Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၉.၉.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ရွှေဝါရောင်တော်လှန်ရေး အထိမ်းအမတ် ပထမဆုံးကျင်းပ

(The Penninsula Newsမှ 19Septn 2012ရက်စွဲပါ “Myanmar marks first saffron revolution” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ကော့သောင်းတွင်ဖမ်းထားသော ထိုင်း၈၃ဦးကို မြန်မာလွှတ်ပေး

(Bangkok Post မှ 18Sept 2012ရက်စွပါ “Myanmar frees 83Thais” သတင်းကို ဘာသာပြန်ဆိုသည်)

***********************************************************

ရွှေဝါရောင်တော်လှန်ရေး အထိမ်းအမှတ် ပထမဆုံးကျင်းပ

(The Penninsula Newsမှ 19Septn 2012ရက်စွဲပါ “Myanmar marks first saffron revolution” သတင်းကို ဘာသာပြန်ဆိုသည်)

လွန်ခဲ့သော ၅နှစ်က တပ်မတော်အစိုးရ၏ ရက်ရက်စက်စက် ချေမှုန်းခြင်းခံခဲ့ရသော ရွှေဝါရောင် တော်လှန်ရေး၏ ပထမဆုံး အထိမ်းအမှတ် အခမ်း အနားကို မနေ့က ဘုန်းကြီးကျောင်း တစ်ကျောင်းတွင် သံဃာတော်များ အပါအဝင် လူ၁၀၀ကျော် စုစည်းကျင်းပကြခြင်း ဖြစ်သည်။

ယခင်တပ်မတော်အားကိုး အာဏာရှင်များအပေါ် သံဃာနှင့် ပြည်သူလက်တွဲ အာခံခဲ့သော ၂၀၀အရေးတော်ပုံ အထိမ်အမှတ် လူသိရှင်ကြား အခမ်းအနားသည် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သော ပြုပြင်ပြောင်းလဲရေး အစိုးရ လက်ထက်တွင် မူဝါဒ အပြောင်းအလဲများကြောင့် ထွက် ပေါ်လာခဲ့ခြင်း ဖြစ်သည်။

လောင်စာဆီဈေးနှုန်းကြောင့် ကုန်ဈေးနှုန်းတက်ခြင်းကို စတင်ဆန္ဒပြရာမှ နှစ်ပေါင်း၂၀ စစ်ဖက်အာဏာရှင် များအပေါ် ကြီးမားသော ခြိမ်းခြောက်မှု အဖြစ် အင်အားကောင်းသွားခဲ့သော ၂၀၀၇ရွှေဝါရောင် အုံကြွမှုတွင် အနည်းဆုံး ၃၁ဦးသေဆုံးခဲ့ရပြီး သံဃာတော်များ ရာနှင့်ချီ၍ ဖမ်းဆီးခြင်း ခံခဲ့ကြရသည်။

ယခင်အစိုးရ လက်ထက် ဖိနှိပ်ခြိမ်းခြောက် အုပ်ချုပ်မှုစနစ် အသာစီးရနေပြီဟု တွက်ဆထားချိန်တွင် ထိုကဲ့သို့ မမျှော်လင့်သော အုံကြွမှုကြောင့် ထို စဉ်က အာဏာရှင် မိသားစုများ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့သို့ တိမ်းရှောင်နေခဲ့သည်ဟု ကောလဟာလ သတင်းများ ထွက်ပေါ်ခဲ့သည်။

---------------------------------------------------------------------------------------------------------------------

ကော့သောင်းတွင်ဖမ်းထားသော ထိုင်း၈၃ဦးကို မြန်မာလွှတ်ပေး

(Bangkok Post မှ 18Sept 2012ရက်စွပါ “Myanmar frees 83Thais” သတင်းကို ဘာသာပြန်ဆိုသည်)

တရားမဝင် ကျူးကျော်ဝင်ရောက်မှုဖြင့် တရားစွဲခံနေရသော ထိုင်းနိုင်ငံသား ၈၃ဦးကို မြန်မာအာဏာပိုင်များက အင်္ဂါနေ့တွင် လွှတ်ပေးလိုက်ခြင်း ကြောင့် မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံသို့ ပြန်ကြရန် မျှော်လင့်နေကြပြီဟု သိရှိရသည်။

တနင်္လာနေ့တွင် မြန်မာအစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သော အကျဉ်းသား ၅၀၀ကျော်အနက် ၎င်းတို့လည်း ပါဝင်သည်ဟု ထိုင်းနိုင်ငံခြား ရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ သာနိသောင်ပတ်တီက ပြောကြား သည်။

၎င်းထိုင်းလူမျိုးများကို ဖမ်းဆီးထားသော ကော့သောင်းမြို့သို့ ရန်ကုန်မြို့ ထိုင်းသံရုံးမှ တာဝန်ရှိသူများ သွားရောက်ကာ ရနောင်းဖက်သို့ ပြန်နိုင်ရန် စီစဉ်ပေးနေသောကြောင့် မွန်းလွဲပိုင်းတွင် အိမ်ပြန်နိုင်ကြလိမ့်မည်ဟု သာနိသောင်ပတ်တီက ပြောသည်။

ယခုလွတ်မြောက်လာသော ထိုင်လူမျိုး ၈၃ဦးသည် မြန်မာပိုင်နက်အတွင်း တရားမဝင် ကျူးကျော်ဝင်ရောက်ကာ တောရှင်းစိုက်ပျိုး နေထိုင်ခြင်း ကြောင့် ဇူလိုင်လ အစောပိုင်းတွင် မြန်မာအာဏာပိုင်များက ဖမ်းဆီးတရားစွဲဆိုခဲ့သူ ထိုင်လူမျိုး၉၂ဦး ပါဝင်သည်ဟု သိရှိရသည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment