Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၁၄.၇.၂၀၁၂

ပြည်တွင်းသတင်းများ

  1. မြေအခွန်နှင့်ပတ်သက်၍ ဥပဒေ(၁၇)ခု ရေးဆွဲပြင်ဆင်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. အမေရိကန်-အာဆီယံ စီးပွားရေးညီလာခံ၌ ကလင်တန်နှင့် နိုင်ငံတော်သမ္မတ တွေ့ဆုံ
  1. ဇူလိုင်လအတွင်း ပြည်ထောင်စုဝန်ကြီးငါးဦး အပြောင်းအလဲဖြစ်ဖွယ်ရှိ
  2. မြန်မာနိုင်ငံအုပ်ချုပ်ရေးကဏ္ဍတွင် စစ်တပ်ပါဝင်တော့မည်မပာုတ်ကြောင်း သမ္မတပြောကြား

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*************************

ပြည်တွင်းသတင်းများ

မြေအခွန်နှင့်ပတ်သက်၍ ဥပဒေ(၁၇)ခု ရေးဆွဲပြင်ဆင်မည်

လက်ရှိ မြန်မာနိုင်ငံအတွင်း မြေ၊ အခွန်ဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေ(၁၇)ခုအား သက်ဆိုင်ရာတာဝန်ရှိသူများက လေ့လာ သုံးသပ်၍ ခေတ်နှင့်အညီ ပြန်လည်ပြင်ရေးဆွဲတင်ပြနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“မြေ၊ အခွန်ဆိုင်ရာ ကိစ္စတွေနဲ့ပတ်သတ်ပြီး ဥပဒေတွေ ပြင်ဆင်ရေးဆွဲနိုင်ဖို့အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဦးဆောင်ပြီးတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ နယ်ပယ်ကလူတွေနဲ့ မြေယာခွဲဝေအသုံးချမှုစိစစ်ရေးကော်မတီဆိုပြီး ဖွဲ့စည်း ထားပါတယ်။ ဒီပုဂ္ဂိုလ်တွေနဲ့ မြေအခွန်ဥပဒေတွေကို ခေတ်နဲ့အညီပြန် ပြင်ဆင်ဆောင်ရွက်နိုင်ဖို့အတွက် ရေးဆွဲသွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ခေတ်နှင့်လျော်ညီမှုရှိစေရန် ပြန်လည်ပြင်ဆင်ရေးဆွဲရမည့် ဥပဒေ(၁၇)မှာ ၁၈၇၆ ခုနှစ် ပြဋ္ဌာန်းခဲ့သည့် မြေနှင့် အခွန်ဥပဒေနှင့် နည်းဥပဒေ များ၊ ၁၈၈၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အထက်မြန်မာနိုင်ငံမြေနှင့် အခွန်စည်းမျဉ်းဥပဒေနှင့် နည်းဥပဒေများ၊ ၁၈၉၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အောက် မြန်မာနိုင်ငံမြို့နှင့် မြေသိမ်းအက်ဥပဒေနှင့် နည်းဥပဒေများ၊ ၁၉၉၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများဥပဒေ၊ ၁၉၀၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများနည်းဥပဒေများ၊ ၁၈၉၀ တွင် ပြဋ္ဌာန်းခဲ့သည့် အခွန်တော်ကောက်ခံမှုဥပဒေ၊ ၁၉၂၂ တွင် ပြဋ္ဌာန်းခဲ့သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဘုတ်အဖွဲ့မြေယာနည်းဥပဒေများ၊ ၁၈၈၀ တွင် ပြဋ္ဌာန်းခဲ့သည့် ခရိုင်ခိုင်ကြေးဥပဒေ၊ ၁၉၅၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် နိုင်ငံတော်ပြည်သူ့အိုးအိမ်ထူထောင်ရေးနှင့် မြို့ရွာစည်ပင်ရေးအဖွဲ့ဥပဒေ၊ ၁၉၂၀ တွင် ပြဋ္ဌာန်းခဲ့သည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြေယာဌာနမှ ကျင့်သုံးဆောင်ရွက်နေသော ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ၊ နေပြည်တော်စည်ပင်သာယာရေးဥပဒေ၊ ရန်ကုန်မြို့ကို စည်ပင်သာယာ တိုးတက်ဖြစ်ထွန်းအောင် စီမံရန် ယုံမှတ်အပ်နှံခြင်းအက်ဥပဒေ၊  ၁၉၅၁ တွင် ပြဋ္ဌာန်းခဲ့သည့် ရှမ်းပြည်နယ် မြေကာကွယ် ပြုစုရေးအက်ဥပဒေ၊ ၁၉၈၇ တွင် ပြဋ္ဌာန်းခဲ့သည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ၊ ၁၉၉၂ တွင် ပြဋ္ဌာန်းခဲ့သည့် သစ်တောဥပဒေ၊ ၁၉၉၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် သစ်တောနည်းဥပဒေနှင့် ၁၉၉၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များနှင့် မြေစာရင်းလက်စွဲဥပဒေတို့ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ယင်းကဲ့သို့ ခေတ်နှင့်လျော်ညီမှုမရှိတော့သည့် ဥပဒေများကြောင့် လယ်ယာမြေသိမ်းဆည်းမှုများ၊ မြေကွက်ပြန်လည် ရယူမှု များကို ပြည်သူများခံစားရလျက်ရှိပြီး တောင်သူများမှာလည်း လယ်ယာမြေသိမ်းဆည်းမှုများကြောင့် အခက်အခဲအကြပ်အတည်းနှင့် ရင်ဆိုင်ရလျက်ရှိ ကြောင်း သိရသည်။

Ref:Bi Weekly Eleven

*************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

အမေရိကန်-အာဆီယံ စီးပွားရေးညီလာခံ၌ ကလင်တန်နှင့် နိုင်ငံတော်သမ္မတ တွေ့ဆုံ

ဇူလိုင်လ ၁၃ ရက်နေ့ နေ့လည်တွင် ကမ္ဘောဒီးယားနိုင်ငံ ဆီရီယမ်ရိပ်မြို့၌ ကျင်းပပြုလုပ်သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်အပါအဝင် အာရှနိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်အချို့တို့၏ စီးပွားရေးဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ရန်ကိစ္စနှင့် ပတ်သက်သည့် အမေရိ ကန်-အာရှနိုင်ငံ စီးပွားရေးဆွေးနွေးပွဲ ညီလာခံတစ်ခုသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ တက်ရောက်၍ ပါဝင်ဆွေးနွေးရန် သွားရောက်ခဲ့ကြာင်း နိုင်ငံတော်သမ္မတရုံးဝက်ဆိုဒ်၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

ယင်းညီလာခံဆွေးနွေးပွဲ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ "မိမိတို့နိုင်ငံသည် အင်အားကြီးနိုင်ငံနှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံ တို့ကြား၌ တည်ရှိလျက်ရှိပြီး ကျွန်ုပ်တို့နိုင်ငံသည် ကမ္ဘာ့နိုင်ငံများထဲ၌ သယံဇာတပေါများသည့် နိုင်ငံဖြစ်သော်လည်း ဖွံ့ဖြိုးရေး၌ နောက်ကျလျက်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ လက်ရှိအချိန်၌ ဒီမိုကရေစီစနစ်သို့ စစ်အုပ်ချုပ်မှုအောက်မှ ရုန်းထွက်၍ ဒေသတွင်း ငြိမ်းချမ်းရေးဆောင်ရွက်မှုများအား လုပ်ဆောင်ကာ ဖြေးဖြေးညင်ညင်သာသာဖြင့် လျှောက်လှမ်းလျက်ရှိသည်။ ထို့ပြင် ရင့်ကျက်ခိုင်မာသည့် ဒီမိုကရေစီစနစ်သို့ သွားရန်အတွက် ခေါက်ရိုး ကျိုးနေသည့် ဗျူရိုကရေစီစနစ်နှင့် အစိုးရအဖွဲ့ဝန်ထမ်းများ၏ စိတ်ဓါတ်အား ပြုပြင်ပြောင်းလဲရန် လိုအပ်ပြီး ယခင်က နိုင်ငံရေးပါတီတည်ထောင်ခွင့် မရှိခဲ့သည့်အချိန်မှ ယခုဆိုရင် နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒေအား ပြဋ္ဌာန်းနိုင်ခဲ့ပြီဖြစ်သည်။ ထို့နောက် ယခင် အစိုးအရလက်ထက်များ၌ ငြိမ်းချမ်းရေးလက်မှတ်မရေးထိုးနိုင်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့အား လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး KIO အဖွဲ့ နှင့်လည်း သဘောတူညီမှုရရှိရန် ဆက်လက်လုပ်ဆောင်နေကြောင်း၊ မြန်မာနိုင်ငံ၌ ရင်းနှီးမြှပ်နှံမည့် လုပ်ငန်းရှင်များအား ဖိတ်ခေါ်လျက်ရှိသလို ရင်းနှီး မြှပ်နှံမှုကော်မရှင်မှ မူဝါဒ ၄ ရပ်ဖြင့် နိုင်ငံတကာတွင် ကျင်းသုံးလျက်ရှိသည့် ရင်းနှီးမြှပ်နှံမှုဆိုင်ရာ လုပ်ငန်းစဉ်နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသွားသည်"ဟု အဆိုပါ ဝက်ဆိုဒ်၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံ၌ ရင်းနှီးမြှပ်နှံမှု ပြုလုပ်နိုင်ရန်နှင့် ဒီမိုကရေစီစနစ်အား အရှိန်မြင့်လျှောက်လှမ်းနိုင်ရန်အတွက် ပြည်ပနိုင်ငံအချို့မှ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသည့် အခက်အခဲများအား ဖြတ်ကျော်နိုင်ရန် အာဆီယံနိုငံအချင်းချင်းမှ အပြန်အလှန် ကူညီမှုများ ရယူမည်ဖြစ်ပြီး အာဆီယံအဖွဲ့ကြီး၏ RICH SEASON 2030 ၌ ပူးပေါင်းပါဝင်ရန် အစီအစဉ်ရှိ ကြောင်း အဆိုပါ ညီလာခံ၌ တက်ရောက် မိန့်ခွန်းပြောကြားသွားကြောင်း သိရသည်။

ထို့ပြင် ယင်းညီလာခံဆွေးနွေးပွဲအပြီး၌ မကြာသေးခင်ရက်ပိုင်းက အမေရိကန်နိုင်ငံသမ္မတ ဘားရက်အိုဘားမားမှ မြန်မာနိုင်ငံအပေါ် ချမှတ် ထားသည့် အရေးယူပိတ်ဆို့မှုအချို့အား ဖြေလျှော့ပေးခဲ့ကြောင်း သမ္မတအိမ်ဖြူတော်၌ ထုတ်ပြန်ဖော်ပြချက်အရ သတင်းများအရ သိရှိရပြီး ယင်း စီးပွားရေး အရေးယူပိတ်ဆို့ထားခြင်းမှ ပြန်လည်ဖြေလျှော့ပေးခဲ့သည့် အချက်များသည် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့၌ အမေရိကန်မှ စီပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြှပ်နှံနိုင်ရန်အတွက်ဖြစ်ကြောင်း သိရှိရသည်။

ယင်းသို့ အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုအချို့အား ပြန်လည်ဖြေလျော့ပေးသည့် ကိစ္စရပ်နှင့် ပတ်သက်၍ ဇူလိုင်လ ၁၃ ရက်နေ့၌ နေပြည်တော်၌ ပြုလုပ်ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ "ဒီစီးပွား ရေးပိတ်ဆို့မှု ပြန်လည်ဖြေလျော့ပေးတယ်ဆိုတာက အမှန်တကယ်ကျတော့ သူတို့အမေရိကန်နိုင်ငံက စီးပွားရေး ရင်းနှီးမြှပ်နှံမယ့်သူတွေအတွက်ပဲ ဖြစ်တယ်။ မြန်မာနိုင်ငံသားအတွက်တော့ပါလိမ့်မယ်။ ဒါပေမယ့် သေချာတာကတော့ တိုင်းရင်းသားအတွက် မပါသေးဘူးဆိုတာပါပဲ"ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအား ပြောကြားသွားကြောင်း နိုင်ငံပိုင်သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရှိရသည်။

ထို့နောက် ကမ္ဘောဒီးယားနိုင်ငံသို့ အမေရိကန်-အာရှ စီးပွားရေးညီလာခံသို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အဆိုပါ ညီလာခံအပြီး၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ဆုံ၍ အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် စီးပွာရေး ပိတ်ဆို့အရေးယူ ထားခြင်းအချို့အား ပြန်လည်ဖြေလျော့ပေးခဲ့သည့်အတွက် ဝမ်းသာလျက်ရှိကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာသည့်အတွက် ကျေနပ်မိကြောင်း ပြောကြားခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှလည်း မြန်မာနိုင်ငံသည် လက်ရှိအချိန်၌ ဒီမိုကရေစီစနစ် ပြုပြင် ပြောင်းလဲမှုအား လုပ်ဆောင်နေခြင်းဖြစ်သည့်အတွက် ယင်းဖြေလျော့ပေးမှုသည် ပြုပြင်ပြောင်းလဲမှုအား ထောက်ပံ့ပေးသည့် အကျိုးတစ်ခုဖြစ်စေမည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးအနာဂတ်နှင့် ပတ်သက်၍ မျှော်လင့်နေမည်ဖြစ်ကြောင်း တစ်နာရီ သီးခြားတွေ့ဆုံမှု၌ ထည့်သွင်းပြောကြားသွားကြောင်း သိရသည်။

ထို့ပြင် ယင်းညီလာခံဆွေးနွေးပွဲသို့ အမေရိကန်နိုင်ငံမှ နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့် ကိုကာကိုလာ၊ ဖို့ဒ်၊ General Electric၊ General Morors၊ Goldman Sachs နှင့် Google မှ ကိုယ်စားလှယ်အသီးသီးတို့ တက်ရောက်ပါဝင်ကြောင်း သိရှိရပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ ဗီယက်နမ်၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့အား အမေရိကန် ဒေါ်လာသန်း ၅၀ ကူညီထောင်ပံ့ခဲ့သေးကြောင်း သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ATM

 -----------------------------------------------------------------------------------------------------------------------------------

ဇူလိုင်လအတွင်း ပြည်ထောင်စုဝန်ကြီးငါးဦး အပြောင်းအလဲဖြစ်ဖွယ်ရှိ

ဇူလိုင်လအတွင်း ပြည်ထောင်စုဝန်ကြီးငါးဦးကို ဝန်ကြီးဌာန အပြောင်းအလဲလုပ်နိုင်ဖွယ်ရှိကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ဒီရက်ပိုင်းအတွင်းမှာ ဝန်ကြီးငါးဦးကို အပြောင်းအလဲလုပ်ဖွယ်ရှိပါတယ်။ ပြည်ထောင်စုလွှတ်တော် ခေါ်ယူမယ့်အချိန်ကျမှာသာ လစ်လပ် ဒုတိယနေရာနဲ့ ဝန်ကြီးဌာနအပြောင်းအလဲပိုလုပ်မယ့် ကိစ္စတွေကို လုပ်ဆောင်မယ်လို့ထင်ပါတယ်။”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

၂၀၁၂ ဇူလိုင်လ ၉ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ ဦးသန့်ရှင်းအား သမ္မတရုံးဝန်ကြီးဌာန(၁) ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးချန်မောင်အား ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးပာန်စိန်အား ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် လည်းကောင်း၊ ဦးဝင်းသန်းအား ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း၊ ဒေါက်တာမျိုးမြင့်အား ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း ပြောင်းလဲတာဝန်ပေးအပ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့သည်။

“ဝန်ကြီးဌာနတွေက အပြောင်းအလဲလုပ်ဆောင်သင့်နေပါပြီ။ မြန်မာနိုင်ငံမှာ လက်ရှိဖွဲ့စည်းထားတဲ့ ဝန်ကြီးဌာနအချို့ပာာ မလိုအပ်ပဲ ဖွဲ့စည်း ထားတဲ့ ဝန်ကြီးဌာနတွေလည်း ရှိပါတယ်။ ဥပမာ ပြန်ကြားရေးဝန်ကြီးဌာနဆို နိုင်ငံတကာမှာ ဘယ်နိုင်ငံမှမရှိဘူး။ ဒါပာာ မလိုအပ်ပဲဖွဲ့စည်းထားတာပါ။ ဒီကိစ္စတွေကိုလည်း သေသေချာချာစိစစ်ကိုင်တွယ်ဖို့လိုပါတယ်”ပာု မြန်မာ့အရေးလေ့လာနေသူတစ်ဦးက ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ အခြေခံပြည်သူလူထုအား နိုင်ငံတကာနည်းတူ လူမှုရေးအထောက်အပံ့များ ပေးအပ်နိုင်ရန် ဝန်ကြီးဌာနပေါင်းစုံမှ နိုင်ငံတော်အဆင့် အဆင့်မြင့်ကော်မတီတစ်ရပ်ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းကော်မတီဖွဲ့စည်းနိုင်ရန် ပြည်တွင်း၊ ပြည်ပပညာရှင်များနှင့် ပူးပေါင်းညှိနှိုင်းဆွေးနွေး၍  ပူးပေါင်းဆောင်ရွက်မှုရလဒ်ကို နိုငှ်ုံတော်သမ္မတရုံးသို့ တင်ပြသွားမည်ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံအုပ်ချုပ်ရေးကဏ္ဍတွင် စစ်တပ်ပါဝင်တော့မည်မပာုတ်ကြောင်း သမ္မတပြောကြား

လက်ရှိ မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ဖြင့် ရှေ့ဆက်သွားနေမည်ဖြစ်သည့်အတွက် နိုင်ငံ၏ အုပ်ချုပ်ရေးအခန်းကဏ္ဍတွင် စစ်တပ်မှ ပါဝင် တော့မည်မပာုတ်ကြောင်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ဇွန် ၁၁ စင်္ကာပူနိုင်ငံ The Straits Time သတင်းစာနှင့် အင်တာဗျူးတွင် ဖြေကြား ချက်အရ သိရသည်။

“စစ်တပ်ဟာ နိုင်ငံအနာဂတ်အတွက် အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပေမယ့် အစိုးရမူဝါဒပိုင်းမှာ မပါဝင်ဘူး။ တပ်မတော်ရဲ့ အခန်းကဏ္ဍပာာ နိုင်ငံ၏ လုံခြုံရေး၊ ပြည်ပမှ ထိပါးလာမည့် အန္တရာယ်တွေကို ကာကွယ်ရေးစောင့်ရှောက်ပေးဖို့ပဲဖြစ်ပါတယ်။ တိုင်းပြည်ပာာ အချိန်ကာလ ကြာမြင့်စွာ စစ်တပ်ကို အားကိုးခဲ့ရတယ်”ပာု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

တပ်မတော်သည် နိုင်ငံတစ်နိုင်ငံ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့်သာ ရပ်တည်ရမည်ဖြစ်ပြီး အစိုးရ၏ မူဝါဒရေးရာကိစ္စရပ်များတွင် တိုက်ရိုက် ပါဝင်ပတ်သက်ခွင့်မရှိသည့်အပြင် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ဦးဆောင်သော ငြိမ်းချမ်းရေးဖော်ဆောင်ရေးတွင် တိုင်းရင်းသားလူနည်းစုများနှင့် ဖြစ်ပွားနေသည့် ပဋိပက္ခများပြီးမှသာ နိုင်ငံရေးပိုင်းတွင် ခေါင်းဆောင်နိုင်မည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။

Ref:News Watch

**************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဈေးကွက်ထဲမှာ စားသောက်ကုန်ဈေးတက်တာဟာ နိုင်ငံတော်ရဲ့အခွန်ကောက်ခံမှု တိုးမြှင့်လို့ မဟုတ်ပါဘူး။ ကုန်သည်တွေနဲ့ လုပ်ငန်းရှင်တွေဘက်က လုပ်နေကြတာ။ နိုင်ငံတော်ရဲ့အခွန်ကြောင့် ပြည်သူကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေရဘူး။ လက်ရှိ ပြည်တွင်းကုန်တိုက်ကြီးတွေ အရောင်းစင်တာတွေ၊ City Mart တွေမှာ ကင်းလွတ်ကုန် ၄မျိုးနဲ့ ပြည်ပကုန်တစ်မျိုးရောဝယ်ရင် ဘောက်ချာမှာရောရေးပြီး တောင်းတာမျိုးတွေ ရှိတယ်၊ ဝယ် သူက ဒါကို သံသယ ဝင်တယ် သိတယ်ဆိုရင် ပြေစာဖြတ်ပိုင်းနဲ့ သက်ဆိုင်ရာအခွန်ဦးစီးဌာနကို အကြောင်းကြားမှ ကျွန်တော်တို့က စစ်ဆေးလို့ရမှာ၊ စားသုံးသူလက်ထဲ ရောက်မှ ဈေးနှုန်းတက်တာ အခွန်မြင့်လို့မဟုတ်ပါဘူး။ ကုန်သည်တွေက အမြတ်တင်ရောင်းကြလို့ပါ။ ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချတဲ့ ကုန်ပစ္စည်းမှန် သမျှ အခွန်မရှိဘူး။ ဒီအပေါ်မှာ ပြည်သူက အခွန်ပေးဆောင်စရာမလိုဘူး။ ဝင်ငွေခွန်ဆိုတာက ရောင်းချသူရဲ့ အမြတ်အစွန်းပေါ်မှာ ဆောင်ရတဲ့အခွန်၊ ကုန်သွယ်ခွန်ဆိုတာက စားသုံးလိုက်တဲ့အပေါ်မှာ ပြည်သူက ဆောင်ရတဲ့အခွန်၊ မရှိမဖြစ်စားသုံးရမယ့် ပြည်တွင်းဖြစ် ကုန်ပစ္စည်းအမျိုးအစားကို အခွန် ဆောင်စရာမလိုဘူး။ အဲဒီအပေါ်မှာ အခွန်ဆိုပြီး ထည့်ကောက်ရင် ကုန်တိုက်ကြီးတွေကမှားတာ။ ဘောက်ချာထဲမှာ ထည့်ရေးစရာမလိုတဲ့ ကုန်ပစ္စည်း တွေရှိတယ်”

ဇူလိုင်လ (၁၄)ရက်နေ့ထုတ် First Weekly ဂျာနယ်အတွဲ (၁) အမှတ် (၃၆) တွင်ပါရှိသည့် “ကင်းလွတ်ကုန်တွေ အခွန်ပေးဆောင်ရတာမျိုး မဖြစ်စေဖို့ စားသုံးသူတွေအနေနဲ့ ကုန်တိုက်ကြီးတွေ၊ City Mart တွေမှာ ဈေးဝယ်ရင် ပြေစာဘောက်ချာ သိမ်းထားပါ၊ ဈေးကွက်မှာ ဈေးတက်တာ အခွန်နှုန်းထား များလို့ မဟုတ်ပါဘူး ကုန်သည်တွေရဲ့ လှည့်ကွက်ပါဟု မင်္ဂလာတောင်ညွန့်မြို့နယ် အခွန်ဦးစီးမှူး ဦးမင်းလွင်ဦး ပြောကြား”သတင်းမှ ဦးမင်းလွင်ဦး ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

 -----------------------------------------------------------------------------------------------------------------------------------

“စီးပွားရေးပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးတယ်ဆိုတာ မြန်မာနိုင်ငံအတွက် မဟုတ်ဘူး၊ အမေရိကန်နိုင်ငံက လုပ်ငန်းရှင်များ မြန်မာနိုင်ငံ လာရောက် ရင်းနှီးဖို့ ဖြေလျှော့ပေးတာ၊ ဒီပြင်နည်းနဲ့ပြောရရင် မြန်မာနိုင်ငံမှာရှိတဲ့ သဘာဝသံယံဇာတပစ္စည်းများကို အမေရိကန်နိုင်ငံ ကုန်သည်ကြီးများ စက်မှု လုပ်ငန်းရှင်များ လာရောက်ရင်းနှီးတဲ့အခါမှာ သူတို့နိုင်ငံ အကျိုးစီးပွားအတွက်ရော၊ မြန်မာနိုင်ငံအကျိုးစီးပွားအတွက်ရော ဖြစ်ကောင်းဖြစ်နိုင်မယ်၊ ဒါပေ မယ့် တိုင်းရင်းသားများအတွက်တော့ မဖြစ်နိုင်သေးဘူး။ အဲဒီလိုအချိန်မှာပဲ CNAသတင်းမှာ ဘာပါလဲဆိုလို့ရှိရင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန်နှင့် မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်တို့ တွေ့ဆုံပြီး မိမိနိုင်ငံအပေါ်ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုဖြေလျှော့ပေးမယ်ဆိုတာ သတင်း ထဲမှာ တွေ့လိုက်ရတယ်။ တချိန်တည်းမှာ ဘာသတင်းတွေရလဲဆိုတော့ မြန်မာနိုင်ငံမှာအရေးယူပိတ်ဆို့မှု သက်တမ်းတိုးဖို့ ဆီနိတ်ကိုယ်စားလှယ် ဆီးနိတ်မကောနင်းနှင့် နာမည်မမှတ်မိပုဂ္ဂိုလ်တစ်ဦးက ဆီးနိတ်လွှတ်တော်ကို တင်ပြထားတယ်။ အဲလိုတင်ပြတဲ့အခါမှာ ဒါကို အတည်ဖြစ်တယ်ဆိုလို့ရှိ ရင် နောက်ထပ်သက်တမ်းသုံးနှစ် ထပ်မံပြီးတော့ ပိတ်ဆို့အရေးယူမယ်ဆိုတဲ့ သတင်းတွေအခိုင်အမာ သက်ဆိုင်ရာကလည်း သူတို့ပေးပို့ပါတယ်”

ဇူလိုင်လ ၁၃ရက်နေ့ထုတ် Street View News ဂျာနယ်အတွဲ (၁) အမှတ် (၂၇) တွင်ပါရှိသည့် “ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက စီးပွားရေးကိစ္စ ဖြေလျှော့ ပေးခြင်းသည် အမေရိကန်တို့ ရင်းနှီးမြှပ်နှံရန်အတွက်ဖြစ်သည်ဟုပြောကြား”သတင်းမှ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

 -----------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်ကလည်းပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေပါပြီ။ ဒါကြောင့် လူမှုရေးလုပ်ငန်းတွေအနေနဲ့လည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ရပါမယ်။ ဖောင်ဒေးရှင်းထောင်မယ်ဆိုပြီး အရင်ကလို သူများဆီမှာ လက်ဖြန့်တောင်းနေလို့ ဖြစ်တော့ပါဘူး၊ လှူတဲ့သူတွေကလည်း လှူရလွန်းလို့မောနေပြီ၊ ဒါကြောင့်မို့ ကိုယ့်ဘာသာကိုယ် ပိုက်ဆံရှာတဲ့အလေ့အကျင့်ကို ပြောင်းလဲရပါမယ်။

ဇူလိုင်လ၁၃ရက်နေ့ထုတ် Street View News ဂျာနယ်အတွဲ(၁)အမှတ်(၂၇)တွင်ပါရှိသည့် “လူမှုရေးလုပ်ငန်းများ ကိုယ့်အားကိုယ်ကိုးပုံစံ ပြောင်းလဲ သင့်”သတင်းမှ ဒေါက်တာအောင်ထွန်းသက်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

**************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment