Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၂.၆.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. စင်ကာပူသည် အတုယူရမည့်နိုင်ငံ မဟုတ်

*****************************************

ဆောင်းပါးကဏ္ဍ

စင်ကာပူသည် အတုယူရမည့်နိုင်ငံ မဟုတ်

(ဇွန်လ (၁၃)ရက်နေ့ထုတ် Open Naws ဂျာနယ် တွင်ပါရှိသည့် ဆောင်းပါးမှ ကူးယူဖော်ပြချက်)

(Source;By William Barnes atime.online/5 June 2012)

မည်သို့သောနိုင်ငံဖြစ်စေ ကာလတစ်ခု၌ ပြုပြင်ပြောင်းလဲမှုဆိုသည့် အခြေအနေမျိုးနှင့် ရင်ဆိုင်ရတတ်ပါသည်။ ကုန်သွယ်မှုပုံစံပြောင်း၊ မူဝါဒ ပြုပြင် (သို့မဟုတ်) ဘဏ္ဍာရေးစနစ်ပြောင်းလဲ စသည်ဖြင့် အချို့နိုင်ငံများသည် ကဏ္ဍအလိုက် အစိတ်အပိုင်းအလိုက် ပြုပြင်ကြရသည်။ အချို့သောနိုင်ငံ ကမူ နိုင်ငံ၏မူဝါဒတစ်ရပ်လုံး  ပြောင်းလဲကြရသည်။ ထိုအခါမိမိတို့နှင့် ပထဝီဝင်တူသည့် ယဉ်ကျေးမှုနီးစပ်သည့်နိုင်ငံ မြဲမြံသော ဖွံ့ဖြိုးတိုးတက်မှု လမ်း ကြောင်းပေါ်ရောက်နေသည့် နိုင်ငံတို့၏ပုံစံကို နမူနာအဖြစ် ယူတတ်ကြသည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ မည်သို့မျှ တစ်ထပ်တည်းမကျနိုင်။ ကွဲပြားမှုက ရှိကို ရှိနေတတ်သည်။ ထိုအခါ လိုတိုး၊ ပိုလျှော့ ဖြည့်စွက်တီထွင် ဖန်တီးရန်အတွက် စီစဉ်ကြရသည်။ ဆွေးနွေးကြရ၊ တိုင်ပင်ကြရ၊ အပြန်ပြန်အလှန်လှန် တိုင် ပင်ကြရ၊ အပြန်ပြန်အလှန်လှန် ဆွေးနွေးကြရသည်။ ဤအချိန်ကာလ၌ နှေးကွေးသည့် အဖြေမထွက်၍ လောဆော်၍မရ။

ဤနေရာ၌ အနီးစပ်ဆုံးနိုင်ငံတစ်ခုကို နမူနာအဖြစ် ယူလေ့ယူထရှိသည်။ အာရှဒေသ (သို့မဟုတ်) အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် နမူ နာယူကာ ဖွံ့ဖြိုးမှုပုံစံ ယူလိုသည့်နိုင်ငံမှာ စင်ကာပူဖြစ်ပါ၏။ စင်ကာပူနိုင်ငံ၏ပုံစံကို မိမိတို့နိုင်ငံ၌ အတုယူ၍ ရပါ့မည်လား။ ဤအချက်က အဓိကကိစ္စ ဖြစ် သည်။ နှစ် ၂၀ကျော် နှစ် ၄၀မက နိုင်ငံတကာနှင့် အဆက်ပြတ်၊ ကန့်သတ်မှုပေါင်း မြောက်များစွာနှင့် နေခဲ့ရသော နိုင်ငံတစ်ခုအဖို့ ရုတ်တရတ် တံခါးဖွင့် လိုက်သည်နှင့် ရှေးဦးစွာ လေတိုးခံရမည်က သေချာသည်။

လေနှင့်အတူပါလာမည့် မြင်ရသည့် ဖုန်၊ သဲများ။ မမြင်ရသည့် ပိုးမွှားကောင်လေးများ ပြတင်းတံခါးဘောင်ပေါ်၌ ရပ်နားကာ အိမ်အတွင်းကို မသိမသာ ငဲ့စောင်းကြည့်မည့် ကျီးကန်း၊ အရိပ်သုံးပါးနားမလည် အကင်းမပါးသည့် ခိုများပုံစံက တစ်မျိုး။ ယင်းသို့သော ပုံစံအမျိုးမျိုးကို တံခါးဖွင့်မည့် စီးပွားဖွံ့ဖြိုးလိုသည့် နိုင်ငံများ ကြုံတွေ့ ရမည်က အသေအချာ ဖြစ်ပါ၏။

အာရှဒေသ၏ စီးပွားရေးမျက်နှာစာ၊ စစ်ရေးအရမျက်နှာစာသည် စင်ကာပူနိုင်ငံဖြစ်လာနေပြီဖြစ်၏။ အမေရိကန်နိုင်ငံသည် အရှေ့တောင်အာရှ ဒေသဘက်သို့ ဦးလှည့်နေပြီဖြစ်သည်။ တစ်ချိန်တည်းတွင် တောင်တရုတ်ပင်လယ် (South China Sea) ဒေသအတွင်း၌ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှု ကလည်း အဖြေတစ်ခုထွက်လာနိုင်ဖွယ်က အလှမ်းဝေးနေသေးသည်။ ထိုအခါ အာရှဒေသ၏ ဖွံ့ဖြိုးဆုံးနိုင်ငံလည်းဖြစ် ပင်လယ်သမုဒ္ဒရာ ဝိုင်းပတ်နေ သည့် နိုင်ငံလည်းဖြစ်သည့် စင်ကာပူသည် ယနေ့အခါ အရေးပါသည့်နိုင်ငံ ဖြစ်နေပြီဖြစ်၏။ တစ်ချိန်တည်း အာရှဒေသမှ ဖွံ့ဖြိုးမှုတာဆူလာသည့် နိုင်ငံများ ကလည်း စင်ကာပူ၏ ဖွံ့ဖြိုးမှုမျိုးကို လိုလားကြသည်။

နမူနာအဖြစ် "မြန်မာနိုင်ငံသည် စင်ကာပူနိုင်ငံနှင့်နှိုင်းယှဉ်၍ စင်ကာပူနိုင်ငံကဲ့သို့ ဖြစ်ရမည်" ဟူသော အသံစုံကို နေရာပေါင်းစုံ အလွှာပေါင်းစုံမှ ပေါ်ထွက်လာသည်။ မြန်မာနိုင်ငံတစ်ခုတည်းမှမဟုတ်။ အာရှဒေသရှိ နိုင်ငံအချို့တို့ထံမှလည်း ထိုအသံမျိုးက ထွက်လာသည်။ ယင်းသို့သော အသံကို ဆန့်ကျင်တင်ပြသည့် သြစတြေးလျနိုင်ငံသား Rodney King ၏ အငြင်းပွားဖွယ်စာအုပ်တစ်အုပ် ယခုလပိုင်းအတွင်း ထွက်ပေါ်လာ၏။ ထိုစာအုပ်၏ အမည်မှာ Singapore myth and Reality ဖြစ်သည်။

သူက "စင်ကာပူသည် ကောင်းမွန်သော ပုံစံတစ်ခုတည်းနှင့် ဖွံ့ဖြိုးလာခြင်းမဟုတ်သကဲ့သို့ ဖွံ့ဖြိုးသောနိုင်ငံတစ်ခုအဖြစ် သူ့ပုံစံအတိုင်း လိုက်လံ ကျင့်သုံး၍ မရနိုင်" စင်ကာပူကို ကောင်းမွန်သောပုံစံအဖြစ် သတ်မှတ်ခြင်းသည် အလွန်ထိတ်လန့်ဖွယ်ရာဖြစ်" ဟု သူက သုံးသပ်ပြသည်။

နှစ်များစွာအတွင်း စင်ကာပူနိုင်ငံသည် အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခဲ့ရခြင်းမှာ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ လှိုင်းလုံးများပမာ ဆက်တိုက် ဝင်လာခဲ့၍ ဖြစ်သည်။ မြို့တော်နိုင်ငံတစ်ခုအဖြစ် ခေါ်ဆိုကြသော သေးငယ်လှသည့် စင်ကာပူနိုင်ငံအတွင်းသို့ ယခုထက်တိုင် နိုင်ငံတကာမှ အလုပ်လုပ် လိုသူများ ရောက်လာကြလျက် ရှိနေသည်။

ယခုဆိုလျှင် စင်ကာပူနိုင်ငံ၏ သံုးပုံတစ်ပုံသည် နိုင်ငံခြားသားဝန်ဆောင်မှုများဖြင့်ပြည့်နှက်နေပြီ ဖြစ်၏။ အစိုးရသည် သူ့နိုင်ငံ၏ စီးပွားရေးကို တီထွင်ဖန်တီးနိုင်ရန် တစ်ဖက်တစ်လှမ်းမှ ကူညီပံ့ပိုးပေးနေရသည်။ စာရေးသူ Rodney King သည် ယင်းကျွန်းနိုင်ငံပေါ်၌ နှစ်ပေါင်းများစွာ နေထိုင်လေ့ လာခဲ့သူ ဖြစ်၍ "စင်ကာပူနိုင်ငံရဲ့ လုပ်ငန်းရှင်တွေ တီထွင်ဖန်တီးနိုင်မှု အရည်အချင်းက သိပ်ကျဉ်းမြောင်းလွန်းလှပါတယ်။

ဆိုလိုတာက ပုဂ္ဂလိကကဏ္ဍက သိပ်သေးငယ်လွန်းတယ်လေ။ နမူနာအဖြစ် နှိုင်းယှဉ်လွန်းလှတယ်။ တောင်ကိုးရီးယား၊ တရုတ်တိုင်ပေတို့နဲ့ မတူ ဘူး။ အဲဒီနေရာတွေမှာက တီထွင်ဖန်တီးနိုင်တဲ့ လုပ်ငန်းရှင်တွေက မရေမတွက်နိုင်အောင်ရှိတယ်။ စင်ကာပူမှာက အဲဒီလိုမဟုတ်ဘူး။ မရှိသလောက် ရှားတယ်" ဟု ရှင်းပြသည်။

စင်ကာပူနှင့် မြန်မာနိုင်ငံဆက်ဆံရေးသည် သံခင်းတမန်ခင်းထက် စီပွားရေး၊ ကူးသန်းရောင်းဝယ်ရေး သက်သက်သာ ဖြစ်နိုင်သည်မှာ သံသယ ရှိစရာ မလိုဟု ဘင်္ဂလားဒေ့ရှ်ရှိ နိုင်ငံတကာလေ့လာရေးဗဟိုဌာနမှ ဥက္ကဌ Ashfarqur Rahman က ဆိုသည်။ Rahman က စင်ကာပူနိုင်ငံက ချမှတ် ထားတဲ့ မဟာဗျူဟာတွေက မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးက စီးပွားရေးကိုဘဲ အခြေခံထားတယ်။ စင်ကာပူနိုင်ငံက မြန်မာနိုင်ငံမှာ အများအပြားကို ရင်းနှီး မြှုပ်နှံမှုနဲ့ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ဖို့၊ ကူးသန်းရောင်းဝယ်မှု သက်သက်ပဲ။ ဒါဟာလည်း အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (Asean အဖွဲ့ဝင် များ) ဝင်က မြန်မာနိုင်ငံကို ဝင်ရောက်ပူပေါင်းပြီးဆောင်ရွက်ဖို့ ရည်ရွယ်ချက်ပါပဲ။

မြန်မာနိုင်ငံသားများသည် ဆယ်စုနှစ်များစွာ စီးပွားရေးနလံမထူနိုင်လောက်သည့် အလွဲသုံးစားမှုနွံအတွင်း နစ်နေခဲ့သည်။ ယင်းကဲ့သို့သော အခြေအနေတွင် ကမ္ကာပေါ်၌တစ်ဦးချင်းဝင်ငွေ ထိပ်ဆုံးရောက်နေသော ခေတ်ရှေ့ပြေးစင်ကာပူနိုင်ငံက အောင်မြင်စွာ ဆောင်ရွက်နိုင်ပါမည်လား ဆို သည်က တွေးစရာဖြစ်ခဲ့သည်။

စင်ကာပူနိုင်ငံဆိုသည့် ကျွန်းနိုင်ငံလေးပေါ်၌ အရှေ့တောင်အာရှဒေသ တစ်ရာခိုင်နှုန်းခန့်သော လူဦးရေရှိပါလျက် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံ မှုက နိုင်ငံ၏ တစ်ဝက်ကျော်သည်အထိ ဆွဲဆောင်နိုင်ခြင်းကလည်း မှတ်သားဖွယ်ဖြစ်သည်။

ယင်းသို့သော အောင်မြင်မှု ရရှိနေခြင်းသည် လွတ်လပ်စွာဖွံ့ဖြိုးတိုးတက်မှု လူ့အခွင့်အရေး အပြည့်အဝ လွတ်လပ်မှုရှိခြင်း၊ အလုပ်သမားများ ရပိုင်ခွင့်နှင့် ပတ်သက်၍ တွေးစရာရှိနေသည်ဟု ယခုနှစ်ထွက်လာသော ပညာရှင်များ၏လေ့လာမှု စာတမ်းတစ်စောင်၌ ဖော်ပြထားသည်။ ယင်းသို့ သော အခွင့်အရေးများရှိသည့် စီးပွားရေးပုံစံသည်  နိုင်ငံခြားသားများ၏ လက်ဝယ်၌မရှိဘဲ အစိုးရကသာ ချုပ်ကိုင်ထားသည်။ အစိုးရထိန်းချုပ်သော အဖွဲ့ အစည်းများ၊ ဒေသခံများ၏ အမိန့်အောက်၌သာ ရှိသည်။

ယင်းလုပ်ငန်းအားလုံးကို လက်ရှိအာဏာရ ပြည်သူ့လှုပ်ရှားမှုပါတီ People's Action Party(PAP) က အချိန်ပြည့် စောင့်ကြည့်လျက်ရှိပါ၏။ ယင်း PAP ပါတီဆိုသည်မှာ နိုင်ငံလွတ်လပ်ရေးရပြီးကတည်းက တစ်ပါတီအာဏာရှင်စနစ်ပမာ နိုင်ငံအာဏာရယူ အုပ်ချုပ်ခဲ့သည့် ပါတီဖြစ်ပါ၏။ စင်ကာ ပူနိုင်ငံ၏ပုံစံ၌ အဓိကသော့ချက်သဖွယ်ဖြစ်နေသည့် လက္ခဏာတစ်ခုမှာ နိုင်ငံ၏စီးပွားရေးကို အပေါ်ဆုံးအမြင့်တစ်နေရာမှ အစိုးရကသာ ထိန်းချုပ်ပဲ့ကိုင် နေခြင်း ဖြစ်သည်။ ပဲ့ကိုင်ရာ၌ တိုက်ရိုက်ဖြစ်နိုင်သကဲ့သို့ သွယ်ဝိုက်၍လည်း ဖြစ်နိုင်သည်။ သို့သော် ထိန်းချုပ်မှုက ထိန်းချုပ်မှုပင်။

မြန်မာနိုင်ငံ၏ စီးပွားရေးပုံစံသည် ကွယ်လွန်သွားသော ဗိုလ်ချုပ်ကြီးနေဝင်းက ၁၉၆၂ခုနှစ်၌ အာဏာသိမ်းပြီးကတည်းက အစိုးရ၏လက် အောက်သို့ ရောက်ရှိသွားခဲ့သည်။ ထိုစီးပွားရေးပုံစံသည် တရွတ်တိုက် ဆွဲပြီးရင်းဆွဲကာ နောက်ဆုံးမြေပေါ်၌ ဗုန်းဗုန်းလဲကျခဲ့ရသည်ဟု Rodney King က နှိုင်းယှဉ်ပြသည်။ "တကယ်လို့ မြန်မာနိုင်ငံကသာ စင်ကာပူနိုင်ငံအတိုင်း လိုက်လုပ်မယ်ဆိုရင် အမှားကို နောက်တစ်ကြိမ်ပြုလုပ်သလိုဖြစ်ပြီး အရင်က အမှားအတိုင်း ဆက်လက်လုပ်သလို ဖြစ်သွားမယ်။ စင်ကာပူနိုင်ငံက တစ်ဦးတစ်ယောက်ပိုင် စီးပွားရေးလုပ်ငန်းကို လက်သင့်မခံနိုင်ပေမယ့် မြန်မာနိုင် ငံမှာက လုပ်ငန်းတွေအားလုံးဟာ နှစ် ၅၀လောက် ပြည်တွင်းစစ်ဆိုတဲ့ ရောဂါကပ်ဆိုးနဲ့ ကြုံခဲ့ရတယ်။ ပြီးတော့ နိုင်ငံရေးဖိနှိပ်မှုကိုလည်း Rodney King ၏ ဝေဖန်သုံးသပ်မှုသည် စင်ကာပူနိုင်ငံ၏ ကြွယ်ဝချမ်းသာနေမှုအပေါ် ထိခိုက်နစ်နာစေခြင်းမှာ မပြောပလောက်ဟု ဆိုနိုင်သော်လည်း ယခု စင်ကာပူ နိုင်ငံ လက်ငင်းကြုံတွေ့ခဲ့ရသော ပဲ့တင်ရိုက်သံများ တိုးတိုးလာနေခြင်းက အထောက်အထားတစ်ခုဖြစ်နေသည်ဟု ဆိုနိုင်ပါ၏။

ယင်းအချက်အလက်သည် အမှန်ဆိုကောင်း ဆိုနိုင်ပါ၏။ ယခုအခါ စင်ကာပူနိုင်ငံ၏ပုံစံနှင့် ပတ်သက်၍ မေးခွန်းပေါင်းများစွာက ပေါ်ထွက်လာ နေပြီဖြစ်၏။ ဆိုလိုသည်မှာ စင်ကာပူနိုင်ငံပုံစံသည် ခေတ်နောက်ကျနေသောပုံစံဟု ဆိုရမလားပင်ဖြစ်သည်။ ဥပမာအားဖြင့် ယခင်နှစ်က ကျင်းပသည့် စင်ကာပူနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ၌ အာဏာရပါတီသည် အနိုင်ရရှိပင်ရရှိသော်လည်း အတိုက်အခံအပေါ် အနိုင်ရခြင်း၊ အသာရခြင်းသည် လွတ်လပ်ရေးရပြီးနောက်ပိုင်း အနိမ့်ဆုံးအောက်ဆုံးအဆင့်သို့ ရောက်သွားခြင်းပင်ဖြစ်သည်။ ထုတ်လုပ်မှုနှင့် ပတ်သက်၍လည်း ကုန်လွန်ခဲ့သည့် ဆယ်စု နှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ခဲ့သည်။ အမေရိကန် စီးပွားရေးပညာရှင်နှင့် ဘောဂဗေဒဆိုင်ရာ သုံးသပ်သည့်စာများ ဆောင်းပါးများ မပြတ်ရေး နေသူ Paul Krugman က လွန်ခဲ့သည့် နှစ်နှစ်ဆယ်က စင်ကာပူနိုင်ငံကို စတင်တည်ထောင်သူ လီကွမ်ယူ၏ပြောစကားကို ပြန်ဖော်ထုတ်ခဲ့သည်။

လီကွမ်ယူက စင်ကာပူနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ရှင်းလင်းချက်ထုတ်ရာ၌ အရင်းအနှီးနဲ့ လုပ်သားများကိုသာ အဓိကထား ပြောခဲ့သည်။ အ ရည်အသွေးကို ထည့်သွင်းမဖော်ပြခဲ့ပေ။ ယင်းအချက်ကို Paul Krugman က မကျေနပ်ကြောင်း ပြောခဲ့၏။ စင်ကာပူနိုင်ငံ၏ တိုးတက်လာမှုသည် နိုင်ငံ တကာမှ အလုပ်သမားဝန်ထမ်းများ နှစ်ဆခန့်တိုး၍ ဤနိုင်ငံ ဤသို့ရောက်လာခြင်းသာ ဖြစ်သည်မှာ ၁၉၈၀ခုနှစ်ကတည်းက ဖြစ်သည်။ လီကွမ်ယူက လည်း "လွန်ခဲ့တဲ့ ငါးနှစ်လောက်အတွင်းမှာ နိုင်ငံခြားကအလုပ်သမားတွေ အများကြီးရောက်လာတယ်" ဟု၂၀၁၀ခုနှစ်၌ အခိုင်အမာ ဖွင့်ဟ ပြောကြားခဲ့ သည်။ ယခုနှစ်ဧပြီလ၌ စင်ကာပူနိုင်ငံ၌ လူအများ၏ လေးစားယုံကြည်မှုကိုခံရသော ဘောဂဗေဒညာရှင်ပါမောက္ခ Lin Choeg Yah က စင်ကာပူ နိုင်ငံ၏ သာတူညီမျှမှုကိန်း၌ အန္တရာယ်အရှိဆုံးဖြစ်သည့် (၀.၅) သို့ရောက်ရန် ယခု(၀.၄၇) သို့ရောက်လာပြီ ဖြစ်သည်။ ယင်းသို့ သာတူညီမျှမှု မရှိခြင်း သည် ကြာရှည်လာပါက နိုင်ငံရေး လူမှုရေးအခြေအနေသည် ဆုတ်ဖြဲခံရသကဲ့သို့ ဖြစ်သွားမည်။ သူက အရေးပေါ်ကုသနိုင်သည့်နည်းဖြစ်သော ဝန်ထမ်း လစာတိုးပေးရေးနှင့် ချမ်းသာသောလူများထံမှ အခွန်တိုးကောက်ရေးနည်းလမ်းကို တင်ပြခဲ့သည်။ Rodney King က "နိုင်ငံလူဦးရေ၏ ငါးပုံတစ်ပုံသည် ဆင်းရဲသည်"ဟု (OECD အဖွဲ့) နိုင်ငံတကာက သတ်မှတ်ထားသော စံနှုန်းအောက်ရောက်နေသည်ဟု ဆိုသည်။

King က "ယင်းခဲ့သို့သော လက္ခဏာသည် နိုင်ငံတကာမှ တိုက်ရိုက်ရင်းနှီးမြှပ်နှံမည့် FDI များ ဆွဲဆောင်မှုကို ပျောက်ပျက်စေသည်"ဟုဆို၏။ စင်ကာပူနိုင်ငံ၏ အခြေအနေသည် ယခုအခါ တစ်ဆစ်ချိုးကွေ့တစ်ခုသို့ ရောက်နေပြီဖြစ်သည်။ ပမာဆိုရသော် PAA ပါတီ၏ ပထမမျိုးဆက် နှစ်ဆက် သည် ယခုအခါ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ပြီး ဥပမာအားဖြင့် အဆင့်မြင့်ဝန်ကြီး လီကွမ်ယူသည် နိုင်ငံထိပ်တန်းခေါင်းဆောင်နေရာ၌ မရှိတော့ပေ။

ထို့နောက် ငယ်ရွယ်သောခေါင်းဆောင်များသည် အတိတ်က အာဏာလက်ဝယ်ရရှိခဲ့သော ပုဂ္ဂိုလ်များကဲ့သို့ အာဏာကို ကောင်းစွာ မကိုင် တွယ်နိုင်သေးပေ။ King ၏စကားအရ "ဒီနိုင်ငံဟာ သိပ်ကြောက်ဖို့ ကောင်းတဲ့အခြေနေကို ရောက်နေပြီ။ နောက်လိုက် မျောလိုက်နေသူတွေပဲရှိတယ်။ ၁၉၅၀၊ ၁၉၆၀ ခုနှစ်တွေလောက်ကဆိုရင် စင်ကာပူတွေဟာ တက်ကြွပြီး အသင့်ပူးပေါင်းဖို့ အသင့်ရှိနေတဲ့လူတွေလိုပဲ။ လီကွမ်ယူရဲ့ စိတ်ဓာတ်အတိုင်း ပဲ။ ကုန်လွန်ခဲ့သည့်နှစ်များအတွင်းက စင်ကာပူနိုင်ငံကို စောင့်ကြည့်နေသူများ၏ ခန့်မှန်းချက်က စင်ကာပူနိုင်ငံ၏ အောင်မြင်မှုဆိုသည်မှာ စင်ကာပူနိုင်ငံ သည် သေးငယ်ခြင်း၊ သီးသန့်ဆန်ခြင်းနှင့် နိုင်ငံရေး၊ လူမှုရေးမျာကို ကိုင်တွယ်ရသည်မှာ လွယ်ကူသည်။ လက်တွေ့လုပ်ကိုင်နိုင်သည်။ မြန်ဆန်သော အဟုန်ဖြင့်လည်း နိုင်ငံတိုးတက်ရေးကို ဖြစ်ခဲ့သည်။ ထို့ကြောင့် လက်တွေ့ဆန်သော မဟာဗျူဟာများချနိုင်ခဲ့သည်ဟု ဆိုကြသည်။ နှိုင်းယှဉ်ရမည့် မြန်မာ နိုင်ငံအခြေအနေက အလွန်ရှုပ်ထွေးသည်။ ပဟေဠိတစ်ခုကို ဖြေရသကဲ့သို့ လူမျိုးရေးအရေအတွက်အရ မျိုးနွယ်စုပြဿနာကို မဖြေရှင်းနိုင်၊ ပထဝီအနေ အထားကလည်း အခက်အခဲရှိသည်။ လူမှုရေးသမိုင်းဆိုင်ရာ စီးပွားရေးပြဿနာများက နေရာကျယ်ပြန့်သည်နှင့်အမျှ စင်ကာပူထက် ထောင်သောင်းမ က ကြီးမားသည်။ ကျယ်လှသောမြေနေရာကို အင်ဒိုနီးရှား၊ မြန်မာ၊ ထိုင်းနိုင်ငံတို့၌ တွေ့ရနိုင်သည်။ ထိုနေရာများ၌ မဟာဗျူဟာတစ်ခု ချမှတ်ရသည်မှာ မ လွယ်ကူပေဟု King က သုံးသပ်၏။

 *****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment