Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁.၈.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ရင်းနှီးမြှုပ်နှံမှုကို တံခါးဖွင့်ခြင်းကြောင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးစိန်ခေါ်မှုကြုံ

(30 July 2012 ရက်စွဲပါ VOA News မှ နိုင်ငံခြားရေးဝန်ကြီးဌာန၏ Opening for Investment, Burma faces human rights challanges ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ ရှေ့သို့ဆက်သွားဖွယ်ရှိ

(Reuters News မှ 31 July 2012 ရက်စွဲပါ“Myanmar reforms Likely to continue-US State Department official”သတင်းကို ဘာသာပြန်သည်။)

  1. မြန်မာနိုင်ငံတွင် သံရုံးဖွင့်ရန် အီရန်စီစဉ်

(Bernama News မှ 31July 2012 ရက်စွဲပါ “Iran plan to establish embassy in Myanmar”သတင်းကို ဘာသာပြန်ဆိုသည်။)

*****************************************

ဘာသာပြန်သတင်းများ

ရင်းနှီးမြှုပ်နှံမှုကို တံခါးဖွင့်ခြင်းကြောင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးစိန်ခေါ်မှုကြုံ

(30 July 2012 ရက်စွဲပါ VOA News မှ နိုင်ငံခြားရေးဝန်ကြီးဌာန၏ Opening for Investment, Burma faces human rights challanges ကိုဘာသာပြန်ဆိုသည်)

(အမေရိကန်သံအမတ်ကြီး Derek Mitchell ပြည်ပရင်းနှီးမြှုပ်နှံမှုများသည် တိုင်းပြည်ကိုပို၍ ပွင့်လင်းပြီး၊ တာဝန်ယူမှုပိုမိုဖြစ်စေနိုင်ပာု ပြောကြားမှုများအတွက် ရေးသားသော ဆောင်းပါးဖြစ်သည်)

မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများကြောင့် အမေရိကန်နှင့် ဥရောပတို့မှအရေးယူမှုများ ဖြေလျော့သွားခြင်းနှင့်အတူ နိုင်ငံခြားကုမ္ပဏီများပို၍ မြန်မာနိုင်ငံသို့ဝင်ရောက်လာသည်။

သို့သော် အိုဘားမားအစိုးရက ပြောကြားရာတွင် အမေရိကန်ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လုပ်သားအခြေအနေများ တိုးတက်ရေးကိုသာ ဦးတည်စေရန်မျှော်လင့်ပြီး၊ မြန်မာနိုင်ငံသည် ပို၍တံခါးဖွင့်လာခြင်းကြောင့် လူကုန်ကူးမှု ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်ကြောင်းဆိုသည်။

အမေရိကန်နှင့်ဥရောအရေးယူမှုများသည် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍကိုထိခိုက်ပြီး နိုင်ငံခြားကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ခက်ခဲစေသည်။ သို့သော် ယခုအခါ အဆိုပါအရေးယူမှုများ ဖြေလျော့ပေးသောအခါ Google၊ ကိုကာကိုလာနှင့် General Motors တို့သည် မြန်မာနိုင်ငံသို့ ဦးဆောင်ဝင်ရောက်ရန်တာစူနေသည်။ မြန်မာနိုင်ငံသို့ အကြီးဆုံးအမေရိကန်ကုန်သွယ်ရေးမစ်ရှင်အဖြစ် သွားရောက်မည့်အဖွဲ့၏ ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်က ပြောကြားရာတွင် တာဝန်ယူသော စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် အပေါင်းလက္ခဏာဆောင်သော ပြောင်းလဲမှုများဆောင်ကြဉ်းပေးမည့် အေးဂျင့်များဖြစ်လာရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ကလင်တန်က မြန်မာသမ္မတဦးသိန်းစိန်အား ဝါရှင်တန်သည် လုပ်ဆောင်သောပြုပြင်ပြောင်းလဲမှုတစ်ခုခြင်းအပေါ် တုန့်ပြန် သွားမည်ပာု ပြောခဲ့သည်။

ယူနီဆက်၏ မြန်မာနိုင်ငံကိုယ်စားလှယ် Ramesh Shrestha ကပြောကြားရာတွင် ဆင်းရဲမွဲတေမှုနှုန်း ၃၀ ရာခိုင်နှုန်းရှိသော မြန်မာနိုင်ငံတွင် အကြီးဆုံးအန္တရာယ်များထဲမှတစ်ခုမှာ ကလေးများအပေါ်မှ ခေါင်းပုံဖြတ်ခြင်းဖြစ်သည်ပာုဆိုသည်။ “တကယ်လို့ရှိရင် အရာရာကိုရှင်းရှင်းလင်းလင်း တံခါးဖွင့်ဖို့လိုပါတယ်။ ဆိုလိုတာက လက်ရှိအခြေအနေကို ဆိုးရွားစွာထိန်းချုပ်ထားခြင်းကို ဖြေလျော့ပေးရပါမယ်။ ဆိုလိုတာက ပြည်သူတွေပာာ ဆန္ဒရှိတာလုပ်ပါစေလို့။ တရားဝင်ဖြစ်ဖြစ်၊ တရားမဝင်ဖြစ်ဖြစ် အရာရာဘာမဆို ဖြစ်နိုင်ပါတယ်”ပာု ၎င်းကပြောသည်။

World Vision မှ ကလေးသူငယ်အကာအကွယ်ပေးရေး အကြီးတန်းမူဝါဒအကြံပေး Jesse Eaves ကပြောကြားရာတွင် အရေးကြီးသောအချက်မှာ အပေါင်းလက္ခဏာဆောင်သောခြေလှမ်းများ လှမ်းနေခြင်းပင်ဖြစ်ကြောင်းဆိုသည်။ “မြန်မာနိုင်ငံလိုနိုင်ငံမျိုးမှာ သူ့နယ်စပ်မှာ အမှန်တကယ်ဖြစ်ပျက်နေတာတွေ၊ သူ့နိုင်ငံသားတွေမှာ ဘာတွေဖြစ်နေသလဲဆိုတာ ကြည့်နေပြီး၊ သင့်လျော်တဲ့ တုန့်ပြန်မှုတွေ ကြိုးစားလုပ်ဆောင်နေတာ တွေ့နေရပါပြီ”ပာု ၎င်းက ပြောသည်။

Eaves ကပြောကြားရာတွင် World Vision သည် မြန်မာနိုင်ငံတွင် လူကုန်ကူးမှုနှင့် ကလေးသူငယ်များအပေါ် ခေါင်းပုံဖြတ်ခြင်းများအကြောင်း အသိပညာမြင့်လာရန် လုပ်ဆောင်လျက်ရှိသည်။ “အံ့သြဖွယ်ကောင်းတာက ပြောင်းလဲမှုကို တွေ့လာရတာပါပဲ။ အကြီးဆုံးပြဿနာအများစုက နားမလည်ကြတာပါပဲ။ သူတို့က ဒါတွေကို သာမန်လုပ်ရိုးလုပ်စဉ်လို့ထင်နေတာ။ ဒါကို ကျွန်တော်တို့က ရှင်းပြနေရတာ”ပာု ၎င်းကပြောသည်။

Brookings Institution မှ စီးပွားရေးပညာရှင် Lex Rieffel ကပြောကြားရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှု အမြန်နှုန်းသည် လူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကို စိန်ခေါ်လာနိုင်ဖွယ်ရှိသည်ပာု ဆိုသည်။ “သဘာဝသယံဇာတပေါ်တွင် များစွာရင်းနှီးမြှုပ်နှံသော တိုင်းပြည်များတွင် လူ့စွမ်းအားအရင်းအမြစ်တွင် ရင်းနှီးမြှုပ်နှံမှုနည်းပါးသည့်ပုံစံကို ကျွန်တော်တို့ တွေ့နေရပါတယ်။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံအရ လူ့စွမ်းအားအင်းအမြစ်မှာ ရင်းနှီးမြှုပ်နှံခြင်းကသာ ရေရှည်အကျိုးစီးပွားဖြစ်မယ် ဆိုတာပါပဲ”ပာု ၎င်းကပြောသည်။

သို့သော် ဗြိတိန်၏ ရင်းနှီးမြှုပ်နှံမှုအကြီးအကဲ Nick Baird ကပြောကြားရာတွင် နိုင်ငံခြားကုမ္ပဏီများသည် မြန်မာနိုင်ငံပေါ်တွင် သက်ရောက်မှု ကြီးမားအောင်ပြုလုပ်နိုင်သည်ပာု ဆိုသည်။ “စီးပွားရေးလုပ်တာသက်သက်မပာုတ်ပါဘူး။ လွတ်လပ်ပွင့်လင်းပြီး တာဝန်ယူတဲ့ နည်းလမ်းများနဲ့အတူတကွ လုပ်ကိုင်ခြင်းဖြင့် တကယ်တမ်း တိုင်းပြည်တည်ငြိမ်ရေးကို အထောက်အကူဖြစ်စေပါတယ်”ပာု ၎င်းက ဆိုသည်။

                                                                            *****************************************

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ ရှေ့သို့ဆက်သွားဖွယ်ရှိ

(Reuters News မှ 31 July 2012 ရက်စွဲပါ“Myanmar reforms Likely to continue-US State Department official”သတင်းကို ဘာသာပြန်သည်။)

အမေရိကန်နိုင်ငံခြားရေးဌာန ထိပ်တန်းတာဝန်ရှိသူတစ်ဦးက “မြန်မာနိုင်ငံသည် နိုင်ငံရေးနှင့်စီးပွားရေးပြုပြင်ပြောင်းလဲမှု လမ်းကြောင်းပေါ်တွင်ဆက်ရှိနေမည်ဟု ၎င်းအနေဖြင့် အကောင်းဖက်က ရှုမြင်ထားကြောင်း အင်္ဂါနေ့ကပြောကြားသည်။ သို့သော် အမေရိကန်ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရှုပ်ထွေးသောစီးပွားရေးနယ်ပယ်ကို တွေ့ကြုံရမည့် အလားအလာရှိသည်ဟု သတိပေး ပြောဆိုသည်။

“မြန်မာ့ခေါင်းဆောင်တွေနဲ့ စကားပြောဆိုရာကနေတွေးမိတာကတော့ သူတို့ဟာအမှန်တကယ် ပြုပြင်ပြောင်းလဲလိုစိတ် ရှိကြတယ်ဆိုတဲ့ ယေဘူယူနားလည်မှုပါပဲ။ သူတို့အပေါ်မှာတော့ ကြီးမားတဲ့လူမှုရေးဖိအားတွေ ရှိနိုင်ပါတယ်။”ဟု နိုင်ငံခြားရေးဌာန တာဝန်ရှိသူ ရောဘတ်ဟောမတ်က Washington International Trade Association သို့ ပြောကြားသည်။

“ကျွန်တော်ရဲ့ ယေဘူယျခန့်မှန်းချက်ကတော့ သူတို့ဟာ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းအတိုင်း ဆက်သွားလိမ့်မယ်ဆိုတဲ့ အချက်ပါပဲ။ ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံသားတိုင်းလိုလိုက စီးပွားရေးနဲ့ အရပ်သားလွတ်လပ်ခွင့်ပိုရဖို့ မျှော်လင့်ချက်ကြီးကြီး ထားနေကြတာကြောင့် အစိုးရဟာနောက်ပြန်လှည့်လို့ မဖြစ်နိုင်တော့လို့ပါပဲ”ဟု ၎င်းကပြောကြားသည်။

ကိုလိုနီခေတ်က အမည် Burma ဟုလည်း လူသိများသောမြန်မာနိုင်ငံသည် ယခင်တပ်မတော်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အရပ်သားတစ်ပိုင်းအစိုးရထံ အာဏာလွှဲပြောင်းပြီးချိန်မှစ၍ နှစ်ပေါင်းများစွာ အပယ်ခံအထီးကျန်ဘဝမှ စတင်ရုန်းထွက်လျက်ရှိသည်။

ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်သူ သမ္မတဦးသိန်းစိန်ခေါင်းဆောင်သောအစိုးရသစ်သည် စီိးပွားရေးကဏ္ဍပြောင်းလဲခြင်း မီဒီယာဆင်ဆာ ဖြေလျှော့ပေးခြင်း။ အလုပ်သမားသမဂ္ဂများနှင့်ဆန္ဒပြပွဲများကို တရားဝင်ခွင့်ပြုပေးခြင်း၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းတို့ကို စတင်ပြုလုပ်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုကလည်း Sanctions များဖြေလျော့ပေးခြင်ဖြင့် တုန့်ပြန်အသိအမှတ်ပြုခဲ့ပြီး အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံခြင်းကိုခွင့်ပြုရန်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို ခွင့်ပြုရန် ယခုလအတွင်းဆုံးဖြတ်ကာ စတင် အကောင်အထည်ဖော်ခဲ့သည်။

ဝါရှင်တန်အနေဖြင့် ကျန်ရှိနေသော Sanctions များကို ရုတ်သိမ်းရေးနှင့်ပတ်သက်ပြီး လက်တွေ့ကိုလက်တွေ့ဖြင့် တုန့်ပြန်ရန် ပြင်ဆင်ထားကြောင်း ဟောမတ်ကထပ်မံပြောဆိုခဲ့ပြီး၊ ပြုပြင်ပြောင်းလဲရေး နောက်တစ်ဆင့်ပြုလုပ်ရန် သမ္မတဦးသိန်းစိန်က ကတိပြုထားသည်ဟု ထောက်ပြပြောဆိုသည်။

ထိုအတောအတွင်း မြန်မာထွက်ကုန်တင်သွင်းမှု ပိတ်ပင်သည့်ဥပဒေကို ၂၀၁၅ ဇူလိုင်အထိ သက်တမ်းတိုးရန်အတွက် ကွန်ဂရက်လွှတ်တော်တွင် ဆွေးနွေးလျက်ရှိသော်လည်း၊ ယင်းဥပဒေနှင့် အခြား Sanctions များကို မြန်မာအစိုးရ၏ လက်တွေ့လုပ်ရပ်အပေါ် တုန့်ပြန်ဖြေလျော့ပေးရန် အိမ်ဖြူတော်ကိုခွင့်ပြုသွားမည် ဖြစ်သည်။

မြန်မာနိုင်ငံသည် ရေနံနှင့်ဓါတ်ငွေ့၊ ကျွန်းနှင့် သစ်မာ၊ ကျောက်မျက်သတ္တုနှင့် လယ်ယာထွက်ကုန်စသော သယံဇာတများ ကြွယ်ဝသော်လည်း ထိုင်း၊ တရုတ်၊ ဗီယက်နမ်စသော အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ကုန်ချောပြုပြင်ထုတ်လုပ်မှု လုပ်ငန်းလွန်စွာ နည်းပါးပြီး၊ ဆင်းရဲနွမ်းပါးလျက်ရှိသည်။

ယင်းအခြေအနေက အမေရိကန်နှင့် နိုင်ငံခြားကုမ္ပဏီများအား နောက်ဆုံးပေါ်မြန်မာဈေးကွက်သို့ ငွေရင်းများများဖြင့် နေရာဝင်ယူကြရန် စိတ်ကူးကို လှုံဆော်ပေးနေသည်။

၎င်းအလားလာသည် အချိန်တိုအတွင်းမဖြစ်နိုင်သေးကြောင်း မှတ်ချက်ပေးသည့် ဟောမတ်က “ငွေတွေအပုံလိုက် လှိမ့်ဝင်လာတာကို ကျွန်တော်မတွေ့သေးပါဘူး”ဟု ပြောကြားသည်။

မြန်မာအစိုးရက ယင်း၏စီးပွားရေးမျက်နှာစာကို ခွဲဖြန့်ထားရန်အတွက် အမေရိကန်ရင်းနှီးမြှုပ်နှံမှုများကို မျှော်လင့်နေသော်လည်း စီးပွားရေးအဆိုပြု လျှောက်လွှာများကို အဆင့်ဆင့်စီမံဆောင်ရွက်ရန် ကျွမ်းကျင်ဝန်ထမ်း ရှားပါးမှုကဲ့သို့သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

“အမေရိကန် ငွေရင်းငွေနှီးတွေ မြန်မာနိုင်ငံထဲကိုစီးဝင်လာဖို့တော့ ရှိပါတယ်။ ချက်ခြင်းတော့ မဖြစ်နိုင်သေးပါဘူး”ဟု ၎င်းက ပြောကြားသည်။

“မြန်မာနိုင်ငံဟာ အလွန်ရှုပ်ထွေးတဲ့နိုင်ငံပါ။ ခင်ဗျား အဲ့ဒီမှာရင်းနှီးမြှုပ်နှံမယ်ဆိုရင် အများကြီးဂရုတစိုက် လုပ်ရလိမ့်မယ်”ဟု ဟောမတ်က ဆိုသည်။

ထောက်ပြစရာကိစ္စရပ်တစ်ခုမှာ တိုင်းရင်းသားလူမျိုးစုများ၏ အကဲဆတ်မှုများပင်ဖြစ်ပြီး၊ ၎င်းတို့သည် တပ်မတော်အစိုးရဟောင်းနှင့် အတိတ်ကဆက်ဆံရေးဆိုးဝါးခဲ့မှုများ၊ ၎င်းတို့၏နယ်မြေအချို့ လက်လွှတ်ပေးခဲ့ရသော ယခင်ရင်းနှီးမြှုပ်နှံမှု စာချူပ်များကို သတိတရရှိနေကြဆဲဖြစ်သည်ဟု ဟောမတ်က ပြောကြားသည်။

ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ၏အကျိုးဆက်ကြောင့် လူမှုနှင့်သဘာဝပတ်ဝန်းကျင်ထိခိုက်မည်ကို ဒေသခံများက စိုးရိမ်ကြသောကြောင့် ကုမ္ပဏီများအနေဖြင့် ဂရုတစိုက်ကိုင်တွယ်ဖြေရှင်းရန်လိုအပ်သည်ဟု ဟောမတ်က သုံးသပ် ပြောဆိုသွားသည်။

                                                                        ********************************************

မြန်မာနိုင်ငံတွင် သံရုံးဖွင့်ရန် အီရန်စီစဉ်

(Bernama News မှ 31July 2012 ရက်စွဲပါ “Iran plan to establish embassy in Myanmar”သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံတွင် မွတ်စလင်များရင်ဆိုင်နေရသောပြဿနာများကို ကူညီဖြေရှင်းရန်အတွက် မြန်မာနိုင်ငံတွင် သံရုံးဖွင့်လှစ်ရန် စီစဉ်နေသည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး အလီအက်ကဘာဆာလီဟီက ပြောကြားကြောင်း အီရန်နိုင်ငံမှ Mehr News Agency(MNA) က သတင်းထုတ်ပြန်သည်။

“မြန်မာအာဏာပိုင်တွေနဲ့ ကျွန်တော်တို့ဆွေနွေးမှုတွေ ပြုလုပ်နေပါတယ်။ အဲဒီနိုင်ငံမှာ အီရန်သံရုံးဖွင့်ဖို့ စီစဉ်နေပါတယ်။ အီရန်သံရုံး ထားရှိခြင်းကြောင့် နှစ်နိုင်ငံဆက်ဆံမှုအားကောင်းအောင် အထောက်အကူပြုမှာဖြစ်ပြီး မြန်မာနိုင်ငံက မူစလင်လူမျိုးတွေရဲ့ ပြဿနာတွေကိုကူညီဖြေရှင်းရာမှာ မြန်မာအစိုးရရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ ထိရောက်တဲ့လုပ်ဆောင်မှုတွေကိုပြုလုပ်နိုင်မယ်လို့ ကျွန်တ်ာယုံကြည်ပါတယ်”စသဖြင့် နိုင်ငံခြားရေးဝန်ကြီး ဆာလီဟီက ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့က သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာမွတ်စလင်များ သေဆုံးမှုအပေါ် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သဘောထားကိုမေးမြန်းရာတွင် အီရန်နိုင်ငံခြားရေးဝန်ကြီးက အထက်ပါအတိုင်းမှတ်ချက်ပေး ပြောဆိုသွားခြင်းဖြစ်သည်။

*****************************************************************************************************                                


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment