Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၈.၆.၂၀၁၂

ပြည်တွင်းသတင်းများ

  1. KNU လူငယ်များ လက်နက်ကိုင်ဆောင်ခွင့် ရရှိမည်
  2. ကုန်သွယ်ရေးဆိုင်ရာ လုပ်ထုံးနှစ်ခု ထပ်မံဖြေလျှော့
  3. မောင်တောတွင် အကြမ်းဖက်မှုများကြောင့် မာရှယ်လောထုတ်ပြန်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. သမ္မတဦးသိန်းစိန်၏ ထိုင်းခရီးစဉ် နှစ်ဖက်အဆင်ပြေချိန် ညှိနှိုင်း၍ သွားရောက်မည်
  2. ၂၀၁၅ အတွက် ဒေါတ်တာတူးဂျာ ပါတီသစ်ထူထောင်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ပြည်တွင်းသတင်းများ

KNU လူငယ်များ လက်နက်ကိုင်ဆောင်ခွင့် ရရှိမည်

အစိုးရနှင့် KNU ကြား ပြည်တွင်းငြိမ်းချမ်းရေး သဘောတူညီချက်များ ရရှိပြီးသော်လည်း KNU တပ်ဖွဲ့ရှိ လူငယ်များအနေဖြင့် လက်နက်       ကိုင်ဆောင်လိုပါက ပုံစံတစ်မျိုးဖြင့် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် KNU မှ လူငယ်များ လက်နက်ကိုင်ဆောင်လိုပါက ကိုင်ဆောင်ခွင့်ပြုနိုင်ရန် KNUမှ တာဝန်ရှိသူများနှင့် အစိုးရငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင်များက ဆွေးနွေးညှိနှိုင်းလျက်ရှိပြီး အစိုးရမှ ငြိမ်းချမ်းရေးရယူပြီးသော ပြည်တွင်းလက်နက်ကိုင်တပ်ဖွဲ့များမှ အသက်ကြီးရင့်သူများ အတွက် ပါတီနိုင်ငံရေး လုပ်ဆောင်နိုင်စေရန်၊ လူလတ်ပိုင်းများအတွက် စီးပွားရေး လုပ်ဆောင်နိုင်စေရန်နှင့် လက်နက်ကိုင်ချင်သော လူငယ်များအတွက် နည်းလမ်းတစ်မျိုးဖြင့် လက်နက်ကိုင်ဆောင်ခွင့်ရရှိနိုင်စေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“KNU အဖွဲ့က လူငယ်တွေကို လက်နက်ကိုင်ဆောင်ခွင့်ပြုတယ်ဆိုတာ KNU အဖွဲ့က ရည်ရွယ်ချက်ဖြစ်တဲ့ ကရင်လက်နက်၊ ကရင်လက်ထဲတွင် သာရှိရေးဆိုတဲ့ ခံယူချက်ကို ဖြည့်ဆည်းပေးတာပါ။ ငြိမ်းချမ်းရေးရရှိပြီးတဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေအတွက် လွတ်လပ်စွာနေထိုင်ခွင့်နဲ့ လွတ်လပ် စွာ လုပ်ကိုင်စားသောက်ခွင့်တွေကိုလည်း လုပ်ဆောင်ပေးဦးမှာပါ”ပာု ပြည်ထောင်စုအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးထားသည့် KNU တိုင်းရင်းသား လက်နက်ကိုင်များအကြား လိုက်နာရမည့်ကျင့်ဝတ်များကို အသေးစိတ်ဆွေးနွေးတိုင်ပင်၍ စောင့်ကြည့်လေ့လာရေးအဖွဲ့များကို ထားရှိပြီး ယခုကဲ့သို့ တပ်နှစ်တပ်ကြား လေ့လာစောင့်ကြည့်ရေးအဖွဲ့များ ထားရှိရခြင်းမှာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန်ထိန်းကျောင်းမှု ရှိနိုင်စေရန်နှင့် နားလည်ယုံကြည်မှု များ ပိုမိုရရှိလာနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အပြင် ပြည်တွင်း လက်နက်ကိုင်တိုင်းရင်းသားတပ်များနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ပြုလုပ်ခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------

ကုန်သွယ်ရေးဆိုင်ရာ လုပ်ထုံးနှစ်ခု ထပ်မံဖြေလျှော့

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍ မြင့်တက်လာနိုင်စေရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၂၀၁၂ ဇွန်လ ၂ ရက်နေ့မှ စတင်၍ ကုန်သွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှစ်ခုအား ထပ်မံဖြေလျော့မှုများ ပြုလုပ်ပေးခဲ့ကြောင်းနှင့် ယင်းသို့ ထပ်မံလျှော့ချပေးခဲ့ခြင်းသည် ကုန်သွယ်ရေး ဆိုင်ရာ လုပ်ထုံးလုပ်နည်းနှစ်ခုမှ ကုန်သွယ်ခွင့်လိုင်စင် လျှောက်ထားရာ၌ LC (Letter of Credit) နှင့် TT (Telegraph Transfer) တို့အား ခွင့်ပြုခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“လိုင်စင်လျှောက်တဲ့အခါ LC(Letter of Credit) နဲ့ရော TT(Telegraph Transfer) နဲ့ပါ ခွင့်ပြုလိုက်ပြီ။ နောက် ပစ္စည်းဝယ်တဲ့နိုင်ငံ ပြောရင်ရပြီ။ မြို့ရေးစရာ မလိုတော့ဘူး”ပာု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားကြောင်း ပြည်တွင်း အပတ်စဉ်ထုတ် 7dayဂျာနယ်တွင် ဖော်ပြပါရှိသည်။

ထိုသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကုန်သွယ်ခွင့်လုပ်ထုံးလုပ်နည်းနှစ်ခုကို လျှော့ပေါ့ခွင့်ပြုပေးခဲ့သော်လည်း ယခုကျင့်သုံး သည့်စနစ်မှာ ပစ္စည်းများဝယ်ယူရာတွင် နှစ်ရင်းထည့်၍ လုပ်ဆောင်နေရလျက်ရှိနေသေးကြောင်း ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“နိုင်ငံတကာမှ ကျင့်သုံးနေတဲ့စနစ်က ပိုက်ဆံရောက်ပြီးမှ သင်္ဘောတင်ပေးတဲ့စနစ်၊ အခု ဒီမှာခွင့်ပြုတာက ပစ္စည်းရောက်မှ ပိုက်ဆံ ပေးတဲ့စနစ် ဖြစ်နေတယ်။ ဒါကြောင့် ပစ္စည်းဝယ်ရင် နှစ်ရင်းတော့ထည့်ရတယ်။ အရင်လို စင်္ကာပူဘဏ်တွေကိုတော့ သိပ်အားကိုးစရာ မလိုတော့ဘူး”ပာု Farmer Auto ကားအရောင်းစင်တာမှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာစိုးထွန်းက ပြောကြားကြောင်း အဆိုပါဂျာနယ်၌ ဖော်ပြပါရှိသည်။

ထိုသို့ အခက်အခဲများ ရှိနေသေးသော်လည်း ပစ္စည်းဝယ်ယူရာတွင် နိုင်ငံတစ်ခုတည်းကိုသာ ဖော်ပြခွင့်ပေးသည့် စနစ်ဖြစ်သည့်အတွက် ကုန်သွယ်မှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အကျိုးရှိနိုင်မည်ဖြစ်ကြောင်း ကုန်သည်များက ဆိုသည်။

Ref:7Day News

--------------------------------------------------------------------------------------------------------------------------------

မောင်တောတွင် အကြမ်းဖက်မှုများကြောင့် မာရှယ်လောထုတ်ပြန်

ဇွန်လ ၈ ရက်နေ့ ညနေပိုင်းအချိန်မှစတင်၍ ရခိုင်ပြည်နယ်၏ နယ်စပ်မြို့များဖြစ်သည့် မောင်တော၊ ဘူးသီးတောင်နှင့် စစ်တွေမြို့နယ်များ၌ ဘင်္ဂလီများ၏ လူမျိုးရေးအဓိကရုဏ်းများအားအခြေခံ၍ မီးရှို့အကြမ်းဖက်မှုများကြောင့် လူသေဆုံးမှုများ ဖြစ်ပွားလျက်ရှိနေကြောင်း မောင်တောမြို့တွင် နေထိုင်သည့် ဒေသခံတစ်ဦး၏ ပြောကြားချက်အရသိရသည်။

"မောင်တောမြို့နယ်မှာရှိတဲ့ လူထောင်ချီရှိသော ဘင်္ဂါလီရိုဟင်ဂျာများမှ မြို့တော်ခန်းမအနီးကအိမ်တွေကို ဒီနေ့မွန်းလွဲပိုင်းကစပြီး မီးရှို့ဖျက်ဆီး နေကြတာ။ ဒေသခံတွေအားလုံးလည်း ကိုယ့်အိမ်မှာကိုယ်မနေရဲတော့ပဲ နီးစပ်ရာဘုန်းကျောင်းတွေမှာ သွားနေရတယ်။ မောင်တောမြို့မှာ စုစုပေါင်းဘုန်း ကြီးကျောင်း ၁၀ ကျောင်းလောက်ရှိတယ်။ ပြီးတော့ ဘင်္ဂလီတွေကဆိုင်ခန်းတွေနဲ့ ဘုန်းကြီးကျောင်းတစ်ချို့ကိုလည်း ခဲတွေနဲ့ပေါက်ကြတယ်"ဟု ၎င်းက ပြောကြားသည်။

ယင်းကဲ့သို့ မောင်တောမြို့နယ်၌ အခြေအနေဆိုးဝါးနေသည့်အချိန်တွင် သက်ဆိုင်ရာစစ်တပ်မှ အင်အား ၂၀၀ခန့်မှ အခြေအနေငြိမ်သက်စေရန်အတွက် သေနတ်များမိုးပေါ်ထောင်ပစ်၍ လူစုခွဲမှုများပြုလုပ်သော်လည်း လူစုမှာကွဲမသွားပဲ ဆက်လက်၍ ဖြစ်ပွားနေသည်ဟုလည်း အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

ထို့နောက် ဘူးသီးတောင်မြို့နယ်တွင် အကြမ်းဖက်ဖြစ်ပွားမှုသည် ဇွန်လ ၈ရက်နေ့ နေ့လည်ပိုင်းမှစတင်၍ အကြမ်းဖက်မှုများ ဖြစ်ပွားလျက်ရှိပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့များမှ မျက်ရည်ယိုဗုံးများဖောက်ခွဲ၍ လူစုခွဲခဲ့ရပြီးစစ်တွေမြို့နယ်၌လည်းလူစုလူဝေးဖြင့် ဖြစ်ပွားလျက်ရှိကြောင်းသတင်းရရှိသည်။

"ဘူးသီးတောင်မှာဆိုမနက်တည်းကဖြစ်တာ။ ရဲတွေကလည်းမျက်ရည်ယိုဗုံးတွေခွဲပြီးလူစုခွဲရတယ်။ ဒါပေမယ့်မရဘူး။ မောင်တောမှာဆိုရင် ရဲအမျိုးသားတစ်ယောက် သေသွားတယ်။ သုံးယောက်ဒဏ်ရာရတယ်။ ပြီးတော့ မောင်တောမှာ ညနေငါးနာရီကနေစပြီး အထက်ကပစ်မိန့်ပေးလိုက်လို့ စပစ်ပြီး လူစုခွဲနေပြီ။ အဲဒီတော့ ကျန်တဲ့ပြည်သူတွေကလွတ်ရာကိုပြေးတယ်။ အဲဒီပြေးတဲ့လူတွေကို ဒေါ်လာဝယ်ရောင်းလုပ်နေတဲ့ ဇော်ဟိန်းဆိုတဲ့လူက လူအင်အား ၁၀ယောက်နဲ့ သူနေတဲ့တိုက်အပေါ်ကနေပြီး အဲဒီလူအုပ်ထဲကိုသေနတ်နဲ့ ပစ်နေတာတွေလည်းရှိတယ်။ နောက်ပြီးမောင်တောနဲ့ တစ်မိုင် လောက်ဝေးတဲ့ ဗိုလ်မင်းကျေးရွာဆိုရင် တစ်ရွာလုံးနီးပါးမီးရှို့လို့ ကုန်ခါနီးဖြစ်နေပြီ"ဟုမောင်တောဒေသခံတစ်ဦးက ပြောကြားသည်။

အဆိုပါ မောင်တောမြို့နယ်၌ လူမျိုးရေးအဓိကရုဏ်းနှင့် ပတ်သက်၍ အကြီးအကျယ်လှုပ်ရှားမှုတစ်ခု ဖြစ်ပွားလျက်ရှိပြီး သက်ဆိုင်ရာစစ်တပ်အဖွဲ့ မှလည်း သေနတ်ဖြင့်ပစ်ခတ်၍ လူစုခွဲမှုများပြုလုပ်နေကြောင်းနှင့် ပြည်သူအချို့မှလည်းလက်နက်ကိုင်၍ ပြည်သူအချို့အားပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း သိရပြီး ယင်းသို့ ပြည်သူများနှင့် သက်ဆိုင်ရာစစ်တပ်များသို့ ပြန်လည်ပစ်ခတ်နေသည့်အဖွဲ့နှင့် ပတ်သက်၍လည်း ယခင်အချိန်ခန့်က မောင်တောမြို့နယ် နှင့် ဘူးသီးတောင်ကြားရှိ ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ လက်နက်မှောင်ခိုရောင်းဝယ်မှုသတင်းနှင့် ပတ်သက်၍ ဖော်ပြဖူးကြောင်း သတင်းများအရသိရသည်။

ယင်းအဖြစ်အပျက်များနှင့် ပတ်သက်၍ ၈၈မျိုးဆက်ကျောင်းသားများဖြစ်သည့် ကိုကိုကြီး၊ ကိုမင်းကိုနိုင်နှင့် ကိုမြအေးတို့မှ သတင်းစာရှင်းလင်းပွဲ တစ်ခုအား ဇွန်လ ၈ရက်နေ့ ညနေ ၄နာရီအချိန်ခန့်၌ ပြုလုပ်သွားခဲ့ကြောင်းသိရသည်။

"အခုဖြစ်နေတဲ့ပြဿနာက မြန်မာမူဆလင်တွေနဲ့ မြန်မာနိုင်ငံသားဗုဒ္ဓဘာသာဝင်တွေရဲ့ အဓိကရုဏ်းလို့ မသတ်မှတ်နိုင်ဘူး။ အဖြစ်လည်း အဖြစ် မခံနိုင်ဘူး။ တကယ်တော့ ရိုဟင်ဂျာဆိုတာ သွင်ပြင်လက္ခဏာအရရော သမိုင်းကြောင်းအရရော ကျွန်တော်တို့တိုင်းရင်းသားမဟုတ်ဘူးဆိုတာ သိပြီးသားပါ။ ဒါပေမယ့် မြန်မာနိုင်ငံက ဒီရိုဟင်ဂျာတွေကိုဒုက္ခသည်တွေအနေနဲ့ လူသားချင်းစာနာလို့ လက်ခံထားတာပဲရှိပါတယ်။ ကျွန်တော်တို့ စိုးရိမ်တာက ကျွန်တော် တို့ လူမျိုးအချင်းချင်း အဓိကရုဏ်းတွေဖြစ်အောင် လှုံ့ဆော်နေတဲ့ ပယောဂတွေကြောင့် သွေးကြောင်းစီမှာကိုပဲ။ အဲဒါကအရေးကြီးဆုံးအချက်ပါ။ ပြီးတော့ သတင်းမီဒီယာတွေအနေနဲ့ မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အဓိကရုဏ်းလို့ ခေါင်းစဉ်မတပ်ကြစေပဲ အဓိကကတော့ သတင်းမီဒီယာတွေအနေနဲ့ ထိန်း ကျောင်းပေးဖို့က ပိုပြီးအရေးကြီးပါတယ်။ အင်တာနက်စာမျက်နှာတွေပေါ်မှာလည်း ဉာဏ်အမြော်အမြင်ကြီးကြီးနဲ့ ထိန်းကြဖို့ ကိုယ့်မျက်နှာမမြင်ရတိုင်း မမြှောက်ပေးကြဖို့ အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခြားနေရာဒေသတွေမှာက ဗမာလူမျိုးတွေများတဲ့နေရာရှိသလို မူဆလင်တွေများတဲ့နေရာ ရှိတဲ့အတွက် အင်အားများတဲ့လူက ခြိမ်းခြောက်မှုမျိုးတောင် မဖြစ်သင့်ပါဘူး။ ကျွန်တော်တို့အနေနဲ့ကလည်း နီးစပ်ရာနေရာတွေကနေစပြီး ကာကွယ်ကြဖို့ လုပ်ဆောင်ကြတော့မှာပါ"ဟု ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ ပြောကြားသည်။

ထို့ပြင် ၎င်းတို့အနေဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍ လိုအပ်ပါက ကြေညာချက်ထုတ်ဖို့ရှိသလို ကိန်းဂဏန်းများအနေဖြင့် ပိုမိုတိကျအောင် ဖော်ထုတ် သွားဖို့လည်းရှိသေးကြောင်း ၎င်းမှ ဆက်လက်ပြောကြားသည်။

ထို့နောက် ယင်းလှုပ်ရှားမှုများနှင့် ပတ်သက်၍ မောင်တောမြို့ခံတစ်ချို့ ထိခိုက်ဒဏ်ရာရရှိသောကြောင့် နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်၍ ကုသ ထားရပြီး ဖြစ်ပွားနေသည့် မြို့နယ်အသီးသီးမှ ထိခိုက်ဒဏ်ရာရရှိသည့် လူစာရင်းနှင့် ပတ်သက်၍ အတိအကျမသိရှိရသေးသော်လည်း ဆက်သွယ်ရေး လိုင်းများအား ဖြတ်တောက်ထားခြင်းများရှိကြောင်း၊ နိုင်ငံတော်သမ္မတရုံးမှ ဇွန် ၈ ရက်နေ့၌ အမိန့်ကြေညာချက်အမှတ် ၁/၂၀၁၂ ဖြင့် ည ၈နာရီမှ မနက် ၆နာရီအထိ ညမထွက်ရအမိန့်ကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄အား မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးမှူးဦးစီးဋ္ဌာနမှ ထုတ်ပြန်ကြောင်း သတင်းများအရ သိရသည်။

ထို့ပြင် နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ မိတ္ထီလာလေတပ်စခန်းသို့ တင့်ကား ၄ စင်းနှင့် စစ်ဖက်သုံးရဟတ်ယာဉ် နှစ်စင်း စေလွှတ်ရန် ညွှန်ကြား ထားကြောင်း တိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သူတစ်ဦးထံမှသတင်းရရှိသည်။

ATM

***********************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

သမ္မတဦးသိန်းစိန်၏ ထိုင်းခရီးစဉ် နှစ်ဖက်အဆင်ပြေချိန် ညှိနှိုင်း၍ သွားရောက်မည်

မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်လည်ပတ်နိုင်ရန် မြန်မာ-ထိုင်း နှစ်ဖက်အဆင်ပြေချိန် ညှိနှိုင်း၍ သွားရောက်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းမီဒီယာများတွင် ဖော်ပြပါရှိသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် (၂၁)ကြိမ်မြောက် အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ်နှင့် ပတ်သက်၍  ထိုင်းနိုင်ငံသို့ ဘန်ကောက်မြို့သို့ ချစ်ကြည်ရေးခရီးသွားရောက်ရန် နှစ်ဖက်အစိုးရချင်းညှိနှိုင်း၍ စီစဉ်ခဲ့သော်လည်း ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် ဖြစ်ပွားလျက်ရှိသော စက်ရုံအလုပ်ရုံ များမှ အလုပ်သမားဆန္ဒပြမှုများ၊ လျှပ်စစ်မီး အပြည့်အဝရရှိရေး ဆန္ဒပြမှုများအား အေးချမ်းစွာဖြေရှင်းပေးနိုင်ရန် ဆောင်ရွက်နေသော သက်ဆိုင်ရာ တာဝန်ရှိသူများကို ကြီးကြပ်လမ်းညွှန်မှုပေးရေးအတွက် ပြည်တွင်း၌ရှိနေရန် လိုအပ်သောကြောင့် ထိုင်းခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာခဲ့ကြောင်း နိုင်ငံပိုင်သတင်းမီဒီယာဝက်ဆိုဒ်များ၏ ဖော်ပြချက်အရ သိရှိရသည်။

ထိုသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံသို့သွားရောက်မည့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့သည့်အတွက် ၂၀၁၂ ဇွန်လ ၆ ရက်နေ့တွင် ထိုင်း နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆူရာပွန်တိုဝီချက်ချိုင်းကူလ်က မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်၍ ခရီးစဉ်ဖျက်သိမ်းမှုအပေါ် စိတ်မကောင်းပါ ကြောင်းနှင့် နှစ်ဖက်အဆင်ပြေချိန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး ထပ်မံလာရောက်စေလိုကြောင်း ဖိတ်ကြားခဲ့သည့်အတွက် နိုင်ငံတော်သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်ကို နှစ်ဖက်အဆင်ပြေချိန် ညှိနှိုင်းပြီး သွားရောက်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများတွင် ထုတ်ပြန်ကြေညာခဲ့သည်။

                YC

-----------------------------------------------------------------------------------------------------------

၂၀၁၅ အတွက် ဒေါတ်တာတူးဂျာ ပါတီသစ်ထူထောင်မည်

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင်တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သည့် ဒေါက်တာတူးဂျာသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ပါတီသစ်တစ်ခု တည်ထောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ပါတီသစ်တစ်ခုတည်ထောင်ဖို့ စီစဉ်နေပါတယ်။ အချင်းချင်းယုံကြည်မှုရှိတဲ့သူတွေကို ရွေးချယ်ပြီး ပါတီသစ်ထူ ထောင်သွားမှာပါ”ပာု ဒေါက်တာ တူးဂျာက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၂ ဧပြီ ၁ ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် နယ်မြေလုံခြုံရေးအရ ကချင်ပြည်နယ်အတွင်း ကြားဖြတ် ရွေးကောက်ပွဲကျင်းပရန် ယာယီရွှေ့ဆိုင်းခဲ့ရခြင်းကို ပြန်လည်ကျင်းပရန် မရှိတော့ပါက ကချင်တိုင်းရင်းသား ပါတီသစ်တစ်ခု တည်ထောင်သွားမည် ဖြစ်ကြောင်း ဒေါက်တာတူးဂျာက ဆက်လက်ဆိုသည်။

“ကြားဖြတ်ရွေးကောက်ပွဲ ပြန်ကျင်းပမယ်ဆိုရင်တော့ ရွေးကောက်ပွဲပြန်ဝင်ဖို့ ပြန်ပြင်ဆင်ရတော့မှာပေါ့။ ရွေးကောက်ပွဲ ပြန်မကျင်းပတော့ဘူး ဆိုရင်တော့ ကချင်တိုင်းရင်းသားပါတီ ထောင်မယ်။ နိုင်ငံရေးဝါသနာပါတဲ့ လူတွေနဲ့ ညှိနှိုင်းဆွေးနွေးရမယ်။ ကိုယ်နဲ့အတူ လုပ်ကိုင်နိုင်မယ့်လူတွေကို ရွေးပြီး အဓိကဖွဲ့စည်းသွားမယ်။ အသစ်ပြန်ပြီး စည်းရုံးရမှာပေါ့။ အချင်းချင်း ယုံကြည်မှုရှိတဲ့ လူတွေနဲ့ ပေါင်းရမှာပဲ”ပာု ဒေါက်တာတူးဂျာက ပြောကြား ခဲ့ကြောင်း ပြည်တွင်းသတင်းဖော်ပြ ချက်များအရ သိရသည်။

ဒေါက်တာတူးဂျာသည် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တွင် ၂၀၀၉ ခုနှစ်ထိတိုင် ဒုဥက္ကဋ္ဌရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ကချင်တိုးတက်ရေးပါတီကို မှတ်ပုံတင်ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ပါတီ တည်ထောင်ခွင့် ပိတ်ပင်ခဲ့သည့်အတွက် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

YC

***********************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာ အလုပ်ရှင်ရယ်၊ အလုပ်သမားရယ်၊ နိုင်ငံတော်ရယ်ဆိုတာက တစ်ယောက်နဲ့တစ်ယောက် ပြဿနာ တော်တော်နည်းပါတယ်၊ အလုပ်သမားအတွက်လည်း အကျိုးရှိ အလုပ်ရှင်အတွက်လည်း အကျိုးရှိ နိုင်ငံတော်အတွက်လည်း အကျိုးရှိဆိုတဲ့ ကိုယ်ကျင့်သိက္ခာ ကောင်းမွန်တဲ့စနစ်နဲ့ နိုင်ငံတကာမှာ သွားနေတာ၊ ကျွန်တော်တို့အချင်းချင်း ပြဿနာတွေ ဖြစ်နေမယ်ဆိုရင် ရှေ့ကို ရောက်နိုင်မှာမဟုတ်ဘူး။ ပြည်သူလူထုရဲ့ အကျိုးကို ကျွန်တော်တို့ ဗဟိုပြုကြမယ်။ နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကျွန်တော်တို့ ရှေးရှုကြမယ်။ လုပ်ငန်းရှင်တွေကို ကျွန်တော်မေတ္တာရပ်ခံချင်တာက လုပ်ငန်း ရှင်တွေအနေနဲ့ အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်မှုကို လုံးဝရှောင်ရှားကြပါလို့ မေတ္တာရပ်ခံပါတယ်။ တစ်ချို့လုပ်ငန်းရှင်တွေအနေနဲ့ အတွေ့အကြုံ   မရှိတဲ့အခါမှာ စက်မှုတော်လှန်ရေးခေတ်တုန်းကလိုပဲ စိတ်ထဲက ရှိကောင်းရှိနေနိုင်ပါတယ်။ ဒါတွေကိုလည်း ရှောင်ရှားရမယ်။

ဇွန်လ(၇)ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၂)၊ အမှတ်(၅၇) တွင်ပါသော "အလုပ်သမားများ အခွင့်အရေး အပြည့်အဝရရှိရေး အလွှာ အသီးသီးမှပုဂ္ဂိုလ်များ ပထမဆုံးအကြိမ် ဆွေးနွေးကြပြီ"သတင်းမှ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

အလုပ်သမားတွေမှာ လုပ်အားခမှလွဲပြီး တခြားဘာမှ အားကိုးစရာမရှိပါဘူး။ ဆန္ဒပြတာ ရက်ရှည်လာတာနဲ့အမျှ သူတို့စားဝတ်နေရေး၊ သောက်သုံးရေက အစ အခက်အခဲရှိပါတယ်။ ကျွန်တော်ဆိုလိုတာက အလကားနေ တောင်းဆိုတာမဟုတ်ပါဘူး။ သူတို့ဆန္ဒပြရတဲ့ အကြောင်းအရင်းကို ကျွန်တော်တို့ လေး လေးနက်နက် လက်ခံစဉ်းစားဖို့က နံပါတ်တစ် အရေးကြီးပါတယ်။ ဆာလောင်သူတွေကို ဆူလောင်သူတွေအဖြစ် သဘောမထားကြဖို့ အရေးကြီးပါတယ်။ အရင်ဆုံးကတော့ ပြဿနာကို ပြဿနာအဖြစ် လက်ခံဖို့က နံပါတ်တစ်ပါ၊ ပြဿနာကို ပြဿနာအဖြစ် လက်မခံခြင်းကိုက ပြဿနာပါ။

ဇွန်လ(၇)ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၂)၊အမှတ်(၅၇) တွင်ပါသော "အလုပ်သမားများ အခွင့်အရေး အပြည့်အဝရရှိရေး အလွှာ အသီးသီးမှပုဂ္ဂိုလ်များ ပထမဆုံးအကြိမ် ဆွေးနွေးကြပြီ"သတင်းမှ အလုပ်သမားဝန်ကြီး ဦးကိုကိုကြီး၏ ပြောကြားချက်အပေါ် ကောက်နှုတ် ချက်

-----------------------------------------------------------------------------------------------------------------------------------

ရင်းနှီးမြှပ်နှံမှုကို ကျွန်တော်တို့က ဖိတ်ခေါ်ပါတယ်။ဘာ့ကြောင့်လဲ ခုနတုန်းက ဦးကိုကိုကြီးတို့ ဆွေးနွေးသွားသလို ကျွန်တော်တို့ပြည်သူတွေ အလုပ်ရချင် လို့ ကျွန်တ်ေအလွန်ဝမ်းနည်းတဲ့ အကြောင်းအရာတစ်ခု ရှိပါတယ်။ ဒီဒေသမှာ ကျွန်တော်တို့တိုင်းပြည် ဆင်းရဲနေတုန်း ဒါကြောင့် ကျွန်တော်တို့လူတွေ ဒီဒေသမှာ ဆင်းရဲမှုလျော့ဖို့အတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ဖန်တီးရမယ်လို့ ယုံကြည်တဲ့အတွက်ကြောင့် ကျွန်တော်တို့က ရင်းနှီးမြှပ်နှံမှုတွေ ဖိတ်ခေါ်တယ်။ ရင်းနှီးမြှပ်နှံမှုတွေရတဲ့အခါ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးပါ လူတစ်ထောင်အလုပ်ရတယ်။ လူနှစ်ထောင် အလုပ်ရတယ်။ လူသုံးထောင်အလုပ်ရတယ်။ ကျွန်တော်ပျော်တယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့တိုင်းရင်းသားတွေကို ခင်ဗျားတို့မနှိပ်စက်ပါနဲ့။ အလုပ်သမားမရှိ ဘဲနဲ့ စက်ရုံမရှိပါဘူး၊ အလုပ်သမားရှိမှ ခင်ဗျားတို့လည်းရှိမှာ၊ ခင်ဗျားတို့ ကြီးပွားတိုးတက်ဖို့ကလည်း အလုပ်သမားတွေကောင်းမှ တိုးတက်မှာ၊ ခင်ဗျားတို့ ကျွန်တော်တို့ သားသမီးတွေလို စာနာပါ၊ စောင့်ရှောက်ပါ၊ ညှာတာပါ၊ လူလိုသဘောထားပါ။ ဒီနေ့တင်ပြတာတွေအားလုံးကို ကျွန်တော်တို့က ဖိတ်ခေါ်ပါ တယ်၊ ကျွန်တော်တို့ နားထောင်ရမယ်၊ အဲဒီတော့ ပြောကြဆိုကြ၊ ဆွေနွေးကြ၊ ဒါလုပ်ရမယ့်အလုပ်တွေ၊ အဲဒီနားခါးတာကိုက ကျွန်တော်တို့က ကြိုက်နေ ရမှာ၊ အဲဒါကိုနားထောင်တတ်ရင် ခင်ဗျားတို့ ဒီမိုကရေစီရောက်ပြီ။

ဇွန်လ(၇)ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၂)၊ အမှတ်(၅၇) တွင်ပါသော "အလုပ်သမားများ အခွင့်အရေး အပြည့်အ၀ရရှိရေး အလွှာ အသီးသီးမှ ပုဂ္ဂိုလ်များ ပထမဆုံးအကြိမ်ဆွေးနွေးကြပြီ"သတင်းမှ အလုပ်သမားဝန်ကြီး ဦင်္းစိုးသိန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ် ချက်

***********************************

 

 

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment