Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၆.၆.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. တစ်ပတ်အတွင်း မြန်မာ့စီးပွားရေးသုံးသပ်ချက်

*****************************************

ဆောင်းပါးကဏ္ဍ

တစ်ပတ်အတွင်း မြန်မာ့စီးပွားရေးသုံးသပ်ချက်

ခင်မောင်ညို(ဘောဂဗေဒ)

(The Street View ဂျာနယ် အတွဲ၁ အမှတ် ၂၁ တွင်ပါရှိသည့် ဆောင်းပါးမှ ကူးယူဖော်ပြချက်)

ခြေလှမ်းပြင်နေတဲ့ ရင်းနှီးမြှပ်နှံမှုများ

စီးပွားရေးပိတ်ဆို့မှုအချို့ ရုတ်သိမ်းလိုက်ပေမယ့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ အခက်အခဲတွေ၊ အဲဒီနိုင်ငံတွေမှာ ရှိနေတာကြောင့်၊ အနောက်နိုင်ငံက ကုမ္ပဏီတွေဟာ ရင်းနှီးမြှပ်နှံဖို့ ခက်ခဲနေကြပါတယ်။ အထူးသဖြင့်၊ အမေရိကန်ကုမ္ပဏီတွေရဲ့ အမှုဆောင်အရာရှိချုပ်တွေ  ဟာ သမ္မတအိုဘားမားအစိုးရရဲ့ မူဝါဒကြောင့် ရှေ့တိုးရမှာလား၊ နောက်ဆုတ်ရမှာလား မသိဘဲ ဖြစ်နေပါတယ်။ အမေရိကန်အစိုးရက မြန်မာနိုင်ငံမှာရင်းနှီးမြှပ်နှံဖို့ တစ်ဖက်က တိုက်တွန်းပြီး၊ တစ်ဖက်မှာ အပြည့်အဝဖော်ထုတ်မှု၊ လိုင်စင်ချပေးတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ရင် ပြစ်ဒဏ်ချမှတ်မယ်လို့လည်း ပြောနေလေတော့ လုပ်ရကိုင်ရ အတော်ခက်နေပါတယ်။

နှစ်ရှည်လများ မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို အနောက်နိုင်ငံအစိုးရတွေက ဧပြီလနဲ့ မေလတွေမှာ ဆိုင်းငံ့ထား ခဲ့ပြီးနောက် ကုမ္ပဏီတွေကတန်းစီနေချိန်မှာ နှောင့်နှေးကြန့်ကြာမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံကို အုပ်စုလိုက်ပဲဖြစ်ဖြစ်၊ တစ် ယောက်ချင်းပဲဖြစ်ဖြစ်၊ လာရောက်တဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေဟာ မေလတစ်လထဲမှာကို လေးငါးထောင်လောက်ရှိပြီး အားလုံးက တာ ဝန်ရှိသူတွေ၊ လုပ်ငန်းရှင်တွေကို တွေ့ဆုံဖို့ ကြိုးစားခဲ့ကြပါတယ်။

အင်္ဂလန်၊ ပြင်သစ်၊ အမေရိကန်နိုင်ငံတွေက ထိပ်တန်းအစိုးရအရာရှိတွေ ခေါင်းဆောင်တဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေလည်း လာ ရောက်ကြဦးမယ်။

ဒါပေမဲ့ အမေရိကန်ကုမ္ပဏီကြီးတွေဖြစ်တဲ့ GE တို့ Catepillar တို့လောက်ပဲ တကယ်လာခဲ့ကြတာပါ။ မြန်မာဘက်ကလည်း ရင်းနှီး မြှပ်နှံမှုတွေလာဖို့ ဖိတ်ခေါ်မှုတွေရှိသလို မြန်မာဘက်မှာ တရားစီရင်ရေးအပါအဝင် အားနည်းချက်တွေရှိနေလို့ သိပ်ပြီး မမျှော်လင့်ကြ၊ အကောင်းမမြင်ကြဖို့ သတိပေးချက်တွေလည်း ရှိနေပါတယ်။ မြန်မာ့ရင်းနှီးမြှပ်နှံမှု ဥပဒေဘက်ကလည်း ထွက်လုထွက်လုနဲ့ နှစ်ဝက်ကျော် လာခဲ့ပါပြီ။

အမေရိကန်ကုမ္ပဏီတွေကို အမေရိကန်အစိုးရက လူ့အခွင့်အရေးမချိုးဖောက်ဖို့ တိုင်းရင်းသားလူနည်းစုတွေရှိပြီး ပဋိပက္ခတွေမှာ ဝင်မပါဖို့ ညွှန်ကြားချက်တွေကလည်းရှိနေလေတော့ ဘာလုပ်လို့ရတာ၊ ဘာလုပ်လို့မရတာမျိုး မရှင်းမလင်း ဖြစ်နေကြပါတယ်။

တခြားအမေရိကန် စီးပွါးရေးပိတ်ဆို့မှု ရုတ်သိမ်းတာတွေနဲ့မတူဘဲ ယာယီဆိုင်းငံ့တယ်ဆိုတဲ့ မရေရာမသေချာမှုကြောင့် တင်းကျပ် တဲ့စည်းကမ်းချက်တွေ၊ ဘာတွေလုပ်မယ်ဆိုတာ အပြည့်အဝဖွင့်ဟရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

စီးပွါးရေးပိတ်ဆို့မှုတွေကို ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့က တစ်နှစ်တာ ဆိုင်းငံ့တယ်ဆိုတော့ ဆိုင်းငံ့ကာလ တစ်နှစ်ပြည့်တဲ့အထိ စောင့်ကြရမလိုလိုလည်းဖြစ်နေတော့ တကယ်လို့များ အကြီးအကျယ်မြှပ်နှံထားပြီး စီးပွါးရေးပိတ်ဆို့မှု ပြန်ချမှတ်လိုက်ရင် ဒုက္ခရောက်မှာစိုး ရတယ်လို့ ရေနံကုမ္ပဏီကြီးတစ်ခုရဲ့ တာဝန်ရှိသူကပြောပါတယ်။

အကြွေးဝယ်ကတ်ဖြစ်တဲ့ Visa တို့ Mastercard တို့ကလည်း မြန်မာနိုင်ငံကို ငွေကြေးအပေးအယူဆိုင်ရာ အခွင့်အခါတွေ ရှာဖွေနေ ပေမယ့် အချိန်ကာလတစ်ခုကို တိတိကျကျ မသတ်မှတ်နိုင်သေးပါဘူး။ ဘယ်လောက်မြန်မြန်လုပ်မလဲဆိုတာ အမေရိကန်အစိုးရက ဘယ် လောက်လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးမယ်ဆိုတဲ့ အတည်ပြုချက်အပေါ်မှာ မူတည်နေပါတယ်။

GE ကတော့ မြန်မာနိုင်ငံမှာ ရုံးဖွင့်ဖို့လုပ်နေပြီး ကျန်းမာရေးနဲ့ စွမ်းအင်ကဏ္ဍတွေမှာ သဘောတူစာချုပ်တွေ ရခဲ့ပေမယ့် အမေရိ ကန်ရဲ့ အတည်ပြုချက်ကို စောင့်ဆိုင်းနေပါတယ်။ ဓါတ်အားပေးစက်တွေ ရောင်းချဖို့၊ လက်ရှိစက်တွေကိုပြင်ဖို့ စာချုပ်တွေကို အချောသတ် နေပါတယ်။ အမေရိကန်ရဲ့သတ်မှတ်ချက်နဲ့ ဒေသန္တရစည်းမျဉ်းစည်းကမ်းတွေကို ချိန်ဆလို့ စောစောစီးစီး ဝင်ရောက်မြှပ်နှံရာက အကျိုး ကျေးဇူးတွေရအောင် အားထုတ်နေပါတယ်။ ကမ္ဘာတစ်ဝှမ်းက နိုင်ငံတော်တော်များများမှာ အကောင်းစားတရားဥပဒေစိုးမိုးမှုတွေ မရှိ။ အ ခြေခံ လမ်းပန်းဆက်သွယ်ရေးတွေကလည်း လိုအပ်နေလို့ အပြည့်အဝတရားဥပဒေစိုးမိုးမှုရှိတဲ့အထိ စောင့်ဆိုင်းမြှပ်နှံဖို့ကတော့ ခက်ပါ တယ်တဲ့။ စောစောဝင်လေ လုပ်စရာရင်းနှီးမြှပ်နှံစရာ အခွင့်အလမ်းတွေကလည်း အများကြီးဖြစ်သေးမို့ပါ။

ဘာလို့ ခုထိမလာနိုင်

ကျွန်တော်တို့ရဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဥပဒေဟောင်း ထွက်စဉ်အခါတုန်းကလည်း ကျွန်တော်တို့ရဲ့ ဥပဒေဟာ အလွန်ကောင်းလို့ ကိုယ့်ငါးချဉ်ကိုယ်ချဉ်ခဲ့ကြပေမယ့် တကယ်တမ်းကျတော့ ရင်းနှီးမြှပ်နှံမှုတွေ မလာကြတာကို သင်ခန်းစာယူသင့်ပါတယ်။ အများစုက ရင်းနှီးမြှပ်နှံမှုဥပဒေကို စောင့်ခဲ့တာမှန်ပေမယ့် အခုအချိန်အထိ အချို့နေရာတွေမှာ တင်ပြရတဲ့ စာရွက်စာတမ်းတွေ များပြားပြီး အချိန်ယူ နေရတုန်းလို့ သိနေရပါတယ်။

ပြီးတော့ ကျွန်တော်တို့နိုင်ငံမှာ အထက် အလယ် အောက် အဆင့်အားလုံးလိုလို နိုင်ငံတကာနဲ့ ကင်းကွာနေတဲ့ အားနည်းချက်တစ်ခု                                              လည်း ရှိနေကြောင်း အတွေ့အကြုံရှိသူတွေက ထောက်ပြကြတယ်။ ဌာနဆိုင်ရာတွေမှာ ထိပ်ဆုံးကလူကြီးပြောလိုက်တာကို အောက်အဆင့် တွေက မသိတာ၊ ဌာနတစ်ခုနဲ့ တစ်ယောက် အပြန်အလှန် ဘော်လီဘောပုတ်နေကြတာတွေလည်း ရှိနေကြပါသေးတယ်။

အခုရက်ပိုင်းမှာတွေ့ဖြစ်တဲ့ နိုင်ငံခြားမိတ်ဆွေတစ်ယောက်ကတော့ တကယ်လာရောက်မြှပ်နှံချင်တဲ့သူဖြစ်ဖို့ ရေတိုထက် ရေရှည် အကျိုးစီပွားကိုကြည့်ဖို့ ပြောဆိုနေတာကြားရလို မြန်မာပြည်ထဲကို အလောသုံးဆယ် လာရောက်ကြတဲ့လူတွေအနေနဲ့ ခိုင်မာတဲ့ သေချာရေ ရာတဲ့ သတင်းအချက်အလက်တွေမရဘဲ ပြန်သွားရရင်၊ ကိုယ့်နိုင်ငံရဲ့ရုပ်ပုံလွှာ မလှမပ ဖြစ်သွားနိုင်တယ်လို့ သတိပေးတာကိုလည်း ကြားသိ ရပါတယ်။

ဧည့်သည်တွေ ဧည့်သည်တွေ

စင်္ကာပူနိုင်ငံကလုပ်ငန်းရှင်တွေဆိုရင် လေးလအတွင်းမှာ နှစ်ဖွဲ့တောင် လာရောက်ခဲ့တာ တွေ့ရပါတယ်။

ဗီယက်နမ်သင်္ဘောလုပ်ငန်းတစ်ခုက အာဆီယံဒေသအတွင်း ကုန်သွယ်မှုနဲ့ တရုတ်အာဆီယံကုန်သွယ်မှုတွေ တိုးပွားလာမယ့် အရိပ် အယောင်ကြောင့် ကုန်တင်သင်္ဘောကြီးတွေ တိုးချဲ့ပြေးဆွဲဖို့ ပြင်ဆင်နေတာတွေ့ရပါတယ်။ အာဆီယံရဲ့ ကုန်သွယ်မှုဟာ တစ်နှစ်ကို ၂ ရာခိုင် နှုန်းတိုးတက်ပြီး ဒေသထုတ်ကုန် တိုးတက်မှုနှုန်းထက် မြန်တယ်လို့ သူတို့က တွက်ဆထားပါတယ်။ ဒါကြောင့် ဗီယက်နမ်သင်္ဘောလိုင်းဟာ လက်ရှိ သင်္ဘော ၆ စင်းအပြင် နောက်ထပ် ၆ စင်း တိုးချဲ့ပြေးဆွဲဖို့ ပြင်ဆင်နေတာ တွေ့ရပါတယ်။

ထိုင်းကမ္ဘာလှည့်ခရီးသွားလုပ်ငန်း

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းထိုင်းနိုင်ငံကတော့ ထိုင်းနိုင်ငံကို ထပ်ထပ်ပြီးလာချင်အောင် ဘယ်လိုအသစ်အဆန်းတွေ ဘယ်လိုထူးခြား တဲ့ အစီအစဉ်တွေ ချမှတ်ရမလဲဆိုတာကိုလည်း စဉ်းစားနေကြပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံထဲက ကမ္ဘာလှည့်ခရီးသည်တွေဟာ သူတို့ အရပ်ဒေသတွေမှာ မခံစားမရရှိနိုင်တဲ့ အတွေ့အကြုံတွေရဖို့ အလည်အပတ် လာရောက်ကြပါတယ်။ ပြီးတော့ ကျောပိုးအိတ်တစ်လုံးနဲ့ လာ တဲ့သူတွေဟာ တတ်နိုင်တဲ့သူတွေ၊ ပညာတတ်တွေ ပိုများလာတယ်လို့ ဆိုပါတယ်။ ဒီတော့လည်း သူတို့လိုချင်တဲ့ အလတ်တန်း၊ အမြင့်တန်း ဝန်ဆောင်မှုတွေကို ပိုပြီးပေးဖို့ လိုအပ်လာပါတယ်။ ဆရာဝန်တွေ၊ ရှေ့နေတွေ ယဉ်ကျေးမှုအကြောင်း တကယ်လေ့လာချင်တဲ့သူတွေကို ဟို တုန်းကလို ငွေမရှိတဲ့လူတွေလို သဘောထားပြီး ဆက်ဆံလို့မရပါဘူး။

ဒီ့အပြင် ထိုင်းကုမ္ပဏီတွေက ထိုင်းနိုင်ငံရဲ့ ပြင်ပအာရှဒေသတွင်းမှာ ရင်းနှီးမြှပ်နှံဖို့ ဘာသာစကားအခက်အခဲကို ကြီးမားတဲ့အဟန့် အတားတစ်ခုအနေနဲ့ မမြင်ဘဲ ဒေသခံတစ်ယောက်ကို ဆွဲခန့်တဲ့နည်းနဲ့ ဖြေရှင်းနိုင်တဲ့အကြောင်းကိုလည်း တွေ့ရပါတယ်။

နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန် ကိုကာကိုလာကုမ္ပဏီက မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုတွေ ပြုလုပ်ပါ တော့မယ်။ ယခုလောလောဆယ် မြန်မာအမျိုးသမီးတွေ အလုပ်အကိုင်ရရှိဖို့ ထောက်ပံ့ကူညီငွေ ဒေါ်လာ သုံးသန်း လှူဒါန်းခဲ့ပါတယ်။ မြန် မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံတဲ့အခါ လူ့အခွင့်အရေး၊ အလုပ်ခွင်အခွင့်အရေးဆိုင်ရာ မူဝါဒတွေကို တိတိကျကျလိုက်နာသလို၊ လာဘ်ပေးမှု ဆန့် ကျင်ရေးမူဝါဒကိုလည်း ဆက်လက်ကိုင်ဆွဲကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

ဒီတစ်ပတ်ထဲမှာ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်က မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကိုလည်း ရုပ်သိမ်းခဲ့ပါ တယ်။ အပြည်ပြည်ဆိုင်ရာအလုပ်သမားကွန်ဖရင့်ကို ဒေါ်အောင်ဆန်းစုကြည်သွားရောက် မိန့်ခွန်းပြောခဲ့ရာမှာ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုဟာ နယ်ပယ်အားလုံးမှာ အရေးပါတဲ့အကြောင်း အလုပ်လက်မဲ့ဖြစ်ရာက မျှော်လင့်ချက်မဲ့တဲ့ လူငယ်တွေ  အလုပ်အကိုင်ရရှိမှု အရေး ကြီးတဲ့အကြောင်း၊ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အထောက်အကူပြုမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးမယ့် ရင်းနှီး မြှပ်နှံမှုတွေ လိုအပ်တဲ့အကြောင်းတွေ ပြောကြားသွားခဲ့ပါတယ်။

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment