Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၅.၉.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ငရဲပြည်မှာ သူဋ္ဌေးလုပ်ကြမလား၊ နတ်ပြည်မှာ ဆင်းရဲသားလုပ်ကြမလား

*****************************************

ဆောင်းပါးကဏ္ဍ

ငရဲပြည်မှာ သူဋ္ဌေးလုပ်ကြမလား၊ နတ်ပြည်မှာ ဆင်းရဲသားလုပ်ကြမလား

စိုင်းညွန့်လွင်

(စက်တင်ဘာ ၅ရက်ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၃) အမှတ် (၁၁၀) မှ ထုတ်ယူဖော်ပြချက်။)

တလောက ခရိုနီအကြောင်းရေးလိုက်မိတော့ ခရိုနီနဲ့ ပတ်သက်ပြီး အတော်များများက လှမ်းပြီးဆွေးနွေးကြပါတယ်။ ရေစကြိုမြို့ကတစ်ဦး ဆိုရင် ခရိုနီနဲ့ပတ်သက်ပြီး သူတို့ဒေသတစ်ဝိုက်မှာ အတော်ကြီး လုပ်ကိုင်စားသောက်နေတာကို ဖွင့်ပြောနေခဲ့တယ်။ သူအဆိုအရဆိုရင် ကျွန်တော်သုံး သပ်ခဲ့သလို ခရိုနီဆိုတာ ဟိုးထိပ်ပိုင်းတွေမှာတင်မက နေရာတော်တော်များများမှာလည်း ရှိနေတာတော့ လက်ခံရပါတော့မယ်။

နယ်စပ်ဒေသတွေမှာ သစ်ကွက်မှန်သမျှ ဘယ်ကလာမှန်း မသိရတဲ့သူတို့တွေချည်းပဲ လုပ်ခွင့်ရတယ်။ ဒေသမှာနေသူတွေ အိမ်ဆောက်ဖို့ သူတို့ ရွာနားက သစ်ပင်ခုတ်၊ လွှတိုက်လုပ်နေတုန်း အဆင်မပြေချင်တော့ ထောင်ထဲကို စရောက်လာတာ ကျွန်တော်ကိုယ်တိုင် ထောင်ထဲမှာမေးမြန်း ကရုဏာ သက်ခဲ့ရဖူးပါတယ်။ ဟုတ်တော့ ဟုတ်နေပါပြီ။

ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့သူတွေ နိုင်ငံအနှံ့အပြားမှာရှိနေတာတွေကို ထည့်မတွက်လို့ မရတော့ပါဘူး။ သစ်ခုတ်ခွင့်တော့ ပါမစ်တွေ လက်ထဲကိုင်၊ သစ်ကွက်လာပြီးကြည့်တော့ သစ်က တစ်ပင်မှမရှိတော့ဘူး။ ကိုယ့်ထက်လက်ဦးတဲ့သူက ခုတ်ယူသွားပြီးပါပြီ။ ကိုယ့်လက်ထဲက ပါမစ်ကလည်း ငွေပေးထားပြီးပြီဆိုတော့ မထူးတော့ပါဘူး။ ကိုယ်လည်းကိုယ့်ပါမစ်ထဲမပါတဲ့နေရာက တွေ့ရာသစ်တွေကိုခုတ်ပြီး ထုတ်ယူသွားတာ ကတော့ တောရွာဒေသကလူတွေအဖို့ ရိုးလွန်းလို့ ပျင်းတောင်နေကြပါပြီ။ မြစ်ကမ်းချောင်းကမ်းတွေမှာ ရွှေရှာနေကြတာ မျက်စိတစ်ဆုံးပါပဲ။ မြစ်အောက် ကြမ်းပြင်အတွင်းမှ လိုက်တူးကြသလို ဘေးကသောင်စပ်တွေကိုလည်း တူးနေကြလေရဲ့။ ငွေမရှိ၊မများတဲ့လူ၊ အဆက်အသွယ်မရှိတဲ့လူ အဲဒီလူတွေကြ တော့ ပါမစ်ရထားတဲ့ လူတွေကို တစ်ဆင့်ခံငွေပေးပြီး လုပ်ကိုင်ကြရတာ ပွဲကြီးလမ်းကြီး တစ်ခုလိုပါပဲ။ အဲဒီလိုမျိုးပါပဲ၊ လက်တူးရေနဲတွင်းဆိုတာကလဲ နေရာအတော်များများမှာပါ မှော်သစ်ပေါ်ပြီဟေ့ဆိုရင် လူတွေတစ်ပြုံကြီးရောက်လာကြတောကတာပါပဲ။ ဒါပေမယ်က သူတို့လဲမကြာပါဘူး၊ လုပ်ကိုင် ခွင့်ရထားတဲ့ ကုမ္မဏီဆီကို သွင်းခွန်တွေ ပေးဆောင်ကြရပြန်ပါတယ်။ ရလာတဲ့ရေနံစိမ်းတွေကိုလဲ အဲဒီကုမ္မဏီဆီကို လျှော့ဈေးနဲ့ ပြန်သွင်းကြရပြန်ပါ တယ်။ ဘာမှမလုပ်မကိုင်ပဲနဲ့ လုပ်ခွင့်ပါမစ် လက်ထဲကိုင်ထားရုံနဲ့ ရလိုက်တဲ့ငွေတွေက မက်လောက်စရာပါ။ လုပ်ကိုင်ခွင့်ပါမစ်တွေက ဒေသခံတွေရတာ မရှိသလောက်ပါ။ အားလုံးနီးပါက အပေါ်က ဆင်းလာကြတာပါ။ သူတို့ ဘယ်လိုနည်းတွေနဲ့ လိုင်စင်ရနေကြတာလို့ ပြောနိုင်လောက်ပါပြီ။ အားလုံးကို အသိပေးပြီး လေလံဆွဲတယ်ဆိုမျိုးလဲ မကြားဘူးကြပါဘူး။ ဒါဆိုရင် ခရိုနီတွေကသာ လိုင်စင်ရနေကြတာပဲလို့ အကြမ်းဖျင်း ပြောနိုင်လောက်ပါပြီ။ ဒါဆိုရင် ကျွန်တော်တို့ မြန်မာပြည်မှာ ခရိုနီတွေ အတော်များနေပြီလို့ သုံးသပ်ရပါလိမ့်မယ်။

ကမ္ဘာကျော် ဂန္တဝင်ဝတ္ထုကြီးတစ်ပုဒ်မှာ ရေးထားတာ ပြန်သတိရမိတယ်။ စီးပွားရှာလို့ အကောင်းဆုံး အချိန်ကတော့ တိုင်းပြည်ပျက်နေတဲ့အချိန် စပ်ကူးမတ်ကူးအပြောင်းအလဲတွေ ဖြစ်နေချိန်  တိုင်းပြည်ပြန်လည် တည်ဆောက်ထူထောင်နေတဲ့အချိန် အဲဒီလိုအချိန်မျိုးက စီးပွားရှာလို့ အကောင်းဆုံး လို့ ရေးသားထားတာ သတိရမိပါတယ်။ ဟုတ်မှာပါ မြန်မာတွေကတော့ အဲဒီအချိန်မျိုးမှာ သူဋ္ဌေးဖြစ်သူတွေကို ခေတ်ပျက်သူဋ္ဌေးလို့ ပြောကြတာ ကြား ဖူးပါတယ်။ အခု ကျွန်တော်တို့နိုင်ငံက အကူးအပြောင်းကာလမဟုတ်လား။ ကံမကောင်း အကြောင်းမလှတာက ကျွန်တော်တို့ အကူးအပြောင်းကာလ ဟာ ဆယ်စုနှစ်ပေါင်းနှစ်ခုကျော်လို့ ငွေရတုပွဲတောင် ဆင်ယင်တော့မယ့်ကာလ ရောက်လာပါပြီ။ ဒီလောက်နှစ်တွေကြာအောင် ကူးပြောင်းရေးကာလ ကြာခဲ့တော့လည်း ခရိုနီတွေရဲ့လက်ချက်ကို ထင်ထားတာထက် အများကြီးခံလိုက်ကြရမှာပါ။

လူငယ်တစ်စုနဲ့ အဲဒီခရိုနီအကြောင်းပြောကြတော့ သူတို့က ခရိုနီဆိုတာ နိုင်ငံတိုင်းမှာရှိတယ်။ ဘယ်လိုလုပ်ပြီး ပပျောက်အောင် လုပ်မလဲလို့ မေးလာပါတယ်။ ကျွန်တော်က နိုင်ငံတိုင်းမှာ ခရိုနီရှိတယ်လို့ ကျွန်တော်မသိတဲ့အကြောင်း၊ ဒါပေမဲ့ ဥပဒေပြဋ္ဌာန်းချက်တွေကို လိုက်နေရင်တော့ ခရိုနီ ဆိုတာ မရှိနိုင်ကြောင်း ရှင်းပြပါတယ်။ ပြဋ္ဌာန်းဥပဒေကို မလိုက်နာဘူးဆိုတာက ခြစားမှုကိုပြောကြောင်း ရှင်းပြရတယ်။ ဥပမာ သစ်ခုတ်ခွင့်ရသူတွေဟာ ဘယ်လိုနည်းနဲ့ရမှန်း ဘယ်သူမှမသိပါဘူး။ ရခဲ့တဲ့ပါမစ်ကို သစ်ထုတ်လုပ်ရေးဥပဒေနဲ့ ညီညွတ်အောင်ခုတ်တဲ့အဖွဲ့ဆိုတာ မရှိလောက်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒါတွေက ခရိုနီတွေနဲ့ ခြစားမှု(Corruption) ဆက်စပ်မှုတွေဖြစ်ပါတယ်လို့ သူတို့ကရှင်းပြပါတယ်။ သူတို့က အထွန့်တက်ပြန်ပါတယ်။ လူတိုင်းလူတိုင်းဟာ ကိုယ်တိုးတက်ရာတိုးတက်ကြောင်း၊ ကြီးပွားရောကြီးပွားကြောင်း လုပ်ကိုင်နိုင်ကြတာပဲမဟုတ်လားဆိုပြီး ထောက်ပြပါတယ်။ ဒါကို တော့ ကျွန်တော် ထောက်ခံလိုက်ပါတယ်။ ဒါပေမယ့် ကိုယ်ကြီးပွားရာကြီးပွားကြောင်းက တိုင်းပြည်အတွက် အနှောင့်အယှက်အဟန့်အတား ဝန်ထုပ်ဝန် ပိုးမဖြစ်ရပါဘူး။ တိုင်းပြည်ရဲ့ သံယံဇာတတွေကို ထုတ်သုံးရင် တိုင်းပြည်အတွက် ပြန်လည်ပြည့်ဖြိုးစေမယ့် အခွန်အတုပ်ကအစ ပတ်ဝန်းကျင်ယိုယွင်းမှု မရှိစေဖို့က အလယ်၊ ပြန်လည်စိုက်ပျိုးတာက ထိန်းသိမ်းတာက အဆုံး လုပ်ဖို့တာဝန်မရှိဘူးလားလို့ ပြောရပါတယ်။

သူတို့တွေသိပ် သဘောမပေါက်ပါဘူး။ င်္စီးပွားရေးကို နိုင်ငံရေးနဲ့ တွက်တဲ့သဘောမျိုးတွေလည်း ဆွေးနွေးကြပါတယ်။ ကျွန်တော်ကတော့ ချမ်းသာတဲ့လူတိုင်းကိုတော့ ခရိုနီမဟုတ်ဘူးလို့ ယုံကြည်ကြောင်း၊ အာဏာရှိသူတွေကိုယ်တိုင် ဒါမှမဟုတ် လုပ်ပိုင်ခွင့်ရှိတဲ့သူတွေနဲ့ ပေါင်းပြီး ဘယ်သူမှ မရတဲ့ အခွင့်အရေး လုပ်ပိုင်ခွင့်၊ စီးပွားရေးလုပ်ငန်းတွေ (နည်းလမ်းတကျမဟုတ်ဘဲ) ရခဲ့ကြပြီး ကြီးပွားချမ်းသာနေတဲ့လူမျိုးကို သာ ခေါ်သည်ထင် ကြောင်း ပြောပါတယ်။

တခြားလူတွေကိုလည်း ယှဉ်ပြိုင်လျှောက်ထားခွင့်၊ လုပ်ကိုင်နိုင်ခွင့် ပေးရပါမယ်။ ဘယ်သူမှ အသိမပေးဘဲ ကိုယ့်ဘာသာ ကြိတ်ပြီးရလာတဲ့ လုပ်ပိုင်ခွင့်ပါမစ်တွေ ကိုင်ဆောင်သူတွေဟာ များသောအားဖြင့် စည်းမဲ့ကမ်းမဲ့ပရမ်းပတာ လုပ်ကိုင်တတ်ကြပါတယ်။ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတာမျိုးပေါ့။

ဒါမျိုးဖြစ်နေတာ လေ့လာသူတိုင်းသိနိုင်ပါတယ်။ ဘယ်လောက်ပဲ ရာထူးငယ်တဲ့ဝန်ထမ်းဖြစ်နေပါစေ၊ သူ့နောက်ကွယ်အဆက်အသွယ်က လူကြီး မင်းတစ်ယောက်ဆိုရင် ဘယ်သူ့မှ မခိုင်းရဲတော့ပါဘူး။ မျက်နှာသာပေးနေရပါပြီ။ မပေးဘဲနေကြည့်ပါ၊ ဘာဖြစ်သွားမယ်ဆိုတာ လူတိုင်းက နားလည်နေ ကြတဲ့ အခြေအနေပါ။ အရာရာက အာဏာသာလွှမ်းမိုးနေခဲ့တာပါ။ စည်းမျဉ်းစည်းကမ်းတို့ ဥပဒေနည်းဥပဒေတို့ဆိုတာ သိပ်ဂရုမစိုက်တော့ပါဘူး။ မဆ လခေတ်တုန်းကတော့ ဥပဒေ၊ နည်းဥပဒေထက် စီမံချက်ကို ဦးစားပေးခဲ့ရတယ်။ မကြာခင်ကာလအထိ စည်းမျဉ်းစည်းကမ်းထက် အာဏာရတင်ပြ လူကြီးအဆက်အသွယ်ကို ပိုပြီး ဦးစားပေးခဲ့ရတယ်။

အခုတော့ အစိုးရအပြောင်းအလဲ ရှိခဲ့ပြီ။ ခြစားမှုတွေကို တိုက်ဖျက်မယ်လို့ ပြောပါတယ်။ ဥပဒေစိုးမိုးတဲ့ အစိုးရဖြစ်ဖို့ကိုလည်း ကြိုးစားနေတယ် လို့ ဆိုပါတယ်။ ဒါဆိုမှန်ပါတယ်။ တရားဥပဒေစိုးမိုးမှု မရှိသရွေ့ ခြစားမှုရှိနေမှာ ဖြစ်ပါတယ်။ တစ်ဖက်တစ်လမ်းကလည်း ကိုယ်ဝမ်းပူဆာမနေသာလို့ လုပ်နေရတာပါဆိုတဲ့ လူတွေကိုလည်း သူတို့ဝမ်းတွေ ပူမနေရအောင် ဆာမနေရအောင် လုပ်ပေးရပါလိမ့်မယ်။ ဂျာအေးသူ့အမေရိုက် ပတ်ချာလည် ပြဿနာကြီးကို စနစ်တကျ ထိန်းချုပ်နိုင်မှရမှာပါ။

ဘာပဲဖြစ်ဖြစ် ချမ်းသာနေကြတာကို မနာလိုမဖြစ်သင့်ပါဘူး။ တရားနည်းလမ်းကျကျနဲပ တိုင်းပြည်အတွက်လည်း ဖြစ်သင့်ဖြစ်ထိုက် ရသင့်ရ ထိုက်တာ ရဖို့ပဲလိုပါတယ်။ တိုင်းပြည်ပိုက်ဆံဟာ ပြည်သူ့ပိုက်ဆံပဲ မဟုတ်လားဗျ။ လူတိုင်း၊ ပြည်သူတိုင်း ချမ်းသာရင်ကော ပိုမကောင်းဘူးလား။ အသံ လွှင့်ဌာနတစ်ခုက ထုတ်လွှင့်သွားတဲ့ အစီအစဉ်တစ်ခုရဲ့ ခေါင်းစဉ်က အဆင်းရဲဆုံးတိုင်းပြည်က အချမ်းသာဆုံးပုဂ္ဂိုလ်များအကြောင်း ဆိုတာမျိုးဆိုရင် ဘယ်လိုခံစားကြည့်ကြမလဲဗျာ။

ကျွန်တော်နဲ့ စကားပြောတဲ့လူငယ်တွေကို ချက်ချင်းသဘောပေါက်အောင် ဘယ်လိုများ ရှင်းပြရင်ကောင်းမလဲလို့ စဉ်းစားရင်း ဥပမာတစ်ခုကို စဉ်းစားမိတာနဲ့ သူတို့ကို မေးရှင်းလေး ရှင်းပြလိုက်ပါတယ်။

ခင်ဗျားတို့ လေးလေးနက်နက် စဉ်းစားကြည့်ကြစမ်းပါ။ ငရဲပြည်မှာ သူဋ္ဌေးလုပ်ကြမလား။ နတ်ပြည်မှာ ဆင်းရဲသားလုပ်ကြမလား။ ကျွန်တော်က တော့ နတ်ပြည်က ဆင်းရဲသားပဲ ဖြစ်ချင်ပါတယ်ဗျာ။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment