Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၅.၉.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ကလေးစစ်သား ၄၂ ဦး မြန်မာစစ်တပ် ပြန်လွှတ်ပေး

(VOA သတင်းဌာနမှ 5 September 2012 ရက်စွဲပါ Burma Releases 42 Child Soldiers, Vows to End Practice ကိုဘာသာပြန်ဆိုသည်)

  1. Total ကမြန်မာနိုင်ငံတွင် လုပ်ကွက်သစ် ထပ်မံရရှိ

(3 Sept 2012ရက်စွဲပါ Fox Business မှ Dows Jones Newswires ၏ Total get new Myanmar drilling rights ကိုဘာသာပြန်ဆိုသည်။)

***********************************************************

ဘာသာပြန်သတင်းများ

ကလေးစစ်သား ၄၂ ဦး မြန်မာစစ်တပ် ပြန်လွှတ်ပေး

(VOA သတင်းဌာနမှ 5 September 2012 ရက်စွဲပါ Burma Releases 42 Child Soldiers, Vows to End Practice ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင်း အရွယ်မရောက်သေး သူများအား စစ်မှုထမ်းရန် စုဆောင်းမှုနှင့် ကလေးစစ်သား အသုံးချမှုတို့ အဆုံးသတ်ရန် ကြိုးပမ်းချက် တစ်ရပ် အဖြစ် မြန်မာစစ်တပ်က ကလေးစစ်သား ၄၂ ဦးကို လွှတ်ပေးလိုက်ကြောင်းသိရသည်။

မြန်မာနိုင်ငံပိုင် သတင်းစာ အဆိုအရ စစ်ဘက်အရာရှိများက ကလေးစစ်သားများအား ၎င်းတို့၏ မိဘများထံသို့ အခမ်းအနားဖြင့် စက်တင်ဘာလ ၃ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့ပြင် လာမည့် ၁၈ လအတွင်း လက်နက်ကိုင်တပ်ဖွဲ့များ၌ ကလေးစစ်သားအသုံးချမှုအားလုံးကို အဆုံးသတ် သွားမည်ဟု အစိုးရ အရာရှိကြီးများက သံန္နိဋ္ဌာန်ချမှတ်ထားကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းမှာ ဇွန်လအတွင်း ကုလသမဂ္ဂနှင့် ရေးထိုးခဲ့သော သဘောတူညီချက် နှင့်တစ်သားတည်းပင်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာကဆိုသည်။

ကုလမသဂ္ဂအဆိုအရ မြန်မာနိုင်ငံမှ အခြားသော လက်နက်ကိုင်တပ်ဖွဲ့၊ အနည်းဆုံး ၈ ဖွဲ့(အစိုးရစစ်တပ်မပါ)သည် ကလေးစစ်သားများ အသုံးချ သလို အသက်မပြည့်သေးသော ကလေးသူငယ်များကို စစ်သားအဖြစ်စုဆောင်းကြကြောင်းသိရသည်။ ထိုလက်နက်ကိုင် တပ်ဖွဲ့များတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၊ ခွဲထွက်ရေးသူပုန်တပ်ဖွဲ့များလည်းပါဝင်သည်။

မြန်မာအရပ်သား အစိုးရသည် အာဏာရရှိခဲ့သည့် အချိန်မှစ၍ ပြုပြင်ပြောင်းလဲမှုများစွာပြုလုပ်ခဲ့သည်။ မီဒီယာ ကန့်သတ်ချက်များ ပယ်ဖျက်ပေးခြင်း၊ အတိုက်အခံ အင်အားစုများအား ပင်မနိုင်ငံရေး စီးကြောင်းထဲသို့ ပါဝင်ခွင့်ပြုခြင်း၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း အစရှိသည် တို့ လုပ်ကိုင်ခဲ့သည်။

မြန်မာပြည်တွင်း မည်မျှပင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေစေကာမူ မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ ဆက်လက်ရှိ နေဆဲပင်ဖြစ်ကြောင်း၊ အထူးသဖြင့် သူပုန်များ ခြေကုပ်ယူထားသည့် နယ်မြေများတွင် ဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့များက စွပ်စွဲပြော ဆို ကသည်။

--------------------------------------------------------------------------------------------------------------------------------

Total ကမြန်မာနိုင်ငံတွင် လုပ်ကွက်သစ် ထပ်မံရရှိ

(3 Sept 2012ရက်စွဲပါ Fox Business မှ Dows Jones Newswires ၏ Total get new Myanmar drilling rights ကိုဘာသာပြန်ဆိုသည်။)

ပြင်သစ်၏ ရေနံကုမ္ပဏီဖြစ်သော Total SA (TOT)က ၎င်းသည် မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ခွင့်အသစ် ရရှိကြောင်း တနင်္လာနေ့က ပြောကြားခဲ့သည်။ အရေးယူမှုများ ဖြေလျှော့ပေးပြီးသည့်နောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းဖြစ်သည်။

Totalသည် ၎င်းလိုင်စင်ရရှိသော မုတ္တမပင်လယ်ကွေ့တွင် ထိုင်းနိုင်ငံပိုင် ကုမ္ပဏီဖြစ်သော PTTအား ၄၀ရာခိုင်နှုန်း ပါဝင်ခွင့်ပေးမည်ဖြစ်သည်။ ၎င်းကုမ္ပဏီနှစ်ခု ရတနာကမ်းလွန် ဓာတ်ငွေ့စီမံကိန်းတွင် ဖက်ဆက်လုပ်ကိုင်လျက်ရှိသည်။

Total ကုမ္ပဏီသည် အရေးယူပိတ်ဆို့မှုများ မချမှတ်မီ ကမြန်မာနိုင်ငံတွင် တည်ရှိခဲ့ပြီး အရေးယူမှုများ ချမှတ်ပြီးနောက် ဆက်လက် လုပ်ကိုင်မှု ကြောင့် လူ့အခွင့်အရေး အုပ်စုများ၏ ဝေဖန်မှုများကို ခံရသူဖြစ်သည်။

Totalက ယခုလုပ်ပိုင်ခွင့် ရရှိခြင်း၏ ရှယ်ယာအတွက် မည်မျှပေးရသည် ဆိုသည်ကိုရှင်းပြခြင်း မရှိပေ။ “ဒီလိုလုပ်ပိုင်ခွင့်ရရှိခြင်းကြောင့် Total ဟာမိမိရဲ့ အားလုံးက အသိအမှတ်ပြုထားတဲ့ ကမ်းလွန်ရေနက်ပိုင်း တူးဖော်ရေး နည်းပညာကျွမ်းကိုင်မှုနဲ့ မြန်မာနိုင်ငံမှာ အလားအလာကောင်းတဲ့ ဟိုက်ဒရို ကာဗွန်သံယံဇာတရှာ ဖွေရေး၊တိုးတက်မှုနဲ့ ရှာဖွေရေးမှာ လုပ်ဆောင်ပေးသွားမှာ ဖြစ်တယ်”ဟုTotal ၏ရှာဖွေရေးနှင့် ထုတ်လုပ်ရေးအကြီးအကဲ Yues-Louis Darricarrere ကပြောကြားခဲ့သည်။

“ဒီလိုလုပ်ခြင်း အားဖြင့်Totalဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး တံခါးဖွင့်မှုနဲ့ တိုးတက်ကြီးထွားရေးကို ဆက်လက်အထောက်အကူ ပြုသွားမှာပါ” ဟု၎င်း က ဖြည့် စွက်ပြောသည်။

နှစ်ပေါင်းငါးဆယ်ခန့် အထီကျန်ဖြစ်ပြီး စစ်တပ်အုပ်ချုပ်ရေးမှ နိုးထလာသော မြန်မာနိုင်ငံတွင် အသုံးမပြုရသေးသော ရေနံနှင့် ဓာတ်ငွေ့ ကြွယ်ဝမှုတို့သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို များစွာစိတ်ဝင်စားစေသည်။

မြန်မာနိုင်ငံတွင် Total တည်ရှိမှုသည် စစ်အစိုးရကို ပိုမို ချမ်းသာစေကြောင်း ဝေဖန်ခဲ့ကြသော်လည်း၊ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည်ကTotalအား တာဝန်ယူမှုရှိသော ရင်နှီးမြှုပ်နှံသူအဖြစ် ဖော်ပြခဲ့သည်။

Totalနှင့် အမေရိကန်၏ ဧရာမကုမ္ပဏီChevron Crop(cvx) တို့သည် မြန်မာနိုင်ငံတွင် လုပ်ကိုင်လျက်ရှိသော အဓိကကျသော အနောက်တိုင်း ကုမ္ပဏီများ ဖြစ်သည်။ ပြင်သစ်ကုမ္ပဏီက ၎င်းမြန်မာနိုင်ငံတွင် တည်ရှိမှု အတွက် ကာကွယ်ပြောကြားရာတွင် ၎င်း၏ရင်နှီးမြှုပ်နှံမှုသည် ဆင်းရဲသော နိုင်ငံ အတွက် အကူအညီပေးသကဲ့သို့ ဖြစ်ပြီးမြန်မာနိုင်ငံ၏ လူမှုရေးနှင့်နိုင်ငံရေး တိုးတက်ဖွံ့ဖြိုးမှု အတွက်အထောက်အကူဖြစ်ကြောင်း ငြင်းချက်ထုတ်ခဲ့သည်။

ယခူထပ်မံရရှိသော လုပ်ကွက်အတွက် စမ်းသပ်တူးဖော်မှု လုပ်ငန်းများကို လာမည့်ဒုတိယနှစ်ဝက်တွင် စတင်မည်ဖြစ်ကြောင်း Totalကပြောသည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment