Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၁၆.၇.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းမှ ရရှိသည့် ဝင်ငွေစုစုပေါင်းအား စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာ
  2. သွင်းကုန်၊ ပို့ကုန်ကဏ္ဍများတွင် တရုတ်အား မြန်မာလက်တုန့်ပြန်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. အာဇာနည်နေ့အခမ်းအနား နိုင်ငံရေးပါတီအသီးသီး ကျင်းပပြုလုပ်မည်
  1. ကုလဝန်ထမ်းများလွတ်မြောက်ရေး UNHCR တောင်းဆိုမှု မြန်မာငြင်းပယ်
  2. မြန်မာနိုင်ငံအား နော်ဝေနိုင်ငံ၏ အကောက်ခွန်သက်သာခွင့်ဆိုင်ရာ (SGP) ပြန်လည်ခွင့်ပြုတော့မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*************************

ပြည်တွင်းသတင်းများ

ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းမှ ရရှိသည့် ဝင်ငွေစုစုပေါင်းအား စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာ

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းများမှ ရရှိသည့် ဝင်ငွေစုစုပေါင်းအား အများပြည်သူသိရှိနိုင်စေရန် စွမ်းအင် ဝန်ကြီးဌာနမှ ပထမဆုံးအကြိမ် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ယင်းထုတ်ပြန်ကြေညာချက်၌ မြန်မာနိုင်ငံ၌ ဆောင်ရွက်လျက်ရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းများမှ နိုင်ငံတော်အနေဖြင့် ခိုင်ကြေး (Royalty)၊ အစုရှယ်ယာ၊ ဓာတ်ငွေ့သယ်ဆောင်ခငွေ၊ ပိုက်လိုင်းဖြတ်သန်းခငွေနှင့် ဝင်ငွေခွန်များ ရရှိခဲ့ပြီး ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိသည့် ရတနာနှင့် ရဲတံခွန်စီမံကိန်းမှ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အထိ အမေရိကန်ဒေါ်လာ ၂၆ ဘီလံကျော်ရရှိခဲ့ကြောင်း ဖော်ပြပါရှိသည်။

“အခုလက်ရှိ ထိုင်းနိုင်ငံကိုတင်ပို့နေတဲ့ ရတနာနဲ့ ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းက ရရှိတဲ့ ဝင်ငွေစုစုပေါင်းရဲ့ ၆၇ ရာခိုင်နှုန်းကို နိုင်ငံတော် က ရရှိပါတယ်။ ဒီ သဘာဝဓာတ်ငွေ့စီမံကိန်းတွေကနေ ရရှိတဲ့ဝင်ငွေပာာ စလုပ်တုန်းက အရင်းမကြေသေးတော့ မြန်မာဘက်က စုစုပေါင်း ၄၀ နဲ့ ၅၀ ရာခိုင်နှုန်းကြား ရရှိတယ်။ အရင်းကြေပြီးသားကာလမှာဆိုရင်တော့ ၆၇ ရာခိုင်နှုန်း ရရှိနေပါတယ်”ပာု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိ ဆောင်ရွက်လျက်ရှိသည့် ရတနာနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် မြန်မာနိုင်ငံဘက်မှ ၂၀၀၆-၂၀၀၇ ခုနှစ်တွင် အမေရိ ကန်ဒေါ်လာ ၂.၁၇၄ ဘီလျံ၊ ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၂.၄၄၈ ဘီလျံခန့်၊ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၂.၈၄၃ ဘီလျံ၊ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၂.၆၀၃ ဘီလျံ၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၂.၉၃၄ ဘီလျံနှင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၃.၆၁၁ ဘီလျံခန့် ရရှိခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာ ချက်အရ သိရသည်။

ထို့ပြင် မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများတွင် မြန်မာနိုင်ငံဘက်မှ အကျိုးပိုမိုဖြစ်ထွန်းနိုင်စေရန် လုပ်ငန်းလုပ်ဆောင်ရန် အဆိုပြု ထားသည့် အဆိုပြုချက်များတွင် ပါဝင်သည့် အချက်အလက်တစ်ချို့ကို တိုးမြှင့်ခဲ့ပြီး ယင်းတိုးမြှင့်လိုက်သည့် အချက်များမှာ ယခင် ခိုင်ကြေး (Royalty)၊ ၁၀ ရာခိုင်နှုန်းကို ၁၂.၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ ထုတ်လုပ်မှုအပေါ် အမြတ်ခွဲဝေမှု (Production Split) ကို ၆၀ရာခိုင်နှုန်းအထိသို့လည်းကောင်း၊ နိုင်ငံတော်ဘက်မှ ပါဝင်ခွင့် (State Participation) ကို ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိသို့လည်းကောင်း တိုးမြှင့်ခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိချက်အရ သိရသည်။

YC

 -----------------------------------------------------------------------------------------------------------------------------------

သွင်းကုန်၊ ပို့ကုန်ကဏ္ဍများတွင် တရုတ်အား မြန်မာလက်တုန့်ပြန်

မြန်မာနိုင်ငံမှ တရုတ်သို့ တင်ပို့သော ကြက်၊ ဝက်၊ အမဲ၊ ဘဲနှင့် သားငါးပို့ကုန်များကို တရုတ်နိုင်ငံမှ လက်မခံကြောင်း မြန်မာသံရုံးသို့ အကြောင်း ကြားခဲ့သည့်အတွက် မြန်မာနိုင်ငံဘက်မှလည်း ပြည်ပမှတင်သွင်းသော အေးခဲအသားများနှင့် တရုတ်ပြည်မှ တရားမဝင်တင်သွင်းသော ကြည်ဥ၊ ကြက်ပေါက် အရှင်များအား မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းရန် ပြန်လည်ပိတ်ပင်ခြင်းဖြင့် လက်တုန့်ပြန်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှထွက်ရှိသည့် ထွက်ကုန်များအား တရုတ်နိုင်ငံသို့တင်ပို့ရာတွင် ကြက်ငှက်တုပ်ကွေး၊ ခွာနာလျှာနာနှင့် ပိုးများတွေ့သည်ပာူသော အကြောင်းပြချက်ဖြင့် မြန်မာ့နိုင်ငံ၏ တင်ပို့သားငါးများကို တရုတ်နိုင်ငံမှ လက်မခံကြောင်း မြန်မာသံရုံးမှတစ်ဆင့် RUMFCCI သို့ ပြီးခဲံ့သည့်လတွင် အကြောင်းကြားခဲ့ကြောင်း သိရသည်။

ထိုသို့သော ကိစ္စရပ်များကြောင့် မြန်မာနိုင်ငံဘက်မှလည်း ဇူလိုင်လ ၇ ရက်နေ့တွင် ၂၀၁၂-၂၀၁၅ အမှုဆောင်အစည်းအဝေးကို ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံမှ မွေးမြူရေးအဖွဲ့ချုပ်မှ ပြည်ပမှ တင်သွင်းလာသည့် အေးခဲကြက်သား၊ အမဲသား၊ ဆိတ်သားနှင့် တရုတ်ပြည်မ တရားမဝင် တင်သွင်းလျက် ရှိသည့် ကြက်ဥနှင့် ကြက်ပေါက်အရှင်များအား မြန်မာနိုင်ငံသို့ တင်သွင်းခွင့်မရှိကြောင်း အချက် (၅)ချက်အပေါ် မူတည်၍ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

“တရုတ်နိုင်ငံက တော်တော်လူလည်ကျတယ်။ ကိုယ့်နိုင်ငံကထွက်တဲ့ ကုန်ပစ္စည်းတွေကိုကျတော့ အကြောင်းပြချက်အမျိုးမျိုးနဲ့ ငြင်းပယ်တယ်။ သူတို့နိုင်ငံကထွက်တဲ့ အရာမျိုးကျတော့ မြန်မာကို တရားမဝင် တင်ပို့တယ်။ တရုတ်ကုန်ပစ္စည်းတွေဆို မြန်မာနိုင်ငံက ဈေးကွက်မှာ ကောင်းတာရော၊ မကောင်းတာရော အကုန်ရောင်းနေရတယ်။ မြန်မာဘက်က ခုလို တုန့်ပြန်မှုတွေပြန်လုပ်တာ ကောင်းပါတယ်။ ကျွန်တော်ထင်တယ်။ တရုတ်နိုင်ငံဘက် ကလည်း မြန်မာနိုင်ငံကို ဆန်ရှင်ပြန်လုပ်လိမ့်မယ်လို့ ထင်တယ်”ပာု ပြည်တွင်းပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ထိုသို့ ပြုလုပ်ရခြင်းမှာ ပြည်တွင်းအသားစားနှင့် ကြည်မွေးမြူထုတ်လုပ်သူများ၏ အကျိုးစီးပွားကို ကာကွယ်ရန်၊ တိုင်းရင်းကြက်မွေးမြူသော ကျေးလက်နေလူတန်းစားများ၏ တစ်နိုင်တစ်ပိုင် ဝင်ငွေရလဒ် ထိခိုက်စေခြင်းကို ကာကွယ်ရန်၊ အများပြည်သူစားသုံးသော ဥပဒေကို ဆောင်ရွက်ဆဲ ကာလဖြစ်ခြင်း၊ ယနေ့ မြန်မာနိုင်ငံ အသားထုတ်လုပ်မှုကဏ္ဍများ ဖြည့်သွင်းနိုင်ရန်၊ စားသုံးသူလိုအပ်ချက်အရ ပြည်စုံဖူလုံလျက်ရှိပြိး ပိုလျှံသော အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ကြက်ဥများကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေရခြင်း၊ ပြည်တွင်းအသားထုတ်လုပ်မှုကဏ္ဍကို ထိခိုက်လာခြင်း တို့ကြောင့်ဖြစ်ကြောင်း သိရသည်။

YC

*************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

အာဇာနည်နေ့အခမ်းအနား နိုင်ငံရေးပါတီအသီးသီး ကျင်းပပြုလုပ်မည်

၂၀၁၂ ဇူလိုင်လ ၁၂ ရက်နေ့တွင် ကျရောက်မည့်(၆၅)နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ဗိမာန်၌အခမ်းအနား ကျင်းပပြုလုပ်ရန် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများသို့ တစ်ပါတီငါးဦးနှုန်းတက်ရောက်ရန် ဖိတ်ကြားခဲ့သည့်အပြင် နိုင်ငံရေးပါတီ အသီးသီးကလည်း အာဇာနည်နေ့အခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ယခုကျရောက်မည့် အာဇာနည်နေ့အခမ်းအနားတွင် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ဗပိာုဌာနချုပ်မှ အာဇာနည်နေ့ သတင်းထုန်ပြန်ချက်၊ ပောာပြောပွဲနှင့် အာဇာနည်ဗိမာန်သို့ ချီတက် အလေး ပြုမည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ အဖွဲ့ခွဲများအနေဖြင့် အပြင်သို့ထွက်၍ ချီတက်ပွဲများပြုလုပ်မည်ဆိုပါက သက်ဆိုင်ရာသို့ အကြောင်းကြားစာတင်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားခဲ့သည်။

“NLD ပါတီအနေနဲ့ အာဇာနည်နေ့အခမ်းအနားကို မလုပ်ပါနဲ့လို့တော့ မပြောထားဘူး။ ဒါပေမယ့် ချီတက်ပွဲတွေလုပ်မယ်ဆိုရင်တော့ သက်ဆိုင် ရာကို အကြောင်းကြားဖို့ ညွှန်ကြားထားပါတယ်”ပာု NLD ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၀ ရွေးကောက်ပွဲဝင် ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ယခုကျရောက်မည့် အာဇာနည်နေ့တွင် အာဇာနည်နေ့ အခမ်းအနားနှင့် ပောာပြောပွဲ ကို ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ ပါတီရုံးချုပ်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ယင်းပောာပြောပွဲတွင် စာရေးဆရာကျော်ဝင်း၊ ဆရာပိာန်းလတ်နှင့် ဆရာ မောင်ဝံသတို့မှ ပောာပြောမည်ဖြစ်ကြောင်း သိရသည်။

“(၆၅)နှစ်မြောက် အာဇာနည်နေ့မှာ ပါတီရုံးချုပ်မှာ စာရေးဆရာတွေ၊ မီဒီယာသမားတွေနဲ့ အာဇာနည်နေ့အခမ်းအနားကို ကျင်းပပြုလုပ်သွားမှာ ပါ။ အာဇာနည်ဗိမာန်ကိုသွားပြီ ဂါဝရပြုဖို့တွေလည်းရှိပါတယ်”ပာု ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ပြည်တွင်းနိုင်ငံရေးပါတီများဖြစ်သည့် မြန်မာအမျိုးသားကွန်ကရက်ပါတီ၊ ညီညွှတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီ၊ အမျိုးသားနိုင်ငံရေး မပာာမိတ်များအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (၄)ခုတို့မှ စုပေါင်း၍ အာဇာနည်ဗိမာန်သို့ သွားရောက်အလေးပြုမည်ဖြစ်ပြီး လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ သန်လျင်မြို့တွင် အာဇာနည်ကျောက်တိုင်ကို သွားရောက်အလေးပြုမည်ဖြစ်ကြောင်း သိရသည်။

၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန် ကြိုးပမ်းခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၊ ဦးဘဝင်း၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး စသည့် အာဇာနည်သူရဲကောင်းများ ကျဆုံးခဲ့သည်မှာ ယခုအခါ (၆၅) နှစ် တိုင်ခဲ့ပြီဖြစ်သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ကုလဝန်ထမ်းများလွတ်မြောက်ရေး UNHCR တောင်းဆိုမှု မြန်မာငြင်းပယ်

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ရိုပာင်ဂျာအကြမ်းဖက်မှုပဋိပက္ခများတွင် ဖမ်းဆီးခံခဲ့ရသည့် ကုလသမဂ္ဂဝန်ထမ်းများ ပြန်လွှတ်ပေးရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မပာာမင်းကြီး(Antonio Guteries)၏ တောင်းဆိုမှုအား မြန်မာနိုင်ငံဘက်မှ ငြင်းပယ်လိုက်ကြောင်း ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂရုံး၏ ထုတ်ပြန်ကြောင်း ပြည်တွင်းသတင်းမီဒီယာများတွင် ဖော်ပြပါရှိသည်။

ရခိုင်ပြည်နယ်အတွင်း ဇွန်လကအတွင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်၍ မသင်္ကာမှုဖြင့် UNHCR မှ ဝန်ထမ်းသုံးဦးအပါအဝင် UN မှ ဝန်ထမ်း ၁၀ဦးကို မြန်မာနိုင်ငံ၏ သက်ဆိုင်ရာတာဝန်ရှိသူများက ထိန်းသိမ်းခဲ့ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မပာာမင်းကြီးရုံး UNHCR မှ ဝန်ထမ်း ဒေါ်ချိုလေးမာခါတုန်နှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှ ဝန်ထမ်းနှစ်ဦးတို့ကို ပုဒ်မ ၁၅၃၊ ၁၄၇ ဆူပူမှုဖြစ်စေရန် လှုံဆော်မှု၊ ပုဒ်မ ၅၀၅ နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့ဖြင့် ပြီးခဲ့သည့် ဇူလိုင် ၉ ရက်နေ့တွင် မောင်တောတရားရုံးတွင် ရုံးတင်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့ပြင် မောင်တောမြို့အကြမ်းဖက်မှုတွင် ဦးဆောင်ပါဝင်သည်ပာု သံသယဖြစ်ခံရသည့် ဒေါက်တာထွန်းအောင်ကို ဆူပူမှုဖြစ်စေရန် လှုံဆော်မှု ပုဒ်မ ၁၄၇၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(ခ)၊ လိမ်လည်မှု ပုဒ်မ ၄၂၀၊ ၄၆၈၊ ပုဒ်မ၆(၁)၊ ပုဒ်မ ၁၅၃ တို့ဖြင့် စစ်တွေခရိုင်တရားရုံးတွင် စစ်ဆေးခဲ့ ကြောင်း UNHCR မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်နေ့တါင် နေပြည်တော်၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မပာာမင်းကြီး Mr.Antonnio Guterrs ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံခဲ့ရာတွင် ပြည်တွင်းသို့ တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှမဖြစ်နိုင်ကြောင်းနှင့် နောက်ဆုံးဖြေရှင်းမည့်နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်း အဖြစ် ထားရှိ၍ UNHCR က ကျွေးမွေးစောင့်ရှောက်ပေးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ တောင်းဆိုမှုအပေါ် UNHCR က ငြင်းဆိုခဲ့ကြောင်း သိရ သည်။

ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီရိုပာင်ဂျာများနှင့် ရခိုင်တိုင်းရင်းသားတို့၏ ပဋိပက္ခများမှ အခြေခံ၍ လူပေါင်း ၈၀ထက်မနည်း သေဆုံးခဲ့ပြီး နေအိမ် ထောင်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံအား နော်ဝေနိုင်ငံ၏ အကောက်ခွန်သက်သာခွင့်ဆိုင်ရာ (SGP) ပြန်လည်ခွင့်ပြုတော့မည်

မြန်မာနိုင်ငံအား မကြာမီအချိန်တွင် နော်ဝေနိုင်ငံ၏ အကောက်ခွန်သက်သာခွင့်ဆိုင်ရာ General System of Perferences (GSP) ကို ပြန်လည် ခွင့်ပြုတော့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

“တစ်ဖက်သတ် အကောက်ခွန် သက်သာခွင့်ဆိုင်ရာအစီအစဉ်ကို ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ်က နော်ဝေနိုင်ငံက ရပ်ဆိုင်းခဲ့တာပါ။ အခု ပြန်လည်ခွင့်ပြု တော့မယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဒီအစီအစဉ်တွေက ဖွံ့ဖြိုးပြီးနိုင်ငံတွေက ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ဖွံ့ဖြိုးမှုနည်းပါးတဲ့ နိုင်ငံတွေရဲ့ ပို့ကုန်တွေ အပေါ်မှာ တစ်ဆက်သတ်အကောက်ခွန် သက်သာခွင့်ပေးတာ ဖြစ်ပါတယ်”ပာု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အကောက်အခွန်ဆိုင်ရာ သက်သာခွင့်ရရှိစေရေး အသိပညာပေးရန်အတွက် နော်ဝေ အကောက်ခွန်ဦးစီးဌာနနှင့် ထိုင်းနိုင်ငံရှိနော်ဝေသံရုံးမှ တာဝန်ရှိသူများ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်၍ ဆွေးနွေးပွဲတစ်ရပ် ကျင်းပရန်ရှိကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် Envoy ဂျာနယ်တွင် ဖော်ပြပါရှိသည်။

“နော်ဝေနိုင်ငံက မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ် အကောက်ခွန်သက်သာခွင့်ဆိုင်ရာတွေကို ခွင့်ပြုပေးတော့မယ်ဆိုတော့ မြန်မာပို့ကုန်သွင်း ကုန် လုပ်ငန်းရှင်တွေအတွက် လုပ်ကိုင်ရ ပိုအဆင်ပြေနိုင်တာပေါ့။ ထုတ်ကုန်အရေအတွက် ပိုများလာနိုင်တာပေါ့။ ဒါပေမယ့် ပြည်တွင်းလုပ်ငန်းရှင်တွေ အနေနဲ့လည်း ပို့ကုန်အရည်အသွေး ဒီ့ထက် ပိုမြင့်မားလာနိုင်အောင် ဆောင်ရွက်သင့်ပါတယ်”ပာု ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အတွက် မြန်မာနိုင်ငံ အား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှု ပြုလုပ်ထားသည့် အမေရိကန်နှင့် အီးယူနိုင်ငံများက ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့သည့်အပြင် အီးယူ အဖွဲ့ဝင်နိုင်ငံများကလည်း မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

Ref:Envoy

**************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"အမေရိကန်နိုင်ငံရဲ့ သဘောထားနဲ့ ပိတ်ဆို့မှုကို ဆက်လက်ယုံကြည်အောင်လို့ မြန်မာအစိုးရဘက်ကနေ အလုပ်လုပ်ပြဖို့တော့ လိုလိမ့်မယ်။ နှစ်နိုင်ငံ စီးပွားရေး ရင်းနှီးမြှပ်နှံမှုပေါ်လစီပေါ်မှာ ရှိတဲ့အတိုင်းပဲ နှစ်နိုင်ငံက ဆက်ဆံရေးကို လုပ်ကြမှာဆိုတော့ အထူးသဖြင့် မိမိနိုင်ငံက လိုအပ်ချက်တွေနဲ့ အမေရိကန်နိုင်ငံက စိတ်ဝင်စားမှုရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်လာမှုကို အမေရိကန်ပေါ်လစီက ဘယ်လို ထောက်ခံမလဲဆိုတာရယ်၊ မြန်မာနိုင်ငံကလည်း မြန်မာ့နိုင်ငံခြားရေးမူဝါဒ သဘောတရားအရ အဲဒီအခွင့်အလမ်းတွေဝင်ဖို့  ဘယ်လို ဆောင်ရွက်ပေးမလဲ ဆိုတာကို ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်တယ်"

ဇူလိုင်လ ၁၆ရက်နေ့ထုတ် Envoy ဂျာနယ် အတွဲ (၃) အမှတ် (၁၁) တွင်ပါရှိသည့် “အမေရိကန်နှင့် မြန်မာ အပြန်အလှန် ယုံကြည်မှုရရှိစေရန်  မြန်မာ အစိုးရဘက်မှ ပိုမိုအလုပ်လုပ်ပြရန် လိုအပ်ကြောင်း ပညာရှင်များ သုံးသပ်ပြောကြား” သတင်းမှ ဥပဒေနှင့် စီးပွားရေးအကြံပေး ဦးတင်သန်းဦး၏ ပြော ကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

လာဘ်ပေးလာဘ်ယူပပျောက်ရေး ကော်မရှင်ဖွဲ့စည်းမှာတွေ၊ စုံးစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး လက်တွေ့တိုက်ဖျက်သွားမှာ သိရတဲ့အတွက် ကြိုဆိုပါ တယ်။ ဌာနဆိုင်ရာများကို အမြင့်ဆုံးရာထူးမှ အောက်ခြေအထိ ပွင့်လင်းဖို့ရယ်။ သင့်တင့်တဲ့လစာရဖို့ရယ် လိုပါတယ်။ အချို့သော ဆင်းရဲသားများသည် ပေးစရာငွေမရှိ၍ ကိုယ့်ကိုကိုယ် စတေးကြရ၊ အကြမ်းဖက်ခံရ၊ ဂုဏ်သိက္ခာတွေပါ ပေးဆပ်ရ စသော ကိုယ်ကျင့်သိက္ခာ လာဘ်ထိုးမှုများလည်း ရှိလာကြပါ တယ်။

ဇူလိုင်လ ၁၆ရက်နေ့ထုတ် Envoyဂျာနယ် အတွဲ (၃) အမှတ် (၁၁)တွင်ပါရှိသည့် “လာဘ်ပေးလာဘ်ယူပပျောက်ရေး ဥပဒေကြမ်းအား လာဘ်ပေးလာဘ် ယူ အဂတိလိုက်စားမှုဥပဒေကြမ်းအဖြစ် ပြုပြင်ရန် ကိုယ်စားလှယ်ဦးဂျေယောဝူ အဆိုတင်”သတင်းမှ လွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝူ၏ ပြော ကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“အန်တီတို့က ဘယ်သူနဲ့မှ မပူးပေါင်းဘူး။ စပွန်ဆာရှာတဲ့အခါမှာ အများဆုံး ရှာဖွေရမှာဖြစ်တယ်။ စပွန်ဆာအများဆုံး ရှာပေးနိုင်တဲ့သူကိုသာ ပေးရမှာ ဖြစ်တယ်။ ပြီးတော့ ဒီလို တစ်ဦးတည်းမပေးလို့လည်း မရဘူး။ လူများပြီး ဈေးကောင်းရမှာမဟုတ်ဘူး”

ဇူလိုင်လ (၁၆)ရက်နေ့ထုတ် မြန်မာပို့စ်ဂျာနယ် အတွဲ (၄) အမှတ် (၂၇) တွင်ပါရှိသည့် “ဆီးဂိမ်းပြိုင်ပွဲတွင် တစ်ဦးတည်း ကြော်ငြာကိုယ်စားလှယ် လုပ်ကိုင် မှု ပြည်ထောင်စုဝန်ကြီးခွင့်မပြုဟုဆို” သတင်းမှ ဆီးဂိမ်းပြိုင်ပွဲတွင် စပွန်ဆာရှာဖွေပေးမည့် ကုမ္ပဏီအနေဖြင့် တစ်ဦးတည်းကိုယ်စားလှယ်ရရှိခဲ့သည့် SAIL Market & Communication Advertising မှ ဒါရိုက်တာ ဒေါ်ခင်ခင်ကျော့၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

**************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment