Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၁.၉.၂၀၁၂

ဘာသာပြန်သတင်းများ

  1. House က မြန်မာနိုင်ငံသို့ ငွေကြေးထောက်ပံ့မှုပြုခြင်းကို ကန့်သတ်သည့် ဥပဒေဖြေလျှော့ရန် ထောက်ခံ

(20 September 2012 ရက်စွဲပါ The Washington Post မှ House approves bill to ease restrictions on US aid to Myanmar through development banks ကိုဘာသာပြန်ဆိုသည်)

  1. Xi Jinping က နယ်မြေအငြင်းပွားမှုအတွက် ဂျပန်အားသတိပေး

(19 September 2012 ရက်စွဲပါ BBC News မှ Xi Jinping warns Japan over East China Sea dispute ကိုဘာသာပြန်ဆိုသည်)

************************************************************

House က မြန်မာနိုင်ငံသို့ ငွေကြေးထောက်ပံ့မှုပြုခြင်းကို ကန့်သတ်သည့် ဥပဒေဖြေလျှော့ရန် ထောက်ခံ

(20 September 2012 ရက်စွဲပါ The Washington Post မှ House approves bill to ease restrictions on US aid to Myanmar through development banks ကိုဘာသာပြန်ဆိုသည်)

အမေရိကန်ကွန်ဂရက်၏ အကြီးဆုံးအစိတ်အပိုင်းဖြစ်သော House of Representatives(အောက်လွှတ်တော်) သည် မြန်မာနိုင်ငံအပေါ် အမေရိ ကန် အကူအညီများပေးခြင်းကို ကန့်သတ်ထားသည့် အရေးယူမှု ဥပဒေတစ်ခုကို ဖြေလျှော့ပေးရန် သဘောတူ ထောက်ခံလိုက်သည်။

အဆိုပါ ဥပဒေ ဖြေလျှော့ရန် ကိစ္စကို ဆီးနိတ်တွင် အတည်ပြုရန် ကျန်ရှိနေသေးပြီး ဖြေလျှော့ပြီးပါက အမေရိကန် အနေဖြင့် မြန်မာနိုင်ငံသို့ ကမ္ဘာ့ ဘဏ်၊ အာရှဖွံ့ဖြိုးရေး ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)တို့မှ တစ်ဆင့် ငွေကြေးအကူအညီများ ပေးနိုင်မည်ဖြစ်သည်။

အမေရိကန်သည် မြန်မာနိုင်ငံမှ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများကို ဆုလဒ်ပေးသည့် အနေဖြင့် ၎င်း၏ တင်းကြပ်သော စီးပွားရေးအရ အရေးယူမှုများကို ပြန်လည် ရုပ်သိမ်းလျက်ရှိသည်။

Houseသည် အဆိုပါ ခြေလျှော့မှုကို စက်တင်ဘာလ ၁၉ ရက်နေ့က အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ကွန်ဂရက်က အတိုက်အခံ ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်အား အမြင့်ဆုံး ဂုဏ်ပြုဆု ပေးအပ်ခဲ့ပြီး နာရီပိုင်း အကြာတွင် ဖြစ်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ခရီးစဉ်အတွင်း ကျန်ရှိသည့် အရေးယူမှုများ ဖြေလျှော့ရန် ထောက်ခံခဲ့သည်။

လက်ရှိအားဖြင့် မြန်မာနိုင်ငံအား ငွေချေးရန် အမေရိကန်က ဗီတိုဖြင့်ခွင့်ပြုနေရသည်။ မြန်မာနိုင်ငံသည် အဆိုပါဘဏ်များသို့ပေးရန်ရှိသည့် ကြွေးမြီ များ ကိစ္စရှင်းလင်းမှသာ ငွေချေးခြင်းများ ပြန်လည်ပြုလုပ် နိုင်မည်ဖြစ်သည်။

---------------------------------------------------------------------------------------------------------------

Xi Jinping က နယ်မြေအငြင်းပွားမှုအတွက် ဂျပန်အားသတိပေး

(19 September 2012 ရက်စွဲပါ BBC News မှ Xi Jinping warns Japan over East China Sea dispute ကိုဘာသာပြန်ဆိုသည်)

ဂျပန်နိုင်ငံအနေဖြင့် ၎င်း၏ လုပ်ရပ်အပေါ် ထိန်းချုပ်သင့်ပြီး၊ တရုတ်၏  အချုပ်အခြာအာဏာကို ထိပါးနေမှုအား ရပ်တန်းကရပ်သင့်သည်ဟု အနာ ဂတ် တရုတ်ခေါင်းဆောင်ဖြစ်လာမည့် Xi Jinping ကသတိပေး ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပြန်သည်။

၎င်း၏ မှတ်ချက်များမှာ အရှေ့တရုတ် ပင်လယ်ပြင်ရှိ အငြင်းပွား ကျွန်းစုများကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံတွင် ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြင်းထန်စွာ ဖြစ်ပေါ်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ပုဂ္ဂလိက ပိုင်ရှင်များထံမှ ကျွန်းများကို တိုကျိုအစိုးရက ဝယ်ယူမှုသည် တရားမျှတမှုမရှိဘဲ ရယ်စရာကောင်းသည့် လုပ်ရပ်ဖြစ်သည်ဟု မစ္စတာ Xi Jinpingက ပြောကြားကြောင်း Xinhua သတင်းဌာနက ဖော်ပြသည်။

အဆိုပါ လုပ်ရပ်ကြောင့် တရုတ်နိုင်ငံ တစ်ဝန်းတွင် ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့သည်။ စက်တင်ဘာလ ၁၈ရက်နေ့(အင်္ဂါနေ့)က တရုတ်အရှေ့မြောက်သို့ ၁၉၃၁ခုနှစ်က ဂျပန်ဝင်ရောက်သော နှစ်ပတ်လည်နေ့ဖြစ်ရာ တင်းမာမှုများ မြင်တက်လျက်ရှိစဉ် အချို့သော ဂျပန်ဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများ တိုက် ခိုက်ခံခဲ့ရသည်။

ဘေဂျင်းမြို့တော်ရှိ ဂျပန်သံရုံးရှေ့တွင် ထောင်ပေါင်းများစွာသော ဆန္ဒပြသူများသည် ဂျပန်ဆန့်ကျင်ရေး ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြရာ အဓိကရုဏ်း နှိမ်နင်းရေး ရဲများက တန်းစီစောင့်ဆိုင်း နေခဲ့ရသည်။

ယခုအခါ တရုတ်-ဂျပန် နှစ်နိုင်ငံသည် ကျွန်းများကိစ္စနှင့် ပတ်သက်၍ ရေတပ်ချင်း ပဋိပက္ခဖြစ်မည်ကို စိုးရိမ်လာရသည်။ မစ္စတာ Xi Jingpingသည် ဘေဂျင်းသို့ ရောက်ရှိနေသော အမေရိကန် ကာကွယ်ရေးဝန်ကြီး Leon Panettaနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုတွေ့ဆုံခြင်းမှာ မစ္စတာ Xi အနေဖြင့် တစုံတရာ ရှင်းလင်းခြင်းမရှိဘဲ လူမြင်ကွင်းမှ နှစ်ပတ်ခန့်ပျောက်ဆုံးနေပြီးမှ ပထမဆုံး တရားဝင် တွေ့ဆုံ ခြင်းဖြစ်သည်။ အများရှေ့မှောက်မှ ၎င်းပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ ၎င်း၏ ကျန်းမာရေး အပေါ်လည်းကောင်း၊ နိုင်ငံရေးအရ လွန်ဆွဲမှုများနှင့် သော် လည်းကောင်း ကောလဟလများ ထွက်ပေါ်ခဲ့သည်။

သို့သော် မစ္စတာXiအား ကျန်းမာရေး ကောင်းမွန်စွာ တွေ့ရကြောင်း Mr Panettaက BBCသို့ ပြောကြားသည်။ "ကျွန်တော်သူ့ကို တွေ့ရတာ ကျန်းမာရေး ကောင်းရုံတင် မကပါဘူး။ ကျွန်တော်တို့ ဆွေးနွေးတဲ့ အရေးကိစ္စ တွေမှာလဲ ထဲထဲဝင်ဝင် ရှိတာကို တွေ့ရပါတယ်"ဟု Mr Panetta ကပြောဆို ပီး တွေ့ဆုံမှုတွင် သတ်မှတ်ထားသည့် အချိန်ထက် နာရီဝက်ပို၍ ကြာမြင့်ခဲ့ကြောင်း ပြောသည်။

တရုတ်အစိုးရ တာဝန်ရှိသူများက တိုကျိုနှင့် နယ်မြေအငြင်းပွားမှုတွင် အမေရိကန်အား ယခုအတိုင်း အလယ်တွင်သာ ဆက်လက်ရပ်တည်ရန် တောင်းဆိုခဲ့သည်။ အမေရိကန်၏ ပစိဖိတ်သို့ မဟာဗျူဟာ ပြောင်းလဲရွေ့လျား လာခြင်းသည် တရုတ်၏ပါဝါကို ကန့်သတ်ရန် ကြိုးစားခြင်း မဟုတ်ကြောင်း စက်တင်ဘာလ ၁၉ ရက်နေ့က Mr Panettaက တရုတ်အစိုးရကို အာမခံခဲ့သည်။

"ကျွန်တော်တို့ရဲ့ အာရှ- ပစိဖိတ်ဒေသမှာ ပြန်လည်ချိန်ညှိခြင်း လုပ်လာတာဟာ၊ တရုတ်နဲ့ ဆက်ဆံဖို့ ကြိုးစားတာသာဖြစ်ပြီး ပစိဖိတ်မှာ အဲဒီအ တွက် နေရာလေးချဲ့ထွင်လာတာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောကြားသည်။

"ဒါဟာ ပစိဖိတ်က ကျွန်တော်တို့ အင်အားကြီး နှစ်နိုင်ငံအကြား ဆက်ဆံရေး ပုံစံသစ်ဖန်တီးတာပါပဲ"ဟု၎င်းက သံချပ်ကာတပ် အင်ဂျင်နီယာ အ ကယ်ဒမီမှ ဗိုလ်လောင်းများအားပြောကြားသည်။

ကာကွယ်ရေးဝန်ကြီးက ပြောကြားရာတွင် ကမ္ဘာ့အကြီးဆုံး စီးပွားရေး နိုင်ငံနှစ်နိုင်ငံ အနေဖြင့် စစ်တပ်နှစ်ခုအကြား ပိုမိုအားကောင်းစွာ ပူးပေါင်းမှ သာ ဖြစ်လာနိုင်သည့် ပဋိပက္ခများကို ရှောင်ရှားနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

"ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ မလိုချင်တဲ့ တင်းမာမှုတွေ၊ ပဋိပက္ခတွေမှာ အငြင်းပွားမှုတွေ ဒါမှမဟုတ် နားလည်မှု လွဲတာတွေ မြင့်တက် မလာဖို့ပါပဲ"ဟု Mr Panettaက ပြောကြားသည်။

သတင်းထောက်များက ပြောကြားရာတွင် ၎င်း၏မှတ်ချက်မှာ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်နှင့် စစ်ရေးဆက်ဆံမှု တိုးတက်ရန် ဝါရှင်တန်၏ နောက်ဆုံးကြိုးပမ်းမှု ဖြစ်ကြောင်း၊ ယခင်က တရုတ်စစ်တပ်သည် အမေရိကန် ထိပ်တန်းပုဂ္ဂိုလ်များနှင့် ဆက်ဆံရေး တိုးမြှင့်ရန် တွန့်ဆုတ်နေခဲ့ ကြောင်း ပြောသည်။

******************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment