Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၃. ၇.၂၀၁၂

ပြည်တွင်းသတင်းများ

  1. အရည်အသွေး ညံ့ဖျင်းသည့် ဓာတ်မြေသြဇာများ တရုတ်နိုင်ငံမှတင်သွင်း
  2. ပြည်တွင်းအဖွဲ့ရှစ်ခုတွင် ကလေးစစ်သားအသုံးပြုလျက်ရှိ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ၂၀၁၅ မတိုင်မီ တိုင်းရင်းသားညီလာခံကျင်းပမည်
  2. လာမည့်လွှတ်တော်စည်းဝေးပွဲများတွင် မီဒီယာနှင့်ပတ်သက်၍ အဆိုတင်သွင်းမည်
  1. ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ဒီမိုမိတ်ဆွေပါတီများ ထုတ်ပြန်ကြေညာ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

အရည်အသွေး ညံ့ဖျင်းသည့် ဓာတ်မြေသြဇာများ တရုတ်နိုင်ငံမှတင်သွင်း

မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍတွင် အခက်အခဲများဖြစ်ပေါ်စေရန်နှင့် ထုတ်လုပ်မှုနှုန်းများ ကျဆင်းသွားနိုင်စေရန် အရည်အသွေးညံ့ဖျင်းလျက် ရှိသည့် ဓာတ်မြေသြဇာများကို တရုတ်နိုင်ငံမှ ပြည်တွင်းသို့ တင်သွင်းလျက်ရှိကြောင်း တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“တရုတ်နိုင်ငံကလာတဲ့ ဓာတ်မြေသြဇာတွေကို သုံးလိုက်တာ ထုတ်လုပ်မှုတွေကျဆင်းသွားတယ်။ ထုတ်လုပ်မှုတွေကျဆင်းသွားတော့ တောင် သူတွေအတွက် အရှုံးပေါ်တာပေါ့။ နိုင်ငံတော်အနေနဲ့ ဒီကိစ္စကို သေသေချာချာ စစ်ဆေးကြပ်မတ်မှုတွေ လုပ်သင့်ပါတယ်”ပာု ၎င်းက ဆိုသည်။

လက်ရှိ ပြည်တွင်းစိုက်ပျိုးရေးသုံး ဓာတ်မြေသြဇာ ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိသည့် တရုတ်နိုင်ငံထုတ် ဓာတ်မြေသြဇာများမှာ အခြားဓာတ်မြေသြဇာများနှင့် ပါဝင်မှုပစ္စည်းရာခိုင်နှုန်းများ တူညီသည့်အပြင် ဈေးနှုန်းမှာလည်း သက်သာသည့်အတွက် တောင်သူများမှ ယင်းဓာတ်မြေ သြဇာကိုသာ ဝယ်ယူသုံးစွဲခဲ့ပြီး ရာသီချိန် အသီးထွက်ပေါ်လာသည့်အခါ တရုတ်ဓာတ်မြေသြဇာ သုံးထားသည့် စိုက်ခင်းများမှာ အခြားစိုက်ခင်းများနှင့် အသီးအောင်နှုန်းများ မတူညီသည့်အပြင် လယ်မြေများလည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

“တရုတ်ဓာတ်မြေသြဇာသုံးထားတဲ့ စိုက်ခင်းတွေဆိုရင် အရမ်းသိသာတယ်။ သူတို့ရဲ့ အသီးအောင်နှုန်းနဲ့ အခြားစိုက်ခင်းတွေက ရရှိတဲ့ သီးနှံ အောင်နှုန်းတွေက မတူညီဘူး။ ဒီလိုဖြစ်တော့ အဓိကနစ်နာတာက တောင်သူတွေပဲ။ တရုတ်နိုင်ငံရဲ့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး ထုတ် ထားတဲ့ ဓာတ်မြေသြဇာတွေကို မသုံးဖို့အတွက်လည်း နိုင်ငံတော်က စီမံချက်ချပြီး တခြားတောင်သူတွေသိအောင် အသိပညာပေးတာတွေ လုပ်ဆောင် သင့်တယ်”ပာု ရှမ်းပြည်နယ်တောင်ပိုင်းမှ တောင်သူတစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် ပြည်တွင်းရှိ တောင်သူများမှာ စပါဈေးနှုန်းများကျဆင်းခြင်း၊ လယ်ယာမြေလုပ်သားရှားပါးခြင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေ အပြည့်အဝ မရရှိမှုများကြောင့် အခက်အခဲအကြပ်အတည်းနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ပြည်တွင်းအဖွဲ့ရှစ်ခုတွင် ကလေးစစ်သားအသုံးပြုလျက်ရှိ

မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်းလက်နက်ကိုင် အဖွဲ့ရှစ်ခုတွင် ကလေးစစ်သားအသုံးပြုလျက်ရှိကြောင်း ကုလသမဂ္ဂမှ စာရင်းထုတ်ပြန်ကြေညာ လိုက်ကြောင်း သတင်းမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

ကလေးစစ်သားများ အသုံးပြုလျက်ရှိသည့် ပြည်တွင်းအဖွဲ့ရှစ်ခုမှာ တပ်မတော်၊ ဒီမိုကရက်တစ် ဗုဒ္ဓဘာသာစစ်တပ်၊ ကချင်လွတ်မြောက်ရေး တပ်(KIA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-ငြိမ်းချမ်းရေးကောင်စီ၊  ကရင်နီတပ်၊ ရှမ်းပြည်နယ်တပ် (SSA) တောင်ပိုင်းနှင့် ‘ဝ’ အမျိုးသားတပ်မတော်တို့ဖြစ်ကြောင်း သိရသည်။

“ပြည်တွင်းမှာ ကလေးစစ်သားတွေ စုဆောင်းနေတာ တပ်မတော်အပါအဝင် အဖွဲ့ရှစ်ခုရှိတယ်လို့ ကုလက သတင်းထုတ်ပြန်ထားပါတယ်။ ဒီထဲ မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေလည်း ပါဝင်ပါတယ်။ ကလေးသူငယ်တွေရဲ့ အခွင့်အရေးဆိုင်ရာတွေအတွက် တိကျတဲ့ ဥပဒေပြဋ္ဌာန်းဖို့တွေ လို နေပါပြီ”လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၂ ဇွန်လ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂတို့အကြား ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တား ဆီး ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းစီမံချက်ကို လက်မှတ်ရေးထိုးခဲ့သော်လည်း အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာ ကွယ်ရန်အတွက် လုပ်ငန်းအစီအစဉ်လက်မှတ်ရေးထိုးရာတွင် တပ်မတော်နှင့်သာ လက်မှတ်ရေးထိုးနိုင်ပြီး အခြားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးကြောင်း ကုလအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စရာဒီ ကာ ကုမာရဆွာမိက ပြောကြားကြောင်း ပြည်တွင်းဂျာနယ်များတွင် ဖော်ပြပါရှိသည်။

“တပ်မတော်နဲ့ လက်မှတ်ရေးထိုးပြီးလို့ ကလေး ၅၂၅ ယောက်မှာ ၄၀၀ ကို နေရပ်ပြန်ပို့တော့မှာပါ။ နောက်ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ကလေးတွေအတွက်လဲ ဆက်လက်ဆောင်ရွက်ခွင့်ရထားတယ်။ သူတို့တွေနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့တွေလဲ ရှိပါတယ်”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာအစိုးရသည် ပြည်တွင်းလက်နက်ကိုင်တပ်များနှင့် ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး ကလေးသူငယ် များ၏ အခွင့်အရေးဆိုင်ရာများအတွက် ကြိုးပမ်းလျက်ရှိကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

YC

 *****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

၂၀၁၅ မတိုင်မီ တိုင်းရင်းသားညီလာခံကျင်းပမည်

လာမည့် ၂၀၁၅ မတိုင်မီကာလအတွင်း ပြည်တွင်းရှိ လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့များ အပါအဝင် တိုင်းရင်းသားပေါင်းစုံပါဝင်သည့် တိုင်းရင်းသားညီလာခံကို နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ၂၀၁၂ ဇူလိုင် ၁ ရက်နေ့တွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးရုံးတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်အရ သိရသည်။

''ကျွန်တော်တို့ နိုင်ငံတော်သမ္မတကြီးရဲ့ Road Map မှာ အဆင့် ၃ ဆင့် ပြောထားပြီးဖြစ်ပါတယ်။ အဲဒီအဆင့် ၃ ဆင့်ထဲမှာ ပထမဆင့်မှာ အပစ် အခတ်ရပ်စဲဖို့ ဒုတိယအဆင့်မှာ Political Dialouge တွေ လုပ်မယ်။ နေရာချထားရေး၊ ဖွံ့ဖြိုးရေးတွေလုပ်ပြီးလို့ စိတ်ချရတဲ့အနေအထား တိုင်းရင်းသား ၁၃၅ မျိုးလုံးပါဝင်တဲ့ အစည်းအဝေးကြီးတစ်ခုလုပ်ပါမယ်။ အဲဒီအစည်းအဝေးမှာ နိုင်ငံရေးပါတီတွေလည်းပါမယ်။ အန်င်ဂျီအိုတွေလည်းပါမယ်။ အဲဒီအဖွဲ့ တွေ အားလုံးပါဝင်တဲ့ အစည်းအဝေးကြီးတစ်ခု နေပြည်တော်မှာ ကျင်းပပါမယ်”ပာု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ဆိုသည်။

တိုင်းရင်းသားပေါင်းစုံပါဝင်သည့် ယင်းညီလာခံကြီးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးများနှင့် ပတ်သက်၍ ပေးနိုင်သမျှ ကို ပေးသွားမည်ဖြစ်ပြီး ယင်းအစည်းအဝေးမှရရှိသည့် သဘောတူဆုံးဖြတ်ချက်များကို လွှတ်တော်သို့ပေးပို့၍ အဆုံးအဖြတ်ယူသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

“ဒီတိုင်းရင်းသားညီလာခံကို ၂၀၁၅ မတိုင်မီ ကျင်းပမှာဖြစ်ပါတယ်။ ၂၀၁၅ မှာ တာဝန်ယူမယ့် အစိုးရသစ်လက်ထက်ကို ဒီကိစ္စကို မလွှဲခဲ့ဘူး။ ဒီမတိုင်ခင် အပြီးလုပ်မှာဖြစ်တယ်”ပာု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားကြောင်း ပြည်တွင်းသတင်းမီဒီများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုများကို လုပ်ဆောင်လျက်ရှိသည့်အပြင် ပြည်တွင်းတိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လည်း တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး လက်ရှိအချိန်တွင် ပြည်တွင်းလက်နက်ကိုင်တပ်ဖွဲ့(၁၁)ဖွဲ့အနက် (၁၀)ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များကို ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

လာမည့်လွှတ်တော်စည်းဝေးပွဲများတွင် မီဒီယာနှင့်ပတ်သက်၍ အဆိုတင်သွင်းမည်

၂၀၁၂ ဇူလိုင် ၄ ရက်နေ့တွင် စတင်ကျင်းပမည့် စတုတ္ထအကြိမ်မြောက် ပထမလွှတ်တော်ပုံမှန်အစည်းအဝေးများတွင် မီဒီယာနှင့်ပတ်သက်၍ လွတ်လပ်စွာ ပြောဆို၊ ရေးသား၊ ထုတ်ဝေခွင့်များ ရရှိနိုင်စေရန် အဆိုတင်သွင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောကြားချက်အရ သိရသည်။

“အခုကျင်းပမယ့် လွှတ်တော်ပုံမှန် အစည်းအဝေးမှာ မီဒီယာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ၊ အဆိုတွေကို တင်သွင်းသွားမှာပါ။ အခုလက်ရှိ မီဒီယာ နဲ့ ပတ်သက်ပြီး အားနည်းချက်တွေ တော်တော်များပါတယ်။ မီဒီယာကို အကာအကွယ်ပေးမယ့် ဥပဒေတွေ၊ နည်းဥပဒေတွေလည်း မရှိသေးပါဘူး။ ဒါကြောင့် မီဒီယာတွေအားလုံး လွတ်လပ်စွာ ပြောဆိုရေးသား ထုတ်ဝေခွင့်တွေရအောင် အဆိုတင်သွင်းမှာပါ”ပာု ၎င်းက ပြောကြားသည်။

မီဒီယာဥပဒေ အမြန်ထွက်ပေါ်လာနိုင်စေရေးအတွက် လွှတ်တော်အစည်းအဝေးများတွင် ဥပဒေတစ်ရပ်ပြဋ္ဌာန်းရာတွင် အချိန်ကြန့်ကြာမှုများ မရှိစေရေးအတွက် ဥပဒေကြမ်းရေးဆွဲသူများအနေဖြင့် အချက်အလက် ပြည့်စုံမှန်ကန်စွာဖြင့် တင်ပြရန်လိုအပ်ပြီး အချက်အလက် ပြည့်စုံမှန်ကန်မှု မရှိ ပါက လွှတ်တော်တွင်း ဆွေးနွေးသည့်အခါများတွင် မလိုလားအပ်သည့် အချိန်ကြန့်ကြာမှုများရှိသောကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ မှာလည်း နှောင့်နှေးသွားနိုင်မည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

“လွှတ်တော်ထဲမှာ ဥပဒေတစ်ရပ်ပြဋ္ဌာန်းတော့မယ်ဆိုရင် အချက်အလက်မပြည့်ရင် ငြင်းခုံတာတို့၊ ဆွေးနွေးတာတို့နဲ့ အချိန်တွေ တော်တော်ကို ကြာသွားပါတယ်။ ဒါဆို မလိုလားအပ်တဲ့ အချိန်ကုန်တာတွေ၊ လူပင်ပန်းတာတွေပဲ အဖက်တင်တယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အဆိုတစ်ခု တင်သွင်းပြီဆိုရင် အချက်အလက် ပြည့်စုံမှန်ကန်ဖို့လိုပါတယ်”ပာု ၎င်းက ပြောကြားသည်။

လက်ရှိအချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များမှ ဥပဒေကြမ်းများကို လွှတ်တော်မခေါ်မီ တစ်လကြိုတင်၍ ပေးပို့ရပြီး အဆိုတင်သွင်းမည်ဆိုပါ က ၁၅ ရက်၊ မေးခွန်းမေးမြန်းမည်ဆိုပါက ၁၀ ရက်ကြိုတင်၍ လည်းကောင်း ပေးပို့ရကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ဒီမိုမိတ်ဆွေပါတီများ ထုတ်ပြန်ကြေညာ

ဒီမိုကရေစီမိတ်ဆွေပါတီများမှ ရွေးကောက်ပွဲစနစ်ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီဌာနချုပ် တွင် ဒုတိယမြောက်နေ့ဆွေးနွေးပွဲအား ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး သဘောထားများ ထုတ်ပြန်ကြေညာခဲ့သည်။

ရွေးကောက်ပွဲစနစ်ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ဒီမိုမိတ်ဆွေပါတီများ၏ ထုတ်ပြန်ကြေညာချက်ရခြင်းမှာ နောင်လာမည့် ရွေးကောက်ပွဲ များတွင် ပါတီငယ်များ၊ တိုင်းရင်းသားလူမျိုးများစွာရှိသော မြန်မာနိုင်ငံနှင့် သင့်တော်ပြီး စစ်မှန်သောပါတီစုံဒီမိုကရေစီစနစ် ဖြစ်ပေါ်လာနိုင်စေရန်၊ ဒီမိုက ရေစီစနစ် အဓွန့်ရှည်စေရန်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင့်သုံးလျက်ရှိသော ခေတ်မီသည့်ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။

ဒီမိုမိတ်ဆွေပါတီများ၏ သဘောထားကြေညာချက်မှာ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီးနောက်ပိုင်း ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်းများအနက် မဲအများဆုံးရရှိသူတစ်ဦးသာ အနိုင်ရသည့်စနစ် (First Past The Post-FPTP System)ကို ကျင့်သုံးလာခြင်းဖြစ်သည့်အတွက် ရွေးကောက်ပွဲကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများအတွက် အဆင်မပြေဖြစ်ရကြောင်း၊ ထို့ကြောင့် (FPTP) စနစ်အား နိုင်ငံရေးအုပ်စုများကို မိမိတို့ရရှိသည့် ဆန္ဒမဲအနည်းအများအလိုက် လွှတ်တော်၌ ကိုယ်စားပြုခွင့်ရစေမည့် (Proportional Representat- ive-PR System)ကို အသုံးပြုစေလိုကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် လက်ရှိ ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း (PR) စနစ်ကို အသုံးပြုလျက်ရှိပြီး (Proportional Representative-PR)စနစ်ကို အသုံးပြုခြင်း အားဖြင့် မဲဆန္ဒရှင်ပြည်သူများ၏ ကွဲပြားခြားနားသော ဆန္ဒသဘောထားများကို လွှတ်တော်၌ ထင်ပာပ်နိုင်ပြီး မဲများ အလပာဿဆအကျိုးမဲ့ဖြစ်ထွန်းမှုကို နည်းသွားနိုင်မည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲတွင် ပြည်သူလူထုပါဝင်မှု တိုးတက်လာခြင်း၊ ပါတီငယ်များ၊ တိုင်းရင်းသားပါတီများ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများအတွက် မျှတသည့် ကိုယ်စားပြုခွင့်ရခြင်းအပြင် စစ်မှန်သော ပါတီစုံထွန်းကားရေး ရွေးကောက်ခံ အာဏာရှင်စနစ်(Electrol Dictatorship) ကို တားဆီးနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်ထဲ၌ ထည့်သွင်းဖော်ပြထားသည်။

ထို့ကြောင့် နောင်လာမည့် ရွေးကောက်ပွဲများတွင် ခေတ်မီပြီး တရားမျှတသည့် အချိုးကျကိုယ်စားပြုစနစ် (RP) (သို့) (PR)နှင့် (FPTP) နှစ်မျိုး လုံးမှ ကောင်းမွန်သည့် အချက်များ ပေါင်းစပ်ကျင့်သုံးသည့် ကိုယ်စားလှယ်နှောအချိုးကျစနစ် (Mixed Member Proportional-MMP System) ကို ကျင့်သုံးနိုင်ရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းဒီမိုမိတ်ဆွေ ၁၀ ပါတီအစည်းအဝေးသို့ အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီ၊ ဒီမိုရက်တစ်ပါတီ(မြန်မာ)၊ ချင်းအမျိုးသားပါတီ၊ ညီ ညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စုငြိမ်းချမ်းရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

YC

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“လူငယ်တွေ ဘယ်လိုအကျိုးရှိသလဲဆိုတာ ပြောရရင်တော့ အာဆီယံနဲ့ ထိတွေ့ဆက်ဆံမှုတွေ တိုးလုပ်နေလို့ မြန်မာနိုင်ငံက လူငယ်တွေအတွက် ဘယ် လိုသက်ရောက်မှုမျိုးတွေ ရှိတယ်ဆိုတာ ကြည့်ရပါမယ်။ လူငယ်တွေအတွက် ပိုကောင်းတဲ့ စီးပွားရေးအခွင့်အလမ်းတွေ ပိုကောင်းမွန်တဲ့ ပညာအခွင့် အလမ်းတွေ ရှိမှာလားဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ လောလောဆယ်တော့ အာဆီယံကြောင့် မြန်မာလူငယ်များ ဘယ်လိုအကျိုးတွေ ရရှိနေတယ် ဆိုတာ ပြောလို့မရသေးပါဘူး”

ဇူလိုင်လ၂ရက်နေ့ထုတ် Newsweek ဂျာနယ် အတွဲ(၂) အမှတ်(၃၇) တွင်ပါရှိသည့် "ဒေါ်အောင်ဆန်းစုကြည်နှင့် Sorbonne တက္ကသိုလ် ကျောင်းသား/ ကျောင်းသူများ တွေ့ဆုံဆွေးနွေး"သတင်းမှ အာဆီယံဖွဲ့ဝင်ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံမှလူငယ်များ ဘယ်လိုအကျိုးရှိသည်ဆိုသော မေးခွန်းအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဆိုလိုတာက ကြားဖြတ်ရွေးကောက်ပွဲကိုပဲကြည့်။ မဲအရပြောရင် ကြံ့ခိုင်ရေးလည်း မဲအများကြီးရတာပဲ။ တစညတို့၊ ကျွန်တော်တို့ပါတီတို့လည်း မဲရခဲ့ တာပဲ။ ဒါပေမယ့် ရာခိုင်နှုန်းနဲ့တွက်ရင် ကျန်တဲ့ပါတီတွေက ဘေးရောက်ပြီး သုညတွေချည်းပဲ ဖြစ်ကုန်တယ်။ လွှတ်တော်တက်ခွင့်မရဘူး။ ဒီတော့ မဲပေး ခဲ့တဲ့ မဲဆန္ဒရှင်တွေအတွက် နစ်နာတာပေါ့။ နှစ်ပါတီတည်းဖြစ်သွားလို့ balance ဖြစ်နေရင် ကိစ္စမရှိဘူး။ တစ်ပါတီတည်းမဲပေးနိုင်ပြီး လွှတ်တော်ထဲ ရောက်သွားမယ်ဆိုရင် လုပ်ချင်တာလုပ်လို့မရဘူး။ ဒါဆိုရင် ရွေးကောက်ခံအာဏာရှင်စနစ် ဖြစ်လာနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့က ပြောင်းလဲဖို့ ဆွေးနွေးကြတာပါ”

ဇူလိုင်လ၂ရက်နေ့ထုတ် Weekly Eleven ဂျာနယ် အတွဲ(၇) အမှတ်(၃၉) တွင်ပါရှိသည့်"ရွေးကောက်ပွဲကျင်းပပုံစနစ် ပြောင်းလဲရန် ဒီမိုကရေစီ မိတ်ဆွေပါတီများ ဆွေးနွေး"သတင်းမှ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း၏ ပြောကြားချက်အပေါ် ကောက်နှုတ် ချက်

-----------------------------------------------------------------------------------------------------------------------------------

“နိုင်ငံခြားငွေလဲနှုန်းတက်လာတော့ ပို့ကုန်လုပ်ငန်းရှင်တွေ ပိုအဆင်ပြေလာနိုင်တယ်။ အခုအချိန်မှာ အခြေခံစိုက်ပျိုး ထုတ်လုပ်သူလက်ထဲမှာ ကုန် ပစ္စည်းမရှိရင်တော့ လက်ငင်းအကျိုးခံစားခွင့် နည်းနိုင်တယ်။ ဒါပေမယ့် ပို့ကုန်တင်ပို့မှု များလာရင်တော့ ဈေးပြန်ရလာမယ်လို့ မျှော်လင့်တယ်။ အခု လည်း ငွေလဲနှုန်းပြန်တက်လာတာက အစိုးရက အလုပ်ဖြစ်အောင် လုပ်ပေးတဲ့သဘောလို့ ယူဆပါတယ်။ အလုပ်ပိုဖြစ်လာရင် ငွေကြေးလည်ပတ်မှုလည်း ပိုအဆင်ပြေလာနိုင်တယ်။ ငွေလဲနှုန်းက စီပွားရေးလုပ်ငန်းတွေ လုပ်သာကိုင်သာရှိတဲ့နှုန်း ဖြစ်ဖို့လိုသလို တည်ငြိမ်မှုရှိဖို့ လည်းအရေးကြီးပါတယ်။ ဒါကြောင့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ နှုန်းထားတစ်ခုဖြစ်လာရင် တည်ငြိမ်အောင်ထားဖို့ အဓိကကျတယ်။ ငွေကြေးဖောင်းပွမှုနှုန်း ဖြစ်သင့်တာ ထက် ပိုမမြင့်ဖို့ လိုတယ်။ အခုအနေအထားမှာ ပို့ကုန်တင်ပို့မှု တိုးလာမှာဖြစ်တဲ့အတွက် သွင်းကုန်တင်သွင်းမှုတွေလည်း ပိုများလာနိုင်တယ်။ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံ မှုတိုးလာရင် မြန်မာ့စီးပွားရေး အိပ်ပျော်နေရာက ပြန်နိုးလာမှာပါ”

ဇူလိုင်လ၂ရက်နေ့ထုတ် Weekly Eleven ဂျာနယ် အတွဲ(၇) အမှတ်(၃၉) တွင်ပါရှိသည့်"နိုင်ငံခြားငွေလဲနှုန်း နှုန်းရှင်သတ်မှတ်ပြီး နှစ်လကျော်အတွင်း မြန်မာငွေတန်ဖိုး ၁၀ရာခိုင်နှုန်းခန့်ထိုးကျ ငွေကြေးမတည်မငြိမ်ဖြစ်လာမည်ကို လူအများစိုး ရိမ်"သတင်းမှ ပါမောက္ခဒေါ်လှမြင့် (ဌာနမှူး (ငြိမ်း)၊ စီမံခန့်ခွဲ မှုပညာဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်)၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

**************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment