Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၃၀.၅.၂၀၁၂

ပြည်တွင်းသတင်းများ

  1. တာမွေဈေး မီးရှို့ခံရမည့်အရေး ဈေးသူ/ဈေးသားများ စိုးရိမ်မှုမြင့်တက်
  2. တောင်သူများ ချေးငွေပြန်မဆပ်ပါက ဆန်အထူးပြုကုမ္ပဏီ ၉၀ ရာခိုင်နှုန်း ရပ်ဆိုင်း သွားနိုင်
  3. ပြည်တွင်း ဆိုက်ရောက်ဗီဇာ ၂၇ နိုင်ငံသို့ ပေးပြီ

 ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ကလိုထူးဘောအဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကော်မတီဖွဲ့ပြီ
  2. ကချင်ပြည်နယ် ဒုက္ခသည်စခန်းရှိ အမျိုးသမီးငယ်များ လူကုန်ကူးခံရမှုအား တရုတ် လျစ်လျူရှု

 သတင်းနှင့် ဆောင်ပါးများမှ ကောက်နုတ်ချက်များ

****************************************

ပြည်တွင်းသတင်းများ

တာမွေဈေး မီးရှို့ခံရမည့်အရေး ဈေးသူ/ဈေးသားများ စိုးရိမ်မှုမြင့်တက်

တာမွေ(ယာယီ)ဈေး မပြောင်းရွှေ့ရရေးအတွက် ပါဝင်ပတ်သက်သူများ တွေ့ဆုံညှိနှိုင်းဆွေးနွေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားထားသော်လည်း ဆွေးနွေးခွင့် မရရှိသေးသည့်အတွက် အခြားဈေးများကဲ့သို့ မီးရှို့ခံရမည်ကို စိတ်မအေး ဖြစ်နေရကြောင်း ယင်းဈေးသူဈေးသား များ၏ ပြောကြားချက်အရ သိရသည်။

"အရှေ့မှာတခြားဈေးတွေ မီးရှို့ခံခဲ့ရတဲ့ သာဓကတွေရှိတယ်။ အခုလည်း တိုင်းဒေသကြီးအစိုးရက ဆွေးနွေးညှိနှိုင်းဖို့ စာထုတ် ထားတာတောင် ဆွေးနွေးခွင့် မရသေးဘူး။ ပြီးတော့ ကျွန်တော်တို့ဘက်ကလည်း ပြောင်းရွှေ့မပေးနိုင်ဘူး ပြောထားတဲ့အတွက် မီးရှို့ခံရဖို့က ကျိန်းသေသလောက် ရှိနေပြီ။ အဲဒါကြောင့်  မီးဘေးလုံခြုံရေးအတွက် အရန်မီးသတ်တပ်ဖွဲ့ဝင် သုံးဦးကိုငှားရမ်းထားတယ် "ဟု တာမွေ (ယာယီ)ဈေး ဈေးသာယာရေး အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မတ်လ ၁၀ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည့်စာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် မြေပေါ်တွင် တာမွေမြို့နယ်၊ တာမွေယာယီဈေး ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ စီမံကိန်းပါ အစီအစဉ်ကို ဈေးသူဈေးသားများ၊ ရန်ကုန်မြို့တော် စည်ပင် နှင့် ဂမုန်းပွင့် ကုမ္ပဏီလီမိတက်တို့မှ အကောင်းဆုံးဖြေရှင်းညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက်သွားရန် ညွှန်ကြားထားသော်လည်း ယခုအချိန်အထိ ဆွေးနွေး ရန် ကမ်းလှမ်းမှုတစုံတရာ မရှိခြင်း၊ ပြောင်းရွှေ့လျှင် ဆောက်လုပ်မည့်ဈေးရုံသစ်ပုံစံ ဗီနိုင်းကားချပ်များကို ယခုအချိန်ထိ ဖြုတ်သိမ်းမှုမရှိခြင်း စသည်တို့ ကြောင့် မရွှေ့ပြောင်းရတော့ဟူသော စကားမှာမရေမရာဖြစ်နေကြောင်း ဈေးသူဈေးသားများက ဆိုသည်။

ဈေးအသစ် ပြန်တည်ဆောက်မည်ဟု သတင်းထွက်ပေါ်နေသော ဈေးများမီးလောင်မှု ဆက်တိုက်ဖြစ်ပွားခဲ့သည့်အတွက် ၎င်းတို့ဈေးမီးလောင်မှု မဖြစ်ပွားစေရန် ငှားရမ်းခဲ့ခြင်းဖြစ်ပြီး ဇွန်လမှစတင်ကာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဈေးသာယာရေးအဖွဲ့ဝင်များက ညဘက်တွင် စောင့်ကြပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

"ဈေးသူဈေးသားတွေသာ စိုးရိမ်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့လည်း တာမွေဈေး မီးရှို့ခံရမှာကို ကြောက်နေကြတယ်။ တကယ်လို့ မီးရှို့ ခံရ ပြီဆိုရင် မီးကကြီးလာပြီး ဈေးအပြင် ကျွန်တော်တို့တိုက်ဘက်ပါ မီးကူးလာမှာကို ကျွန်တော်တို့တိုက်မှာ နေတဲ့သူတွေအာလုံး လန့်နေကြတယ်။ ပြီးတော့ စမ်းချောင်း၊ ရှမ်းလမ်းဂွဈေး မီးလောင်တုန်းကဆိုရင် စမ်းချောင်းမီးသတ်နဲ့ ဂွဈေးဆိုတာ တကယ့်နီးနီးလေး၊ ဒါပေမယ့် အရင်ဆုံးရောက်လာတာက မရမ်းကုန်းမီးသတ်လို့ သိရတယ်။ ဒါကို ဘာလို့ထည့်ပြောရတာလဲဆိုတာ နားလည်သဘောပေါက်မှာပါ "ဟု တာမွေ(ယာယီ)ဈေး၏ ဘေးကပ်လျက်တွင် ရှိသည့် လျှပ်စစ်ပစ္စည်းဆိုင် အပေါ်ထပ်တွင် နေထိုင်သူတစ်ဦးကလည်း ၎င်း၏ သဘောထားကို လှစ်ဟပ်ပြသသည်။

"အခုလည်း ဈေးသာယာရေးအဖွဲ့ဝင်များ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များဆိုပြီး စာထွက်လာတယ်။ အဲဒီထဲမှာ ပါတဲ့အချက် တချို့ ကို သဘောမကျဘူး။ ကျွန်တော်တို့ကို ခြိမ်းခြောက်တဲ့သဘော သက်ရောက်နေတယ်။ နောက်တစ်ခုက ဒီစာမှာ ရုံးတံဆိပ်တွေ၊ ဌာနမှူး လက်မှတ်တွေ မပါ တဲ့အတွက် ဒါကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနက ထုတ်တယ်လို့ လက်မခံနိုင်ဘူး" ဟုအဆိုပါ ဈေးသာယာရေး အဖွဲ့ဝင် တစ်ဦးက  ပြောကြားသည်။

အဆိုပါ စာထဲတွင် ဈေးများ ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများ၌ ဝင်ရောက်စွက်ဖက်ခြင်း၊ ဟန့်တားခြင်းမပြုရန်၊ ဈေးများဌာန၏ ညွှန်ကြား ချက်အရ လုပ်ဆောင်နေသော ဈေးတာဝန်ခံ၏ လုပ်ငန်းများအပေါ်တွင် ဝင်ရောက်စွက်ဖက်ခြင်း၊ တားဆီးခြင်း၊ ဟန့်တားနှောင့်ယှက်ခြင်း မပြုရန်၊ ဈေး သာယာရေးအဖွဲ့အနေဖြင့် အထက်ပါ စည်းကမ်းချက်များအား လိုက်နာခြင်း မရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဥပဒေအရ အရေးယူ ဆောင်ရွက်ခြင်း ခံရမည် စသည့်တို့အပါအဝင် အချက်ရှစ်ချက် ပါဝင်ကြောင်း သိရသည်။

ဈေးအသစ်ပြန်တည်ဆောက်မည်ဟု သတင်းထွက်ပေါ်နေသော ဈေးများဖြစ်ကြသည့် တောင်ဥက္ကလာပမြို့နယ် ငွေယမုံဈေး၊ (၁၀) ရပ်ကွက် ဈေးသည် ဧပြီလ ၉ ရက်နေ့တွင်လည်းကောင်း၊ စမ်းချောင်းမြို့နယ် ရှမ်းလမ်းဈေး(ခေါ်) ဂွဈေးသည် မေလ ၁၈ ရက်နေ့တွင် လည်းကောင်း မီးလောင် ကျွမ်းခံခဲ့ရသည်။

Moe Z

-----------------------------------------------------------------------------------------------------------------------------------

တောင်သူများ ချေးငွေပြန်မဆပ်ပါက ဆန်အထူးပြုကုမ္ပဏီ ၉၀ ရာခိုင်နှုန်း ရပ်ဆိုင်း သွားနိုင်

တောင်သူများ ချေးငွေပြန်ဆပ်နိုင်သည့်အတွက် ဆန်အထူးပြုကုမ္ပဏီ ၉၀ ရာခိုင်နှုန်းကျော် ရပ်ဆိုင်းသွားနိုင်သည့် အနေအထား တစ်ရပ်တွင် ရောက်ရှိနေပြီဖြစ်ကြောင်း မြန်မာဆန်စပါးလုပ်ငန်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်ရှိ ကဉ္စနာကျွန်းသာ ဆန်အထူးပြုကုမ္ပဏီသည်လည်း ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်မှ စတင်၍ တောင်သူများ အား စိုက်ပျိုးစရိတ်နှင့် စွမ်းအားစုများထုတ်ချေးခဲ့ရာ ယခုအခါ တောင်သူများမှ ချေးငွေပြန်ဆပ်နိုင်သည့်အတွက် ယင်းကုမ္ပဏီအနေဖြင့် အခက်အခဲ တွေ့ကြုံခံစားနေရကြောင်း ကဉ္စနာကျွန်းသာ ဆန်အထူးပြုကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထို့ပြင် တောင်သူများ ချေးငွေပိုမိုရရှိနိုင်စေရေးအတွက် စပါးသိုလှောင်ရုံများ တည်ဆောက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ယင်းစပါး သို လှောင်ရုံများ တည်ဆောက်ရန် ပြည်တွင်းဘဏ်အတိုးနှုန်း များပြားနေသည့်အတွက် ပြည်ပချေးငွေများဖြင့် တည်ဆောက် သွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ တာဝန်ရှိသူတစ်ဦး ပြောကြားသည်။

“စပါးသိုလှောင်ရုံတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးမှာ အလုံး ၂၀ လောက် တည်ဆောက်သွားမှာပါ။ အဓိကတော့ ဆန်စပါး အများဆုံး ထွက်ရှိ တဲ့ဒေသတွေ ဖြစ်တဲ့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတွေမှာ တည်ဆောက်သွားမှာပါ။ ဒီသိုလှောင်ရုံတွေ တည်ဆောက်ပြီးရင်တော့ လယ်သမား တွေ စပါးအပေါင်ထားပြီးတော့ ပြည်တွင်းဘဏ်တွေမှာ ငွေချေးယူနိုင်မှာပါ”ပာု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်းရှိ တောင်သူလယ်သမားများမှာ လယ်ယာမြေလုပ်သား ရှားပါးခြင်း၊ ရာသီဥတု ဖောက်ပြန်မှုများနှင့် စိုက်ပျိုး စရိတ် ချေးငွေ အလုံအလောက် မရရှိခြင်းကြောင့် လယ်ယာမြေလုပ်ငန်းများ လုပ်ကိုင်ရာတွင် အခက်အခဲ အကြပ်အတည်းနှင့် ရင်ဆိုင်ရလျက် ရှိကြောင်း တောင်သူတစ်ဦးက ပြောကြားသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ပြည်တွင်း ဆိုက်ရောက်ဗီဇာ ၂၇ နိုင်ငံသို့ ပေးပြီ

၂၀၁၂ ဇွန်လ ၁ ရက်နေ့မှ စတင်လုပ်ဆောင်ပေးလျက်ရှိသည့် ဆိုက်ရောက်ဗီဇာအား အမေရိကန်နှင့် အီတလီ နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၂၇ နိုင်ငံကို စတင်ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဆိုက်ရောက်ဗီဇာ ခွင့်ပြုချက်ပေးလိုက်သည့် နိုင်ငံများမှာ အမေရိကန်၊ အီတလီ၊ နယူးဇီလန်၊ နော်ဝေ၊ ဗြိတိန်၊ ဂျာမဏီ၊ ဒိန်းမတ်၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား စသည့်နိုင်ငံများနှင့် အာဆီယံနိုင်ငံများကို ခွင့်ပြုပေးလိုက်ပြီး ဆိုက်ရောက်ဗီဇာ အမျိုးအစားများမှာ လုပ်ငန်းဗီဇာ၊ ပြည်ဝင်ခွင့်ဗီဇာနှင့် ဖြတ်သန်းဗီဇာ တို့ဖြစ်ကြောင်း သိရသည်။

"ခုကျွန်တော်တို့ဆိုက်ရောက်ဗီဇာ အမျိုးအစားသုံးမျိုးကို စတင်ခွင့်ပြုပေးလိုက်ပါပြီ။ ခွင့်ပြုပေးလိုက်တဲ့ ဗီဇာသက်တမ်းတွေကတော့ လုပ်ငန်းဗီဇာ အတွက်ကတော့ ရက် ၇၀၊ ပြည်ဝင်ခွင့်ဗီဇာအတွက်က ၂၈ ရက်နဲ့ ဖြတ်သန်းဗီဇာအတွက် ၂၄ ဆိုပြီး သတ်မှတ်ပေးထားပါတယ်။ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်မှာ စတင်ထုတ်ပေးမှာပါ"ပာု လူဝင်မှုကြီးကြပ် ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဆိုက်ရောက်ဗီဇာကို လက်ရှိအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုတည်းတွင်သာ စတင်ထုတ်ပေးဦးမည်ဖြစ်ပြီး နောက်ပိုင်း အခြေအနေများအပေါ် မူတည်၍ မန္တလေးနှင့် နေပြည်တော်လေဆိပ်များတွင် တိုးချဲ့ထုတ်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

"ခုနိုင်ငံပေါင်း ၂၇ နိုင်ငံကို ဆိုက်ရောက်ဗီဇာခွင့်ပြုလိုက်ပြီဆိုတော့ မြန်မာနိုင်ငံထဲကို နိုင်ငံခြားသားဧည့်သည်တွေ အများအပြား  ဝင်လာတော့ မှာပါ။ နိုင်ငံခြားသားတွေဝင်လာပြီဆိုရင် ပြည်တွင်းက ပိာုတယ်တွေအနေနဲ့ ပာိုတယ်အခန်းတွေအလုံအလောက်ရှိဖို့၊ ဝန်ဆောင်မှုတွေ တိုးမြှင့်ဖို့အတွက် စီစဉ်ရတော့မှာပါ။ ခရီးသွားလုပ်ငန်းကဏ္ဍလည်း တိုးမြင့်လာနိုင်တဲ့အတွက် အားလုံးပြင်ဆင်ထားဖို့ လိုအပ်ပါတယ်"ပာု ပိာုတယ်နှင့် ခရီးသွားလာရေး  ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခင် ၂၀၁၀ ခုနှစ် မေလပိုင်းတွင် မြန်မာနိုင်ငံ၌ ဆိုက်ရောက်ဗီဇာကို ခွင့်ပြုပေးခဲ့သော်လည်း အဆင်ပြေမှု မရှိသည့်အတွက်  လေးလ အကြာတွင် ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

YC

 *****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ကလိုထူးဘောအဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကော်မတီဖွဲ့ပြီ

ထိုင်းအစိုးရမှ မူးယစ်ရာဇာပာု စွပ်စွဲပြောဆိုထားသည့် ဗိုလ်မှူးချုပ် စောလားဘွယ်(ခေါ်)ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်သော ကလိုထူးဘော အဖွဲ့(KKO) သည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကော်မတီကို ယခု မေလဆန်းပိုင်းတွင် စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

“ထိုင်းအစိုးရက မူးယစ်ရာဇာလို့ စွပ်စွဲထားပါတယ်။ ဒါပေမယ့် ဒီမှာက မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ဘာမှ လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိပါဘူး။ ခု ကျွန်တော်တို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီဆိုပြီး ဖွဲ့စည်းလိုက်ပြီ။ ကလိုထူးဘောပိုင် နယ်မြေအတွင်းမှာ မူးယစ်ဆေးဝါးစိုက်ပျိုးတာတွေ၊ သယ်ဆောင်ရောင်းဝယ်တာတွေ လုံးမဝမလုပ်ရပါဘူး”ပာု ကလိုထူးဘောအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မကြာသေးမီကာလအတွင်းက ကလိုထူးဘော(KKO)အဖွဲ့ ဌာနချုပ်တည်ရှိရာ မြဝတီမြို့နယ်အတွင်းရှိ ကော်ဘူးဖွဲခွီးစခန်းတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ပတ်သက်၍ အစည်းအဝေးတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ပြီး ယင်း အစည်းအဝေးဆုံးဖြတ်ချက်များအရ KKO ဒေသခံခေါင်းဆောင်များ ပါဝင်သော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီမှ မူးယစ်ဆေးဝါးဆိုးကျိုးနှင့် ပတ်သက်သော ပညာပေးရေး၊ တားဆီးတိုက်ဖျက်ရေးနှင့် ရောင်းဝယ်သူ များအား အရေးယူခြင်းများကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

“KKO ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီက မူးယစ်ဆေးဝါးသုံးစွဲရင် ဖြစ်လာမယ့်ဆိုးကျိုးတွေကို ပညာပေးလုပ်ငန်းတွေ ဆောင်ရွက် သွားမှာပါ။ ပြီးတော့ ဒီနယ်မြေအတွင်းမှာ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချမှုတွေ တွေ့ရင်လည်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာပါ။ KKO အနေနဲ့ ဒီလုပ်ငန်းစဉ်တွေကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွားမှာပါ”ပာု KKOအဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြား သည်။

၂၀၁၂ ဧပြီ ၂၀ ရက်နေ့တွင် ထိုင်းအစိုးရမှ မူးယစ်ရာဇာ ၂၅ ဦး၏စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာတွင် ကလိုထူးဘော (KKO)အဖွဲ့ ခေါင်း ဆောင် ဗိုလ်မှူးချုပ် စောလားပွယ် ပါဝင်ခဲ့သည့်အတွက် DKBA အဖွဲ့မှ ယင်းကိစ္စနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခဲ့ပြီး ပြန်လည် ငြင်းဆို ခဲ့ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ကချင်ပြည်နယ် ဒုက္ခသည်စခန်းရှိ အမျိုးသမီးငယ်များ လူကုန်ကူးခံရမှုအား တရုတ် လျစ်လျူရှု

ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် KIA အဖွဲ့များမှ ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ဒုက္ခသည်စခန်းများမှ စစ်ဘေးသင့် အမျိုးသမီးငယ်များမှာ တရုတ်နိုင်ငံသို့ ရောင်းစားခံနေရသော်လည်း ယင်းကိစ္စအား တရုတ်အစိုးရက လျစ်လျူရှုထားကြောင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကြားမှာ လူကုန်ကူးမှုဖြစ်စဉ်တွေဖြစ်တယ်ဆိုရင် တရုတ်နိုင်ငံဘက်မှာလည်း လူကုန်ကူးသူ ပွဲစားတွေကို ဖော်ထုတ် ပေးဖို့ တာဝန်ရှိပါတယ်။ ဒါပေမယ့် ဒီကိစ္စကို တရုတ်အစိုးရက မသိချင်ယောင် ဆောင်နေပါတယ်။ ပြီးတော့ လူကုန်ကူးမှု ကိစ္စတွေကို တရုတ်နိုင်ငံက ပြစ်မှု တစ်ခုလို့ မယူဆတဲ့အတွက် ဖမ်းဆီးအရေးယူတာတွေကို ဘယ်တော့မှ လုပ်ဆောင်လေ့မရှိဘူး”ပာု ၎င်းက ပြောကြားသည်။

တရုတ်-မြန်မာ နယ်စပ်ရှိ ကချင်ဒုက္ခသည်စခန်းများမှ အသက် ၁၅ နှစ်နှင့် ၂၀ ကြားအရွယ် ကချင် အမျိုးသမီးငယ်များကို တရုတ်နိုင်ငံသို့ ရောင်း စားရန် လူကုန်ကူးသူပွဲစားများ လာရောက် စည်းရုံးခေါ်ဆောင်လျက်ရှိပြီး တစ်လလျှင် ၂၀ ဦးခန့် တရုတ်နိုင်ငံသို့ ရောင်းစားခံနေရကြောင်း သိရသည်။

“တရုတ်နိုင်ငံမှာက လက်ရှိ အမျိုးသမီးတွေ ရှားပါတယ်။ ဒီတော့ သူတို့ရဲ့အလိုရမ္မက်ကို ဖြည့်နိုင်ဖို့အတွက် နိုင်ငံစုံက အမျိုးသမီးတွေကို တရုတ် နိုင်ငံက လက်ခံပြီး သူတို့ရဲ့ ဇနီးမယားတွေ အတင်းလုပ်ခိုင်းတယ်။ မြန်မာနိုင်ငံက အမျိုးသမီးတွေ လူကုန်ကူးမှုအများဆုံး အလုပ်ခံနေရတဲ့ နိုင်ငံကလည်း တရုတ်နိုင်ငံပဲ။ ဒီကိစ္စကို အစိုးရတွေအနေနဲ့ လျစ်လျူရှု မနေသင့်တော့ပါဘူး။ ဒီကိစ္စကို တားဆီးဖို့အတွက် လုပ်ဆောင်သင့်ပါပြီ”ပာု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း လူကုန်ကူးမှု ၆၄၁ မှုအား ဖော်ထုတ်နိုင်ခဲ့ပြီး လူကုန်ကူးသူ တရားခံ ပေါင်း ၁၈၀၄ ယောက်ကို ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 YC

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“စာနယ်ဇင်း ကောင်စီပေါ်ပေါက်ရေး သီခြားကိစ္စ တစ်ခုသာဖြစ်ပြီး စာပေစိစစ်ရေး ဖျက်သိမ်းတာနဲ့ ဘယ်လိုမှပတ်သတ်မှု မရှိဘူးလို့ သူ့ဘက်က ပြောပါ တယ်။ စိစစ်ရေးဖျက်သိမ်းမယ်လို့ ပြောတာကတော့ တကယ့်မူဝါဒ ဖြစ်မယ်ထင်တယ်။ နိုင်ငံတကာမှာ စာပေလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ထိန်းချုပ် တဲ့ရုံး မရှိတော့ဘူးလို့ ပြချင်ပုံပေါ်တယ်”

ပြည်သူ့ ခေတ်ဂျာနယ် အတွဲ(၂) ၊ အမှတ်(၆၆)ပါ "စာနယ်ဇင်းကောင်စီသည် စိစစ်ရေးကို အစားထိုးခြင်း မဟုတ်ကြောင်း ဦးတင့်ဆွေ ပြောကြား သတင်း"မှ MJU မှ ကိုသက်ထွေး ၏ပြောကြားချက် အပေါ်ကောက် နုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ကုမ္ပဏီပိုင်ရှင် သူဌေးကြီးတွေ  ချမ်းသာသထက် ချမ်းသာအောင် အခြေခံစာရမဲ့ သောက်ရမယ့် တောင်သူတွေရဲ့ ချွေးနဲစာကို လုစားတာလဲ ခံခဲ့ရတယ်။ အခု အစိုးရသစ်လက်ထက်မှာ လယ်ယာမြေကာကွယ်ပေးမယ့် တောင်သူတွေရဲ့ အကျိုးစီးပွားကို စောင့်ရှောက်ရမယ့် ဥပဒေကို မျှော်လင့်နေတာ ရုပ်လုံး ပေါ်လာပြီလို့ပြော ရတော့ မယ်။”

7DayNewsအတွဲ(၁၁)၊အမှတ်(၁၂)ပါ “မုံရွာ-ယာကြီးကားလမ်းဘေးဘေး တောင်သူများ လယ်ယာမြေ ဥပဒေသစ်အရ လယ်ယာမြေ ပိုင်ဆိုင်ခွင့် လျှောက် ထား” သတင်းပါ လယ်ယာမြေဥပဒေသစ်အရ တောင်သူဦးပိုင် လျှောက်ထားသော  မုံရွာ-ယာကြီး ကားလမ်း မိုင်တိုင်အမှတ်၃၂ မှ ဒေသခံ တောင်သူ တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ကျွန်တော်တို့ တိုင်းပြည်သွားနေတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကြားကာလမှာ မပြေလည်မှုတွေ အရေးဆိုတဲ့ကိစ္စကို ငြိမ်းချမ်းစွာ ဖြေရှင်းမပေးနိုင် ဘူးဆိုရင် အဲဒီကနေ ကြီးထွားလာမယ့် တောင်းပွဲ၊ တိုက်ပွဲတွေကနေတဆင့် ကျွန်တော်တို့ အသွင်ကူးပြောင်းရေးကာလကို မထိခိုက်စေချင်ဘူး။ ဒါ အားလုံးမှာ တာဝန်ရှိတယ်”

7Day News အတွဲ(၁၁) ၊ အမှတ်(၁၂)ပါ "ဆက်တိုက်ဆန္ဒပြမှုများအပေါ် စိုးရိမ်မှုများရှိနေ" သတင်းပါ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကို နိုင်၏ ပြောကြားချက်အပေါ် ကောက်နုတ်ချက်

*************************************

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment