Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၀.၉.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ဒေါ်အောင်ဆန်းစုကြည်ကို အိုဘားမားနှင့် အမေရိကန်ကွန်ဂရက် အတည်ပြု

(State Tribune မှ 19 Sept 2012ရက်စွဲပါ "Obama and congress appload Suu Kyi" သတင်းကို ဘာသာပြန်ဆိုသည်။ )

  1. ဝါရှင်တန်က မြန်မာသမ္မတနှင့် အောက်လွှတ်တော်ဥက္ကဋ္ဌတို့ အပေါ် Sanction များရုတ်သိမ်းပေး

(AFPသတင်းမှ 19 Sept 2012  ရက်စွဲပါ “US ends sanctions on Burma president , parliament speaker” သတင်းကို ဘာသာပြန်ဆို သည်)

  1. မြန်မာနိုင်ငံ၏ အပြောင်းအလဲများက အိန္ဒိယအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေး

(IANS မှ 18 September 2012 ရက်စွဲပါ “Changes in Myanmar open new opportunities for India” ကိုဘာသာပြန်ဆိုသည်)

************************************************************

ဒေါ်အောင်ဆန်းစုကြည်ကို အိုဘားမားနှင့် အမေရိကန်ကွန်ဂရက် ဂုဏ်ပြု

(State Tribune မှ 19Sept 2012ရက်စွဲပါ "Obama and congress appload Suu Kyi" သတင်းကို ဘာသာပြန်ဆိုသည်။ )

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဗုဒ္ဓဟူးနေ့က စိတ်လှုပ်ရှားဖွယ် အခမ်းအနားတွင် အမေရိကန် ကွန်ဂရက်၏ အမြင့် ဆုံး ဂုဏ်ပြုဆုကို လက်ခံရယူပြီးနောက် သမ္မတအိုဘားမားနှင့် သီးသန့်တွေ့ဆုံခဲ့ခြင်းသည် တစ်ချိန်က တံခါးပိတ် အပယ်ခံ မြန်မာနိုင်ငံနှင့် အမေရိကန် ပြည် ထောင်စု၏ ဆက်ဆံရေး အနှစ်က တစ်ဆစ်ချိုးအပြောင်းအလဲ တိုးတက်လာခြင်းကို ပြသလျက်ရှိသည်။

အိုးဘားမား အစိုးရသည် တနင်္လာနေ့က ၁၇ရက်ခရီးစဉ် ရောက်ရှိလာသော နိုင်ငံရေး အကျဉ်းသားဟောင်း ၊ဒီမိုကရေစီ ခေါင်းဆောင်ကို ဂုဏ်ပြု ကြိုဆိုရုံတင် မကဘဲ သူမ၏ တိုက်တွန်းမှုဖြင့် မြန်မာခေါင်းဆောင်များအပေါ် sanctionများ ရုတ်သိမ်းပေးရန် ချစ်ကြည်ရင်းနှီးမှု စိတ်ရင်းကိုပါ ပြသခဲ့သည်။

မြန်မာခေါင်းဆောင် နှစ်ဦးဖြစ်သော သမ္မတဦးသိန်းစိန်နှင့် အောက်လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့သည် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့် လူ့အခွင့်အရေးကို အားပေးရန် ခိုင်မာသော ဆောင်ရွက်ချက်များ ကိုပြုလုပ်ခဲ့ကြပြီး မြန်မာနိုင်ငံကို ဖိနှိပ်အုပ်ချုပ်သူ အာဏာရှင် စနစ်မှ လမ်းခွဲကာ ဒီမိုကရေ စီနှင့် လူ့အခွင့်အရေးဆီသို့ ဦးတည်မောင်းနှင် လျက်ရှိခြင်းကြောင့် အရေးယူဒဏ်ခတ်မှု စာရင်းမှ ပယ်ဖျက်ရခြင်း ဖြစ်သည်ဟု အကြမ်းဖက်မှုနှင့် ငွေကြေးစုံ စမ်း ထောက်လှမ်းမှု ဆိုင်ရာဌာန အတွင်းဝန် ဒေးဗစ်ကိုဟင်က ထုတ်ပြန်ကြေညာခဲ့သည်။

ယခင်တပ်မတော် အစိုးရဟောင်း လက်ထက် အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရသော  မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သော ဧပြီလက ကြားဖြတ်ရွေးကောက်ပွဲ တွင် အနိုင်ရကာ လွှတ်တော် ကိုယ်စားဖြစ်လာ ခဲ့ပြီးနောက်တွင် ဝါရှင်တန်က ယခင်အရေးယူ ထားသော sanctionများကို စတင်ဖြေလျှော့ပေးခဲ့ပြီး မြန်မာနိုင်ငံ၌ အမေရိကန်တို့ ရင်းနှီးမြှုပ်နှံခြင်းကိုလည်း ခွင့်ပြုပေးခဲ့သည်။

၂၀၀၈ခုနှစ် အကျယ်ချုပ် ထိန်းသိမ်းခံကာလက မျက်ကွယ်တွင် ချီးမြှင့်ခံရသော ကွန်ဂရက်ရွှေတံဆိပ် ဆုကို ယခုနောက်ဆုံး ကိုယ်တိုင် လက်ခံရယူ ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်က  "မိတ်ဆွေတွေကြားထဲမှာ ကျွန်မရောက်နေတယ်ဆိုတဲ့ အသိနဲ့ကျွန်မ ဒီနေရာမှာ ရပ်နေပါတယ်" ဟု ကတ်ပီတို အဆောက် အဦတွင် ပြောကြားခဲ့သည်။

"အခုလို ဂုဏ်ပြုချီးမြှင့်မှုဟာ ကျွန်မနှစ်ပေါင်းများစွာ စောင့်စားခဲ့ရတဲ့ အခိုက်အတန့်ပါပဲ"ဟု သူမက ဆိုသည်။သူမနှင့် ဒီဇင်ဘာလက ရန်ကုန်မြို့ နေအိမ်တွင် တွေ့ဆုံခဲ့သော နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ကလည်း "ရုပ်ပြခေါင်းဆောင်အဖြစ်မှ နိုင်ငံရေးသမား ခေါင်းဆောင်အဖြစ်သို့ ကူးပြောင်းလာခြင်း ၊အရပ်ဖက် လူ့အဖွဲ့အစည်းနှင့် ဒီမိုကရေစီ အပြောင်းအလဲကို ကူညီဖန်တီးရန်အတွက် ယခင်က သူမကို ဖမ်းဆီးထိန်းသိမ်းခဲ့သူများနှင့် လိုလိုလားလား အတူတကွ လုပ်ကိုင်နေခြင်း"တို့အတွက် အားပေးဂုဏ်ပြု ချီးကျူးစကား ဆိုခဲ့သည်။

ဆီးနိတ်လွှတ်တော် အမတ်ခေါင်းဆောင် မစ်ခ်ျမက်ကောနဲလ် ကလည်း "ဒေါ်အောင်ဆန်းစုကြည်၏ ရဲရင့်မှုဇာတ်လမ်းသည် အမှန်တကယ်ဖြစ် ကြောင်း ယုံရခက်လောက်အောင်ပင် အင်အားပြည့်ဝ လွန်းပေသည်"ဟု ဂုဏ်ပြုတင်စား လိုက်သည်။ "ဒီကနေ့ဟာ အချိန်အကြာကြီး စောင့်စားခဲ့ရတဲ့ ကတ်ပီတိုရဲ့ တကယ့်နေ့ထူး နေ့မြတ်ပါပဲ"ဟု ၎င်းကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို တက်ရောက်ဂုဏ်ပြုသူ သမ္မတကတော်ဟောင်း လော်ရာဘုရှ်ကလည်း "ကမ္ဘာကြီးရဲ့ သမိုင်းဟာ မျှော်လင့်ချက် အပြည့် နဲ့ ဦးတည်နေတယ် ဆိုတာကို တောင်အာဖရိက၊ အရှေ့ဥရောပ တို့က ဖြစ်စဉ်တွေနဲ့ တူညီတဲ့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းမှုကို ပြသနေပါတယ်၊ ဖိနှိပ်ခြိမ်း ခြောက်မှု အားကိုးနဲ့ တည်ဆောက်ထားတဲ့ အစိုးရမှန်သမျှဟာ သောင်ပြင်ပေါ်က သဲပွင့်အိမ်တွေပါ"ဟုပြောကြားသွားသည်။

ကယ်ပီတို ဆုချီးမြှင့်ပွဲ အခမ်းအနား အပြီးတွင် အိမ်ဖြူတော် ဘဲဥပုံရုံးခန်း၌ သမ္မတအိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့်တွေ့ဆုံဆွေး နွေး ခဲ့ကြသည်။

သမ္မတကြီးက ဒေါ်အောင်ဆန်းစုကြည်ဟာ သူမနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ပြည်သူ့အရေးအတွက် အထင်ကရ မီးပြတိုက်လို  မီး အိမ်ရှင်လို ဖြစ်နေတဲ့ ပုဂ္ဂိုလ်လို့ ရှုမြင်ထားပါတယ်"ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျေးကာနီက ပြေကြားသည်။

---------------------------------------------------------------------------------------------------------------------

ဝါရှင်တန်က မြန်မာသမ္မတနှင့် အောက်လွှတ်တော်ဥက္ကဌ အပေါ် Sanction များရုတ်သိမ်းပေး

(AFP   သတင်းမှ19 sept 2012   ရက်စွဲပါ “US ends sanctions on Burma president , parliament speaker” သတင်းကိုဘာသာပြန်ဆိုသည်)

ဝါရှင်တန်သို့ ရောက်ရှိနေသော မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန် ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပြီး နောက်တစ်နေ့တွင် အမေရိကန် ပြည်ထောင်စုက မြန်မာသမ္မတ ဦးသိန်းစိန်နှင့် အောက်လွှတ်တော် ဥက္ကဌ ဦးရွှေမန်းတို့အပေါ် sanctionsများ ရုတ်သိမ်းပေး လိုက်သည်။

အကြမ်းဖက်မူ၊ မူးယစ်ဆေးဝါးမူ၊ တရားမဝင် လှုပ်ရှားမူများနှင့် ဆက်စပ်မူဖြင့် လူပုဂ္ဂိုလ်များ၊ ကုမ္မဏီများအပေါ် အထူးပစ်မှတ်ထား၍ ဒဏ်ခတ်ထား သော စာရင်းမှ မြန်မာအစိုးရ ခေါင်းဆောင်နှစ်ဦးစလုံး၏ အမည်ကို အမေရိကန် ဘဏ္ဍာရေးဌာနက တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိဘဲ ပယ်ဖျက်ပေးခြင်း ဖြစ်သည်။

ဦးသိန်းစိန်က ဝန်ကြီးချုပ် ၊ဦးရွှေမန်းက ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဌအဖြစ် တာဝန်ယူခဲ့ကြသော တပ်မတော် အစိုးရဟောင်းအပေါ် ဝါရှင်တန်က ဖိအားပေး ခဲ့စဉ်ကာလ ၂၀၀၇ခုနှစ်တွင် အဆိုပါ အထူးပစ်မှတ်ထား ဒဏ်ခတ်သူများ စာရင်း SDN Listတွင် မြန်မာခေါင်းဆောင် နှစ်ဦးစလုံး ပါဝင်ခဲ့သည်။

ယင်းတပ်မတော် အစိုးရ လက်ထက်က ၁၅နှစ်ခန့် နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံထား ရပြီးနောက်၊ ယခုအမေရိကန် ပြည်ထောင်စုသို့ သမိုင်းဝင် အလည်အပတ်ခရီး ရောက်ရှိနေသော ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံပေါ် Senctionsများ ဆက်လက် ဖြေလျှော့ပေးရန် တိုက်တွန်းထားသည်။

အင်္ဂါနေ့က ဝါရှင်တန် Asia Society တွင်စကားပြောကြားရာ၌ ဒေါ်အောင်ဆန်စုကြည်က “ကျွန်မတို့ ပြည်သူတွေဟာ ကိုယ့်ကြမ္မာကို ကိုယ်တိုင် တာဝန်ယူ ဖန်တီးဖို့ စလုပ်နိုင်ကြပြီလို ကျွန်မယူဆတယ်။ ပြင်ပအကူအညီတွေနဲ့ Sanctionsတွေကို အလွန်အကျွံ အားကိုနေလို့ မရပါဘူး”ဟု ပြောကြားခဲ့ သည်။

ပြီးခဲ့သော လပိုင်းက တရားဝင် လွှတ်တော်အမတ် ဖြစ်လာသူ ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်ကို “ပြောင်းလဲလိုသူ”ဟု ယုံကြည်ကြောင်း၊ သို့ သော် တရားစီရင်းရေး စနစ်သည် ပြုပြင်ပြောင်းလဲမူ၏ အားနည်းလွန်းနေသော အပိုင်းဖြစ်နေကြောင်း ရှင်းလင်းပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ဝါရှင်တန်သို့ ထွက်ခွါကာနီးတွင် မြန်မာအာဏာပိုင်များက နိုင်ငံရေး အကျဉ်းသား ၈၇ဦးကို ထမ်မံလွှတ်ပေးခဲ့သည်။ ယခုကဲ့ သို့ လွှတ်ပေးခြင်းသည် လာမည်အပတ် ဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ် မတိုင်မ အပြကောင်းသည့် ဆောင်ရွက်ချက် တစ်ခုဖြစ်ပြီး ၊ယခင်အကြီးကဲ ဟောင်း၏ အိုင်ဒီယာ လက်စလက်န ဖြစ်သည်ဟု အကဲခတ် လေ့လာသူများက မှတ်ချက်ပေးကြသည်။

------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံ၏ အပြောင်းအလဲများက အိန္ဒိယအတွက် အခွင့်အလမ်းသစ်များဖန်တီးပေး

(IANS မှ 18 September 2012 ရက်စွဲပါ Changes in Myanmar open new opportunities for India ကိုဘာသာပြန်ဆိုသည်)

လတ်တလော မြန်မာနိုင်ငံတွင်း အပြောင်းအလဲများက အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေး မြှင့်တင်နိုင်ရေးအတွက် အခွင့်အလမ်းသစ်များကို ဖန်တီး လိုက်ပြီ ဖြစ်ကြောင်း ပညာရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။

"လတ်တလော မြန်မာပြည်က အပြောင်းအလဲတွေက အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား ဆက်ဆံရေး တိုးမြှင့်နိုင်ရေးအတွက် အခွင့်အလမ်းသစ် တွေကို ဖန်တီးပေးပါတယ်" ဟု အိန္ဒိယနိုင်ငံ ကမ္ဘာ့ရေးရာကောင်စီမှ ဒါရိုက်တာ Rajeev Bhatia က "အိန္ဒိယ-မြန်မာ ဆက်ဆံရေးနှင့် အိန္ဒိယ အရှေ့ မြောက် ပိုင်း ဒေသဖွံ့ဖြိုးရေး"ဆိုင်ရာ ဆွေးနွေးပွဲ၌ ပြောကြားသည်။

အရှေ့မြောက်ပိုင်း ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေးသည် အိန္ဒိယနိုင်ငံ၏ ပြည်တွင်းရေး ကိစ္စဖြစ်ပြီး အိန္ဒိယ-မြန်မာ ချစ်ကြည်ရင်းနှီးမှုမှာ သီးခြား အရေးကိစ္စ တစ်ခုဖြစ်ကြောင်း၊ နှစ်နိုင်ငံစလုံးက အပြန်အလှန် ချိတ်ဆက်လုပ်နိုင်မည် ဆိုပါက အကျိုးအမြတ်များကို အချိန်ကာလ ကြာမြင့်စွာ တိုးမြှင့်ခံစား ရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ဆွေးနွေးပွဲကို ကိုးလ်ကတ္တား အခြေစိုက် အိန္ဒိယအရှေ့နှင့် အရှေ့မြောက်ပိုင်း ဒေသဆိုင်ရာ လေ့လာရေးစင်တာနှင့် နယူးဒေလီ အခြေစိုက် အိန္ဒိယနိုင်ငံ ကမ္ဘာ့ရေးရာ ကောင်စီတို့ ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။ ဆွေးနွေးပွဲတွင် အငြိမ်းစား ဗိုလ်ချုပ်ကြီးShankar Roy Chowdhuryက မိန့်ခွန်းပြော ကြားသည်။ ယင်းဆွေးနွေးပွဲသို့ အစိုးရအရာရှိများ၊ စီးပွားရေး ခေါင်းဆောင်များ၊ ပညာရှင်များ၊ ကျောင်းသားများ စုစုပေါင်း ၂၀၀ကျော်တက်ရောက် ခဲ့ကြ သည်။ ထို့ပြင်ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေး သူများက အိန္ဒိယပြည်၏ အရှေ့မျှော်ပေါ်လစီကို မြှင့်တင်ကာ အရှေ့မြောက်ပိုင်း ဒေသဖွံ့ဖြိုးရေး မည်သို့မည်ပုံ ဆောင်ရွက်နိုင်မည်၊ အရှေ့တောင် အာရှဒေသနှင့် ကောင်းမွန်သော ချိတ်ဆက်မှုရှိအောင် မည်သို့လုပ်ဆောင်မည်ဟူသေအချက်တို့ကို ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်

******************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment