Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၄.၆.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာနိုင်ငံအပေါ် အရေးယူမှုများ ရုတ်သိမ်းရေး ထိုင်းကူညီမည်

(13 Jan 2012 ရက်စွဲပါ The Nation မှ Thailand helps Myanmar campaign for sanction lifted ကိုဘာသာပြန်ဆိုသည်)

  1. ရိုပာင်ဂျာမွတ်ဆလင်များ ဒေါ်အောင်ဆန်းစုကြည်ထံမှ အကူအညီတောင်း

(14 Jan 2012 ရက်စွဲပါ The News မှ Rohingya Muslims call for Suu Kyi’s help ကိုဘာသာပြန်ဆိုသည်)

****************************

ဘာသာပြန်သတင်းများ        

မြန်မာနိုင်ငံအပေါ် အရေးယူမှုများ ရုတ်သိမ်းရေး ထိုင်းကူညီမည်

(13 Jan 2012 ရက်စွဲပါ The Nation မှ Thailand helps Myanmar campaign for sanction lifted ကိုဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Surapong Tovichakchaikul က နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကင်တန်နှင့် တွေ့ဆုံပါက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူမှုများအားလုံး ရုတ်သိမ်းရေးအတွက် တိုက်တွန်းပြီး မြန်မာနိုင်ငံကို ကူညီမည်ဖြစ်ကြောင်း အင်္ဂါနေ့က ပြောကြားခဲ့သည်။

မြန်မာအစိုးရသည် ဒီမိုကရေစီသို့ ပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသားပြန်လည်စည်းလုံးရေးအတွက် ပေးထားသောကတိများ အပြည့်အဝ ဖြစ်နိုင်ရေးအတွက် သက်သေပြခဲ့ကြောင်း မြန်မာနိုင်ငံသို့ ဇွန်လ(၈)ရက်နေ့က သွားရောက်ခဲ့သော Surapong က ပြောသည်။ ၎င်းသည် ယခုအပတ်တွင် အမေရိကန်နိုင်ငံတွင် ကျင်းပမည့် လေးကြိမ်မြောက် ထိုင်း-အမေရိကန် မပာာဗျူပာာဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်သည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကလည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးအရ ဖွံ့ဖြိုးတိုးတက်မှုသတင်းစကားများကို ဝါရှင်တန်သို့ ပြောကြားပေးရန် ၎င်းအား မေတ္တာရပ်ခံခဲ့သည်ပာု Surapong ကဆိုသည်။

“ထိုင်းနိုင်ငံပာာ မြန်မာနိုင်ငံရဲ့ မိတ်ဆွေဖြစ်တာနဲ့အညီ အမေရိကန်ရဲ့ အရေးယူမှုတွေ ရုတ်သိမ်းသွားဖို့ လုပ်ပေးနိုင်သမျှ ကူညီဖို့ လိုအပ်ပါတယ်” ပာု Surapong က သတင်းထောက်များသို့ ပြောကြားခဲ့သည်။

“အမေရိကန်ကတော့ ကျွန်တော်တို့ကို မြန်မာနိုင်ငံရဲ့ တိုးတက်မှုတွေနဲ့ ပတ်သက်ပြီး သိပ်အကောင်းမြင်တယ်လို့ ခံစားရမှာပဲ။ ဒါပေမယ့် မြန်မာနိုင်ငံပာာ ဒီမိုကရေစီကိုဦးတည်သွားနေတယ်ဆိုတာ အရာရာရှင်းနေတယ်လို့ ကျွန်တော်ထင်ပါတယ်”ပာု ၎င်းက ပြောသည်။

အမေရိကန်သည် မကြာမီက မြန်မာနိုင်ငံအပေါ် အရေးယူမှုအချို့ကို ဖြေလျော့ပေးခဲ့သည်။ သို့သော် အမေရိကန်နှင့် သူ၏ မပာာမိတ်များ မြန်မာနိုင်ငံတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအပါအဝင် စီးပွားရေးလုပ်ကိုင်နိုင်ရန် ပိတ်ပင်ထားမှုများစွာ ကျန်ရှိနေဆဲဖြစ်သည်။

Surpong သည် ဗုဒ္ဓပာူးနေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နှင့်လည်းကောင်း၊ ဒီမိုကရက်မှ Jim Webb၊ ရီပတ်ဗလစ်ကင်မှ James Inhofe အပါအဝင် မြန်မာနှင့် အာရှရေးရာစိတ်ဝင်စားသူ အဓိကကျသော ဆီနိတ်တာများနှင့် တွေ့ဆုံမည်ဖြစ်သည်။

Surpong သည် ၎င်းတို့နှင့်အတူ ထိုင်း-မြန်မာနယ်စပ်တွင် အချိန်ကြာမြင့်စွာကပင် ခိုလှုံနေသော ဒုက္ခသည်များကိစ္စကိုလည်း ဆွေးနွေးမည်ဖြစ်ပြီး၊ ၎င်းတို့မူရင်းဒေသသို့ လုံခြုံစွာပြန်နိုင်သည့်အချိန်တွင် ပြန်ပို့ရေးနှင့် ဘန်ကောက်၏ ရှင်းလင်းသည့် မူဝါဒကိုလည်း ဆွေးနွေးမည်ဖြစ်သည်။

၎င်းသည် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီနှင့် အမေရိကန်ကုန်သည်ကြီးများအသင်းမှ ရင်းနှီးမြှုပ်နှံသူများအား မြန်မာနှင့်တောင်အာရှ နိုင်ငံများကြား ဆက်သွယ်ပေးမည့် ထားဝယ်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံကြရေးစဉ်းစားရန် ပြောဆိုမည်ဖြစ်သည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို ထောက်ခံကူညီကြရန် ၎င်းကပြောခဲ့သည်။

ထိုင်းနိုင်ငံသည် သမ္မတဦးသိန်းစိန်အား ဇူလိုင်တတိယအပတ်တွင် ဘန်ကောက်သို့ဖိတ်ခေါ်ထားပြီး ထားဝယ်စီမံကိန်းတွင် ပူးပေါင်းဆောင်ရွက် ရေးအပါအဝင် နှစ်နိုင်ငံဆက်ဆံရေး ကျယ်ပြန့်ရေးအတွက် ဆွေးနွေးမည်ဖြစ်သည်။

ဦးသိန်းစိန်သည် မေလ(၃၀)မှ ဇွန်လ (၁)ရက်အထိ ပြုလုပ်သော ကမ္ဘာ့စီးပွားရေးဖိုရမ် တက်ရောက်ရန် ထိုင်းနိုင်ငံသို့ လာရောက်မှုကို ရွှေ့ဆိုင်း ထားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း အဆိုပါဖိုရမ်သို့ တက်ရောက်ခဲ့သည်။

ထိုသို့ ရွှေ့ဆိုင်းခဲ့ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကြောင့်မပာုတ်ဘဲ ပြည်တွင်းရေးအချို့ကြောင့်ဖြစ်သည်ပာု Surpong က ပြောသည်။

မြန်မာကိစ္စရပ်အပြင်၊ ၎င်းက အမေရိကန်အစိုးရ တာဝန်ရှိသူများနှင့် အကြမ်းဖက်မှုများ တန်ပြန်လုပ်ဆောင်ရေး၊ မူးယစ်ဆေးဝါးဆန့်ကျင် ပူးပေါင်းဆောင်ရွက်ရေး၊ ဒုက္ခသည်များနှင့် လူသားချင်းစာနာသော အကူအညီများပေးရေးကိစ္စအပါအဝင် အမျိုးမျိုးသော ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးမည်ဖြစ်ကြောင်း ပြောခဲ့သည်။ သို့သော် Utapao ကိစ္စကိုမူ ဆွေးနွေးမည်မပာုတ်ပာု ဆိုသည်။

Utapao ကိစ္စတွင် အကြောင်းအရာများစွာ ရှုတ်ထွေးလျက်ရှိကြောင်း၊ ထိုင်းနိုင်ငံတွင် နိုင်ငံရေးသမားများသည် နိုင်ငံရေးအရ စကားဆိုမှုများ ရှိနေသည်ပာု ၎င်းကပြောသည်။ ရာသီဥတုစောင့်ကြည့်ရန် NASA စီမံကိန်းသည် Utapao လေတပ်အခြေစိုက်စခန်းကို အသုံးပြုခြင်းသည် အမေရိကန် ရေတပ်က လေတပ်စခန်းရှိ အဆောက်အဦးများကို လူသားချင်းစာနာသည့် အကူအညီနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် အသုံးပြုနိုင် သည့်ကိစ္စနှင့် မပတ်သက်ပာု ၎င်းကပြောသည်။

NASA က သြဂုတ်လနှင့် စက်တင်ဘာလ နှစ်လတည်းသာ ရာသီဥတုစောင့်ကြည့်သည့် လေယာဉ်အတွက်  Utapao လေဆိပ်အသုံးပြုခွင့်ကို ရှင်းရှင်းလင်းလင်း တောင်းခံထားခြင်းဖြစ်သည်။ အဆိုပါစီမံကိန်းမှာ ထိုင်းသိပ္ပံ၊ နည်းပညာနှင့် ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာနနှင့် ပူးတွဲဆောင်ရွက်ခြင်းဖြစ်သည်။ အဆိုပါ ဆောင်ရွက်ချက်သည် မကြာသေးမီက NASA သည် ပောာင်ကောင်တွင် လုပ်ဆောင်ခဲ့သည်နှင့် အတူတူပင် ဖြစ်ကြောင်း ၎င်းကပြောသည်။

Surpong ကပြောကြားရာတွင် ၎င်းသည် NASA ၏ တောင်းဆိုမှုကို အတည်ပြုချက်ရယူနိုင်ရန် ကက်ဘိနက်သို့ တင်ပြထားပြီးဖြစ်သော်လည်း၊ ကက်ဘိနက်က မည်သည့်အချိန်တွင် စဉ်းစားမည်ကိုမူ မသိကြောင်းပြောသည်။

တစ်ချိန်တည်းမှာပင် အမေရိကန်ရေတပ်က Utapao ကို လူသားချင်းစာနာသော ရည်ရွယ်ချက်များအတွက် အသုံးပြုရန် အိုင်ဒီယာမှာလည်း အတည်ပြုနိုင်ရန် အလှမ်းဝေးနေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။ “ကျွန်တော်တို့ ဖြစ်နိုင်ချေတွေကို လေ့လာဆဲဖြစ်ပြီး၊ တရုတ်အပါအဝင် တခြားနိုင်ငံ တွေကို ဒီစီမံကိန်းမှာ ပါမလားလို့ မေးရမယ်ထင်ပါတယ်”ပာု ၎င်းက ပြောသည်။

**************************

ရိုပာင်ဂျာမွတ်ဆလင်များ ဒေါ်အောင်ဆန်းစုကြည်ထံမှ အကူအညီတောင်း

(14 Jan 2012 ရက်စွဲပါ The News မှ Rohingya Muslims call for Suu Kyi’s help ကိုဘာသာပြန်ဆိုသည်)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများတွင် နေထိုင်သော မြန်မာနိုင်ငံမှ ရိုပာင်ဂျာမွတ်ဆလင်များက ဗုဒ္ဓပာူးနေ့က ဒီမိုကရေစီချန်ပီယံ ဒေါ်အောင်ဆန်းစုကြည်အား ၎င်းတို့အတွက် ပြောဆိုပေးရန်နှင့် ၎င်းတို့အပေါ် မတရားလုပ်ဆောင်နေမှုများ ပြီးဆုံးသွားရေး ကူညီပါရန် တောင်းဆိုခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ကီလိုမီတာ(၂၀၀)ခန့် နယ်စပ်ခြင်း ထိစပ်နေပြီး ရိုပာင်ဂျာဒုက္ခသည် ခန့်မှန်းခြေ သုံးသိန်းခန့် နေထိုင် လျက်ရှိသည်။ ထိုအထဲမှ ဆယ်ပုံတစ်ပုံခန့်သည် ကုလသမဂ္ဂအကူအညီ ရယူထားသော ဒုက္ခသည်စခန်းများ၌ နိမ့်ကျသောအခြေအနေဖြင့် နေထိုင် နေရသည်။

ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာနှင့် ရိုပာင်ဂျာမွတ်ဆလင်များကြား ဖြစ်ပွားသော မငြိမ်သက်မှုများ၌ ငါးရက်တာအတွင်း (၄၉)ဦး သေဆုံးပြီး၊ (၄၁)ဦး ဒဏ်ရာရကြောင်း မြန်မာအစိုးရတာဝန်ရှိသူတစ်ဦးက AFP သို့ အင်္ဂါနေ့က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ အသနားခံမှုကို ကုလသမဂ္ဂ၊ နိုင်ငံခြားတိုင်းပြည်တွေ၊ မြန်မာအစိုးရနဲ့ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ပေးပါမယ်”ပာု ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့ Teknaf ရှိ Nayapara စခန်းတွင်နေထိုင်သော ရိုပာင်ဂျာဒုက္ခသည်ခေါင်းဆောင် မိုပာာမက် အစ္စလမ်က ပြောကြားခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်ပာာ ကျွန်တော်တို့အတွက် ဘာမှလည်း လုပ်မပေးဘူး။ ဘာမှလည်းမပြောပေးပါဘူး။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက ကျွန်တော့်မိဘတွေ အပါအဝင် ရိုပာင်ဂျာတွေပာာ သူ့အတွက် စည်းရုံးပေးခဲ့ပါတယ်။ ဒါပေမယ့် သူကလည်း တခြားဗမာအများစုလိုပဲ ရိုပာင်ဂျာတွေရဲ့ ရပိုင်ခွင့်တွေကို ရေငုံနှုတ်ပိတ်နေပါတယ်”ပာု ၎င်းက ဖြည့်စွက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့်လက (၂၄)နှစ်အတွင်း မြန်မာနိုင်ငံ ပြင်ပသို့ ပထမဆုံးခရီးစဉ်တွင် ထိုင်းနိုင်ငံနယ်စပ်၌ ဒုက္ခသည် စခန်းများတွင် နေထိုင်နေသော ထောင်ပေါင်းများစွာသော မြန်မာဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။ ၎င်းတို့နေရပ်ပြန်နိုင်ရေးအတွက် သူအတက်နိုင်ဆုံး ကူညီမည်ဖြစ်ကြောင်းနှင့် ၎င်းတို့အား မေ့ထားမည် မပာုတ်ပာု ကတိများပေးခဲ့သည်။ သူသည် ကရင်အများစုဖြစ်သော ဒုက္ခသည်များ၏ ကြမ်းတမ်းသော ဘဝအပေါ် ကတိများပေးခဲ့သော်လည်း ရိုပာင်ဂျာများအတွက် မျှော်လင့်ချက်ရှိမည့် စကားများပြောကြားခြင်းမရှိသေးကြောင်း မစ္စလာမ်က ပြောသည်။

“အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကြားက ဆက်ဆံရေးကောင်းသွားပြီး၊ တိုင်းပြည်မှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပြီလို့ ကျွန်တော်တို့ သိရပါတယ်။ ရိုပာင်ဂျာတွေအတွက်ကတော့ ပြောင်းလဲမှုက ဘာအဓိပ္ပါယ်မှ မရှိသေးပါဘူး”ပာု အစ္စလမ်က ပြောသည်။

ရိုပာင်ဂျာများသည် ဘင်္ဂါလီဘာသာစကားကို ပြောကြပြီး၊ ဘင်္ဂလားဒေ့ရှ်အရှေ့တောင်ဘက်မှ ဘာသာစကားနှင့် ဆင်တူပါသည်။ ရိုပာင်ဂျာများကို မြန်မာအစိုးရနှင့် မြန်မာအများစုက ကာလရှည်ကြာကပင် နိုင်ငံခြားသားများအဖြစ် ဆက်ဆံခဲ့ကြသည်။ ယခုအခြေအနေမှာ ရိုပာင်ဂျာနှင့် ရခိုင်ဗုဒ္ဓဘာသာ များကြားတွင် ကြီးမားသော ဆန့်ကျင်မှုများဖြစ်စေသည်ပာု လှုပ်ရှားသူများက ပြောသည်။

ဗုဒ္ဓဘာသာများနှင့် မြန်မာလုံခြုံရေးတပ်ဖွဲ့များသည် မောင်တောမြို့တောင်ဘက် Maidanpara ရွာရှိ ဗလီကို ဝိုင်းထားသည်ပာု အစ္စလမ်က ပြောသည်။ “လူတွေအများကြီး အသတ်ခံရတယ်”ပာု ၎င်းကပြောသည်။ စစ်တွေတွင် လူများကို ရုပ်ရှင်ရုံထဲတွင် ထည့်ထားပြီးမှ မီးရှို့ခဲ့သည်ပာု ၎င်းက ရှင်းပြသည်။ “ဒါပာာ ရိုပာင်ဂျာမွတ်ဆလင်တွေကို မြန်မာနိုင်ငံကနေ အပြီးသုတ်သင်ပစ်တဲ့ စီမံကိန်းကြီး(Master Plan)ပါပဲ။ ဒီလူသတ်ပွဲတွေမှာ ရခိုင်တွေနဲ့အတူ လုံခြုံရေးတပ်ဖွဲ့တွေလည်း ပူးပေါင်းပါဝင်ပါတယ်”ပာု ၎င်းကပြောသည်။ အဆိုပါ စွပ်စွဲချက်များ မှန်မမှန် AFP အနေဖြင့် လွတ်လပ်စွာ မစုံစမ်းနိုင်ခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်သည် ဗုဒ္ဓပာူးနေ့က ၁၉၈၈ ခုနှစ်ကစ၍ ပထမဆုံးအကြိမ်အဖြစ် ဥရောပသို့ ခရီးထွက်သွားပြီဖြစ်သည်။

“ပြည်သူတွေရဲ့ အကျိုးစီးပွားကို အကောင်းဆုံးလုပ်ပေးလိုပါတယ်”ပာု လေယာဉ်မထွက်မီ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များသို့ ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်မှ မြစ်တွင်းကင်းလှည့်သောအဖွဲ့များသည် တနင်္လာနေ့ကတည်းက ရိုပာင်ဂျာအမျိုးသမီးနှင့် ကလေးငယ်အများစု(၆၆၀)ကျော် ပါဝင်သော လှေ (၁၆)စင်းကို ပြန်လည်နှင်ထုတ်ခဲ့သည်။

***********************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment