Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၃၁.၇.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံမှ စီးပွားရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ နိုင်ငံရေး

(27 July 2012 ရက်စွဲပါ Jakarta/Brussels မှ International Crisis Group၏ Exceutive Summary ဖြစ်သော Myanmar: The Politics of Economics reform ကိုဘာသာပြန်ဆိုသည်)

  1. ဂျပန်စက်မှုထုတ်ကုန် မမျှော်လင့်ဘဲ ဆက်တိုက်ကျဆင်း

(30 July 2012 ရက်စွဲပါ BBC News မှ Japanese Industrial output in unexpacted fall ကိုဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံမှ စီးပွားရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ နိုင်ငံရေး

(27 July 2012 ရက်စွဲပါ Jakarta/Brussels မှ International Crisis Group၏ Exceutive Summary ဖြစ်သော Myanmar: The Politics of Economics reform ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် အစွန့်ပစ်ခံနိုင်ငံဘဝမှချုပ်ငြိမ်းရေးနှင့် ၎င်း၏စီးပွားရေးကို ကမ္ဘာလုံးဆိုင်ရာစနစ်နှင့် တပေါင်းတစည်းတည်း ဖြစ်ရေးအတွက် အရေးပါသော ပြုပြင်ပြောင်းလဲရေးအစီအစဉ်များကို ရည်ရွယ်ချက်ကြီးမားစွာ လုပ်ဆောင်ခဲ့သည်။ ကာလရှည်ကြာချမှတ်ထားခဲ့သော အနောက်နိုင်ငံ အရေးယူမှုများကလည်းဖြေလျော့ပေးခဲ့ပြီး ဤနိုင်ငံရေးအရအသွင်ကူးပြောင်းမှုကြီးကို ထောက်ခံပံ့ပိုးလျက်ရှိသည်။ ဤနည်းအားဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအရအသွင်ကူးပြောင်းမှုကို အနီးကပ်ပတ်သက်ကြည့်ရှုနေသည်။ အကယ်၍ ပြုပြင်ပြောင်းလဲမှုများ ကောင်းမွန်စွာလုပ်ဆောင်နိုင်ခဲ့ပါက တိုင်းပြည်တလွှားအကျိုးအမြတ်များ ခံစားနိုင်မည်ဖြစ်သည်။ သို့သော် ယခင်အစိုးရဟောင်း၏ကန့်သတ်မှုများ၊ အခွင့်ထူးများကြောင့် အကျိုးအမြတ် ရရှိနေသူများမှာမူ အကျိုးအမြတ်များစွာရရှိနေမှုနှင့် တစ်ဦးတည်းလက်ဝါးကြီးအုပ်ခွင့်အာမခံချက်များ ဆုံးရှုံးသွားနိုင်သည်။ ခရိုနီစီးပွားရေးသမားများ၊ စစ်တပ်နှင့် ပါတီအီလစ်များသည် အခြေအနေကောင်းနေနိုင်ပါသေးသည်။

သို့သော် ၎င်းတို့သည် ဥပဒေသစ်များနှင့်လုပ်ကိုင်ရမည်ဖြစ်ပြီး၊ ပြည်တွင်းပြည်ပ ပြိုင်ဆိုင်မှုများကိုကြုံတွေ့ရမည်ဖြစ်သည်။ အမြတ်ခွန်များလည်း ပေးဆောင်ရတော့မည် ဖြစ်သည်။ လျင်မြန်စွာတိုးတက်နေသော ဒေသတွင်းမှမျှော်လင့်ချက် အပြည့်ရှိသောစီးပွားရေးသည် အခွင့်အလမ်းများရှိနေသည်ကို အသိအမှတ်ပြုရမည်ဖြစ်ပြီး၊ အားလုံးအတွက်အခွင့်အလမ်းများဖြစ်သည်။ ဤပြောင်းလဲလာမှုများကို နောက်သို့အချိန်ရွှေ့ရန် မရှိနိုင်ဘဲ၊ အသစ်ဖြစ်ပေါ်လာသောစီးပွားရေးနှင့် အံဝင်အောင်ကြိုးစားကြရမည်ဖြစ်သည်။ ပြောင်းလဲမှုအမြောက်အများအတွက် လိုအပ်ချက်များကို တစ်ချိန်တည်းတွင် ကိုင်တွယ်ရသည့် အတွေ့အကြုံနည်းသောအစိုးရတစ်ခုအနေဖြင့် စိန်ခေါ်မှုများနှင့်စွန့်စားရမှုများ မြောက်များစွာရှိနေမည်ဖြစ်သည်။ သို့သော် ၎င်းလုပ်ဆောင်နေပြီဖြစ်သော ပြောင်းလဲမှုများအတွက် ဖော်ပြရန်ခက်ခဲသော နိုင်ငံရေးအရဖိအားများကိုမူ ငြင်းဆန်၍ ရနိုင်လိမ့်မည်မဟုတ်ပေ။

သဘာဝကျကျ တရားမျှတစွာနှင့် ဂရုတစိုက်လုပ်ဆောင်နိုင်ခဲ့ပါက ယခုစီးပွားရေး ပြုပြင်ပြောင်းလဲမှုများမှာ အကျိုးအမြတ် ခံစားရသူများစွာ ရှိလာနိုင်သည်။ အောင်မြင်သော ပြုပြင်ပြောင်းလဲရေး အစီအစဉ်များသည် ရလဒ်ကိုပြည်သူအများက စိတ်ကျေနပ်မှုရှိသည်ဟု အသိအမှတ်ပြုခြင်းကို အသေအချာရရှိနိုင်သည်။ ထိုသို့ဆိုလိုရာတွင် ပြည်သူများ၏ လူနေမှုဘဝများတွင် မြင်သာသောအကျိုးသက်ရောက်မှုများ ရနိုင်သော အချိန်တိုအတွင်း ထိရောက်မှုခံစားနိုင်သည့် အရေးကိစ္စများလည်း ပါဝင်သည်။ ၎င်းတို့မှာ လျှပ်စစ်ဓါတ်အား ပိုမိုသုံးစွဲလာနိုင်ခြင်း၊ မြေယာဥပဒေ ပြုပြင်ပြောင်းလဲပေးခြင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး ပိုမိုကောင်းမွန်လာခြင်းနှင့် ပညာရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှုများတွင် ပုံမှန်မဟုတ်သော ကုန်ကျငွေများ လျော့ချပေးနိုင်ခြင်းတို့ ပါဝင်သည်။ အကျိုးအမြတ်များ ယခင်ကဲ့သို့ မရဘဲ ဆုံးရှုံးသွားတော့မည့် အဓိကပုဂ္ဂိုလ်သုံးမျိုးမှာ ယခင်အစိုးရ၏ စီးပွားရေးခရိုနီများ၊ စစ်တပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)နှင့် ဆက်နွယ်နေသောနိုင်ငံရေးသမားများ ဖြစ်သည်။ လက်ဝါးကြီးအုပ် မိုနိုပိုလီစနစ်၊ လိုင်စင်၊ ပါမစ်များနှင့် စာချုပ်များရှိတော့မည် မဟုတ်ပေ။ စစ်တပ်မှပိုင်ဆိုင်သော ကုမ္ပဏီကြီးနှစ်ခုမှာ ယခုအခါ အမြတ်ခွန်ပေးရတော့မည်ဖြစ်သည်။ USDP နှင့် ၎င်းကို ဝန်းရံနေသူများ ဘေးရောက်သွားတော့မည်ဖြစ်ပြီး နိုင်ငံရေးနှင့် စီးပွားရေးအခွင့်အာဏာများ ဆုံးရှုံးသွားတော့မည် ဖြစ်သည်။

ယခင်အစိုးရဟောင်း၏ အဓိကဒေါက်တိုင်များသည် ယခင်အခြေအနေနှင့် ဆန့်ကျင်ဖက်များ ပြောင်းလဲသွားတော့မည်ဖြစ်သောကြောင့် ပြုပြင်ပြောင်းလဲရေးများကို လမ်းလွဲသွားအောင် ကြိုးပမ်းအားထုတ်မှုများကိုမူ မတွေ့ရပေ။ နိုင်ငံရေးရာသီဥတုပြောင်းသွားပြီး၊ ကြီးမားသည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ မလွဲမသွေဖြစ်လာတော့မည်ဆိုသည်ကို အားကောင်းစွာခံစားသိရှိရသည်။ ယခင်အစိုးရလက်ထက်တွင် အသာစီးရပြီး အကျိုးအမြတ်များစွာ ရနေသူများကလည်း လက်ရှိတိုးတက်အောင် လုပ်ဆောင်နေသော စီးပွားရေးတွင် ကောင်းစွာနေရာယူထားနိုင်ပြီဆိုသည်ကို သဘောပေါက်လာကြပြီဖြစ်သည်။ စစ်တပ်ကလည် အပြိုင်အဆိုင်မရှိဘဲ၊ စည်းစနစ်မရှိ ပြန့်ကျဲလုပ်ဆောင်နေသော ၎င်း၏အကျိုးစီးပွားများသည် ၎င်း၏ ဘတ်ဂျက်ကို အထောက်အကူမပြုဘဲ ငွေများပင်ဆုံးရှုံးသွားနိုင်ကြောင်း သိလာသည်။ ယခင်က မျက်နှာသာပေးခံရသော စီးပွားရေးသမားများနှင့် ချမ်းသာသောနိုင်ငံရေးသမားများသည် စီးပွားရေးတံခါးဖွင့်လာမှုကို ထောက်ခံပံ့ပိုးလာကြပြီး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို စိန်ခေါ်ခြင်းကြောင့် နိုင်ငံရေးအရ စွန့်စားရမည့်ကိစ္စသည် ရလာမည့်အကျိုးအမြတ်ထက် ပို၍အရေးကြီးကြောင်း အသိအမှတ်ပြုလာရသည်။ ခရိုနီများသည် ရွေးချယ်စရာ လမ်းကြောင်းမှာ အကန့်အသတ်နှင့်ဖြစ်လာပြီး ၎င်းတို့၏ မသန့်ရှင်းသောအတိတ်ကို ပြည်ဖုံးကားချရန်ကြိုးစားလာကာ ယခုအသစ်ဖြစ်လာသော စီးပွားရေးတွင် တန်ဖိုးရှိစွာ ပါဝင်ပူးပေါင်းဆောင်ရွက်သူများအဖြစ် တံဆိပ်သစ်ကပ်လာကြသည်။ ယခုအချိန်တွင် ၎င်းတို့သည် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးကြွယ်ဝမှုများအပေါ် စုံစမ်းစစ်ဆေးမှုများမပြုလုပ်ရေးကို မျှော်လင့်နေသည်။ ၎င်းတို့၏ အရင်းအနှီးများသည် ယခုအချိန်တွင် အများထက် နှာတဖျားသာလျက်ရှိသည်။

ပြီးခဲ့သည့်လများအတွင် ဒုသမ္မတဦးတင်အောင်မြင့်ဦးရာထူးမှ နှုတ်ထွက်မှုသည် ယခုအထိ အစိုးရသစ်လက်ထက်တွင် အရေးပါဆုံးသော နိုင်ငံရေးအဖြစ်အပျက်တစ်ခုဖြစ်ပြီး၊ စီးပွားရေးအရ သက်ရောက်မှုများရှိခဲ့သည်။ ၎င်းကို ယခင်စီးပွားရေးအီလစ်များ၏ နာယကအဖြစ်လည်းကောင်း၊ အဓိက ပြုပြင်ပြောင်းလဲမှုများအတွက် အတားအဆီးတစ်ခုအဖြစ် အများကကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြသည်။ ၎င်း၏ နှုတ်ထွက်မှုသည် သမ္မတဦးသိန်းစိန်၏ စီးပွားရေးအစီအစဉ်တွင် ဆုံးဖြတ်ချက်ချရာ၌လွယ်ကူခြင်းနှင့် ချောမွေ့စေရန် အထောက်အကူဖြစ်လာမည် ဖြစ်သည်။

စီးပွားရေးအရ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်သည် ပွတ်တိုက်မှုများမရှိစေရန် မလိုအပ်လှဘဲ အောင်မြင်မှုအတွက်လည်း အာမခံချက်မရှိပေ။ အဆိုပါလုပ်ငန်းစဉ်၏ ကြီးမားလေးနက်မှုသည် အစိုးရ၏ အကန့်အသတ်နှင့်ရှိနေသော မူဝါဒချမှတ်နိုင်သည့်စွမ်းရည်ကို လွှမ်းမိုးခြိမ်းခြောက်လျက်ရှိသည်။ ဆုံးဖြတ်ချက် ချမှတ်မှုများမှာလည်း စီမံချက်(master plan)ကြီးပေါ်တွင် အခြေမခံဘဲ ကြုံသလိုလုပ်ဆောင်နေရခြင်းဖြစ်သည်။ ပြုပြင်ပြောင်းလဲမှုများ၏ အရှိန်နှုန်းနှင့် ထိရောက်မှုရှိရေးကြား ချိန်ခွင်လျှာညီနေရေး ထိန်းသိမ်းထားရန်မှာလည်း စိန်ခေါ်မှုတစ်ခုဖြစ်သည်။ ဆယ်စုနှစ်များစွာ အထီးကျန်ဖြစ်စေမှုသည် ငြင်းဆန်ရန်ခက်ခဲသော နိုင်ငံရေးအရ ချက်ခြင်းကိုင်တွယ်ဖြေရှင်းရမှုကို ဖြစ်ပေါ်စေသည်။ အကောင်းဆုံးစီမံချက်များ ချမှတ်ထားသည့်တိုင် နယ်ပယ်တစ်ခုတွင် မူဝါဒပြောင်းလဲမှုများပြုလုပ်ခဲ့ပါက တစ်ခါတစ်ရံ အခြားနယ်ပယ်တစ်ခုတွင် မရည်ရွယ်ဘဲ လိုက်၍ညှိပေးရန် အလျင်အမြန်လိုအပ်လာခြင်းများ ရှိနိုင်သည်။ မူဝါဒအသစ်များ၊ ဥပဒေအသစ်များကြောင့် စည်းမျဉ်းများနှင့်အညီလုပ်ဆောင်ရမည့် စီမံခန့်ခွဲမှုများ၏ ကြီးမားသော ပမာဏကို ကိုင်တွယ်ရန် ဗျူရိုကရေစီယန္တရား၌ စွမ်းရည်မှာအကန့်အသတ်ရှိလေသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးအရအသွင်ကူးပြောင်းမှုနှင့် စီးပွားရေးအရ ပြန်လည်တည်ဆောက်မှုတို့မှာ အားတက်ဖွယ် ထဲထဲဝင်ဝင်ရှိနေပြီဖြစ်သည်။ အောင်မြင်မှုမှာ တစ်ခုပေါ်တစ်ခု အပြန်အလှန်တည်မှီ၍ ဖြစ်ပေါ်နေသည်။ တိုင်းရင်းသား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာလည်း အဆိုပါနယ်စပ်ဒေသများရှိ နိုင်ငံရေးနှင့်သက်ဆိုင်သော စီးပွားရေးများနှင့်နီးကပ်စွာ တွဲလျက်ရှိနေသည်။ အပစ်အခတ်ရပ်စဲမှု အာမခံချက်ရှိလာသည်နှင့်အမျှ အဆိုပါဝေးလံသော သယံဇာတပေါသော ဒေသများတွင် ငြိမ်းချမ်းရေးမှ အကျိုးအမြတ်များရရှိလာနိုင်ရန် ဖိအားအသစ်များ ထွက်ပေါ်လာနိုင်သည်။ နိုင်ငံရေးအရတည်ငြိမ်မှုနှင့် အာဏာရှင်အတိတ်မှ ဝေးရာထွက်သွားနိုင်ခြင်းမရှိဘဲ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှု အောင်မြင်ရန် မမျှော်မှန်းနိုင်ပေ။ ထိုနည်းတူစွာပင် အစိုးရက မက်ခရိုစီးပွားရေး(Macroeconomic)တည်ငြိမ်မှုနှင့် သာမန်ပြည်သူများ၏ဘဝများ အဆက်မပြတ်တိုးတက်မှုမရှိဘဲ နိုင်ငံရေးအရ အသွင်ကူးပြောင်းမှု အောင်မြင်ရန် စိတ်ကူးနိုင်လိမ့်မည် မဟုတ်ပေ။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ မမျှော်လင့်ဘဲဖြစ်ပေါ်နိုင်သည့် စီးပွားရေးအရ အကြပ်အတည်းများ၊ လူမှုရေး မငြိမ်သက်မှုများ သို့မဟုတ် နိုင်ငံရေးအရ မရေရာမှုများသည် အဆိုပါလုပ်ငန်းစဉ်အတွက် အလားအလာရှိသော စွန့်စားရမည့်အန္တရာယ်များ ဖြစ်သည်။ ဆယ်စုနှစ်များစွာ အထီးကျန်ဖြစ်နေမှုမှ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လာခြင်းကြောင့် ရလာနိုင်သည့်အကျိုးအမြတ်အလားအလာများမှာ ကြီးမားလှသောကြောင့် မြန်မာနိုင်ငံအနေဖြင့် နှေးကွေးမနေသင့်ပေ။ မြန်မာနိုင်ငံသည် လျင်မြန်စွာ တိုးတက်နေသော ဒေသအလယ်တွင် တည်ရှိနေပြီး၊ ၎င်းပေါင်းစည်းခြင်းအားဖြင့် အိမ်နီးချင်းများကိုအမှီလိုက်ရန် အခွင့်အလမ်းများ ရနိုင်သည်။ ထိုနည်းတူစွာ အိမ်နီးချင်းများထဲမှ အောင်မြင်မှုများနှင့် ကျရှုံးမှုများကို နမူနာယူလေ့လာသင်ခန်းစာယူနိုင်မည် ဖြစ်သည်။

                                                                    ***********************************************

ဂျပန်စက်မှုထုတ်ကုန် မမျှော်လင့်ဘဲ ဆက်တိုက်ကျဆင်း

(30 July 2012 ရက်စွဲပါ BBC News မှ Japanese Industrial output in unexpacted fall ကိုဘာသာပြန်ဆိုသည်)

ဂျပန်နိုင်ငံ၏ စက်မှုထုတ်ကုန်များသည် တတိယလဆက်တိုက် မမျှော်လင့်ဘဲဆက်လက်ကျဆင်းခဲ့ပြီး စီးပွားရေးသည် အရှုံးဖက်သို့ ဦးတည်နေပြီလောပာု ကြောက်ရွံ့မှုများ အသစ်တစ်ဖန်ဖြစ်ပေါ်လာသည်။

စက်ရုံများမှထုတ်လုပ်မှုသည် ပြီးခဲ့သည့်လနှင့်ယှဉ်လျှင် ဇွန်လတွင် ၀.၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ မေလ ၃.၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

အဆိုပါ ကိန်းဂဏန်းများက ဂျပန်ထုတ်ကုန်များကို နိုင်ငံရပ်ခြားမှ မှာယူမှုအားနည်းလာသည်ဆိုသည်ကို ပြဆိုသည်။

“စက်မှုထုတ်လုပ်မှုသည် တန်းနေသည့်သဘော ရှိပါသည်”ပာု စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပြီး မေလက ထုတ်လုပ်မှုပြန်လည်နလံထူခဲ့ပြီပာု ခန့်မှန်းမှုကို ချေပခဲ့သည်။

ထိုသို့ကျဆင်းရခြင်းမှာ အဓိကအားဖြင့် စက်ပစ္စည်း၊ သံနှင့် သံမဏီကဏ္ဍတွင် ထုတ်လုပ်မှုလျော့မည်းသွားခြင်းကြောင့်ပာု ကိန်းဂဏန်း အချက်အလက်များက ပြသနေသည်။

ဗပိာုဘဏ်နှင့် အစိုးရအာဏာပိုင်များကမူ စီးပွားရေးသည် ပြီးခဲ့သည့်နှစ်ကငလျင်နှင့်ဆူနာမီအပြီးတွင် ပြန်လည်နလံထူလာပြီပာု ပြောကြားမှု အပြီးတွင် ယခုကဲ့သို့ထုတ်လုပ်မှုကျဆင်းကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သို့သော် ၎င်းတို့က ဥရောပကြွေးမြီပြဿနာသည် နလံထူရေးတွင် အဓိကခြိမ်းခြောက်မှုအဖြစ် ရှိနေဆဲဖြစ်ကြောင်း ဖြည့်စွက်ပြောခဲ့သည်။

“အစိုးရနဲ့ ဂျပန်ဘဏ်က ပြောနေပေမယ့် စီးပွားရေးတိုးတက်မှုပာာ ပိုပြီးအားနည်းတဲ့ဘက်ကို သွားနေပါတယ်”ပာု ဒိုင်ဝါသုတေသနအဖွဲ့မှ Satoshi Osanai ကပြောကြားခဲ့သည်။

“ပြန်လည်ကောင်းမွန်လာပြီလို့ဆိုရင်လည်း ယာယီပဲဖြစ်မှာပါ။ စီးပွားရေးက လအတန်ကြာဆက်ပြီး အားနည်းနေနိုင်ပါသေးတယ်။ အမေရိကန်ကို ပို့ကုန်တင်ပို့မှု မြင့်တက်လာပြီဆိုပေမယ့် တိုးတက်မှုနှုန်းမြင့်လာဖို့ အနည်းငယ်သာ အထောက်အကူဖြစ်ပါတယ်”ပာု ၎င်းက ဖြည့်စွက်ပြောသည်။

ယန်းငွေမာနေခြင်းကလည်း အတားအဆီးတစ်ခုဖြစ်ပြီး ဂျပန်ပို့ကုန်တင်ပို့သူများအနေဖြင့် နိုင်ငံရပ်ခြားတွင် ၎င်းတို့၏ ကုန်ပစ္စည်းများ ဈေးကြီးမြင့်နေမှုကို ဖြစ်စေသည်။

*****************************************************************************************************                                


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment