Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၈.၆.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာအစိုးရ၏ ဆွဲဆောင်မှုသည် တိမ်းချော်နိုင်သော လမ်းလျှောတစ်ခု

(The Washington Post မှ 28 Jun 2012 ရက်စွဲပါ “Burma’s Lure is a slippery  slope” ခေါင်းကြီးပိုင်းကို ဘာသာပြန်ဆိုသည်)

  1. အမေရိကန်က မြန်မာနိုင်ငံအား မြောက်ကိုရီးယားနှင့်အဆက်ဖြတ်စေချင်

( Korea Times မှ 28 June 2012 ရက်စွဲပါ“ US wants Myanmar to cut ties with N.Korea: Mitchell” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. “အာရှ၏ တန်ဖိုးထားမှုများ” လား (သို့မဟုတ်) “ယူနီဗာဆယ်လူ့အခွင့်အရေး”လား

(28 June 2012 ရက်စွဲပါ  The Jakarta Post မှ “Asian values`” or universal human rights? ကိုဘာသာပြန်ဆိုသည်။)

                                ***************************************************************

ဘာသာပြန်သတင်းများ        

မြန်မာအစိုးရ၏ ဆွဲဆောင်မှုသည် တိမ်းချော်နိုင်သော လမ်းလျှောတစ်ခု

(The Washington Post မှ 28 Jun 2012 ရက်စွဲပါ “Burma’s Lure is a slippery  slope” ခေါင်းကြီးပိုင်းကို ဘာသာပြန်ဆိုသည်)

အိုဘားမားအစိုးရသည် ယခုအချိန်အထိ မြန်မာနိုင်ငံဆိုင်ရာမူဝါဒကို ဂရုတစိုက် အလျှော့အတင်းပြုလုပ်ကာ၊ လုပ်ဆောင်စရာများစွာ ကျန်ရှိ နေသေးသော ယိုင်နဲ့နဲ့ ဒီမိုကရေစီကူးပြောင်းရေးဖြစ်စဉ်ကို ကြိုဆိုထောက်ခံရန်အတွက် Sanctions များကို ဖြေလျော့ပေးနေသည်။ သို့သော် ၎င်း အလျှော့အတင်း ဇက်ကြိုးထိန်းမှုသည် ယခုအခါ အန္တရာယ်ရှိလာပြီ။

လတ်တလောတွင် အမေရိကန်ရေနံကုမ္ပဏီများအား မြန်မာအစိုးရပိုင်စွမ်းအင်ကုမ္ပဏီ MOGE နှင့်အတူ စီးပွားရေးလုပ်ခွင့်ပေးမလားဆိုသည်ကို အမေရိကန်အစိုးရတာဝန်ရှိသူများ ငြင်းခုန်နေကြသည်။ အမေရိကန်ကုမ္ပဏီများကို ခက်ခက်ခဲခဲ စည်းရုံးနေရသည်ပာုလည်း သိရှိရသည်။ သို့သော်လည်း ၎င်းရင်းနှီးမြှုပ်နှံမှုကဏ္ဍကို ဖွင့်ပေးလိုက်ပါက နိုင်ငံခြားရေးဝန်ကြီး ကလင်တန် ယခင်လပိုင်းများအတွင်း ကြေညာခဲ့သော မူဝါဒ၏ အဓိပ္ပါယ်နှင့် ဆန့်ကျင်ဘက် ဖြစ်သွားပေလိမ့်မည်။ ထို့အပြင် သူမ၏ ပြည်တွင်းရပ်တည်မှုအနေအထားကို အထိခိုက်ခံ၍ ပွင့်လင်းစွာပြောဆိုထားသော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကြံဉာဏ်ကိုလည်း ဆန့်ကျင်ရာရောက်ပေလိမ့်မည်။ ယခုလို သိမ်မွေ့လွန်းသော အခြေအနေတွင် သူမ အားနည်းသွားအောင် ဘာကြောင့် သမ္မတအိုဘားမား လုပ်ချင်ရပါသနည်း။

Burma(သို့)မြန်မာနိုင်ငံသည် လူဦးရေ သန်း ၅၀ ကျော်နှင့်အတူ သယံဇာတကြွယ်ဝသော်လည်း တပ်မတော်အစိုးရ အုပ်ချုပ်ခဲ့သည့် ကာလအတွင်း ဆင်းရဲတွင်းသို့ ကျဆင်းသွားခဲ့သည်။ ယခုလောလောဆယ်တွင် သမ္မတဦးသိန်းစိန်(ဗိုလ်ချုပ်ကြီးပောာင်း)က ပြည်သူများကို ပိုမိုလွတ်လပ် ခွင့်ပေးလာကာ၊ ကမ္ဘာကြီးနှင့် နိုင်ငံရေးအရ၊ စီးပွားရေးအရ ပြန်လည်ဆက်သွယ်ရန် ကြိုးစားလျက်ရှိသည်။ သမ္မတဦးသိန်းစိန်နှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့သည် ပြုပြင်ပြောင်းလဲရေးကို ရှေ့ဆက်တွန်းရန်အတွက် အတူရပ်တည်နိုင်မည့် အကျိုးတူနယ်စပ်ရှာတွေ့ရန် ကြိုးစားနေကြသည်။ သူတို့အပေါ် မျှော်လင့်ချက်ထားချင်စရာကောင်းသော နှိုင်းယှဉ်မှုမှာ တောင်အာဖရိကနိုင်ငံ၏ အက်ဒဗလျူ ဒီကလပ်နှင့် နယ်လ်ဆင်မင်ဒဲလားတို့ပင်ဖြစ်သည်။

မကြာသေးမီက ဗြိတိသျှပါလီမန်တွင် မိန့်ခွန်းပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ အလုပ်သမား အခွင့်အရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရှင်သန်စေမှုစသော ဒီမိုကရေစီနှင့်ကိုက်ညီမည့် ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုကြောင်းပြောဆိုသွားသည်။

မြန်မာအစိုးရပိုင်ရေနံကုမ္ပဏီ(MOGE)သည် အဆိုပါ တန်ဖိုးများနှင့်ဆန့်ကျင်ဘက် ကိုယ်စားပြုနေသည့်အပြင် စစ်အုပ်ချုပ်ရေး၏ ဆိုးဝါးသော ဖိနှိပ်မှုများအတွက် ရန်ပုံငွေထောက်ပံ့သော၊ အားပေးအားမြှောက်ပြုသော ကုမ္ပဏီတစ်ခုဖြစ်နေသည်။

နိုင်ငံပိုင်ကုမ္ပဏီသည် လောလောဆယ်တွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု နှစ်မျိုးစလုံးမရှိပါပာု ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီက ထုတ်ဖော်ပြောဆိုခြင်းသည် မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ သဘောထားထင်မြင်ချက်ကို ထပ်တူထပ်မျှကိုယ်စားပြု ပြောကြားလိုက်ခြင်းဖြစ်သည်။

“အစိုးရအနေနဲ့ ဘဏ္ဍာရေးပွင့်လင်းမြင်သာမှုအပါအဝင် နိုင်ငံတကာအသိအမှတ်ပြုစံနှုန်းတွေကို ကျင့်သုံးဖို့လိုအပ်နေပါတယ်။ မြန်မာအစိုးရ ကုမ္ပဏီက ဒီလိုစည်းမျဉ်းတွေကို လိုက်နာဖို့ လက်မှတ်မထိုးသေးသမျှ၊ ဒီနိုင်ငံတကာအစိုးရတွေက သူတို့ကုမ္ပဏီတွေကို လက်တွဲခွင့် မပေးဘူးဆိုရင် မြန်မာပြည်သူတွေအပေါ် ကူညီရာရောက်ပါတယ်”ပာု သူမက ဆိုသည်။

Sanctions များဖြေလျော့သွားစေမည့် မှန်ကန်သော အရှိန်အပာုန်ကို ရရှိရေးမှာ ခက်ခဲနိုင်ဖွယ်ရှိသည်။ ဦးသိန်းစိန်နှင့် သူ့အုပ်စုအနေဖြင့် ဒီမိုကရေစီအပြောင်းအလဲက လက်တွေ့အကျိုးဖြစ်ထွန်းစေမည်ပာူသောအချက်ကို ခေါင်းမာသော ဗိုလ်ချုပ်ပောာင်းများနှင့် ပြည်သူလူထုကိုပါ ပြသရန် လိုအပ်နေသည်။ အခြားတစ်ဖက်တွင်လည်း ပြုပြင်ပြောင်းလဲရေးဝါဒီများအနေဖြင့် သူတို့ဆက်လက် ပြောင်းလဲရန်အတွက် နိုင်ငံတကာ၏ နောက်ထပ် အလျှော့ပေးမှုများလိုအပ်ကြောင်း စောဒကတက်နိုင်မည်ဆိုပါက အကူအညီများရနိုင်ပေလိမ့်မည်။ လက်ရှိ မြန်မာနိုင်ငံတွင် တရားရုံးများနှင့် မီဒီယာများကို ချုပ်ကိုင်ထားဆဲပင်ဖြစ်ပြီး၊ နိုင်ငံရေးအကျဉ်းသားရာဂဏာန်းခန့် ထောင်ထဲတွင် ကျန်ရှိနေသည်။ တိုင်းရင်းသားမျိုးနွယ်စုများအပေါ် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိသလို၊ လွတ်လပ်မျှတသော ရွေးကောက်ပွဲဖြင့် ရွေးချယ်ခံရသော လွှတ်တော်အမတ်ဦးရေမှာလည်း ၁၀ ဦးလျှင် ၁ ဦးမပြည့်ပေ။

သို့သော် ယခု ရေနံကိစ္စသည် ခက်ခဲသော တောင်းဆိုမှုများထဲမှ တစ်ခုမပာုတ်ပါ။ ဧပြီလတွင် ပီာလာရီကလင်တန်က “မြန်မာ့စီးပွားရေး ခေတ်မှီရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲရေး အရှိန်ရအောင် ကူညီရန် ပစ်မှတ်ရွေးချယ်ဖြေလျှော့ပေးနေသည်။ သမိုင်းဝင် ပြုပြင်ပြောင်းလဲရေးကြိုးပမ်းမှု၏ အခြားတစ်ဖက် လမ်းမှားပေါ်မှာ ကျန်ရစ်သော ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအပေါ် ဆက်လက်အရေးယူဒဏ်ခတ်ထားဦးမည်”ပာု ပြောကြားခဲ့သည်။

မြန်မာအစိုးရပိုင်ရေနံကုမ္ပဏီ(မြန်မာ့ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း MOGE)သည် “မှားတဲ့ဖက်မှာ”ရှိနေသော အဖွဲ့အစည်းဖြစ်သည်။

၎င်းကုမ္ပဏီ၏ အမှားများ ပြင်ဆင်ပြောင်းလဲလာသည်အထိ ဝါရှင်တန်အနေဖြင့် မစ္စကလင်တန် ပြောထားသလို ရပ်တည်ရပါလိမ့်မည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာ့ရေနံနယ်ပယ်ကို ပစ်ထားရေးအပေါ်ကန့်ကွက်သော ငြင်းခုန်မှုများကို အလျှော့ပေးခြင်းထက် ရင်းနှီးမြှုပ်နှံမှု စည်းကမ်းသတ်မှတ်ချက်အဖြစ် ပွင့်လင်းမြင်သာမှုရှိရေးကို အခိုင်အမာ တောင်းဆိုကြရန် အခြားနိုင်ငံများကို ဦးဆောင်ဦးရွက်ပြုသင့် ကြောင်း တင်ပြလိုက်ပါသည်။

                                                        ******************************************

အမေရိကန်က မြန်မာနိုင်ငံအား မြောက်ကိုရီးယားနှင့်အဆက်ဖြတ်စေချင်

( Korea Times မှ 28 June 2012 ရက်စွဲပါ“ US wants Myanmar to cut ties with N.Korea: Mitchell” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ပုံမှန်အဆင့်ဆက်ဆံလိုပါက မြောက်ကိုရီးယားနှင့် တရားမဝင် ဆက်ဆံမှုအားလုံးကို ရပ်ဆိုင်း ထားကြောင်း အာမခံချက်ပေးရန်လိုသည်ဟု လူသိများသံတမန်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

မြန်မာအစိုးရရဲ့ မြောက်ကိုရီးယားနဲ့စစ်ဖက်ဆက်ဆံမှု၊ ပွင့်လင်းမြင်သာမှု မရှိမှုတို့နဲ့ပတ်သက်ပြီး လူသိရှင်ကြားတစ်မျိုး၊ တိုးတိုးတိတ်တိတ် တစ်သွယ် ဆက်လက်စိုးရိမ်ပူပန်နေရတာဟာ အရင်အတိုင်းပါပဲဟု မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး ဖြစ်လာတော့မည့် ဒဲရစ်မစ်ချယ်က ပြောကြားခဲ့သည်။

သံအမတ်ကြီးအဖြစ် အမည်တင်သွင်းခံရပြီးနောက် တစ်လခန့်အကြာ ဆီးနိတ်နိုင်ငံခြားရေးရာကော်မတီရှေ့မှောက်၌ သူ၏ အတည်ပြုချက်ကို ကြားနာစစ်ဆေးရာတွင် မစ်ချယ်က ယင်းသို့ပြောကြားခြင်းဖြစ်သည်။

စစ်မှုထမ်းဟောင်း သံတမန်တစ်ဦးဖြစ်ပြီး၊ အာရှရေးရာနှံ့စပ်ကျွမ်းကျင်သော ဒဲရစ်မစ်ချယ်က သူ့အားသံအမတ်အဖြစ် အတည်ပြုခန့်အပ်ပြီးပါက မြန်မာနိုင်ငံ၏ မြောက်ကိုရီးယားနှင့် သံသယဖြစ်ဖွယ် စစ်ဖက်ဆက်ဆံရေးကိစ္စကို ဦးစားပေး ဆောင်ရွက်ဖြေရှင်းမည်ဟု ပြောကြားသည်။

“မြောက်ကိုရီးယားနဲ့ တရားမဝင်ဆက်ဆံမှုတွေ တစ်ကြိမ်ထဲနဲ့ အပြီးအပိုင်ရပ်ဆိုင်းသွားပြီဆိုတာကို ကျွန်တော်တို့ အပြည့်အဝကျေနပ်မှုမရရင် နှစ်နိုင်ငံဆက်ဆံရေးအပြည့်အဝ ပုံမှန်မဖြစ်နိုင်သေးပါဘူး”ဟု မစ်ချယ်က ရှင်းလင်း ပြောကြားသည်။

မစ်ချယ်သည် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒညှိနှိုင်းရေးအထူးကိုယ်စားလှယ်အဖြစ် ၂၀၁၁ မှစ၍ တာဝန်ယူဆောင်ရွက်ခဲ့သူ ဖြစ်သည်။

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော်အမတ် ဖြစ်လာစေသော ကြားဖြတ်ရွေးကောက်ပွဲကို မှန်ကန်မျှတစွာ ကျင်းပပေးခဲ့သော မြန်မာအာဏာပိုင်များ၏ ပြုပြင်ပြောင်းလဲမှုများကြောင့် အမေရိကန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး နွေးထွေးလာပြီးနောက်တွင် မစ်ချယ်အား သံအမတ်ကြီးခန့်အပ်ရန် အမည်တင်သွင်းမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

မနှစ်က မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ် သွားရောက်ခဲ့သော နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း မြန်မာအစိုးရ ခေါင်းဆောင်များ အား မြောက်ကိုရီးယားနှင့် တရားမဝင်ဆက်သွယ်မှုများ အဆုံးသတ်ရန် တိုက်တွန်းခဲ့သည်။

မြန်မာအစိုးရသည် မြောက်ကိုရီးယားလက်နက်များကို တင်သွင်းခဲ့ကြောင်း အထောက်အထားများဖြင့် စွပ်စွဲခံထားရသည်။

                                                            *********************************

“အာရှ၏ တန်ဖိုးထားမှုများ” လား (သို့မဟုတ်) “ယူနီဗာဆယ်လူ့အခွင့်အရေး”လား

(28 June 2012 ရက်စွဲပါ  The Jakarta Post မှ “Asian values`” or universal human rights? ကိုဘာသာပြန်ဆိုသည်။)

အာဆီယံရည်မှန်းထားသော တစ်ဦးကိုတစ်ဦးဂရုစိုက်၍ မျှဝေခံစားမည့်အသိုင်းအဝိုင်း(caring and sharing community)တွင် ရိုဟင်ဂျာလူမျိုးစု ထောင်ပေါင်းများစွာမှာ နိုင်ငံမဲ့လျက်ရှိသည်။ လှေဖြင့်ထွက်ပြေးလာသော ရိုဟင်ဂျာများကို မြန်မာနိုင်ငံသို့ အတင်းပြန်ပို့နေကြသောကြောင့် ပင်လယ်ပြင်တွင် လူးလာခေါက်ပြန် ရှိနေသည်။ တချိန်တည်းတွင် မလေးရှားက တရားမဝင် ဝင်ရောက်လာသူများကို ကိုင်တွယ်ဆောင်ရွက်မှုအား အင်ဒိုနီးရှားမှ ကန့်ကွက်နေသည်။ မလေးရှားကလည်း ထိုင်းနိုင်ငံတောင်ပိုင်းမှ လက်နက်ကိုင်ပဋိပက္ခများကြောင့် ထွက်ပြေးလာမည်ကို စိုးရိမ်လျက် ရှိသည်။

သို့သော် အာဆီယံချာတာတွင် နိုင်ငံတစ်ခု၏ ပြည်တွင်းရေးဝင်ရောက်မစွက်ဖက်ရဟု ပါရှိနေခြင်းကြောင့်၊ အာဆီယံ၏ လူ့အခွင့်အရေး အဖွဲ့အစည်းသည် အဖွဲ့ဝင်နိုင်ငံများ၏ လူ့အခွင့်အရေးနှင့်ပတ်သက်သော စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန်အတွက် အခွင့်အာဏာပေးရန် မမျှော်လင့်နိုင်ပေ။

သို့သော်လည်း အာဆီယံသည် ၎င်း၏ လူ့အခွင့်အရေးကြေညာစာတမ်းကို နိုဝင်ဘာလတွင် အတည်ပြုမည်ဟု မျှော်လင့်ရပြီး၊ သက်တမ်း(၄၅)နှစ် ရှိသော အဖွဲ့ကြီးအတွက် လေးနက်ပြီးအရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးများသည် ရှေ့လာမည့်လတွင် ကမ္ဘောဒီးယား၌ မူကြမ်းအတွက် တွေ့ဆုံကြမည် ဖြစ်သည်။

အဆိုပါ ကြေညာစာတမ်းထုတ်ပြန်ခြင်းသည် အာဆီယံအဖွဲ့ကြီးအနေဖြင့် ကမ္ဘာကလက်ခံသော လူ့အခွင့်အရေးများကို လျစ်လျူမရှူပဲ အသိအမှတ်ပြုသည် ဆိုသည့်အဓိပ္ပါယ်ကို ဆောင်သည်။ ယခုကဲ့သို့ ကြိုးပမ်းနေမှုသည် ယူနီဗာဆယ် လူ့အခွင့်အရေးကြေညာစာတမ်း(Universal Declaration of Human Rights)ကို အားနည်းစေမည့် ကြေညာချက်မဟုတ်ဟု သေချာစေပြီး၊ ကုလသမဂ္ဂ၏ ၁၉၄၈ ခုနှစ်က မူများနှင့် တစ်သားတည်း ရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။

ဒေသတွင်းတွင် စကားအချေအတင်ပြောနေရခြင်းများမှာ အာဆီယံတည်ထောင်ခဲ့သူများ၏ အမွေဆိုးများ ထင်ဟပ်မှုပင်ဖြစ်သည်။ ယူနီဗာဆယ် ကြေညာချက်နှစ်ငါးဆယ်ပြည့်သည့် ၁၉၉၈ ခုနှစ်က အာဆီယံတည်ထောင်ခဲ့သူ တစ်ဦးဖြစ်သော ထိုစဉ်က မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က အသစ်မဟုတ်သော“အာရှ၏တန်ဖိုးထားမှုများ” (Asian values)ဆိုသောစကားကို မိတ်ဆက်ပေးခဲ့သည်။

အာရှသားများသည် အနောက်နိုင်ငံသားများနှင့်မတူဘဲ မိမိတို့အသိုင်းအဝိုင်းနှင့် တိုင်းပြည်များအတွက် လုပ်ကိုင်ပေးရမည့် ကိစ္စရပ်များသည် ကိုယ်ပိုင်ရပိုင်ခွင့်များထက် ပို၍အရေးကြီးသည်ဆိုသော အဆိုကို ၎င်းက မီးမောင်းထိုးဖော်ပြခဲ့သည်။

အာဆီယံ၏ ကြေညာချက်မူကြမ်းတွင် လူ့အဖွဲ့အစည်းရပိုင်ခွင့်များသည် တစ်ဦးချင်းပိုင်ခွင့်ထက် ဦးစားပေးရမည်ဆိုသည့် အယူအဆကို ပစ်ပယ်လိုက်သည်ကို တွေ့ရသည်။ အယူအဆဟောင်းကို ဖယ်ရှားခဲ့ရခြင်းအတွက် ဝမ်းမြောက်ကြောင်း ပထမဆုံးအာဆီယံလူ့အခွင့်အရေး ကော်မရှင် တစ်ဦးဖြစ်သူ အင်ဒိုနီးရှားလူမျိုး Marzuki Darusmon က ပြောသည်။

သို့သော် အဆိုပါ အယူအဆဟောင်းမှာ မကြာသေးခင်က ငြင်းခုန်အချေအတင်ပြောဆိုမှုများတွင် သြဇာလွှမ်းမိုးနေဆဲဖြစ်သည်ကို တွေ့ရသည်။ အာဆီယံခေါင်းဆောင်များအနေဖြင့် ၎င်းတို့၏ လိုအပ်ချက်နှင့် ကိုက်ညီသော မှန်ကန်သောကြေညာချက်ကို ရေးဆွဲနိုင်ရေးအတွက် ပူပန်မှုများကို နားလည်ပေးနိုင်သည်။

Marzuki ကပြောကြားရာတွင် ကြေညာချက်သည် အနည်းဆုံးအားဖြင့် အဖွဲ့ဝင်နိုင်ငံများအား အခွင့်အရေးရပိုင်ခွင့်များ ဖြည့်ဆည်းပေးနိုင်ရေး အတွက် ၎င်းတို့၏တာဝန်ဝတ္တရားများကို အသိအမှတ်ပြုကြောင်း သေချာစေရေးကို ရည်ရွယ်သင့်သည်ဟု ပြောကြားခဲ့သည်။

                                           ******************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment