Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၁၅.၉.၂၀၁၂

ပြည်တွင်းသတင်း

  1. ­­ကျောက်တော်မြို့လူသတ်မှုကြောင့် ဒေသတွင်းအုံကြွမှုများ ဖြစ်ပေါ်လျက်ရှိ
  2. ငွေကြေးအရှုပ်အရှင်း ကိစ္စရပ်များနှင့်ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားများငြင်းဆို

 ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ပာားဗက်တက္ကသိုလ်၏ အမျိုးသားပြန်လည်သင့်မြတ်ရေးဆု နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် ရရှိမည်
  2. ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

­ကျောက်တော်မြို့လူသတ်မှုကြောင့် ဒေသတွင်းအုံကြွမှုများ ဖြစ်ပေါ်လျက်ရှိ

စက်တင်ဘာလ ၁၄။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း စက်တင်ဘာလ ၁၁ရက်နေ့တွင် ဖြစ်ပွားခဲ့သော လူသတ်မှုကြောင့် ဒေသတွင်း ပြည်သူများ လုံခြုံမှု ကင်းမဲ့သည်ဟုယူဆကာ တရားခံဖော်ထုတ်ပေးရန်အတွက် တောင်းဆိုမှုများ၊ လူထုအုံကြွမှုများ ဖြစ်ပွားလျက်ရှိကြောင်း ကျောက်တော်မြို့နယ်ရှိ ရက္ခိုင့် ဂုဏ်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ကျောက်တော်မြို့နယ်၊ သရက်အုပ်ကျေးရွာနေ အသက် (၆၂)အရွယ်ရှိ ရခိုင်အမျိုးသားတစ်ဦးဖြစ်သော ဦးကျော်မောင်ချေသည် မလေးရှားနိုင်ငံ တွင် အလုပ်သွားရောက်လုပ်ကိုင်လျက်ရှိသော ၎င်း၏သားဖြစ်သူမှပေးပို့သော ငွေကျပ် ၄သိန်းအား ကျောက်တော်မြို့သို့ စက်တင်ဘာလ ၁၁ရက်နေ့တွင် သွားရောက်ထုတ်ယူ၍ပြန်လာစဉ် ပိုက်သည်ရွာအနီးရှိ လယ်ကွင်းများအတွင်း ညနေ ၆ နာရီဝန်းကျင်ခန့်၌ အသတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါအသတ်ခံရမှုအား ကျောက်တော်မြို့အတွင်းရှိ ဒေသခံအချို့ကစက်တင်ဘာလ ၁၃ရက်နေ့တွင် နေ့လည် ၁ နာရီ ၃၀ မိနစ်အချိန်၌ ကျောက်တော်မြို့ရင်ခွဲရုံရှေ့တွင် “လူ့သတ်တရားခံ အမြန်ဖော်ထုတ်ပေး”ဟူသော ဆိုင်းဘုတ်များကိုင်ဆောင်ကာ တောင်းဆိုဆန္ဒပြခဲ့ကြောင်း သိရပြီး အသုဘအခန်းအနားသို့ လူဦးရေ ၁၀၀၀ကျော်ခန့် လိုက်ပါပို့ဆောင်ခဲ့ကြောင်း ကျောက်တော်မြို့နယ်ရှိ အစိုးရဝန်ထမ်းတစ်ဦးက ပြောသည်။

“လူတွေက မိုးမလင်းခင်ကတည်းက ရောက်နေကြတယ်၊ အသုဘချခါနီးအချိန်မှာ လူဦးရေအရမ်းများပြီး အချို့က ဆိုင်းဘုတ်တွေ ကိုင်ထား တော့ လူထုအုံကြွမှုဖြစ်တော့မယ့်အနေအထား ရှိနေတယ်၊ ဒါကြောင့် ဌာနဆိုင်ရာတွေက ပုံမှန်မြို့တွင်းလမ်းကြောင်းက ပို့ခွင့်မပြုဘဲ၊ မြို့ပြင်လမ်းကြောင်း ကနေပဲ ပို့ခွင့်ပေးတယ်”ဟု အထက်ပါဝန်ထမ်းက ဆိုသည်။

ပုံမှန်လမ်းကြောင်းမှ ပို့ဆောင်ခွင့်မရရှိသည်နှင့် ပတ်သက်၍ ကျောက်တော်မြို့နယ်၊ မြို့နယ်မှူးရုံးသို့ ဆက်သွယ်မေးမြန်းရာ “အုံကြွမှုဖြစ်လာဖို့ကို ဘယ်လိုမှခွင့်မပြုနိုင်ပါဘူး၊ အတတ်နိုင်ဆုံး မဖြစ်အောင်ထိန်းသိမ်းမှာပါ”ဟု ပြန်လည်ဖြေကြားခဲ့သည်။

“ဖြစ်တဲ့နေ့က ကျောက်တော်က ငွေသွားထုတ်တဲ့ ဦးကျော်မောင်ချေ ပြန်မရောက်တာနဲ့ ရွာကလူတွေက သက်ဆိုင်ရာကို အကြောင်းကြားပြီး လိုက်ရှာကြတယ်၊ သွားရှာတဲ့အချိန်မှာ စစ်တပ်ကော၊ ရဲကော ဘယ်သူမှမလိုက်လာဘူး၊ ရွာသားတွေစုပြီး လိုက်ရှာတော့ ပိုက်သည်ရွာနားက လယ်ကွင်း မှာ သူ့အလောင်းတွေ့တယ်၊ ခေါင်းတွေလဲအရိုက်ခံထားရတယ်၊ လည်ပင်းလည်းအလှီးခံထားရတယ်”ဟု ရက္ခိင့်ဂုဏ်အသင်းမှ ကိုအောင်က ပြောသည်။

အထက်ပါလူသတ်မှုနှင့် ပတ်သက်၍ ကျောက်တော်မြို့နယ်ရဲစခန်းမှ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၃၀၂)ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိ ပြီး လူသတ်တရားခံဟုယူဆသော ပိုက်သည်ရွာမှ ရွာသားနှစ်ဦးအား ထိန်းသိမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ ကျောက်တော်မြို့နယ်၊ ရဲစခန်းမှ စခန်းမှူး ရဲအုပ်လှမိုးအောင်က “ဒီလူသတ်မှုကို အမြန်ဆုံးတရားခံဖော်ထုတ်နိုင်အောင် ကြိုးစားနေပါတယ်၊ လူထုအုံကြွမှုမဖြစ်အောင်လည်း ရပ်မိရပ်ဖအား လုံးကို နားလည်အောင်ပြောပြရမှာပါ၊ ဒီနေ့ကတော့ အားလုံးအဆင်ပြေသွားပါတယ်”ဟု လူသတ်တရားခံဖော်ပေးရန် လူထုတောင်းဆိုသော စက်တင်ဘာ လ ၁၃ ရက်နေ့တွင် ပြောသည်။

ကျောက်တော်မြို့အား သြဂုတ်လအစောပိုင်း၌ ရွာလေးရွာမီးရှို့အကြမ်းဖက်ခြင်းခံရသောကြောင့် ပုဒ်မ(၁၄၄) ထုတ်ပြန်ခဲ့သော်လည်း ယခုကဲ့သို့ ဖြစ်ပွားခြင်းကြောင့် ကျောက်တော်မြို့ရှိဒေသခံများအတွက် လုံခြုံမှုကင်းမဲ့နေသည်ဟု ခံစားရကြောင်းကို ရက္ခိင့်ဂုဏ်အသင်းမှ ကိုအောင်က “ပုဒ်မ(၁၄၄) ထုတ်ထားတဲ့အတွက် စစ်တပ်က ထိန်းချုပ်ထားတယ်၊ ဒီအချိန်မှာ ဒီလိုမျိုးဖြစ်နေတယ်ဆိုတော့ ဘယ်လိုရှေ့ဆက်ပြီး ယုံကြည်ရမလဲ၊ လုံခြုံရေးကို ဘယ်သူကတာဝန်ယူမှာလဲ၊ လက်နက်ကိုင်ခွင့်မပြုလို့ လက်နက်မကိုင်ဘူး၊ ဒါပေမယ့် လုံခြုံမှုရှိအောင်တော့ လုပ်ပေးသင့်တယ်”ဟု ထုတ်ဖော်သည်။

စက်တင်ဘာလ ၁၁ရက်နေ့တွင် ကျောက်တော်မြို့နယ်အတွင်းဖြစ်ပွားခဲ့သော လူသတ်မှုနှင့် အလားတူဖြစ်ရပ်တစ်ခု စစ်တွေမြို့ အနောက်စံပြ ရပ်ကွက်တွင် ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်တွင် တာဝန်ကျစစ်တပ်မှ ရဲဘော်များရောက်ရှိလာခြင်းကြောင့် လူသတ်မှုမဖြစ်ပွားသော်လည်း အရိုက်ခံရသည့် ပုဂ္ဂိုလ်မှာ ယနေ့အထိ စစ်တွေဆေးရုံတွင် အရေးပေါ်လူနာအဖြစ် ကုသမှုခံယူနေရကြောင်း သိရသည်။

မင်းခဏ်

--------------------------------------------------------------------------------------------------------------------------------

ငွေကြေးအရှုပ်အရှင်း ကိစ္စရပ်များနှင့်ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားများငြင်းဆို

ပြည်တွင်းအပတ်စဉ်ထုတ် ဂျာနယ်တစ်ခုတွင် ၈၈ မျိုးဆက်ကျောင်းသားများထံမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် ဒေါ်လာခြောက်သန်း စီးဆင်းနေပြီပာူသည့် ဖော်ပြချက်နှင့်ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားများမှ စက်တင်ဘာလ ပထမပတ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး အတိ အလင်း ငြင်းဆိုခဲ့သည်။

“ကျွန်တော်တို့ကို ပြည်တွင်းဂျာနယ်တစ်ခုမှာ ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့ ရေးသွားပါတယ်။ ဒီကိစ္စကို ကျွန်တော်တို့ လုံးဝကို ငြင်းဆိုပါ တယ်။ ကျွန်တော်တို့အဖွဲ့က အဖွဲ့အစည်းတွေက လှူဒါန်းတာ၊ ရန်ပုံငွေထဲကရတဲ့ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့အဖွဲ့ရသမျှ သုံးသမျှ ကို ကြေညာသွားမှာပါ”ပာု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယင်းဂျာနယ်၏ ဖော်ပြချက်များမှ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၏ တာဝန်ရှိသူတစ်ဦးထံမှ အတည်ပြုချက်ရယူခြင်းမရှိဘဲ ဖော်ပြခဲ့ခြင်းသာ ဖြစ်ပြီး နောက်ပိုင်းကာလများတွင် ၈၈ မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သုံးစွဲနေ သောအလှူငွေများကို မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အားလုံး ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး အစွန်းထင်းလုံးဝမခံပါဘူး။ ငွေကြေးနဲ့ပတ်သက်လို့ကတော့ အချိန်မရွေးမေးပါ။ စိတ်မဆိုး ပါဘူး။ စေတနာ့ဝဿန်ဂီတပွဲမှာရတဲ့ငွေက သိန်း ၂၇၀ ကျော်ရပါတယ်။ ကုန်ကျစရိတ်ကိုနှုတ်ပြီးတော့ ကျန်တာကို ကချင်စစ်ဘေးခံပြည်သူတွေ၊ ရခိုင် ဒေသက ဒုက္ခသည်တွေနဲ့ ဧရာဝတီ ရေဘေးသင့်ပြည်သူတွေကို သိန်း ၂၀၀ စီ၊ နာရေးကူညီမှုအသင်းကို ၂၅ သိန်းနဲ့ HIV ဆိုင်ရာအဖွဲ့အစည်းတွေကို ၂၅ သိန်းစီ လှူဒါန်းခဲ့ပါတယ်”ပာု ၈၈ မျိုးဆက်ကျောင်းသားများမှ စေတနာ့ဝဿန်ဂီတပွဲနှင့်ပတ်သက်၍ စာရင်းထုတ်ပြန်ခဲ့သည်။

၈၈ မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း လုပ်ငန်းဆောင်ရွက်မှုများသည် ပြည်တွင်း၊ပြည်ပမှ ရလာသည့် အလှူငွေများနှင့်သာ လည်ပတ်နေခြင်းဖြစ်ပြီး ငွေရေး၊ ကြေးရေး ကိစ္စရပ်နှင့်ပတ်သက်၍ ပြည်သူများသိရှိနိုင်စေရန် ထုတ်ပြန်ကြေညာမည့်အပြင် အချိန်မ ရွေး မေးမြန်းနိုင်ကြောင်း ၈၈မျိုးဆက်ကျောင်းသားတစ်ဦးက ပြောကြားသည်။

YC

 ******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ပာားဗက်တက္ကသိုလ်၏ အမျိုးသားပြန်လည်သင့်မြတ်ရေးဆု နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် ရရှိမည်

အမေရိကန်နိုင်ငံရှိ ကမ္ဘာကျော်ပာားဗက်တက္ကသိုလ်မှ ကျောင်းသားပောာင်းများဖြင့် တည်ထောင်ထားသည့် Tran Nhan Tong အကယ်ဒမီက နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဒီမိုကရေစီခေါင်းဆောင်တစ်ဦးဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့အား အမျိုးသား ပြန်လည်သင့်မြတ်ရေးဆုကို ပူးတွဲပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“အမေရိကန်နိုင်ငံရဲ့ ပာားဗက်တက္ကသိုလ်က သမ္မတင်္ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားပြန်လည်သင့်မြတ်ရေးဆုပေးဖို့ဆိုပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့မှာ ဆုပေးအပ်ရေးအဖွဲ့တစ်ဦးလာသွားပါတယ်။ သူပြောသွားတာကတော့ ဒီဆုပေးတာပာာ တစ်ဦးတစ်ယောက်ကို ရည်ရွယ်တာ မပာုတ်သလို ငြိမ်းချမ်းရေးနိုဘယ်ဆုနဲ့လည်း မတူဘူးလို့ပြောသွားပါတယ်”ပာု  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပာားဗက်တက္ကသိုလ်၏ Tran Nhan Tong အကယ်ဒမီမှ ဆုချီးမြှင့်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ပြည်တွင်းနှင့် ကမ္ဘာ့နိုင်ငံများအကြား စေ့စပ် ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် လူမှုဘဝတိုးတက်မြင့်မားရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်၍ ပေးအပ်ရခြင်းဖြစ်ပြီး  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယင်းဆုအား လက်ခံနိုင်ခြင်း ရှိ၊ မရှိကို တရားဝင်ထုတ်ပြန်ကြေညာ ထားခြင်းမရှိသေးကြောင်း သိရသည်။

“မြန်မာနိုင်ငံကို ပာားဗက်တက္ကသိုလ်က ဆုပေးအပ်ရေးအဖွဲ့ဝင် မစ္စတာဒန်း လာရောက်တုန်းက အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ တစ်ဦး တစ်ယောက်တည်း လုပ်လို့မရပါဘူး။ မြန်မာနိုင်ငံမှာ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စအတွက် အားသွန်ခွန် စိုက် လုပ်ဆောင်နေပါတယ်။ ဒါကြောင့် သူတို့ကို ဒီဆုပူးတွဲချီးမြှင့်လိုက်တာလို့ သူကပြောသွားပါတယ်”ပာု NLD ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

ပာားဗက်တက္ကသိုလ်၏ အမျိုးသားပြန်လည်သင့်မြတ်ရေးဆုသည် မြန်မာနိုင်ငံအတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေး လှုပ်ရှားဆောင်ရွက် နေသူများကိုသာ ရည်ရွယ်၍ ပေးအပ်သည့်ဆုတစ်ဆုဖြစ်ပြီး ယင်းဆုပေးပွဲအခမ်းအနားကို စက်တင်ဘာလ ၂၁ ရက်နေ့တွင် အမေရိကန်နိုင်ငံရှိ မတ်ဆာ ချူးဆက်ပြည်နယ် ဘောစတွန်မြို့ရှိ အမှတ် ၂၀ Harvard Facuity ကလပ်တွင် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

YC

--------------------------------------------------------------------------------------------------------------------------------

ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်နိုင်ငံသို့ သွားရောက် မည့် ခရီးစဉ်နှင့်ပတ်သက်၍ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂  စက်တင်ဘာလ ၁၆ရက်နေ့တွင် အမေရိကန်နိုင်ငံသို့ စတင်ထွက်ခွာမည်ဖြစ်ပြီး စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဝါရှင်တန်ဒီစီသို့ ရောက်ရှိကာ စက်တင်ဘာလ ၁၈ ရက်နေ့တွင် Asia Society Global Vision Award ဆုကို လက်ခံရယူမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၁၉ ရက်နေ့တွင် အမေရိကန် ကွန်ဂရက်လွှတ်တော် ရွှေတံဆိပ်ဆုပေးပွဲသို့ တက်ရောက်မည်ဖြစ်ပြီး စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဦးခွန်ထွန်းဦး၊ ဦးကျော်သူ၊ မင်းကိုနိုင်၊ ဒေါက်တာစင်သီယာမောင်နှင့် ဦးအောင်ဒင်တို့အား NED မှ ချီးမြှင့်မည့် ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်မည်ဖြစ်ပြီး စက်တင်ဘာလ ၂၁ ရက်နေ့တွင် New York တွင်ကျင်းပမည့် Atlantic Council Global Citizen Award ဆုချီးမြှင့်ပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စက်တင်ဘာလ ၂၂ ရက်နေ့တွင် အမေရိကန်သို့ရောက်ရှိနေသည့် မြန်မာမိသားစုများနှင့် New York တွင် တွေ့ဆုံမည်ဖြစ်ပြီး စက်တင်ဘာလ ၂၃ ရက်နေ့တွင် University of Lousiville သို့သွားရောက်ကာ စက်တင်ဘာလ ၂၅ ရက်နေ့တွင် Fort Wayne မြို့တွင် မြန်မာမိသားစုများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်၌ ထည့်သွင်းဖော်ပြထားသည်။

ထို့ပြင် စက်တင်ဘာလ ၂၆ ရက်နေ့တွင် အမေရိကန်နိုင်ငံရှိ ယေးတက္ကသိုလ်သို့လည်းကောင်း၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပာားဗက်တက္က သိုလ်သို့လည်းကောင်း၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဆန်ဖရန်စစ္စကိုမြို့ Freedom Forum သို့တက်ရောက်မည်ဖြစ်ပြီး စက်တင်ဘာလ ၂၉ ရက် နေ့တွင် ဆန်ဖရန်စစ္စကိုရှိ မြန်မာမိသားစုနှင့် တွေ့ဆုံ၍ အောက်တိုဘာလ ၃ ရက်နေ့တွင် အမေရိကန်နိုင်ငံမှ ပြန်လည်ထွက်ခွာ၍ မြန်မာနိုင်ငံသို့ ပြန်လာ မည်ဖြစ်သည်။

NT

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဒီနေရာမှာ ခွဲခြားပြီး မြင်ဖို့လိုတယ်ဗျ။ အလကားနေရင်းဆူပူအုံကြွအောင်ဆိုတဲ့ အမြင်မျိုးက ဟိုတုန်းက လုံခြုံရေးကိစ္စ တစ်ခုတည်းနားလည်တဲ့ စစ်အမြင်၊ စစ်အတွေးတွေ၊ အခုဟာက အရပ်သားအစိုးရ ဖြစ်နေပြီ။ ဒီမိုကရေစီကျင့်သုံးနေပြီဆိုတဲ့ အချိန်ကျတော့ ဘယ်သူတွေနစ်နာဆုံးရှုံးလို့ ဘာတွေဖြစ်နေ တယ်ဆိုတာ ကိုယ်ချင်းစာစိတ်မျိုးနဲ့ ကြည်ရှုရလိမ့်မယ်။

စက်တင်ဘာလ ၁၃ ရက်နေ့ထုတ် ဗီးနပ်ဂျာနယ် အမှတ် ၄/ဂ “ဦးပိုင်နှင့်တရုတ်ကုမ္ပဏီ ပူးပေါင်းဆောင်ရွက်နေသည့် လက်ပံတောင်းတောင် ကြေးနီသတ္တု တွင်းစီမံကိန်း နေ့/ညအရှိန်မြှင့်ကာ လုပ်ငန်းများဆက်လက်ဆောင်ရွက်” သတင်းမှ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ပြောကြားချက်မှ ကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------------------

ငွေစက္ကူအတုတွေအများဆုံး တွေ့နေတာက ထိုင်းနယ်စပ်မှာပါ။ ကျွန်တော်တို့အနေနဲ့ ငွေစက္ကူ အတုတွေ တွေ့လာခဲ့ရင် ရဲစခန်းကိုအကြောင်းကြားဖို့၊ စီအိုင်ဒီကို ပို့ပြီးစစ်ဆေးဖို့ လုပ်ထုံးလုပ်နည်းအရ ညွှန်ကြားထားတာတွေရှိပါတယ်။ ငွေစက္ကူအတုနဲ့ အစစ်ကလည်း တော်တော်ကွာခြားပါတယ်။ လက်ရှိ တွေ့နေရတာက သာမာန်တွေ့ရှိမှုပါ။ သာမန်ထက်ပိုလာလို့ အလုံးအရင်းတွေ့လာပြီဆိုရင် လက်ရှိညွှန်ကြားထားတဲ့ လုပ်ထုံးလုပ်နည်းထက် ပိုပြီးစုံစမ်း စစ်ဆေးသွားပါမယ်။ လက်ရှိအနေအထားက စိုးရိမ်စရာ မဟုတ်သေးတဲ့အတွက် ဗဟိုဘဏ်အနေနဲ့အထူးတလည် စီစဉ်မှုမရှိသေးပါဘူး။

စက်တင်ဘာလ ၁၄ ရက်နေ့ထုတ် Bi Weekly Eleven Journal အတွဲ (၅) အမှတ် (၂၄) တွင်ပါရှိသည့် “ကျပ် ၅၀၀၀တန်ငွေစက္ကူအတု ပြဿနာ များမှာ နယ်စပ် ဒေသများတွင် အများဆုံးဖြစ်ပွားနေ၊ ငွေတုများအလုံးအရင်း ဝင်ရောက်လာကြောင်း သိရှိရပါက လက်ရှိညွှန်ကြားထားသည့် လုပ်ထုံး လုပ်နည်းများထက် ကျော်လွန်၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရ” သတင်းမှ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဌ ဦးမောင်မောင်ဝင်း ပြောကြားချက်မှ ကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------------------

ဒီကိစ္စမှာ မှန်သလိုလိုနဲ့ နည်းနည်းလေတွေဆီ လျှံနေတာတို့ ပိုနေတာတို့ နှစ်ဖက်စလုံးမှာ ရှိတယ်။ ဒါသည် ဒီလိုဆုံးဖြတ်လိုက်ရင် ဘယ်လိုသက်ရောက်မှု ရှိတယ်ဆိုတာကို သိပြီးမှ ဆုံးဖြတ်တာလေ။ ဒါကိုဘယ်သူက ကြိုက်ပြီး ဘယ်သူကမကြိုက်ဘူးဆိုတာလည်း သိပြီးဆုံးဖြတ်တာ။ နောက်ဖြစ်လာတဲ့ သက် ရောက်မှုက အခုလိုဖြစ်လာနိုင်တဲ့ အနေအထား အထိကို တွက်ထားမယ်ဆိုရင် ဆုံးဖြတ်ချက်ကို ဒီထက် ထိန်းထိန်းသိမ်းသိမ်း လုပ်နိုင်မယ်လို့မြင်တယ်။

စက်တင်ဘာ ၁၃ရက်ထုတ် မြန်မာပို့စ်ဂျာနယ် အမှတ်(၇၆) တွင်ပါရှိသည့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များရာထူးမှ နှုတ် ထွက်ခွင့်ပြုခြင်းနှင့်ပတ်သက်၍ သတင်းမှ ပြည်သူ့ခေတ်ဂျာနယ်၊ အယ်ဒီတာချုပ် ဦးဖေမြင့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment