကြာသာပတေးနေ့တွင် ထုတ်ဖော် ပြောကြားလိုက်သည်။

ယခင်က နိုင်ငံတကာတွင် Burma ဟုခေါ်ဝေါ်ကြသော မြန်မာနိုင်ငံတွင် အသိသာအထင်ရှားဆုံး ပြုပြင်ပြောင်းလဲမှုအဖြစ် ယခင်အစိုးရလက်ထက် အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရသူ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ယခုလအတွင်း လွှတ်တော်အတွင်းသို့ တရားဝင်ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သို့သော်လည်း ပြုပြင်ပြောင်းလဲမှုများမှာ မခိုင်မာသေးဘဲ ပျက်ပြားသွားနိုင်သည် ဟု သူမကအကြိမ်ကြိမ် ထပ်မံသတိပေးပြောဆိုထားသည်။

"မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအနေအထားကို မြှင့်တင်ဖို့အတွက် ကျွန်မတို့ ကြိုးပမ်းဆောင်ရွက်နေမှုတွေဟာ အသီးအပွင့် မဖြစ်သေးပေမယ့် အဖူးလေးတွေ စထွက်လာပြီ ဆိုတာကို သိရမြင်ရတာဟာ ကျွန်မတို့ မြန်မာနိုင်ငံသားအားလုံးအတွက် အလွန်ကျေနပ်စရာ ကောင်းပါတယ် "ဟု ဒေါ်အောင်ဆန်းစုကြည်က သူမအား ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ခဲ့သော ဘော်လ်တီမိုး John Hopkins University ဘွဲ့ကြိုသင်တန်းသို့ ဗီဒီယိုသတင်းလွှာပေးဖို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"အဖူး ကနေ အပွင့် ၊ အပွင့်ကနေ အသီး ဖြစ်လာဖို့ လိုပါသေးတယ်" ဟု သူမက မှတ်ချက်ပေးပြောဆိုထားသည်။

                                 ********************************************************************************

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment