Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၅.၆.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. · ထိုင်း၏ PTTEP သည် အရှေ့တောင်အာရှ၌ ဒေါ်လာ ၃.၆ ဘီလျံရင်းနှီးမြှုပ်နှံမည်

(14 June 2012 ရက်စွဲပါ upstream မှ Thai PTTEP to invest $ 2 .6 bn in SE Asia ကိုဘာသာပြန်ဆိုသည်)

  1. ·ဓာတ်အားမလုံလောက်မှုကို ကိုင်တွယ်ရန် ဂျပန်က မြန်မာကို ဒေါ်လာ သန်း၂၀ ကူညီမည်

(Japan Today မှ 15 Jan 2012 ရက်စွဲပါ “Japan to give $20 million to help Myanmar tackk power shortages”သတင်းကို ဘာသာပြန်ဆိုသည်)

****************************

ဘာသာပြန်သတင်းများ        

ထိုင်း၏ PTTEP သည် အရှေ့တောင်အာရှ၌ ဒေါ်လာ ၃.၆ ဘီလျံရင်းနှီးမြှုပ်နှံမည်

(14 June 2012 ရက်စွဲပါ upstream မှ Thai PTTEP to invest $ 2 .6 bn in SE Asia ကိုဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံ၏ထိပ်တန်း ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေသူ PTTEP သည် လာမည့် ၅ နှစ်အတွင်း အဓိကအားဖြင့် မြန်မာနိုင်ငံအပါအ၀င် အရှေ့ တောင်အာရှတွင် ဒေါ်လာ ၂.၆ ဘီလျံ ရင်းနှီး မြှုပ်နှံရန်စီစဉ်နေကြောင်း၊လာမည့် ၂၀၂၀ တွင် တစ်ရက်လျှင် ရေနံထုတ်လုပ်မှု စည်ပေါင်းကိုးသိန်းအထိ သုံးဆတက်နိုင်ရန် လမ်းကြောင်းပေါ်တွင်ရှိနေကြောင်း အသစ်ခန့်အပ်သော PTTEP ၏အမှုဆောင်အရာရှိက ပြောသည်။

PTTEP သည် ထိုင်းနိုင်ငံ၏ ဒုတိယတန်ဖိုးအကြီးဆုံးကုမ္ပဏီဖြစ်ပြီး အထက်ပါထုတ်လုပ်မှုရည်မှန်းချက်ပြည့်မှီရန် တစ်ရက်လျှင် စည်ပေါင်း တစ်သိန်းခွဲထပ်မံထုတ်လုပ်ရန် ကုမ္ပဏီများထပ်မံပေါင်းစည်းရေးနှင့် ဝယ်ယူရေးကို မျှော်လင့်ကြောင်း၊ လောလောဆယ် PTTEP သည် လန်ဒန်စာရင်းဝင် Cove Energy အတွက် Royal Dutch Shell နှင့် ယှဉ်ပြိုင်လျှက်ရှိကြောင်း အမှုဆောင်အရာရှိ Tevin Vongvanich က Reuters သို့ ကြာသပတေးနေ့က အင်တာဗျူးတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ မြန်မာနိုင်ငံမှာ ဒေါ်လာ ၂ ဘီလျံကျော်ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး၊ အဓိကအားဖြင့် ဇောတိကနဲ့ ပင်လယ်ရေနက်ပိုင်းရှာဖွေရေး လုပ်ကွက်တွေမှာ ငွေအများကြီးလိုအပ်ပါတယ်”ဟု Tevin က ပြောသည်။ထို့အပြင် လာမည့် ၅ နှစ်အတွင်း အသုံးပြုရန်လျာထားသောဘတ်ဂျက်တွင် အရှေ့တောင်အာရှသည် ၂၂% ပါဝင်သည်ဟု ၄င်းက ဖြည့်စွက်ပြောသည်။

ကုမ္ပဏီသည် ၂၀၁၆ တွင် တစ်ရက်ရေနံစိမ်းစည်ငါးသိန်း ထုတ်နိုင်ရေးအတွက် ငွေဒေါ်လာ ၁၀ ဘီလျံကျော်ရှာဖွေရန် မျှော်လင့်ထားပါသည်ဟု ၄င်းကပြောသည်။

PTTEP နှင့် Shell တို့သည် Cove Energy ကိုဝယ်ယူလိုကြသည်။အဘယ်ကြောင့်ဆိုသော် Cove သည် မိုဇမ်ဘစ် မြောက်ပိုင်းကမ်းရိုးတန်းရှိလုပ်ကွက်တွင် ၈.၅ % ပါဝင်နေ၍ ဖြစ်ပြီး ထိုဒေသတွင် အမေရိကန်ကုမ္ပဏီ Anadarko Petroleum Corp သည် ဓာတ်ငွေ့ရည် Lng ကိုပြည်ပသို့ သဘောင်္ဖြင့်ထုတ်နိုင်ရန် စက်ရုံဆောက်ရေး စီစဉ်လျက်ရှိပါသည်။

Anadarko က တနလာင်္နေ့က ဓာတ်ငွေ့များစွာတွေ့ရှိမှုကိုကြေညာခဲ့ရာ အကယ်၍ Shell က Cove အတွက် ၄င်း၏ အဆိုပြုနှုန်းမြှင့်တင်ခဲ့ပါက PTTEP အနေဖြင့် ၄င်း၏ဈေးနှုန်းကို ပြန်လည်ပြင်ဆင်ရန်ရှိမရှိကိုမူ Tevin ကဖြေကြားခဲ့ခြင်း မရှိပေ။

ပြီးခဲ့သည့်လက Cove သည် PTTEP ကအဆိုပြုသော ဒေါ်လာ ၁.၉ ဘီလျံကို သဘောတူခဲ့သည်။ သို့သော် ၄င်း၏ ရှယ်ယာတန်ဖိုးသည် အဆိုပြုသော ရှယ်ယာတစ်စုလျှင် 240 pence ၏အထက်တွင် ရှိနေသည်။သဘောမှာ ဈေးနှုန်းပိုပေးရန်မျှော်လင့်သည့်သဘောဖြစ်သည်။

Cove Energy သည် PTTEP ကထုတ်လုပ်မှုရည်မှန်းချက်ပြည့်မှီရေးနှင့် လောင်စာဆီအရန်ကို ဆယ်နှစ်အထိ တိုးမြှင့်ထားနိုင်ရေးတို့တွင် အကူအညီပေးရာ၌ အဓိကအခန်းကဏ္ဏမှ ပါဝင်လိမ့်မည်ဖြစ်ကြောင်း Tevin ကပြောသည်။ Tevin သည် PTT ၏ ငွေစာရင်းအရာရှိချုပ်ဟောင်းဖြစ်သည်။

“Cove ကိုဝယ်ရတာ ပိုင်ဆိုင်မှုကောင်းတစ်ခုဖြစ်ပြီး ရင်းနှီးမြှုပ်နှံဖို့တန်ပါတယ်”ဟု ၄င်းကပြောသည်။

မြန်မာနိုင်ငံတွင် အနောက်နိုင်ငံများ၏ အရေးယူမှုများရုတ်သိမ်းသွားခြင်းကြောင့် အခွင့်အလမ်းသစ်များ တံခါးပွင့်လာပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ တော်တော်များများသည် မြန်မာနိုင်ငံတွင် PTTEP နှင့်ပူးပေါင်းလုပ်ဆောင်ရန် စိတ်ဝင်စားမှုကို ပြသလျက်ရှိကြောင်း Tevin ကပြောသည်။

မုတ္တမပင်လယ်ကွေ့အတွင်းရှိ M9 လုပ်ကွက်ဖြစ်သော ဇောတိကသည် ၂၀၁၃ တွင်စတင်ထုတ်လုပ်နိုင်မည်ဖြစ်ရာ တစ်ရက်လျှင် ကုဗပေသန်းပေါင်း ၃၀၀ စတင်ထုတ်လုပ်နိုင်မည် ဖြစ်သည်။ထိုအထဲမှာ 240 mmefd ကိုထိုင်းနိုင်ငံသို့ တင်ပို့မည်ဖြစ်ပြီး ကျန်ပမာဏကိုမြန်မာနိုင်ငံသို့ တင်ပို့မည်ဖြစ်သည်။

ရတနာနှင့် ရဲတံခွန်လုပ်ကွက်များမှ ဓာတ်ငွေ့ရရှိနေခြင်းအပြင် ဇောတိကမှထွက်ရှိလာပါက မြန်မာနိုင်ငံမှထိုင်းနိုင်ငံသို့ ဓာတ်ငွေ့တင်ပို့နေမှုမှာ တစ်ရက်လျှင် ၁.၂ မှ ၁.၃ ဘီလျံကုဗပေထိ တက်လာမည်ဖြစ်သည်ဟု မေလ(၁)ရက်နေ့ကစ၍ ရာထူးယူခဲ့သော Tevin ကပြောသည်။

PTTEP သည် မြန်မာနိုင်ငံတွင် ရှာဖွေထုတ်လုပ်ရေးစီမံကိန်းငါးခု လုပ်ကိုင်လျက်ရှိရာ ထိုင်းနိုင်ငံ၏ တိုးတက်လာသောသုံးစွဲမှုကို ဖြည့်ဆည်းနိုင်ရန် ဇောတိကမှထုတ်လုပ်မှုကို မြှင့်တင်ရန်စဉ်းစားလျက်ရှိသည်ဟု ၄င်းကဖြည့်စွက်ပြောသည်။

၎င်းသည် မုတ္တမပင်လယ်ကွေ့တွင် ရှာဖွေလျက်ရှိသောလုပ်ကွက် M3 နှင့် M11 အပါအဝင် အခြားရှာဖွေမှုများအတွက် ပါတနာများ ရှာဖွေလျက်ရှိသည်။

PTTEP သည် ဒေါ်လာ ၁၈ ဘီလျံတန်ဖိုးရှိပြီး ၆၅% ကို မူလမိဘများကပိုင်ဆိုင်ပြီး အာရှတိုက်၏ ထိပတန်းရေနံပိုင်ဆိုင်သူ (၁၀) ဦးတွင် ပါဝင်သည်။၎င်းသည် တရုတ်နိုင်ငံ၏ ရေနံကုမ္ပဏီများဖြစ်သော CNOOC နှင့် Sinopec ကဲ့သို့သော ကုမ္ပဏီကြီးများနှင့် ပြိုင်ဆိုင်လျက်ရှိပြီး နိုင်ငံရပ်ခြားတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုင်ဆိုင်မှုများပိုမိုဝယ်ယူရန် ကြိုးစားလျက် ရှိသည်။

ကုမ္ပဏီ၏ နောက်ဆုံးဝယ်ယူမှုမှာ ကနေဒါသဲထဲတွင် ရေနံရှာဖွေသော Statoil ASA ၏ ၄၀% ပါဝင်မှုကို ဒေါ်လာ ၂.၃ ဘီလျံဖြင့် ဝယ်ယူခြင်းဖြစ်သည်။

PTTEP သည်ရေနံနှင့်ဓာတ်ငွေ့ရှာဖွေထုတ်လုပ်ရေးစီမံကိန်း(၄၁)ခုတွင်ပါဝင်လျက်ရှိရာ လက်ရှိထုတ်လုပ်မှုကိုမြှင့်တင်ရန် ၂၀၁၂ နောက်ပိုင်း တွင်  သြစတြေးလျ၏ Montara လုပ်ကွက်မှ စတင်မည်ဖြစ်သည်။

                                        ******************************************************

ဓာတ်အားမလုံလောက်မှုကို ကိုင်တွယ်ရန် ဂျပန်က မြန်မာကို ဒေါ်လာ သန်း၂၀ ကူညီမည်

(Japan Today မှ 15 Jan 2012 ရက်စွဲပါ “Japan to give $20 million to help Myanmar tackk power shortages”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၌ နာတာရှည် ဓာတ်အားမလုံလောက်မှု ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးစားနေခြင်းကို ကူညီရန်အတွက် ဂျပန်နိုင်ငံက အရေးပေါ်ချေးငွေဒေါ်လာ သန်း ၂၀ ပေးရန် ကြာသပတေးနေ့တွင် သဘောတူလိုက်ပြီပာု သတင်းများက ဖော်ပြသည်။

မြန်မာနိုင်ငံ၏ လက်ရှိအာဏာရ ပြည်ခိုင်ဖြိုးပါတီ(USDP) အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုအိချီရိုဂမ်ဘာတို့ တိုကျို၌ တွေ့ဆုံဆွေးနွေးပြီးနောက် ၎င်းသဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

မြန်မာအာဏာရပါတီ ကိုယ်စားလှယ် ဦးဌေးဦးက ထိုနေ့တွင်ပင် ဂျပန်ဝန်ကြီးချုပ် ယိုရှီပီာကိုနိုဒါထံသို့ သွားရောက်ဂါဝရပြု တွေ့ဆုံနှုတ်ဆက် ခဲ့သည်။

မြန်မာနိုင်ငံ၌ ဓာတ်အားဖြန့်ဖြူးမှု မလုံလောက်ခြင်းကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဒီဇယ်ဓာတ်အားပေးစက် ၁၆ လုံးနှင့် လောင်စာဆီဝယ်ယူ ရာတွင် ဂျပန်နိုင်ငံ၏ကူငွေကို အသုံးပြုမည်ပာု ကျိုဒိုသတင်းက ဖော်ပြထားသည်။

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအတွက် ရေအားလျှပ်စစ်ကဏ္ဍအပေါ် ၇၀ ရာခိုင်နှုန်း မှီခိုနေရသော မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သော စစ်အုပ်ချုပ်ရေးကို မနှစ်က အဆုံးသတ်လိုက်ပြီးနောက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ကျယ် ကျယ်ပြန့်ပြန့်လုပ်ဆောင်လျက်ရှိသည်။

ပြီးခဲ့သော နှစ်ပေါင်း ၂၀ အတွင်း တံခါးပိတ်လက်ဝါးကြီးအုပ်သွေးစုပ်ခံရမှုကြောင့် ယိုယွင်းပျက်စီးသွားသော စီးပွားရေးကဏ္ဍကို ယခုအခါ ပြင်ဆင်ပြောင်းလဲရန် စီစဉ်နေပြီး အကျိုးအမြတ် အလားအလာကောင်းသော ဈေးကွက်ရှာဖွေနေသည့် ကမ္ဘာတစ်လွှားမှကုမ္ပဏီများကို ဆွဲဆောင် လျက်ရှိသည်။

အမှားကိုမြင်၍ အမှန်ပြင်ဆင်နေသော မြန်မာနိုင်ငံတွင်းသို့ ဂျပန်ကုမ္ပဏီများ ဆက်တိုက်ဝင်ရောက်နေပြီဖြစ်သောကြောင့် ဂျပန်အစိုးရက မြန်မာ နိုင်ငံထံမှ ရရန်ရှိသော ကြွေးမြီဒေါ်လာ ၃.၇ဘီလျံကို လျှော့ပေါ့ပေးလိုက်ပြီး၊ ယခင် ရပ်ဆိုင်းထားသော ကယ်ဆယ်ရေးရန်ပုံငွေထောက်ပံ့မှုကို ပြန်လည်စတင်မည်ပာု ဂျပန်တာဝန်ရှိသူများက ကြေညာထားပြီးဖြစ်သည်။

မြန်မာနိုင်ငံသည် မထုတ်ယူရသေးသော ဓာတ်သတ္တု၊ ဘူမိရုပ်ကြွင်း၊ သစ်တော၊ သဘာဝသယံဇာတများနှင့် အလားအလာကောင်းသော ခရီးသွားလုပ်ငန်းကဏ္ဍတို့ရှိနေသော်လည်း တရားဥပဒေစိုးမိုးမှုအားနည်းခြင်း၊ အဓိက အရေးကြီးသော အခြေခံအဆောက်အဦးကဏ္ဍ မဖွံ့ဖြိုးခြင်းတို့ ကြောင့် စိန်ခေါ်မှုများ ပတ်လည်ဝိုင်းလျက်ရှိသည်။

***********************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment