Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၈.၆.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနှင့် တောင်ကိုရီးယားအကြား တိုက်ရိုက်လေကြောင်းခရီးစဉ်စတင်မည်

(Yonhap သတင်းဌာနမှ 26 June 2012 ရက်စွဲပါ Korean Air to begin direct flights to Myanmar ကိုဘာသာပြန်ဆိုသည်)

  1. အီးယူအဆင့်မြင့်ကိုယ်စားလှယ် ကက်သရင်းအက်ရှ်တန်နှင့် အီးယူကုန်သွယ်ရေးမဟာမင်းကြီး ကားလ်ဒီဂုခ်ျတို့၏ မြန်မာဆိုင်ရာ ပူးတွဲကြေညာချက်

(European Commission မှထုတ်ပြန်ချက်ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံနှင့်ဆက်ဆံရေး ဆက်လက်ပြုလုပ်ရန် အမေရိကန်ကိုယ်စားလှယ် တိုက်တွန်း

(27 June 2012 ရက်စွဲပါ VOA News မှ Michael Bowman ရေးသားသော US envoy urges continued engagement with Burma ကိုဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

မြန်မာနှင့် တောင်ကိုရီးယားအကြား တိုက်ရိုက်လေကြောင်းခရီးစဉ်စတင်မည်

(Yonhap သတင်းဌာနမှ 26 June 2012 ရက်စွဲပါ Korean Air to begin direct flights to Myanmar ကိုဘာသာပြန်ဆိုသည်)

တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းလေကြောင်းလိုင်းဖြစ်သော Korean Air(Korean Air Lines Co)သည် မြန်မာနိုင်ငံနှင့် တိုက်ရိုက် လေကြောင်း ခရီးစဉ် ပြေးဆွဲတော့မည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ထုတ်ပြန်ကြေညာသည်။

Korean Air အနေဖြင့် တောင်ကိုရီးယားနိုင်ငံမြို့တော် အနောက်ဘက်ရှိ အင်ချွန်းနိုင်ငံတကာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တိုက်ရိုက်လေကြောင်းခရီးစဉ် ပြေးဆွဲသွားမည်ဖြစ်ရာ ခရီးသည်များ ခရီး သွားလာချိန်လျော့နည်းကာ အဆင်ပြေသက်သာမည်ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ လေကြောင်းခရီးစဉ်သစ်ကို လာမည့် စက်တင်ဘာလ ၁၃ ရက်နေ့မှစ၍ တစ်ပတ်လျှင် လေးရက်တိတိ ပြေးဆွဲမည်ဖြစ်ကြောင်း၊ ခရီးစဉ် သစ်ကြောင့် ယခင် သတ်မှတ်ကြာချိန် ၁၀ နာရီခန့်ရှိခဲ့ရာမှ ခြောက်နာရီခန့်သာ ကြာမြင့်မည်ဖြစ်ကြောင်း Korean Air ကဆိုသည်။

မြန်မာနှင့် တောင်ကိုရီးယားနိုင်ငံအကြားတွင် ယခင်က တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲမှုမရှိခဲ့သောကြောင့် တောင်ကိုရီးယားမှလာမည့် ခရီးသည်များအနေဖြင့် တတိယနိုင်ငံတစ်နိုင်ငံကို ဦးစွာသွားရောက်ပြီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြရသည်။

ယခုပြေးဆွဲမည့်ခရီးစဉ်တွင် ခရီးသည် ၁၃၈ ဦးတင်ဆောင်နိုင်သော Boeing 737-800 ဂျက်လေယာဉ်များကို အသုံးပြုမည်ဖြစ်ကြောင်း၊ ခရီးသည် ထိုင်ခုံများအားလုံးတွင် တစ်ကိုယ်ရေသုံး အသံစနစ်နှင့် ဗီဒီယိုစနစ်တို့ တပ်ဆင်ထားကြောင်း ယင်းလေကြောင်းလိုင်းကဆိုသည်။

                                                                    ***************************************

အီးယူအဆင့်မြင့်ကိုယ်စားလှယ် ကက်သရင်းအက်ရှ်တန်နှင့် အီးယူကုန်သွယ်ရေးမဟာမင်းကြီး ကားလ်ဒီဂုခ်ျတို့၏ မြန်မာဆိုင်ရာ ပူးတွဲကြေညာချက်

(European Commission မှထုတ်ပြန်ချက်ကို ဘာသာပြန်ဆိုသည်)

"မြန်မာနိုင်ငံတွင်း အလုပ်သမားရေးရာ လုပ်ဆောင်မှုများကို ပြစ်တင်ရှုတ်ချသည့်အနေဖြင့် မြန်မာနိုင်ငံအပေါ် သတ်မှတ်ပြဌာန်းထားသည့် ဆုံးဖြတ်ချက်အား ဆိုင်းငံ့ရန် နိုင်ငံတကာအလုပ်သမားအဖွဲ့(ILO)၏ ဆုံးဖြတ်ချက်ကို ကျွန်ုပ်တို့အနေဖြင့် ကြိုဆိုလိုက်သည်။

မြန်မာအာဏာပိုင်များက အလုပ်သမားကိစ္စနှင့်ဆက်နွှယ်သော ဥပဒေများ ရေးဆွဲရာတွင် များစွာအရေးကြီးသည် ကြိုးပမ်းအားထုတ်မှုများ ပြုလုပ် ခဲ့သည်ဟူသောအချက်ကို ILO က အသိအမှတ်ပြု လက်သင့်ခံကြောင်း ဖော်ပြထားသည့် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ပြီးနောက် ယခုလိုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ အီးယူ(ဥရောပသမဂ္ဂ)အနေဖြင့် ILO အစီရင်ခံချက်၏ အရေးပါမှုကို အပြည့်အဝ သိရှိနားလည်ထားသည်။ ထို့အတူ ယခု ကိစ္စသည် ဥရောပဈေးကွက်သို့ မြန်မာထုတ်ကုန်ပစ္စည်းများတင်ပို့ပြီး စီးပွားရေးမြှင့်တင်ရေး၊ ပြည်သူလူထုအား အခရာကျသော စီးပွားရေး ထောက်ပံ့မှုများ ပေးနိုင်ရေး အစရှိသည်တို့အတွက် ဦးစားပေးဈေးကွက်အကဲဖြတ်မှုများ ပြန်လည်လုပ်ဆောင်သွားနိုင်ရန် အပြုသဘောဆောင်သည့် အဆင့်တစ်ခု ဖြစ်သည်ဟု ရှုမြင်မိပါသည်။

ILO ၏အစီရင်ခံစာကို ကျွန်ုပ်တို့က အထူးဂရုပြုလေ့လာလျက်ရှိရာ ယင်းအဖွဲ့၏ ဆုံးဖြတ်ချက်ကိုအခြေပြုပြီး မြန်မာနိုင်ငံအား အထွေထွေ ဦးစား ပေးမှုစနစ်(GSP)ထဲတွင် ပြန်လည်သတ်မှတ် ထားရှိနိုင်ရေးအတွက် ဥပဒေပြုမှုဆိုင်ရာ အဆိုပြုချက်တစ်ရပ်ကို အီးယူအနေဖြင့် ဆက်လက်ရေးဆွဲသွား နိုင်လိမ့်မည်ဟုလည်း မျှော်လင့်မိသည်။

ဤသို့သောအနေအထားမျိုးတွင် “မြန်မာနိုင်ငံစီးပွားရေး ပြန်လည်နာလည်ထူမှုနှင့် အောင်မြင်ထမြောက်မှုအတွက် များစွာအရေးပါသည့် လိုအပ် ချက်များသဖွယ်ဖြစ်နေသည့် တာဝန်ယူသော ရင်းနှီးမြှုပ်နှံမှုများနှင့် အပြန်အလှန် ကုန်သွယ်မှုများ ပြုလုပ်ကြရန်” အီးယူအနေဖြင့် ထပ်မံတိုက်တွန်းပြောဆို လိုပါသည်။ ပို၍ဆိုရလျှင် အီးယူကောင်စီမှ ဝန်ကြီးများကလည်း  အီးယူဈေးကွက်သို့ မြန်မာထုတ်ကုန်ပစ္စည်းများ တင်ပို့ရေးအတွက် ဦးစားပေးဈေးကွက် အကဲဖြတ်မှုများ ပြန်လည်လုပ်ဆောင်ရေးကို လုံးလုံးလျားလျားထောက်ခံမှုပြုကြောင်း ထုတ်ဖော်ထားပြီးဖြစ်သည်။ ဇွန်လ ၁၄ ရက်နေ့က ILO ကွန်ဖရင့်တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားရာ၌ ၎င်း၏ ထင်မြင်သုံးသပ်ချက်များ ကိုလည်း အီးယူက နွေးထွေးစွာ ကြိုဆိုလိုက်ပါသည်။

                                                                **********************************************

မြန်မာနိုင်ငံနှင့်ဆက်ဆံရေး ဆက်လက်ပြုလုပ်ရန် အမေရိကန်ကိုယ်စားလှယ် တိုက်တွန်း

(27 June 2012 ရက်စွဲပါ VOA News မှ Michael Bowman ရေးသားသော US envoy urges continued engagement with Burma ကိုဘာသာပြန်ဆိုသည်)

အမေရိကန်၏ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရေးမှာ ရလဒ်ကောင်းများထွက်သောကြောင့် ဆက်လက်လုပ်ဆောင်သင့်ကြောင်း သမ္မတ Barak Obama က မြန်မာနိုင်ငံအတွက် သံအမတ်ကြီးအဖြစ် အမည်စာရင်းတင်သွင်းထားသူ Derek Mitchell က ပြောကြားခဲ့သည်။

Mitchell က ၎င်းအား သံအမတ်ခန့်အပ်ရန် စဉ်းစားလျက်ရှိသော ဆီးနိတ်နိုင်ငံခြားဆက်ဆံရေးကော်မတီတွင် ဗုဒ္ဓပာူးနေ့က ပြောကြားခဲ့ခြင်း ဖြစ်သည်။

Mitchell သည် Capitol Hill ၌ စကားပြောကြားရာတွင် အမေရိကန်ပြည်ထောင်စုက ယခင်ကတည်းက တိုက်တွန်းနေခဲ့သော မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့် စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုများကို လေးစားကြောင်း ပြောကြားခဲ့သည်။

“ပြီးခဲ့သည့်နှစ်အတွင်း မြန်မာအစိုးရက ခြေလှမ်းတွေလှမ်းခဲ့တော့ အမေရိကန်ပြည်ထောင်စုကလည်း လုပ်ဆောင်မှုတိုင်းအတွက် တုန့်ပြန်တဲ့နည်း နဲ့ ချဉ်းကပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လများအတွင်း ကျွန်တော်တို့နဲ့ လုပ်ဆောင်ချက်တိုင်းပာာ မြန်မာပြည်သူပြည်သားတွေ အကျိုးရှိဖို့နဲ့ ပြုပြင်ပြောင်းလဲမှုများနဲ့ စနစ်အတွင်းက ပြုပြင်ပြောင်းလဲရေးသမားတွေ အားကောင်းလာအောင် ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့ပါတယ်။ ဒီဆက်ဆံရေးကို ဆက်လက်တိုးချဲ့လုပ်ဆောင် သွားသင့်ပါတယ်”ပာု ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုများအတွက် မှတ်တိုင်ဖြစ်သော ယခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဖြင့် သက်သေပြခဲ့ရာ အမေရိကန်ပြည်ထောင်စု သည် အရေးယူမှုအချို့ကို ဖြေလျော့ပေးခဲ့သည်။ ဗာဂျီးနီးယားမှ ဒီမိုကရက်တစ်ဆီနိတ်တာ James Webb ကလည်း ၂၀၀၉ ခုနှစ်က မြန်မာနိုင်ငံသို့ ရောက်ပြီးကတည်းက အခုထိ မြန်မာနိုင်ငံ၏ လုပ်ဆောင်ချက်များမှာ အံ့သြဖွယ်ဖြစ်ပြီး ကျေနပ်အားရဖွယ်ဖြစ်ကြောင်း ပြောခဲ့သည်။

“အဲဒီတုန်းက တိုင်းပြည်က အထီးကျန်ဖြစ်နေပြီး အစိုးရ၊ စစ်တပ်နဲ့ ပြည်သူတွေပာာ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ထိတွေ့ခွင့်မရဘဲ ပိတ်မိ နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရော၊ အခြားလှုပ်ရှားသူတွေ ထောင်ထဲမှာရှိနေပါတယ်။ တိုင်းရင်းသားအုပ်စုတွေနဲ့ ပဋိပက္ခတွေ ဆက်လက်ရှိနေပြီး၊ တိုင်းပြည်ရဲ့ စုစည်းညီညွှတ်မှုအတွက် စိန်ခေါ်မှုတွေရှိနေပါတယ်။ တံခါးဖွင့်ဖို့၊ ပြုပြင်ပြောင်းလဲဖို့၊ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အလားအလာတွေပာာ မျှော်လင့်ချက်ကင်းမဲ့နေပါတယ်။ ဒါပေမယ့် အဲဒီခရီးစဉ်အတွင်းမှာ မတူတဲ့ အနာဂါတ်စ်ခုအတွက် ကတိတွေရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း တွေ့ခဲ့ ရပါတယ်”ပာု Webb ကပြောသည်။

အဆိုပါ ကတိမှာ အမှန်တကယ်ဖြစ်လာခဲ့ကြောင်း Webb ကပြောခဲ့ပြီး၊ မြန်မာနိုင်ငံတွင် မကြာခင်က ဖြစ်ပျက်ခဲ့သည်များကို သမိုင်းဝင် အလှည့်အပြောင်းတစ်ခုပာု ဖော်ပြခဲ့သည်။ Webb က တည်ငြိမ်ပြီး အဓိပ္ပါယ်ပါသော အမေရိကန်၏ မူဝါဒရှေ့ဆက်ရေးအတွက် ထောက်ခံခဲ့သည်။

“ဒီတိုင်းပြည်မှာ စိန်ခေါ်မှုရှိနေပါသေးတယ်။ ဒါပေမယ့် အပေါင်းလက္ခဏာဆောင်တဲ့ စုစည်းစီမံခန့်ခွဲနိုင်မှုပာာ အားလုံးကို ညီညွှတ်စွာ ယိုင်းပင်း လာနိုင်ပါတယ်”ပာု ၎င်းက ပြောသည်။ “ကျွန်တော်တို့ပာာ နိုင်ငံရေးလွတ်လပ်ခွင့် သို့မပာုတ် တစ်ဦးချင်းရခိုင်ခွင့်အတွက် ပူပင်လုပ်ဆောင်မှုကို အလျော့ မပေးသင့်ပါဘူး။ မြန်မာအပါအဝင် နိုင်ငံအားလုံးနဲ့ ဆက်ဆံတဲ့အခါ ဒီအချက်တွေကို ဗပိာုပြုရပါမယ်။ ဒါပေမယ့် အခုဖြစ်နေတဲ့ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေကို အဆက်မပြတ်ရှိစေဖို့ စီးပွားရေးတိုးတက်မှုကို မြှင့်တင်ပေးသင့်ပါတယ်”ပာု ၎င်းက ဖြည့်စွက်ပြောသည်။

Derek Mitchell ကပြောကြားရာတွင် ၎င်းနှင့် နိုင်ငံခြားရေးဌာနသည် မြန်မာနိုင်ငံ၏ ရှေ့ခရီးတွင်ရှိနေသော စိန်ခေါ်မှုများနှင့်ပတ်သက်၍ အယူအဆ မှားယွင်းနေမှုများမရှိကြောင်း ဆိုသည်။

“နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန် လေ့လာထားမှုအရ ပြုပြင်ပြောင်းလဲမှုကနေ နောက်ပြန်မသွားတော့ဘူးလို့ မပြောနိုင်သေးပါဘူး”ပာု Mitchell က သတိပေးသည်။ “ဒီမိုကရေစီပြောင်းလဲမှုတွေ မဖြစ်မနေ ဆက်လုပ်မယ်လို့လည်း မပြောနိုင်သေးပါဘူး။ ကျွန်တော်တို့ပာာ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေသေးတာ၊ လွှတ်ပေးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေတွေ၊ တရားဥပဒေစိုးမိုးမှုမရှိသေးတာ၊ နိုင်ငံအရေးတွေမှာ စစ်တပ်ရဲ့ကဏ္ဍကို အခြေခံဥပဒေမှာ ပေးထားတာတွေနဲ့ပတ်သက်ပြီး ကြီးစွာစိုးရိမ်ပူပန်နေဆဲဖြစ်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ တိုင်းရင်းသား ဒေသတွေမှာ စစ်တပ်က အစစ်အဆေးမရှိ ကျုးလွန်နေမှုတွေ ပါဝင်ပါတယ်”ပာု ၎င်းက ပြောသည်။

Mitchell သည် လက်ရှိအားဖြင့် မြန်မာနိုင်ငံမူဝါဒနှင့်ပတ်သက်၍ နိုင်ငံခြားရေးဌာန၏ အထူးညှိနှိုင်းရေးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ၎င်းသည် အမေရိကန်ကာကွယ်ရေးဌာနအတွက်လည်း လုပ်ပေးလျက်ရှိသည်။ ၎င်းအား မြန်မာနိုင်ငံအတွက် သံအမတ်ကြီးအဖြစ် အမည်စာရင်းတင်သွင်း ထားမှုကို နိုင်ငံခြားဆက်ဆံရေးကော်မတီက ထောက်ခံပြီးမှ ဆီးနိတ်တစ်ခုလုံးက မဲပေးရမည်ဖြစ်သည်။

                                ******************************************************************************************************                                


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment