Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၁၀.၉.၂၀၁၂

ပြည်တွင်းသတင်း

  1. မုံရွာမြို့တွင် ဆန္ဒပြမှုများကြောင့် ပုဒ်မ ၁၄၄ထုတ်ပြန်
  2. ပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်ရှိ စီးပွားရေးလုပ်ငန်းလေးခုအား အဆင့်လေးဆင့်ဖြင့် အများပိုင်ကုမ္ပဏီဖွဲ့စည်း

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ဝန်ကြီးဌာနများအတွက် လိုအပ်ရန်ပုံငွေရရှိရန် ပြည်ပအစိုးရ၊ အဖွဲ့အစည်းများထံမှ ချေးငွေရယူမည်
  1. ၈၈ကျောင်းသားအချို့နှင့် KNPP တွေ့ဆုံ၍ ကြေညာချက်ထုတ်ပြန်
  2. မြန်မာ့နိုင်ငံရေးအကျဉ်းသားပောာင်းနေ့ သတ်မှတ်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

မုံရွာမြို့တွင် ဆန္ဒပြမှုများကြောင့် ပုဒ်မ ၁၄၄ထုတ်ပြန်

စက်တင်ဘာလ ၁၀ရက်နေ့တွင် မုံရွာမြို့ အမှတ် (၁)ရဲစခန်း၌ လယ်ယာမြေမတရားသိမ်းဆည်းခံရခြင်းကြောင့် မုံရွာမြို့ရှိ ဆုတောင်းပြည့်ဘုရား တွင် လာရောက်ဆုတောင်းသည့် ဆားလင်းကြီးမြို့နယ် ဝက်မှေးတောင်သူ (၁၂)ဦးအား ဖမ်းဆီးခဲ့ရာ စက်တင်ဘာလ ၁၁ရက်နေ့ မနက် ၂နာရီကျော်တွင် ၁၀ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ဖမ်းဆီးထိန်းသိမ်းခြင်းခံရရသူ တောင်သူအမျိုးသမီးတစ်ဦး၏ ပြောပြချက်အရ သိရသည်။

"အထဲမှာ ဆုတောင်းပွဲကို ဦးဆောင်တဲ့ မသဲ့သဲ့ဝင်းအပါအဝင် ကျွန်မတို့ ၁၂ယောက်ကို ဖမ်းဆီးပြီး အချုပ်ထဲမှာ အကြမ်းဖက်နှိပ်စက်တာတွေ လုပ်တယ်။ မနက် ၂နာရီမှာ ကျွန်မတို့ ၁၀ယောက်ကို ပြန်လွှတ်ပေးတယ်"ဟု ၎င်းက ဆိုသည်။

ယင်းသို့ မုံရွာမြို့နယ်ရှိ ဆုတောင်းပြည့်ဘုရား၌ လာရောက်ဆုတောင်းမှုပြုလုပ်သူများတွင် တောင်သူအမျိုးသမီး ၁၂ဦး ဖမ်းဆီးထိန်းသိမ်းခံရ သည့်အချိန်မှစ၍ အဆိုပါ ဖမ်းဆီးထားသည့် ရဲစခန်းရှေ့၌ မုံရွာမြို့နယ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမ္မဂအဖွဲ့နှင့် လက်ပံတောင်းတောင်ခြေမှ လယ် သမားအချို့အပါအဝင် အင်အား ၁၈၀၀ကျော်မှ ဆန္ဒပြမှုများအား စက်တင်ဘာလ ၁၁ရက်နေ့အထိ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထို့နောက် ယင်းသို့ ဆန္ဒပြလှုပ်ရှားမှုများ၌ ဦးဆောင်ပါဝင်သည့် မုံရွာခရိုင်ဗကသများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီမှ စက်တင်ဘာလ ၁၀ ရက်နေ့ ညနက်ပိုင်းအချိန်တွင် ၎င်းတို့၏အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုအောင်မြင့်ဦးအား ပြန်လည်လွှတ်ပေးရန်ဆိုသည့် တောင်းဆိုချက်တစ်စောင်နှင့် သဘော ထားထုတ်ပြန်ချက်တစ်စောင်တို့အား အသီးသီးထုတ်ပြန်ခဲ့ကြောင်း မုံရွာမြို့ ဗကသများအဖွဲ့ချုပ်မှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

"ဒီ အမှတ် (၁)ရဲစခန်းက ဖမ်းတဲ့အထဲမှာ ရဲစခန်းရှေ့မှာ ဦးဆောင်ဆန္ဒပြတဲ့ မုံရွာက ဗကသအဖွဲ့ချုပ်က အဖွဲ့ဝင် ကိုအောင်မြင့်ဦးကိုလည်း စက်တင်ဘာလ ၁၀ရက်နေ့ ညနက်ပိုင်းမှာ လာဖမ်းသွားတယ်။ ပြီးတော့ ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး သြဂုတ်လ ၃၁ရက်နေ့မှာလည်း ကိုဝေဋ္ဌုကို ဖမ်း ထားသေးတယ်။ အဲဒီလို ဒီမိုကရေစီနည်းလမ်းမကျတဲ့ လုပ်ရပ်တွေကိုလုပ်ပြီး ဖမ်းထားတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ အခုလိုမျိုး သဘောထားကြေညာချက် ထုတ်လိုက်တာပါ "ဟု ၎င်းက ပြောကြားသည်။

အဆိုပါ မုံရွာမြို့နယ် အမှတ် (၁)ရဲစခန်း၌ ဖမ်းဆီးခဲ့သည့် လယ်သမားအမျိုးသမီး ၁၂ဦးအနက် ၁၀ဦးအား ပြန်လည်လွှတ်ပေးခဲ့ရာ ယင်းဆု တောင်းမှုနှင့် ဆန္ဒပြမှုအား ဦးဆောင်ပြုလုပ်၍ ကျန်ရှိနေသည့် မသဲ့သဲ့ဝင်း၊ မအေးနက်၊ ကိုအောင်မြင့်ဦးနှင့် သြဂုတ်လ ၃၁ရက်နေ့တွင် ကြေးနီစီမံကိန်း ကြောင့် လယ်သမားများနှင့် မြေသိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့သည့် ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ကိုဝေဋ္ဌုအား ပုဒ်မ ၂၉၅(က) ၁၁၇ဖြင့် အမှုဖြင့် တရားစွဲဆိုကာ ဖမ်းဆီးထိန်းသိမ်းထားခြင်းများရှိသောကြောင့် ၎င်းတို့အား ပြန်လည်လွှတ်ပေးရန်အတွက် စက်တင်ဘာလ ၁၁ရက်နေ့တွင် ဆက်လက် ဆန္ဒပြလျက်ရှိကြောင်း သိရသည်။

"အခုလိုဆန္ဒပြလို့ဆိုပြီး သက်ဆိုင်ရာအာဏာပိုင်တွေက ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ကို စက်တင်ဘာလ ၁၀ရက်နေ့ကနေစပြီး အောက်တိုဘာ လ ၃၁ရက်နေ့အထိ ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ ဆားလင်းကြီးနဲ့ ညောင်ပင်ကြီးကြားမှာရှိတဲ့ ကားလမ်းရယ်၊ မိုးကြိုးပြင်ကျေးရွာအုပ်စုရယ် ချောင်း တကာကျေးရွာနဲ့ ညောင်ပင်ကြီး ယင်းမာပင်ကားလမ်းတစ်လျှောက်ဆိုပြီး ပါတယ်"ဟု အဆိုပါဆန္ဒပြမှု၌ ပါဝင်လှုပ်ရှားသူ လက်ပံတောင်းတောင်သူတစ်ဦး က ဆိုသည်။

ယင်းသို့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄အား စက်တင်ဘာလ ၁၀ရက်နေ့၌ပင် ထုတ်ပြန်ကြေညာ၍ အဆိုပါကြေညာချက်စာအား လိုက်လံဖြန့်ဝေ ခဲ့ကြောင်း သိရှိရပြီး မီးဖြတ်တောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း အဆိုပါရဲစခန်းရှေ့တွင် ဆန္ဒပြနေသည့် လက်ပံတောင်းတောင်မှ လယ်သမားတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

ထို့ပြင် စက်တင်ဘာလ ၁၁ရက်နေ့ နေ့လည်ပိုင်းအချိန်တွင် ယင်းသို့ဆန္ဒပြနေသည့်နေရာသို့ ရဲကားတစ်စီး အရှိန်ပြင်းစွာမောင်းနှင် ဖြတ်သန်းမှု ကြောင့် ဆန္ဒပြနေသည့် တောင်သူလယ်သမားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပွားကာ ယင်းဖြစ်ရပ်အား မုံရွာမြို့နယ် တရားရုံးသို့ တရားဥပဒေအတိုင်း ဆောင်ရွက်ရန်အတွက် ဆန္ဒပြလှုပ်ရှားသူများမှ အမှုဖွင့်လျှောက်ထားကြောင်း သိရသည်။

ATM

-------------------------------------------------------------------------------------------------------------

ပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်ရှိ စီးပွားရေးလုပ်ငန်းလေးခုအား အဆင့်လေးဆင့်ဖြင့် အများပိုင်ကုမ္ပဏီဖွဲ့စည်း

ပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံပိုင်စီပွားရေးလုပ်ငန်းလေးခုအား အဆင့်လေးဆင့်သတ်မှတ်၍ အများပိုင်ကုမ္ပဏီများအဖြစ် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ပို့ဆောင်ရေးလက်အောက်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းလေးခုကို အများပိုင်ကုမ္ပဏီဖွဲ့စည်းဖို့ စတင်လုပ်ဆောင်နေပါပြီ။ ငွေကြေးနဲ့ စီမံခန့်ခွဲမှုတွေ အတွက် လိုအပ်ချက်တွေရှိလာရင် ကော်ပိုရေးရှင်းအသွင် အကောင်အထည်ဖော်ပြီးတာနဲ့ အများပိုင်ကုမ္ပဏီအဖြစ် လုပ်ဆောင်သွားမှာပါ။ ပို့ဆောင်ရေးဝန် ကြီးဌာနအတွက် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်လိုက်တာပါ”ပာု ၎င်းက ပြောကြားသည်။

ယခုကဲ့သို့ ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ရခြင်းမှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ပို့ဆောင်ရေးဝန် ကြီးဌာနမှ နိုင်ငံတော်အတွက် အသားတင်အမြတ်ငွေ ၃၈ ဘီလျံ ရှာဖွေပေးနိုင်ရန်အတွက်ဖြစ်ပြီး ယင်းလုပ်ဆောင်ချက်များအတွက် ငွေကြေးလိုအပ်ပါက ဝန်ကြီးဌာန ECC ၏ သဘောတူညီချက်ဖြင့် ပြည်တွင်း၊ ပြည်ပ ဘဏ်အဖွဲ့အစည်းများမှ ချေးငွေရယူသုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီလိုလုပ်ဆောင်တာတွေအတွက် နိုင်ငံရဲ့ အခွန်အရပ်ရပ် ကင်းလွတ်ခွင့်ရရှိမှာပါ။ စီမံအုပ်ချုပ်စနစ်ကိုလည်း နိုင်ငံတော်မှာ ကျင့်သုံးနေတဲ့ Management System အတိုင်း ဆောင်ရွက်သွားမှာပါ။ နောက်ပြီးတော့ ပုဂ္ဂလိကအခန်းကဏ္ဍကို နောက်ပိုင်းမှာ ပိုမိုတိုးချဲ့သွားဖို့လည်း ရှိပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

အများပိုင်ကုမ္ပဏီအဖြစ်ဖွဲ့စည်းမည့် ပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်ရှိ စီးပွားရေးလုပ်ငန်းလေးခုမှာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ပြည် တွင်းရေကြောင်း ပို့ဆောင်ရေး၊ မြန်မာ့သင်္ဘောကျင်းလုပ်ငန်းနှင့် မြန်မာ့လေကြောင်းလုပ်ငန်းများဖြစ်ပြီး ပထမအဆင့်အဖြစ် နိုင်ငံတော်ဘတ်ဂျက်ဖြင့် လုပ်ငန်းများဆောင်ရွက်ပြီး အရှုံး၊ အမြတ်အား နိုင်ငံတော်မှ တာဝန်ယူခြင်း၊ ဒုတိယအဆင့်အဖြစ် နိုင်ငံတော်မှ ကနဦးမတည်ရင်းနှီးငွေ ထုတ်ချေး၍ ကိုယ် ပိုင်ရပ်ကာ အရှုံး၊ အမြတ်အား ဌာနမှ တာဝန်ယူခြင်း၊ တတိယအဆင့်တွင် ကော်ပိုရေးရှင်းပုံစံဖြင့် ရာနှုန်းပြည့်အစိုးရပိုင် Parivate Limited Company အသွင် ဖွဲ့စည်း အကောင်အထည်ဖော်ခြင်းနှင့် စတုတ္ထအဆင့်အဖြစ် အများပိုင်ကုမ္ပဏီဖွဲ့စည်းခြင်းပာူ၍ အဆင့်လေးဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ဝန်ကြီးဌာနများအတွက် လိုအပ်ရန်ပုံငွေရရှိရန် ပြည်ပအစိုးရ၊ အဖွဲ့အစည်းများထံမှ ချေးငွေရယူမည်

ပြည်ထောင်စုအဆင့်ရှိ ဝန်ကြီးဌာနများ၏ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်နိုင်ရန် လိုအပ်သည့် ရန်ပုံငွေရရှိရေးအတွက် ပြည်ပအစိုးရ၊ စီးပွားရေးအဖွဲ့အစည်းများထံမှ ချေးငွေရယူသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပြည်ထောင်စုဝန်ကြီးဌာနများဖြစ်သည့် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ အမှတ် (၁)နှင့် (၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနများအနေဖြင့် နိုင်ငံရပ်ခြားမှ ချေးငွေရရှိ နိုင်ရေးအတွက် တရုတ်၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံတို့ရှိ ဘဏ်များ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး လက်ရှိ နိုင်ငံတော်ပိုင်လုပ်ငန်းများ လုပ် ကိုင်ဆောင်ရွက်လျက်ရှိသော စီမံကိန်းများ အမြန်ဆုံးအပြီးသတ်နိုင်ရေးအတွက် ရယူရခြင်းဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ဝန်ကြီးဌာနတွေအတွက် လိုအပ်တဲ့ ရန်ပုံငွေတစ်ရပ်ရရှိဖို့အတွက် ကျွန်တော်တို့ နိုင်ငံခြားက ဘဏ်တွေ၊ စီးပွားရေးအဖွဲ့အစည်းတွေဆီက ချေး ငွေရယူသွားမှာပါ။ နိုင်ငံတော်က တည်ဆောက်နေတဲ့စီမံကိန်းတွေ အပြီးသတ်နိုင်ဖို့ ရည်ရွယ်ပါတယ်။ လက်ရှိမှာလည်း တချို့ဝန်ကြီးဌာနတွေမှာ ချေးငွေ ရရှိရေးအတွက် ညှိနှိုင်းမှုတွေလုပ်ဆောင်နေပါပြီ”ပာု အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။

ထို့ပြင် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒဿမမြောက်နေ့တွင် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ (မူကြမ်း) ကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးခဲ့ပြီး ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနအနေဖြင့် ပြည်ထောင်စုလွှတ်တော်မှ သတ်မှတ်သည့် အသုံးစရိတ်များ ကို သက်ဆိုင်ရာဗပာိုအဖွဲ့အစည်း၊ ဝန်ကြီးဌာနအဖွဲ့အစည်းများအား အကြောင်းကြားပေးခဲ့ပြီး ပြည်ထောင်စုလွှတ်တော်မှ သတ်မှတ်ခဲ့သည့်အတိုင်း သက် ဆိုင်ရာ ဗဟိုအဖွဲ့အစည်း၊ ဝန်ကြီးဌာန လက်အောက်ခံ အဖွဲ့အစည်းများကလည်း စီမံကိန်းတစ်ခုချင်းအလိုက်၊ လုပ်ငန်းတစ်ခုချင်းအလိုက် ရေးဆွဲပြုစုကာ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနသို့ ပြန်လည်ပေးပို့ခဲ့ပါကြောင်း ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

YC

-------------------------------------------------------------------------------------------------------------

၈၈ကျောင်းသားအချို့နှင့် KNPP တွေ့ဆုံ၍ ကြေညာချက်ထုတ်ပြန်

စက်တင်ဘာလ ၁၁ရက်နေ့တွင် ကိုမြအေးဦးဆောင်သည့် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့သည် ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် တွေ့ဆုံ၍ ပူးတွဲသဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါထုတ်ပြန်ချက်တွင် ၈၈မျိုးဆက်ကျောင်းသားများနှင့် KNPP တို့သည် နိုင်ငံရေးကိစ္စရပ်များနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ ကြကြောင်း ထည့်သွင်းဖော်ပြထားပြီး တိုင်းရင်းသားများအနေဖြင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်စွမ်းရှိနိုင်ရန် စစ်မှန်သည့် ပြည်ထောင်စုစနစ် ပေါ်ထွန်းလာ ရေးနှင့် ကချင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသည့် စစ်ပွဲများအား အမြန်ဆုံးရပ်တန့်၍ စစ်မှန်၍ အဓိပ္ပါယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ် ရန်လိုကြောင်း ပါရှိသည်။

ထို့ပြင် ချိကယ်ကျေးရွာအုပ်စု ပကျဲတောင်တွင် တည်ဆောက်မည့် ဘိလပ်မြေစက်ရုံစီမံကိန်းအတွက် ပြည်သူများ၏ သဘောတူထောက်ခံမှု ရရှိမှ သာ ပြုလုပ်သင့်ကြောင်း ယင်းထုတ်ပြန်ချက်၌ ထည့်သွင်းဖော်ပြထားသည်။

ယင်းသို့ ကိုမြအေးဦးဆောင်သည့် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့သည် စက်တင်ဘာလ ၁၀ရက်နေ့မှစတင်၍ ကယားပြည်နယ် လွိုင်ကော်မြို့ နယ်သို့ သွားရောက်ကာ KNPP နှင့် တွေ့ဆုံရာတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ဘက်မှ ပါတီ၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သည့် ဆက်ဆံရေးတာဝန်ခံ ဒယ်နီရယ်၊ တွဲဖက်တာဝန်ခံ ခွန်းစမ်းရှိုင်းနှင့် မအေးမွန်တို့မှ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပြီး ၈၈မျိုးဆက်ကျောင်းသားမှ ငြိမ်း ချမ်းရေးတာဝန်ခံ အဖွဲ့ခေါင်းဆောင် ကိုမြအေး၊ လယ်သမားတာဝန်ခံ ကိုထွန်းမြင့်အောင်၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ပြန်လည်ထူထောင်ရေးတာဝန်ခံ ကိုစိုးထွန်းနှင့် ငြိမ်းချမ်းရေးအဖွဲ့ဝင်များဖြစ်သည့် မမီမီလွင်နှင့် မစန်းစန်းမော်တို့ ပါဝင်ကြောင်း သိရှိရသည်။

ATM

-------------------------------------------------------------------------------------------------------------

မြန်မာ့နိုင်ငံရေးအကျဉ်းသားပောာင်းနေ့ သတ်မှတ်မည်

မြန်မာနိုင်ငံအတွင်းရှိ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံခဲ့ရသူများအား ဂုဏ်ပြုသည့်အနေဖြင့် မြန်မာနိုင်ငံရေးအကျဉ်းသားပောာင်းများနေ့ကို သတ်မှတ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားပောာင်းတစ်ဦးက ပြောကြားသည်။

“မြန်မာနိုင်ငံအတွင်းမှာ ၁၉၆၂ ခုနှစ် ဦးနေဝင်းအစိုးရလက်ထက်ကတည်းက နိုင်ငံရေးအကျဉ်းသားပောာင်းတွေ ရှိပါတယ်။ သူတို့ကို ဂုဏ်ပြုတဲ့ အနေနဲ့ နိုင်ငံရေးအကျဉ်းသားပောာင်းများနေ့ကို သတ်မှတ်နိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ လူတိုင်းရဲ့ရင်ထဲမှာ အမြဲတမ်းအမှတ်ရမယ့်နေ့၊ ထူးခြား တဲ့နေ့တစ်နေ့ဖြစ်ရင် ပိုကောင်းတာပေါ့”ပာု ၎င်းက ပြော ကြားသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အပြင် ယုံကြည်ချက်ကြောင့် နှစ်ပေါင်းများစွာ အကျဉ်းကျခံခဲ့ရသော နိုင်ငံရေးအကျဉ်းသားအတော်များများကို လွှတ်ပေးခဲ့ပြီး လက်ရှိအချိန်တွင် ကျန်ရှိနိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိ ပြန်လည် လွတ်မြောက်ရေးအတွက် တောင်းဆိုထားကြောင်း သိရသည်။

Ref:Newday

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အခုဖြစ်နေတဲ့ပြဿနာတွေ ပြန်ကြည့်ရင်လည်း နှစ်ပေါင်း ၆၀လောက်ဖြစ်ခဲ့တာတွေကို တစ်ရက်တည်းနှစ်ရက်တည်းနဲ့ ဖြေရှင်းဖို့ဆိုတာ တော်တော်ခက်ပါ လိမ့်မယ်။ နိုင်ငံတကာမှလည်း ဘဘတို့ ဒီ Peace Process နဲ့ပတ်သက်ပြီး ဒီကာလအတွင်းမှာ သည်လောက်အခြေနေအထိ ဖြစ်လာတာကို ဘယ်သူမှ မယုံကြည်ကြဘူး။ ဟုတ်ရောဟုတ်ရဲ့လား၊ ဒီလူတွေလိမ်များ လိမ်နေသလားဆိုပြီးတော့ သူတို့စိတ်ထဲ ထင်နေကြတာပါပဲ။ သူတို့ကိုလာကြည့်ပါ။ သည်မှာ ငြင်းကြခုန်ကြပြီးရင် အဖြေထုတ်ကြတာဟာ လုပ်ဇာတ်ကြီးမဟုတ်ပါဘူးဆိုတာ တင်ပြခြင်းဖြစ်တယ်။ တပ်ပိုင်းဆိုင်ရာကတော့ သူတို့လည်း တောက် လျှောက်လုပ်နေတာပဲ။ ဒါကတော့ ဘဘယုံကြည်တယ်”

စက်တင်ဘာ ၁၁ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၂) အမှတ် (၂၅) တွင်ပါရှိသည့် “ပြည်တွင်းစစ်ကုန်ကျစရိတ် လွှတ်တော်ကမေးရင် ဖြေ ရမယ်”သတင်းမှ ဦးအောင်မင်း၏ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“ခရိုနီလို့ခေါ်တဲ့ အခွင့်ထူးခံအာဏာရှင်နဲ့ပေါင်းပြီး အခွင့်ထူးခံလက်ထဲကိုပဲ လိုင်စင်တွေ၊ ပါမစ်တွေ ရောက်သွားတဲ့စနစ်ကို ပြောင်းရမယ်။ အမိန့်နဲ့ ညွှန် ကြားချက်နဲ့ပဲလုပ်တတ်တဲ့ ဌာနဆိုင်ရာတွေကို ပြုပြင်ရပါမယ်။ တာဝန်ယူမှု၊ တာဝန်ခံနိုင်မှု အင်မတန်ခေါင်းပါးနေပြီး တန်းတူညီမျှမည့် လုပ်ထုံးလုပ်နည်း တွေက မရှိပါဘူး။ ခေါက်ရိုးကျိုးနေတဲ့ လူတွေကို ဆွဲဆန့်ပေးဖို့လို ပါတယ်။ နိုင်ငံရဲ့ ဘဏ်စနစ်ဌာနဆိုင်ရာတွေရဲ့လူမြင်ရင် လက်ဖြန့်တောင်းတဲ့စနစ်တွေ ကျန်ရှိနေသေးသ၍ နိုင်ငံတကာ စီးပွားရေးပညာရှင်တွေနဲ့ပေါင်းဖို့ မလွယ်ပါဘူး”

စက်တင်ဘာ ၁ရက်ထုတ် သံတော်ဆင့်ဂျာနယ် အတွဲ (၁) အမှတ် (၂၅) တွင်ပါရှိသည့် "နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွင် ခရိုနီစနစ်ကို အရင် ဆုံး ပြင်ဆင်သင့်ကြောင်း ကိုမင်းကိုနိုင်ပြော"သတင်းမှ ကိုမင်းကိုနိုင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment