Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၁၉.၉.၂၀၁၂

ပြည်တွင်းသတင်း

  1. ဥရောပသမဂ္ဂသို့ မြန်မာကုန်ပစ္စည်းတင်ပို့မှု အခွန်နှင့် ကန့်သတ်မှုများ ကင်းလွတ်ခွင့်ရရှိ
  1. အမေရိကန်နည်းပညာဖြင့် ဧရာဝတီနှင့် ချင်းတွင်းမြစ်တစ်လျှောက် တန်ဖိုးနည်းအိမ်ရာဆောက်မည်
  2. ကုန်စည်ဒိုင်ကြီးရှစ်ခုတွင် ဈေးနှုန်းသတင်း အလိုအလျောက်ဖြေကြားသည့်စနစ် တပ်ဆင်

 ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်သွားရန် အဘက်ဘက်မှ တိုက်ပွဲဝင်သွားမည်
  2. ပြန်ကြားရေးဝန်ကြီးဌာနမှ မီဒီယာဥပဒေကြမ်းမရေးလျှင် ပြည်သူ့ဆက်ဆံကော်မတီရေးဆွဲမည်

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

ဥရောပသမဂ္ဂသို့ မြန်မာကုန်ပစ္စည်းတင်ပို့မှု အခွန်နှင့် ကန့်သတ်မှုများ ကင်းလွတ်ခွင့်ရရှိ

ဥရောပသမဂ္ဂ၏ အထွေထွေကင်းလွတ်ခွင့်အစီအစဉ်အရ မြန်မာနိုင်ငံမှ ဥရောပသမဂ္ဂသို့ လက်နက်ခဲယမ်းမီးကျောက်များမှလွဲ၍ ကျန်ကုန်ပစ္စည်း တင်ပို့မှုများအပေါ် အခွန်နှင့် ကန့်သတ်မှုများ ကင်းလွတ်ခွင့်ရရှိပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

ယခုကဲ့သို့ ဥရောပသမဂ္ဂမှ အခွန်ကင်းလွတ်ခွင့်ပေးရခြင်းမှာ မြန်မာအစိုးရသစ်၏ နိုင်ငံရေး၊ လူမှုရေးနှင့် အလုပ်သမားဆိုင်ရာနယ်ပယ်များ အတွင်း လတ်တလောဆောင်ရွက်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုများအပေါ် နိုင်ငံတကာက အသိအမှတ်ပြုလာခဲ့ခြင်းကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံတွင် လက်ရှိဖြစ် ပေါ်နေသော သမိုင်းဝင်ပြောင်းလဲမှုများကြောင့် ဥရောသမဂ္ဂအနေဖြင့် ကဏ္ဍသစ်တစ်ရပ်ကို ဖွင့်လှစ်ရန်အကောင်းဆုံးအချိန်ပာု သတ်မှတ်ခဲ့ကြောင်း သိရ သည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO)ကလည်း မြန်မာနိုင်ငံသည် ထူးခြားကေင်းမွန်သော တိုးတက်မှုများရှိနေသည်ပာု ကောက် ချက်ချမှတ်ခဲ့သည့်အပြင် ယင်းကောက်ချက်များအပေါ် အခြေခံ၍ ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးဆိုင်ရာ ကင်းလွတ်ခွင့်များ ပေးခဲ့ ခြင်းဖြစ်ပြီး ဥရောပကောင်စီနှင့် ဥရောပပါလီမန်တို့၏ သဘောတူညီ ချက်ရရှိနိုင်ရန် တစ်ပြိုင်နက်တည်း တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ်အတွင်း ဥရောပသမဂ္ဂသို့ ကုန်ပစ္စည်းတင်ပို့မှုမှာ ယူရို ၁၆၉ သန်းဖိုးအထိရှိခဲ့ကြောင်း သိရသည်။

လက်ရှိ အထွေထွေကုန်သွယ်ရေးအခွန်ကင်းလွတ်ခွင့် GSP အစီအစဉ်တွင် အစိတ်အပိုင်း ၃ ခုပါဝင်၍ ယင်းတို့မှာ ဖွံဖြိုဆဲ ၁၇၆ နိုင်ငံနှင့် နယ်မြေ များအတွက် ပို့ကုန်အခွန်လျှော့ချပေးသည့် ယေဘုယျ GSP အစီအစဉ်၊ -GSP+ပာု လူသိများသော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးအတွက် အထူးမက်လုံးပေးအစီအစဉ်နှင့် လက်နက်မှလွဲ၍ အလုံးစုံလျှော့ချပေးမည့် အစီအစဉ်တို့ဖြစ်သည်။

လက်ရှိ GSP အစီအစဉ်သည် ၂၀၁၃ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး အစီအစဉ်အသစ်မှာ ၂၀၁၄ ခုနှစ်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း သိရ သည်။

NT

-------------------------------------------------------------------------------------------------------------------------

အမေရိကန်နည်းပညာဖြင့် ဧရာဝတီနှင့် ချင်းတွင်းမြစ်တစ်လျှောက် တန်ဖိုးနည်းအိမ်ရာဆောက်မည်

ယခုနှစ်ပိုင်းမှစတင်၍ ဧရာဝတီနှင့် ချစ်တွင်းမြစ်ကြောင်းတစ်လျှောက်တွင် တန်ဖိုးနည်းအိမ်ရာ အလုံး ၂၀၀၀၀ ကို အမေရိကန်နည်းပညာသုံး၍ သုံးနှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီနှင့် ချင်တွင်းမြစ်ကြောင်းတစ်လျှောက်ရှိ တန်ဖိုးနည်းအိမ်ရာများကို ရေစကြိုကစတင်၍ ဆောက်လုပ်သွားမည်ဖြစ်ပြီး တန်ဖိုးနည်း အိမ်တစ်လုံးလျှင် မြေတန်ဖိုးမပါ ကျပ်သိန်း ၁၀၀ အောက်ရှိမည်ဖြစ်ပြီး ယင်းအိမ်များတွင် အမေရိကန်နိုင်ငံမှ ထုတ်လုပ်သည့် Housing Meterial များကို တင်သွင်း၍ PDI နည်းပညာများဖြင့် မီးလောင်ကျွမ်းမှုများကိုကာကွယ်၍ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

“အမေရိကန်နိုင်ငံရဲ့ PDI နည်းပညာကိုသုံးမှာဆိုတော့ မီးလုံးဝမလောင်ဘူး။ အထုအထောင်းလည်း တော်တော်ကိုခံနိုင်တယ်။ ဒေသတွင်းနိုင်ငံ တွေမှာလည်း တော်တော်ကို သုံးနေကြပါပြီ။ ခုနည်းပညာကို မြန်မာနိုင်ငံမှာ ပထမဆုံးသုံးပြီးတော့ တန်ဖိုးနည်းအိမ်ရာတည်ဆောက်သွားမှာပါ။ ဒီလို မဆောက်ခင်မှာ ဖြစ်နိုင်ခြေရှိနိုင်မယ့်အရာတွေကို အရင်ဆုံးလေ့လာသွားမှာပါ”ပာု တာဝန်ယူတည်ဆောက်မည့် Gold Cycle Engineering & Project International Co.,Ltd. မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းတန်ဖိုးနည်းအိမ်ရာများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တစ်လျောက် ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်သွားရခြင်းဖြစ်ကြောင်း သိရသည်။

“မြစ်ကမ်းနားမှာ အထပ်မြင့် မဆောက်သင့်ဘူး။ မြစ်က အမြဲတမ်း ပြောင်းနေတဲ့အတွက် မြစ်ကြောင်းအနေအထားပေါ် မူတည်ပြီး ဘယ်လို ဆောက်သင့်တယ်ဆိုတာ ကျွမ်းကျင်တဲ့သူတွေရဲ့ အကြံဉာဏ်ကို ယူသင့်တယ်။ ကမ်းထိန်းနံရံလုပ်ပြီး ကမ်းကို ကြိုတင်ကာကွယ်ပြီးမှ ဆောက်တာ အကောင်းဆုံးပဲ”ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တစ်ဦးကပြောကြားကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် Flower News ဂျာနယ်တွင် ဖော်ပြပါရှိ သည်။

ဧရာဝတီမြစ်နှင့် ချစ်တွင်းမြစ်ကြောင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို Forever Chindwin Ayeyar မဟာစီမံကိန်းအဖြစ် Gold Cycle ကုမ္ပဏီလီမိတက်မှ ၂၅ နှစ်ကြာ ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် Flower News ဂျာနယ်တွင် ဖော်ပြပါရှိသည်။

                     Ref:Flower News        

-------------------------------------------------------------------------------------------------------------------------

ကုန်စည်ဒိုင်ကြီးရှစ်ခုတွင် ဈေးနှုန်းသတင်း အလိုအလျောက်ဖြေကြားသည့်စနစ် တပ်ဆင်

လယ်ယာထွက်ကုန်သီးနှံများ၏ နေ့စဉ်ပေါက်ဈေးနှုန်းသတင်းများကို ကုန်သည်များအချိန်နှင့် တစ်ပြေးညီသိရှိနိုင်စေရန် အဓိက ကုန်စည်ဒိုင်ကြီး ရှစ်ခုတွင် ဈေးနှုန်းသတင်း အလိုအလျောက်ဖြေကြားသည့်စနစ်ကို တပ်ဆင်အသုံးပြုနေပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

“ဒီစက်က ကုန်စည်ဈေးကွက်ပေါက်ဈေးနှုန်းသတင်းတွေကို အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်စေဖို့အတွက် အလိုအလျောက် ဖြေကြားပေးသွားမှာပါ။ နေ့စဉ်ဖြစ်ပေါ်နေတဲ့ ပဲမျိုးစုံ၊ ပြောင်း၊ ဂျုံနဲ့ ဆီထွက်သီးနှံဈေးနှုန်းတွေကို ဖုန်းဆက်ရုံနဲ့ ဒီစက်က အလိုအလျောက်ဖြေပေးသွားမှာပါ”ပာု ကုန်သည်တစ်ဦးက ပြောကြားသည်။

ယင်းအစီအစဉ်မှ ဥရောပသမဂ္ဂ၏ အထောက်အပံ့ဖြင့်ဆောင်ရွက်နေသော ဥရောပသမဂ္ဂ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်နေသော ဥရောပ သမဂ္ဂနှင့် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့တို့၏ စားနပ်ရိက္ခာဖူလုံမှုဦးစားပေးအစီအစဉ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန် (ဘုရင့်နောင်) ကုန်စည်ဒိုင်မှ ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံများ၊ မူဆယ်စားဖိုဆောင် သီးနှံများ၊ မန္တလေး (ကထိန်တော်အသင်း) ကုန် စည်ဒိုင်မှ ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံများ၊ နှစ်ရှည်သီးနှံများ၊ မူဆယ် (၁၀၅ မိုင်) ကုန်စည်ဒိုင်မှ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများ၊ နှစ်ရှည်သီးနှံများ၊ သစ်သီး ဝလံများ၊ ပြည်ကုန်စည်ဒိုင်နှင့် မကွေးကုန်စည်ဒိုင်တို့မှ ပဲမျိုးစုံ၊ ဆီနှင့် ဆီထွက်သီးနှံဈေးနှုန်းများ၊ ဟင်္သာတကုန်စည်ဒိုင်မှ ပဲမျိုးစုံနှင့် ပြောင်းဈေးနှုန်းများ၊ မုံရွာကုန်စည်ဒိုင်မှ ပဲမျိုးစုံ၊ ပြောင်း၊ ဂျုံ နှင့် ဆီထွက်သီးနှံ ဈေးနှုန်းများ၊ ပုသိမ်ကုန်စည်ဒိုင်မှ ဆန်စပါးဈေးနှုန်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်သွားရန် အဘက်ဘက်မှ တိုက်ပွဲဝင်သွားမည်

ရန်ကုန်၊ စက်တင်ဘာလ ၁၈။

၂၀၀၇ ရွှေဝါရောင်သံဃာ့အရေးအခင်းတွင် ပါဝင်လှုပ်ရှားခဲ့သူများနှင့် နိုင်ငံရေးအကျဉ်းသားများသည် ယနေ့အထိ အကျဉ်းထောင်များတွင် ချုပ် နှောင်ခံရဆဲရှိနေသေးသည့်အတွက် ၎င်းတို့လွတ်မြောက်ရန် အဘက်ဘက်မှ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဗဟိုကျောင်းသားသမ္မဂက စက်တင်ဘာလ ၁၈ရက်နေ့တွင်ကျင်းပသော ရွှေဝါရောင်တော်လှန်ရေး (၅)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားတွင် ထုတ်ပြန်သည်။

ရွှေဝါရောင် သံဃာ့အရေးအခင်းတွင် ရဟန်းသံဃာများက ဦးဆောင်ကာ ကျောင်းသားအရေး လှုပ်ရှားသူများ၊ ပြည်သူ့အရေး လှုပ်ရှားသူများ၊ အလုပ်သမားအရေးနှင့် ငြိမ်းချမ်းရေးအတွက်လှုပ်ရှားသူများ၏ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် အကြီးမားဆုံးသော စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ် ရှားမှုကြီးဖြစ်ပြီး ယနေ့အထိ အဆိုပါလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများသည် အကျဉ်းထောင်များတွင် ရှိနေဆဲပင်ဖြစ်ကြောင်းနှင့် သေဆုံးသူများ၏ အမည်စာ ရင်းများကိုလည်း ယနေ့အထိ အတိအကျ ထုတ်ပြန်ကြေညာခြင်းမရှိသေးကြောင်း သိရသည်။

“တိုင်းပြည်ရဲ့ အထွေထွေအကျပ်အတည်းတွေ၊ စားဝတ်နေရေးဒုက္ခတွေ၊ ပြည်တွင်းစစ်မီးတောက်တွေ၊ လယ်သမား၊ ကျောင်းသား၊ အလုပ်သ မားတွေရဲ့ အခွင့်အရေးဆုံးရှုံးမှုတွေကို ဖြေရှင်းပေးမှ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို အမှန်ရောက်လာမှာပါ၊ ဒီ ၂၀၀၇ က သင်ခန်းစာကိုယူပြီး ဒီမိုကရေစီ တည်ဆောက်ရေးလမ်းကြောင်း၊ အခြေခံဥပဒေပြင်ဆင်ရေးလမ်းကြောင်းတွေကို အကောင်းဆုံးလျှောက်လှမ်းနိုင်အောင် ချီတက်သွားမယ်”ဟု ဗဟို ကျောင်းသားသမ္မဂ(ဗကသ) မှ ဒု-ဥက္ကဋ္ဌ လင်းထက်ဟိန်းက ဆိုသည်။

အဆိုပါ ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်အခမ်းအနား၌ သာယာဝတီအကျဉ်းထောင်မှ စက်တင်ဘာလ ၁၇ရက်နေ့တွင် နိုင်ငံတော်သမ္မတ ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသားကို မောင်မောင်သန်းရွှေက နိုင်ငံရေးအကျဉ်းသားအချို့သာ လွတ်ငြိမ်း ချမ်းသာခွင့်ပေးသည့်အပေါ်“ကစားပွဲတစ်ခုလိုပါပဲ”ဟု ညွှန်းဆိုသွားခဲ့သည်။

“မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူသန်း (၆၀)ဟာ နိုင်ငံအရေးမှာကင်းကွာလို့မရပါဘူး၊ ပြုပြင်ပြောင်းလဲနေပြီလို့ ပြောနေကျတဲ့အချိန်မှာ နိုင်ငံတော်မှာ မရှိသင့်တဲ့ နိုင်ငံရေးအကျဉ်းတွေကို တစ်ရစ်၊ တစ်ရစ်နဲ့ လွှတ်ပေးတာတော့ မကောင်းပါဘူး” ဟု ကိုမောင်မောင်သန်းရွှေက ဝေဖန်ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသားပေါင်း ၃၀၀ ကျော်ကျန်ရှိနေသည့်အချိန်တွင် ၉၀ ဝန်းကျင်ခန့်သာ ပြန်လည်လွတ်မြောက်လာသည့်အပေါ်၌ နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးရန် တောင်းဆိုသည့်အသံသည် ပြုပြင်ပြောင်းလဲမှုဟူသောအသံအား ထိခိုက်မှုရှိကြောင်းနှင့် အဆိုပါအသံနှစ်ခု ရောနှော၍ပါရှိ နေပါက ပြုပြင်ပြောင်းလဲရေးသည် ကြည်လင်လှသော ပြုပြင်ပြောင်းလဲရေးမဖြစ်နိုင်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုဂျင်မီက ဆိုသည်။

“ပြုပြင်ပြောင်းလဲမှုကိုလုပ်တဲ့အခါ ရိုးရိုးသားသားနဲ့ အဖြောင့်အတိုင်းသွားကြမယ်၊ တစ်ယောက်နဲ့တစ်ယောက် မကစားကြဘူး၊ ဆိုလိုချင်တာက တစ်ဖက်က နိုင်ငံရေးအကျဉ်းသားတွေမလွှတ်ပေးရင် မင်းတို့ကို ပြစ်ဒဏ်ခတ်မယ်၊ ငါကပြစ်ဒဏ်ခတ်မယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ပေး ဘူး၊ ဒီလိုဆိုရင် ပြုပြင်ပြောင်းလဲရေးက နှောင့်နှေးနေလိမ့်မယ်၊ ဒီလိုအပေးအယူသဘောတွေ မလုပ်ကြပါနဲ့တော့ လွှတ်ပေးစရာရှိတာ လွှတ်ပေးလိုက်ပါ”ဟု ၎င်းက ထပ်မံပြောကြားသည်။

နိုင်ငံတော်သမ္မတ၏အမိန့်ဖြင့် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄(က)နှင့်အညီ နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းသား ပေါင်း ၅၁၄ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုရာတွင် နိုင်ငံရေးအကျဉ်းသား ၉၀ကျော်ပါဝင်ပြီး နိုင်ငံခြားသား ၃၉၉ဦးပါဝင် ကြောင်းနှင့် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ ၃ရက်နေ့တွင် အကျဉ်းသား ၆,၆၅၆ဦး၊ ၂၀၁၂ခုနှစ်၊ ဇန်နဝါရီ ၁၃ရက်နေ့တွင် အကျဉ်းသား ၆၅၁ဦး နှင့် ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ၃ရက်နေ့တွင် အကျဉ်းသား ၈၃ဦးတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့သည် စက်တင်ဘာလ ၁၁ရက်နေ့တွင် နိုင်ငံတော်သမ္မတအား နိုင်ငံရေးအကျဉ်းသား (၃၀၃)ဦးအား အမြန် ဆုံးလွှတ်ပေးရန် တောင်းဆိုခဲ့ပြီး ၎င်းတို့၏ နိုင်ငံရေးအကျဉ်းသားများ အများဆုံးရှိနေသောစာရင်းအရ မန္တလေးအကျဉ်းထောင်တွင် ၈၄ဦး၊ အင်းစိန် အကျဉ်းထောင်တွင် ၅၆ဦး၊ တောင်ငူအကျဉ်းထောင်တွင် ၁၇ဦး၊ သာယာဝတီအကျဉ်းထောင်တွင် ၁၇ ဦး၊ တောင်ကြီးအကျဉ်းထောင်တွင် ၁၆ဦး၊ မြင်းခြံ အကျဉ်းထောင်တွင် ၆ဦးနှင့် မြစ်ကြီးနားအကျဉ်းထောင်တွင် ၄ဦးရှိကြောင်း သိရသည်။

မင်းခဏ့်

-------------------------------------------------------------------------------------------------------------------------

ပြန်ကြားရေးဝန်ကြီးဌာနမှ မီဒီယာဥပဒေကြမ်းမရေးလျှင် ပြည်သူ့ဆက်ဆံကော်မတီရေးဆွဲမည်

လက်ရှိ ပြန်ကြားရေးဝန်ကြီးဌာမှ မီဒီယာဥပဒေကြမ်းရေးဆွဲခြင်းမရှိပါက ပြည်သူ့ဆက်ဆံရေးနှင့် ဖွံ့ဖြိုးတိုးတက်ကော်မတီမှ ဥ့ဒေကြမ်းရေးဆွဲ၍ နောင်လာမည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် တင်ပြသွားမည်ဖြစ်ကြောင်း ယင်းကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“နောက်လာမယ့် လွှတ်တော်အစည်းအဝေးမှာတောင် ပြန်ကြားရေးဝန်ကြီးဌာနမှာ မီဒီယာဥပဒေ အဆင်သင့်မရှိသေးဘူးဆိုရင်တော့ ကျွန်တော် တို့ကော်မတီက ဥပဒေကြမ်းရေးဆွဲပြီး တင်ပြသွားမှာပါ။ ဥပဒေကြမ်းရေးဖို့အတွက်လည်း အဆင်သင့်ဖြစ်နေပါပြီ။ အစိုးရအဖွဲ့ကို ဦးစားပေးတဲ့သဘောမျိုး နဲ့ စောင့်နေတာပါ. သူတို့မဆွဲဘူးဆိုရင်တော့ ကျွန်တော်တို့ဆွဲဖို့အတွက် အသင့်ပါပဲ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မီဒီယာနှင့်ပတ်သက်၍ ဖော်ပြထားသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များ၊ အခန်းအပိုဒ် ၃၅၄တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအလို့ငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ် လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားဖြန့်ဝေခွင့်ရှိကြောင်း ဖော်ပြထားသည်။

“ကျွန်တော်တို့အတွက် မီဒီယာဥပဒေ တကယ်ကိုလိုအပ်နေပါပြီ။ ခု စာပေစိစစ်ဖြုတ်လိုက်ပြီဆိုတော့ မီဒီယာသမားတွေအားလုံးပာာ ကိုယ့်တာဝန် ကိုယ်ယူရတော့မှာပါ။ မီဒီယာသမားတွေအနေနဲ့လည်း မိမိကျင့်ဝတ်တွေကို စောင့်ထိန်းဖို့လိုသလို တစ်ဖက်ကလည်း မီဒီယာကို ကာကွယ်ပေးနိုင်မယ့် မီဒီယာဥပဒေ အမြန်ဆုံးလိုအပ်နေပါပြီ”ပာု ပြည်တွင်းသတင်းဂျာနယ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ တိုးချဲ့၍အသစ်ပြန်လည်ဖွဲ့စည်းမည့် စာနယ်ဇင်းကောင်စီ(ယာယီ)က မီဒီယာဥပေဒကို ပြန်လည် ပြင်ဆင်ရေးဆွဲမည်ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန၌ ပြည်ထောင်စုဝန်ကြီးများ အပြောင်းအလဲပြုလုပ်ပြီးနောက်ပိုင်း ဝန်ကြီးသစ် ဦးအောင်ကြည်က မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (MJA)၊ MJU၊ MJN စသည့် စာနယ်ဇင်းအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

YC

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“သမိုင်းကြွေးဆပ်ဖို့ပြောတယ်ဆိုတာ ကိုယ့်လိပ်ပြာကိုယ်သန့်သွားအောင် ကိုယ့်သမိုင်းမှာသန့်သွားအောင် ပြောတာပါ။ အနီးစပ်ဆုံး အိန္ဒိယ၊ ကိုးရီးယားလို နိုင်ငံတွေမှာတောင် ဒီလိုသမိုင်းကြွေးနဲ့ ပတ်သက်ပြီးတော့ ဝန်ချတောင်းပန်ခဲ့ဖူးတာတွေရှိတယ်။ တောင်အာဖရိကက ဟူတူ၊ စစ်စီ မျိုးတုန်းသတ်ဖြတ်မှု တွေမှာလည်း ဝန်ခံမှုတွေရှိခဲ့တာပါပဲ။ နောက်စစ်ပွဲတွေနဲ့ ပတ်သက်တာတွေ၊ အမေရိကန်၊ ဂျပန်တွေလည်း သမိုင်းအမှားကို ဝန်ခဲ့ဖူးတာပဲ။ ဒါက နိုင်ငံ တစ်ခုအတွက်ရော ကိုယ်ကိုတိုင်အတွက်ရော လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေပဲ”

စက်တင်ဘာလ ၁၉ရက်ထုတ် Popular News ဂျာနယ် အတွဲ(၄) အမှတ်(၃၇)တွင်ပါရှိသည့် “သမိုင်းကြွေးရှိရင် အမှားကို ဝေဖန်ရန်လိုဟု ဦးဝင်းတင် ပြောကြား”သတင်းမှ ဦးဝင်းတင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-------------------------------------------------------------------------------------------------------------------------

“အခုငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အကျိုးဆောင်တွေရှိတယ်။အဲဒီအကျိုးဆောင်တွေက သူ့ဘက်ကိုယ့်ဘက် လာပြောတာတွေရှိတယ်။ ငြိမ်းချမ်းရေး လုပ်နေတဲ့သူဟာ သောင်းကျန်းသူနဲ့ ဆက်နွယ်ပါတယ်ဆိုတဲ့ပုဒ်မ တပ်လို့မရဘူး။ အခုအကုန်လုံးက ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ရောက်နေပြီ။ သူတို့ကို သောင်းကျန်းသူ၊ လက်နက်ကိုင်လို့ မမြင်နဲ့တော့။ တိုင်းရင်းသားညီအစ်ကိုတွေဖြစ်နေပြီ။ ဒါ့ကြောင့် ပုဒ်မ ၁၇(၁) မသက်ရောက်စေရဆိုတာ အဲဒီရည်ရွယ် ချက်နဲ့ပြောတာ”

စက်တင်ဘာလ ၁၄ရက်ထုတ် မြန်မာတိုင်းမ်ဂျာနယ် အတွဲ (၃၀) အမှတ် (၅၈၆) တွင်ပါရှိသည့် “ငြိမ်းချမ်းရေးလုပ်ငန်းတွင် ပါဝင်နေသူများအပေါ် မတရား အသင်းဥပဒေ သက်ရောက်ခြင်းမရှိ”သတင်းမှ ဦးအောင်မင်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-------------------------------------------------------------------------------------------------------------------------

“ခင်ဗျားတို့ အမေရိကန်အစိုးရကို ပြောပေးပါ စီအိုင်အေလို ထောက်လှမ်းရေးယန္တရားကြီးရှိတဲ့ နိုင်ငံတောင် မြန်မာနိုင်ငံမှာ ဆက်ဆံရေးတွေနဲ့ ပတ်သက်ပြီး အလိမ်ခံနေရတာတွေရှိတယ်။ ဆိုင်းဘုတ်ကိုမကြည့်ဘဲနဲ့ လုပ်ရပ်ကိုကြည့် အခုပဲ ပွင့်ပွင့်လင်းပြောမယ်။ ကြေးစားနိုင်ငံရေးသမားတွေ မြန်မာနိုင်ငံမှာပေါ် နေပြီ။ အဲဒီ ကြေးစားနိုင်ငံရေးသမားတွေကို အမေရိကန်နဲ့ အီးယူတို့က အဟုတ်ထင်နေတာ။ နောက်သုံးလေးနှစ်လောက်ကြာရင် နိုင်ငံရေးသင်္ချိုင်းထဲ ရောက်သွားမယ့်သူတွေပါ”

စက်တင်ဘာလ ၁၉ရက်ထုတ် မြန်မာပို့စ်ဂျာနယ် အတွဲ(၄) အမှတ်(၃၆) တွင်ပါရှိသည့်“ABSDFဥက္ကဋ္ဌ မိုးသီးဇွန်တို့အဖွဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်နှင့်တွေ့ဆုံ”သတင်းမှ မိုးသီးဇွန်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment