Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၂၂.၇.၂၀၁၂

ပြည်တွင်းသတင်းများ

  1. မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် ပြည်ခိုင်ဖြိုးပါတီဗပိာုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းပြောကြား
  2. လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် အဖွဲ့အစည်းတစ်ရပ်ထူထောင်၍ ကူညီမည်
  3. မြန်မာနိုင်ငံ၌ ကမ္ဘာလုံးဆိုင်ရာ ပွင့်လင်းမြင်သာမှု စံချိန်စံညွှန်းကို ကျင့်သုံးမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ထိုင်းနိုင်ငံခရီးစဉ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဇူလိုင်လ ၂၂ရက်နေ့ စတင်ထွက်ခွာ
  1. အမေရိကန်နိုင်ငံ၏ မြန်မာအပေါ်ပိတ်ဆို့မှု ၂၀၀၃ အက်ဥပဒေ သက်တမ်းတိုး

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*************************

ပြည်တွင်းသတင်းများ

မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် ပြည်ခိုင်ဖြိုးပါတီဗပိာုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းပြောကြား

မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြင့်သည့် မြစ်ဆုံစီမံကိန်းကို မဖြစ်မနေ ပြန်လည်စတင် တည်ဆောက်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗပိာုအလုပ်အမှုဆောင် ဦးအောင်သိန်းက တရုတ်နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် တွေ့ဆုံမေးမြန်း ခန်းတွင် ဖြေကြားပြောဆိုခဲ့ကြောင်း Eleven Media Group ဝက်ဆိုဒ်စာမျက်နှာတွင် ဖော်ပြချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြည်တွင်းမှ နိုင်ငံရေးအဖွဲ့အစည်းများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင် များနှင့် မီဒီယာများ၊ ပြည်သူ့အသံများက တရုတ်နိုင်ငံ၏ မြစ်ဆုံစီမံကိန်း ဆောက်လုပ်နေမှုများကို ကန့်ကွက်ခဲ့သည့်အတွက် ယင်းမြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့မှုအပေါ် ရန်ကုန်မြို့တော်ဝန်ပောာင်း(ငြိမ်း) ဗိုလ်မှူးချုပ်အောင်သိန်းလင်းက ဖယ်ရှားခဲ့ခြင်းဖြစ်သည်။

“မြစ်ဆုံစီမံကိန်းကို သမ္မတကြီးက သူ့သက်တမ်းအတွင်းမှာ ဆက်မလုပ်တော့ပါဘူးလို့ ပြည်သူတွေကို ကတိပေးမှုအပေါ် ဦးအောင်သိန်းလင်းက ခြေနဲ့ဖျက်လိုက်တာပါပဲ။ အရင်အကျင့်ပောာင်းတွေကတော့ ပြန်ပေါ်လာပါပြီ။ သမ္မတကြီးအနေနဲ့ ဒီကိစ္စကို သေသေချာချာစဉ်းစားသင့်ပါတယ်။ ဦးအောင်သိန်းလင်းရဲ့ သူ့သဘောနဲ့သူ ပြောဆိုနေမှုတွေကိုလည်း ရပ်တန့်သင့်ပါတယ်”ပာု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှ တာဝန်ရှိသူတစ်သီး၏ ပြောကြားခဲ့သည်။

ဦးအောင်သိန်းလင်းသည် ၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ရန်ကုန်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ ပြည်ခိုင်ဖြိုး(USDP)ပါတီ၏ ဗဟိုအလုပ်အမှုဆောင်နှင့် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ကာ ပြီးခဲ့သည့် အငြင်း ပွားဖွယ်ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့သူတစ်ဦးဖြစ်သည်။

Ref:Eleven Media Group Website

-----------------------------------------------------------------------------------------------------------------------------------

လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် အဖွဲ့အစည်းတစ်ရပ်ထူထောင်၍ ကူညီမည်

ပြည်တွင်းရှိ အလုပ်လက်မဲ့လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်စေရေးအတွက် Golden Generation (GG) အဖွဲ့ကို ထူထောင်၍ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း GG အဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“Golden Generation (GG) အဖွဲ့ပာာ ပြည်တွင်းက လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိနိုင်အောင် ဖော်ဆောင်ပေး သွားမှာပါ။ ဒီအဖွဲ့မှာ Generation Wave အဖွဲ့က လူငယ်အချို့ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ မတ်လဆန်းမှာ GG အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

Golden Generation(GG) အဖွဲ့သည် ပြည်တွင်းရှိ အလုပ်လက်မဲ့လူငယ်များ ဘဝမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကဏ္ဍ အသီးသီး၌ သင်တန်းများဖွင့်လှစ်၍ အလုပ်စတင်လုပ်ကိုင်လိုသူများအား ဆိုင်ဖွင့်သည့်အချိန်မျိုးတွင် အရင်းအနှီးစိုက်ထုတ်ပေးသွားမည်ဖြစ်ပြီး အကူ အညီလိုအပ်သည့် လူငယ်များအတွက် လိုအပ်သည့် အကူအညီကောင်းများကို GG အဖွဲ့မှပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ခု လက်ရှိနိုင်ငံတွင်းမှာ ဘွဲ့ရပေမယ့် ဘာအလုပ်အကိုင်မှမရှိဘဲ ကယောင်ခြောက်ခြားဖြစ်နေတဲ့ လူငယ်တွေအများကြီးပဲ။ ဒါတွေပာာ တိုင်းပြည်အတွက် ဆုံးရှုံးမှုတစ်ခုပါပဲ။ နိုင်ငံတော်ကလည်း ပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖော်ဆောင်ပေးသလိုပဲ ကျွန်တော်တို့ အဖွဲ့ကလည်း လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ပေးချင်တာပါ”ပာု Golden Generation(GG) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောကြားသည်။

Golden Generation(GG) အဖွဲ့သည် အဖွဲ့ဝင်လူငယ်များထံမှ တစ်လလျှင် တစ်ထောင်ကောက်ခံ၍ လူမှုရေးလုပ်ငန်းများ လုပ်ကိုင်ဆောင် ရွက်လျက်ရှိပြီး GG အဖွဲ့မှ စုဆောင်းရရှိသည့်ငွေများဖြင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ မိဘမဲ့ကျောင်းများသို့ လှူဒါန်းမှုများပြုလုပ်ခဲ့ပြီး လူငယ်များအတွက် အကျိုးရှိနိုင်စေမည့် ကိစ္စရပ်များကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ref:News Watch

-----------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံ၌ ကမ္ဘာလုံးဆိုင်ရာ ပွင့်လင်းမြင်သာမှု စံချိန်စံညွှန်းကို ကျင့်သုံးမည်

မြန်မာ့စက်မှုလုပ်ငန်များတွင် ပွင့်လင့်မြင်သာမှုရှိစေရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ပွင့်လင်းမြင်သာမှု စံချိန်စံညွှန်းကို မြန်မာနိုင်ငံတွင် စတင် ကျင့်သုံးတော့မည်ဖြစ်ကြောင်း စက်မှုလုပ်ငန်းများ၏ ကနဦးပွင့်လင်းမြင်သာမှုအဖွဲ့အစည်း(EITI)မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“မြန်မာနိုင်ငံမှာ ကမ္ဘာလုံးဆိုင်ရာ ပွင့်လင်းမြင်သာမှုစံချိန်စံညွှန်းကို လက်ခံကျင့်သုံးတော့မှာပါ။ အမေရိကန်ကလည်း ပိတ်ဆို့မှုတွေကို ဖြေလျော့လိုက်ပြီဆိုတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးဝင်လာတော့မှာပါ။ ကမ္ဘာလုံးဆိုင်ရာ ပွင့်လင်းမြင်သာမှုစံချိန်စံညွှန်းပာာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်ကြမယ့် နိုင်ငံကြီးတွေအတွက် မရှိမဖြစ် လိုအပ်ပါတယ်”ပာု ၎င်းက ပြောကြားသည်။

ယခုကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ ပွင့်လင်းမြင်သာမှု စံချိန်စံညွှန်းကျင့်သုံးရခြင်းမှာ မြန်မာနိုင်ငံအတွင်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ သတ္တု တူးဖော်ခြင်းလုပ်ငန်း စသည့် လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် ထုတ်ကုန်များထုတ်လုပ်ရာတွင် အသုံးပြုရသည့် ကိရိယာများ၏ အာမခံ ချက်များကို ပွင့်လင်းမြင်သာမှုရှိစေရန်နိုင်ရန် လေ့လာသုံးသပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ လုပ်ငန်းဆောင်တာတွေမှာ ပွင့်လင်းမြင်သာမှုရှိစေဖို့ ရည်ရွယ်ပါတယ်။ အခု ဒီနိုင်ငံမှာ EITI ရဲ့ အကောင် အထည်ဖော်နေတဲ့ လုပ်ငန်းဆောင်တာတွေ၊ အကျိုးကျေးဇူးတွေကို စတင်ပြီးဖြန့်ဝေပေးဖို့ပဲဖြစ်ပါတယ်”ပာု EITI မှ တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောကြားသည်။

ကနဦးပွင့်လင်းမြင်သာမှုအဖွဲ့အစည်း(EITI)၏ အကြီးအကဲ ဂျိုးနက်စ်မိုဘတ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၁၆ ရက်နေ့ တွင် မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး နေပြည်တော်၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အပါအဝင် ဝန်ကြီးရှစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး ဇူလိုင်လ ၁၇ ရက်နေ့တွင် ရန်ကုန်မှ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် မော်ဒန်သတင်းဂျာနယ်၌ ဖော်ပြပါရှိချက်အရရ သိရသည်။

Ref:မော်ဒန်

*************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ထိုင်းနိုင်ငံခရီးစဉ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဇူလိုင်လ ၂၂ရက်နေ့ စတင်ထွက်ခွာ

ဇူလိုင်လ ၂၂ ရက်နေ့ မနက် ၉နာရီအချိန်မှ စတင်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် သုံးရက်ကြာ သွားရောက်လည်ပတ်ရန် မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ကြောင်း သိရှိရပြီး နေ့လည် ၁၁နာရီခန့်အချိန်၌ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်သို့ ရောက်ရှိ ကြောင်း သိရသည်။

အဆိုပါ သုံးရက်ကြာခရီးစဉ်၌ ဇူလိုင်လ ၂၃ ရက်နေ့တွင် ထိုင်းဝန်ကြီးချုပ် မစ္စစ် ယင်လတ် ရှင်နာဝပ်နှင့် နှစ်နိုင်ငံ