Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၃၁.၇.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. အမေရိကန် Sanctions များက မြန်မာ့အထည်ချုပ်ကဏ္ဍ ဖွံ့ဖြိုးမှုကိုတားဆီးနေ

(Just Style News မှ 30 July 2012 ရက်စွဲပါ “Burma: US sanctions prevent garment industry growth”သတင်းကို ဘာသာပြန်ဆိုသည်)

  1. ရခိုင်ပြည်နယ်တွင်း အခြေအနေများ အကဲဖြတ်ရန် ကုလလူ့အခွင့်အရေးသံတမန်လာရောက်မည်

(Bernama သတင်းဌာနမှ 30 July 2012 ရက်စွဲပါ UN Human Rights Envoy Visits Myanmar ကိုဘာသာပြန်ဆိုသည်)

  1. မွတ်စလင်များအားနှိမ်နင်းနေကြောင်းစွပ်စွဲမှုများကို မြန်မာအစိုးရပယ်ချ

(Gulf Times မှ 31 July 2012ရက်စွဲပါ “Myanmar government rejects concerns on crackdown” သတင်းကို ဘာသာပြန်ဆိုသည်။)

***********************************************************

ဘာသာပြန်သတင်းများ

အမေရိကန် Sanctions များက မြန်မာ့အထည်ချုပ်ကဏ္ဍ ဖွံ့ဖြိုးမှုကိုတားဆီးနေ

(Just Style News မှ 30 July 2012 ရက်စွဲပါ “Burma: US sanctions prevent garment industry growth”သတင်းကို ဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စု၏ မြန်မာထွက်ကုန် တင်သွင်းမှုတားမြစ်ချက်သည် အဂတိလိုက်စားသော မြန်မာရေပေါ်ဆီအလွှာ၏ အကျိုးစီးပွားများကို ရည်မှန်းသင့်သလိုထိခိုက်စေခြင်းမရှိဘဲ အထည်ချုပ်စီးပွားရေးလုပ်ငန်း၏ အလုပ်အကိုင်၊ အခွင့်အလမ်းကြီးထွားမှုကို ပာန့်တားနေကြောင်း international Crisis Group က အစီရင်ခံစာ ထုတ်ပြန်သည်။

၂၀၀၃ ခုနှစ်နောက်ပိုင်း ချမှတ်ထားသော အဆိုပါသွင်းကုန်တားမြစ်ချက်ဥပဒေသည် မြန်မာကုန်ထုတ်စီးပွားရေးနယ်ပယ်၏ အလုပ်အကိုင်ဖန်တီးပေးနိုင်မှု ကြီးထွားလာရေးကို ပာန့်တားခြင်းဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးပြန်လည်တည်ဆောက်မှုအပေါ် ပြင်းထန်သောဆိုးကျိုး သက်ရောက်စေနိုင်သည်ပာု ICG ဉာဏ်ကြီးရှင်အုပ်စုက သတိပေးပြောကြားထားသည်။

အမေရိကန်ပြည်ထောင်စုသည် ၂၀၀၃ ခုနှစ်က ချမှတ်ထားသော ယင်းစည်းကမ်းကို မြန်မာနိုင်ငံလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီအက်ဥပဒေအဖြစ် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး မြန်မာအစိုးရအား နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင်အောင် ဖိအားပေးရန်အတွက် တစ်နှစ်ချင်း သက်တမ်းတိုးလျက်ရှိသည်။

မည်သို့ပင်ဖြစ်စေ၊ ပြီးခဲ့သောအပတ်ကမူ အာဖရိကဖွံ့ဖြိုးရေးနှင့် အခွင့်အလမ်းအက်ဥပဒေနှင့်တစ်ဆက်တည်းဖြစ်နေသော မြန်မာသွင်းကုန် တားမြစ်ချက်ဥပဒေကို လာမည့်လ သက်တမ်းမကုန်မီထပ်မံသက်တမ်းတိုးရန် အမေရိကန်အထက်လွှတ်တော်က မလုပ်ဆောင်နိုင်ခဲ့ပါ။

သို့သော် ၁၅ နှစ်ခန့်လက်ရှောင်ထားခဲ့သောမြန်မာနိုင်ငံတွင် အမေရိကန်ကုမ္ပဏီများ ပထမဆုံးအကြိမ် ပြန်လည်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခွင့်ပေးရန်အတွက် ယခင်မြန်မာတပ်မတော်အစိုးရအပေါ်အရေးယူ ဒဏ်ခတ်ထားသော ငွေကြေးနှင့်ရင်းနှီးမြှုပ်နှံမှု Sanctions အချို့ကို အိုဘားမားအစိုးရက ဖြေလျော့ပေးလိုက်ပြီဖြစ်သည်။

မြန်မာထွက်ကုန်တင်သွင်းမှုကို မတားမြစ်မီအချိန်က အမေရိကန်ပြည်ထောင်စုသို့ အများဆုံးကုန်ပစ္စည်းတင်ပို့သည့်ကဏ္ဍမှာ အထည်ချုပ်လုပ်ငန်းဖြစ်ပြီး၊ လူပေါင်းများစွာကို အလုပ်အကိုင်ဖန်တီးပေးနိုင်ခဲ့သည်ပာု ICG အစီရင်ခံစာက ဆိုသည်။

အဆိုပါဥပဒေသည် ရေနံ၊ ဓာတ်ငွေ့ကြွယ်ဝသော မြန်မာနိုင်ငံဖြစ်စီပွားရေးကို အငြင်းပွားစရာ သယံဇာတအဆီထုတ် ရောင်းစားသည့် ပုံစံဖြစ်အောင် စက်အူတင်းပေးသလိုဖြစ်နေပြီပာု ICG က ဆက်လက်ထောက်ပြရေးသားထားသည်။

“ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ရဲ့ အခုလိုအဆင့်မျိုးမှာ အမေရိကန်ပြည်ထောင်စုရဲ့သွင်းကုန်တားမြစ်မှုပာာ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ ဒီမိုကရေစီဖြစ်စဉ်ကို ဘယ်နည်းနဲ့မဆို အထောက်အကူပြုရဲ့လားဆိုတာကို မြင်တွေ့ရဖို့ ခက်ခဲပါတယ်”ပာု အစီရင်ခံစာတွင် တင်ပြထားသည်။

                                                            *****************************************

ရခိုင်ပြည်နယ်တွင်း အခြေအနေများ အကဲဖြတ်ရန် ကုလလူ့အခွင့်အရေးသံတမန်လာရောက်မည်

(Bernama သတင်းဌာနမှ 30 July 2012 ရက်စွဲပါ UN Human Rights Envoy Visits Myanmar ကိုဘာသာပြန်ဆိုသည်)

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာအထူးသံတမန် သောမတ်စ်ကန်တားနားသည် မြန်မာနိုင်ငံတွင်း လူ့အခွင့်အခြေအနေများကို အကဲဖြတ်လေ့လာရန် ဇူလိုင်လ ၃၀ ရက်(တနင်္လာနေ့)တွင် နေပြည်တော်သို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

မစ္စတာ ကန်တားနားသည် ၎င်း၏ ခြောက်ရက်တာ မြန်မာပြည်ခရီးစဉ်အတွင်း လူစုဖွဲ့ဆူပူအုံကြွမှုများနှင့် အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် မောင်းတောမြို့များသို့ သွားရောက်မည်ဟု ဆိုသည်။ ထို့ပြင် ၎င်းသည် ရခိုင်တိုင်းရင်းသား အဖွဲ့အစည်းများနှင့်လည်း ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်မည်ဟု ဆင်ဟွာသတင်းဌာနက ရေးသားသည်။

သတင်းရင်းမြစ်များအဆိုအရ မစ္စတာကန်တားနားအနေဖြင့် မြန်မာအစိုးရ အရာရှိများ၊ ဥပဒေရေးရာအရာရှိများ၊ သမ္မတဦးသိန်းစိန်၏ အကြံပေး ပုဂ္ဂိုလ်များအပါအဝင်  ဗဟိုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့၊ လူ့အခွင့်အရေးကော်မရှင် အစရှိသည်တို့နှင့်လည်း တွေ့ဆုံမည်ဟုသိရသည်။ မစ္စတာကန်တာနားသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ်လာရောက်ခဲ့ပြီး ထိုစဉ်က တိုင်းပြည်တွင် အပြုသဘောဆောင်သည့် အကျိုးသက်ရောက်မှုများကို တွေ့ရှိရကြောင်း၊ သို့သော် ရင်ဆိုင်ဖြေရှင်းရမည့် စိန်ခေါ်မှုများစွာလည်း ရှိနေသေးကြောင်း ပြောဆိုခဲ့သည်။

                                                        *******************************************

မွတ်စလင်များအားနှိမ်နင်းနေကြောင်းစွပ်စွဲမှုများကို မြန်မာအစိုးရပယ်ချ

(Gulf Times မှ 31 July 2012ရက်စွဲပါ “Myanmar government rejects concerns on crackdown” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံအနောက်ပိုင်း၌ နှိမ်နင်းဖြိုခွင်းမှုအပေါ်စိုးရိမ်ကြောင်း ကုလသမဂ္ဂကထုတ်ဖော်ခဲ့ပြီးနောက်တွင် မြန်မာအာဏာပိုင်များက ယင်းစွပ်စွဲမှုကို ပယ်ချကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်အား မနေ့က ပြောကြားလိုက်သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် တိုးမားစ်အိုဂျာကင်တာနာတက်ရောက်သော သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးက “မိမိတို့အစိုးရသည် ရခိင်ပြည်နယ်မှ အဓိကရုဏ်းကို အဆုံးသတ်ရာတွင် အမြင့်ဆုံးအဆင့် သည်းခံစိတ်ရှည်မှုကို ကျင့်သုံးခဲ့သည်”ဟု ရှင်းလင်းပြောဆိုသည်။

“ရခိုင်ပြည်နယ်ကအနေထားကို ကိုင်တွယ်ရာမှာ အာဏာပိုင်တွေက အလွန်အကျွံအင်အားသုံး အကြမ်းဖက်ခဲ့တယ်ဆိုတဲ့ တစ်ချို့အုပ်စုတွေရဲ့စွပ်စွဲချက်တွေကို မြန်မာနိုင်က ပြင်းပြင်းထန်ထန်ကန့်ကွက်ပယ်ချပါတယ်”ဟု ၎င်းကဆိုသည်။

“ဒီကိစ္စကို ဘာသာရေးပြဿနာတစ်ခုဖြစ်အောင် ပုံကြီးချဲ့နေတဲ့အုပ်စုတွေရဲ့ ကြိုးပမ်းမှုမှန်သမျှကို မြန်မာနိုင်ငံက လုံးဝပယ်ချပါတယ်”ဟု ၎င်းက ပြောဆိုသည်။

ရခိုင်ဗုဒ္ဓဘာသာနှင့် မူစလင်အသိုင်းအဝိုင်းတို့အကြား ဖြစ်ပွားသောပဋိပက္ခကြောင့် လူပေါင်းဒါဇင်ချီသေဆုံးခဲ့ရသော ရခိုင်ပြည်နယ်သို့ ယနေ့သွားရောက်ရန် စီစဉ်ထားသည်ဟု ကင်တာနာက သတင်းထောက်များအား ပြောကြားသည်။

ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများအား လုံခြုံရေးတပ်ဖွဲ့များက ပစ်မှတ်ထားနေခြင်းကိုစိုးရိမ်မိကြောင်း ကုလသမဂ္ဂက ထုတ်ဖော်ပြောကြားပြီးနောက် ရက်ပိုင်းအတွင်း မစ္စတာကင်တာနာ မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ယခုလအစောပိုင်းတွင် Amnesty International အဖွဲ့က “မြန်မာနိုင်ငံအနောက်ပိုင်းတွင် ရိုဟင်ဂျာမွတ်စလင်များအပေါ် လုံခြုံရေးတပ်များက မုဒိန်းမှု၊ ဥပဒေမဲ့သတ်ဖြတ်မှုများ ပြုလုပ်နေကြောင်း ယုံကြည်စိတ်ချရသည့်သတင်းများ ရရှိထားသည်”ဟု သတိပေးပြောဆိုခဲ့သည်။

ထို့ပြင်ကယ်ဆယ်ရေးဝန်ထမ်း ၁၀ ဦး(UNHCR ဝန်ထမ်း ၆ ဦးနှင့် MSF ဝန်ထမ်း ၄ ဦး)တို့ကို အဓိကရုဏ်းနှင့် ပတ်သက်ဆက်စပ်မှုဖြင့် မြန်မာအာဏာပိုင်များက ဖမ်းဆီးထားကြောင်း သိရှိရသည်။

ယခုလအစောပိုင်းတွင် သမ္မတဦးသိန်းစိန်က ရိုဟင်ဂျာဒုက္ခသည်များအတွက် တစ်ခုတည်းသောဖြေရှင်းနည်းမှာ ဒုက္ခသည် စခန်းများ(သို့မဟုတ်)လက်ခံနိုင်မည့် တတိယနိုင်ငံများသို့ ပို့ခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

မနေ့ကသတင်စာရှင်းလင်းပွဲတွင်  လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးသိန်းဌေးက “မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားမျိုးနွယ် ၁၃၀ ကျော်ထဲမှာ ရိုဟင်ဂျာ မွတ်စလင်တွေ မပါဝင်ပါဘူး”ဟု အခိုင်အမာပြောဆိုခဲ့သည်။

“ရခိုင်ပြည်နယ် အဓိကရုဏ်းမှာ ကုလဝန်ထမ်း ၃ ဦးပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ ယုံကြည်ရလောက်တဲ့ အထောက်အထားကို တွေ့ရှိထားပါတယ်”ပာုလည်း နယ်စပ်ရေးရာဝန်ကြီးဦးသိန်းဌေးက ပထမဆုံးတရားဝင် ရှင်းလင်းပြောကြားခဲ့သည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment