Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၃)

  1. မြန်မာနိုင်ငံလောင်စာဆီလက်လီအရောင်းလုပ်ငန်းထူထောင်ရန် PTT သဘောတူလက်မှတ်ထိုး

(Bangkok Post မှ oct 2012 ရက်စွဲပါ PTT Signs agreement to set to retail oil in Myanmar သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင်းမှ တင်းမာမှုပြဿနာ ပြန့်ပွားသွားနိုင်ကြောင်း ကုလအကြီးအကဲသတိပေး

(AFP News မှ 30 Sept 2012 ရက်စွဲပါ UN Chief Says Myanmar tensions could spread သတင်းကို ဘာသာပြန်ဆိုသည်)

  1. ပထမဆုံး လူသားချင်းစာနာမှုမစ်ရှင်အဖွဲ့ မြန်မာနိုင်ငံသို့ထွက်ခွာ

(Bernamaသတင်းမှ 29 sept 2012 ရက်စွဲပါ First team of Humanitarian mission to Myanmar departs Saturday သတင်းကိုဘာသာပြန်ဆိုသည်)

************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံလောင်စာဆီလက်လီအရောင်းလုပ်ငန်းထူထောင်ရန် PTT သဘောတူလက်မှတ်ထိုး

(Bangkok Post မှ oct 2012 ရက်စွဲပါ PTT Signs agreement to set to retail oil in Myanmar သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံစွမ်းအင်ကုမ္ပဏီ PTT က မြန်မာနိုင်ငံတွင် ပြည်တွင်းစီးပွားဖက်တစ်ဦးနှင့်လက်တွဲ၍ လက်လီလောင်ဆီအရောင်းလုပ်ငန်း ထူထောင်ရန် စီစဉ်မှုများ ပြုလုပ်သည်။

ယခုအစီအစဉ်တွင် PTT ၏ငါးနှစ်အတွင်း ဒေသတွင်းလောင်စာဆီ လက်လီလုပ်ငန်းရှင်ဖြစ်လာရေး ရည်မှန်းချက်ကို ဖြည့်ဆည်းပေးလိမ့်မည်ဟု လူထုဆက်ဆံရေးနှင့် နိုင်ငံတကာဈေးကွက်ဆိုင်ရာ ဒုတိယအမှုဆောင် ဥက္ကဋ္ဌအော်တာပိုရဖ်ဘီပွန်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် PTT Oil Maynmar Co အမည်ဖြင့် မှတ်ပုံတင်ရန်အတွက် ကုမ္ပဏီဒါရိုက်တာဘုတ်အဖွဲ့၏ခွင့်ပြုချက်ကို လောလောဆယ် စောင့်ဆိုင်းနေပြီး မြန်မာနိုင်ငံ၏လောင်စာဆီ လက်လီအရောင်းဆိုင်ကဏ္ဍကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား အချိန်ကိုက်တံခါးဖွင့်ပေးရန် သင့်တော်ချိန်ဟု ဆိုသည်။

PTT ၏မြန်မာနိုင်ငံကုမ္ပဏီခွဲသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏စည်းကမ်းအတိုင်း မတည်ငွေကျပ်ငါးသိန်းဖြင့် မှတ်ပုံတင်မည်ဟု မျှော်လင့်ရသည်။ ကုမ္ပဏီလုပ်ငန်းတွင် လောင်စာဆီ လက်လီလက်ကားရောင်းချခြင်း၊ သိုလှောင်ကန်များနှင့် ပို့ဆောင်ရေးစနစ်များ ပါဝင်သည်။

လတ်တလော PTT ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် အရောင်းကိုယ်စားလှယ်တစ်ဦးမှတစ်ဆင့် စက်ဆီ၊ ချောဆီ ဖြန့်ဖြူးခြင်းနှင့် နယ်စပ်ဖြတ်ကူး လောင်စာဆီတင်ပို့ခြင်း တို့ကိုလုပ်ကိုင်နေသည်။

PTTEP  စွမ်းအင်ကုမ္ပဏီသည် လည်း မြန်မာနိုင်ငံတွင် ရေနံဓါတ်ငွေ့ရှာဖွေရေးကဏ္ဍတွင် အဓိကရင်းနှီးမြှုပ်နှံမှုများပြုလုပ်ထားပြီးဖြစ်သည်။

မစ္စတာအော်တာဖိုက “မြန်မာနိုင်ငံရဲ့လောင်စာဆီ လက်လီလုပ်ငန်းဟာ အရမ်းအလားအလာကောင်းပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ တိုးရစ် ခရီးသွားကဏ္ဍကို တံခါးဖွင့်ပေးပြီးရင် ဝယ်လိုအားတစ်ဟုန်ထိုးတက်လာမယ်လို့ မျှော်လင့်ရပါတယ်”ဟု ပြောကြားသည်။

လတ်တလောတွင် မြန်မာနိုင်ငံ၏ နှစ်စဉ်တစ်ဦးချင်း လောင်စာဆီသုံးစွဲမှုနှုန်း ၃၈ လီတာသည် အိမ်နီးချင်းကမ္ဘောဒီးယားမှ ၁၄၀ လီတာ၊ ထိုင်းနိုင်ငံ မှ ၇၀၀ လီတာ နှုန်းတို့ထက်များစွာလျော့နည်းနေသည်။ မြန်မာနိုင်ငံတွင် တစ်နှစ်လျှင်လောင်စာဆီ ၂.၄ ဘီလီယံလီတာ         သုံးစွဲနေသည်။

PTTကုမ္ပဏီသည် မြန်မာနိုင်ငံမှစီးပွားရေးအခွင့်အလမ်းများကို လေ့လာရန်အတွက် မြန်မာစီးပွားမိတ်ဖက် Denko Trading နှင့် ယခုလအတွင်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားသည်။

မြန်မာကုမ္ပဏီ Denko သည် ရန်ကုန်တွင်လက်လီဆိုင် ၁၅ ဆိုင်ဖွင့်လှစ်ထားပြီး ဆီသိုလှောင်ကန်များထားရှိရန် မြေဧက ၆၀ ခန့်ကိုစီစဉ် ပြင်ဆင်လျက် ရှိသည်။

ကနဦးလေ့လာမှုများပြီးစီးရန် ၆ လခန့် ကြာမြင့်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် PTTအမှတ်တံဆိပ်ကိုအသုံးပြု၍ စီးပွားရေးလုပ်ငန်းထူထောင်ရန် မျှော်လင့်ထားသည်ဟု မစ္စတာအော်တာပိုက ပြောကြားသည်။

PTT သည်မြန်မာနိုင်ငံ၏ စက်ဆီ၊ ချောဆီလုပ်ငန်းတွင် ဒုတိယအကြီးဆုံးဖြစ်လာအောင်ရည်မှန်းထားသည်။ လတ်တလောတွင် ထိုင်းနိုင်ငံထုတ် Trane က ၃၀% ၊ ယူအေအီးထုတ် Falcon က ၁၈ % နှင့် PTTက ၁၅% အသီးသီးျေးကွက်ဝေစု ရရှိထားပသါသည်။

PTT အုပ်စုသည် လာအိုနှင့် ကမ္ဘောဒီးယားတွင်လည်းခြေချထားပြီးဖြစ်ကာ ယင်းနှစ်နိုင်ငံ၏ လက်လီလောင်စာအရောင်းနယ်ပယ်တွင် ဘတ်ငွေ သန်း ၈၀၀ ရင်းနှီးမြှုပ်နှံရန်စီစဉ်လျက်ရှိသည်။

PTT လာအို ၊ PTT ကမ္ဘောဒီးယား ၊ ကုမ္ပဏီများမှတဆင့် လာအိုတွင်လက်လီဆိုင် ၆၀ ၊ ကမ္ဘောဒီးယားတွင် လက်လီဆိုင် ၄၅ ဆိုင် အထိ တိုးမြှင့်ဖွင့်လှစ်သွားမည်ဟု ဆိုသည်။

ဖိလစ်ပိုင် လောင်စာဆီလုပ်ငန်းတွင်လည်း လက်ရှိ ၄၅ ဆိုင်ဖွင့်လှစ်ထားရာမှ ထပ်မံတိုးချဲ့ရန် စီစဉ်နေသည်ဟုPTT တာဝန်ရှိသူက ပြောကြား သည်။

စတော့ဈေးကွက်အတွင်း ရောင်းဝယ်မှုတန်ဖိုးဘတ်ငွေ ၉၁၀.၇ သန်းခန့်ရှိသော PTT ရှယ်ယာများသည် သောကြာနေ့တွင် တစ်စုလျှင် ၃၂၉ ဘတ်ဖြင့် အပြောင်းအလဲမရှိ ဈေးနှုန်းပိတ်ခဲ့သည်။

                                                            *****************************************************

မြန်မာနိုင်ငံတွင်းမှ တင်းမာမှုပြဿနာ ပြန့်ပွားသွားနိုင်ကြောင်း ကုလအကြီးအကဲသတိပေး

(AFP News မှ 30 Sept 2012 ရက်စွဲပါ UN Chief Says Myanmar tensions could spread သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံရခိုင်ပြည်နယ်မှ မွတ်စလင်-မြန်မာအဓိကရုဏ်းသည် တိုင်းပြည်၏အထင်ကရ ပြုပြင်ပြောင်းလဲမှုကိုထိခိုက်စေနိုင်ပြီး နယ်စပ်ဖြတ်ကူး ပြန့်နှံ့သွားနိုင်သည်ဟု ကုလအကြီးအကဲဘန်ကီမွန်းက စနေနေ့တွင် သတိပေးပြောကြားသည်။

အသက်ဆုံးရှုံးမှုများရှိခဲ့သည့် အကြမ်းဖက်အဓိကရုဏ်းအပေါ် အရေးတယူဆောင်ရွက်ပေးရန် မွတ်စလင်ခေါင်းဆောင်များက ကုလအထွေထွေညီလာခံတွင် သိသိသာသာတောင်းဆိုမှုများ ပြုလုပ်ခဲ့သောကြောင့် ကုလအကြီးအကဲ ဘန်ကီမွန်း၊ မြန်မာသမ္မတဦးသိန်းစိန်နှင့် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အကြီးအကဲတို့ ဆွေးနွေးပွဲကျင်းပခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အရှိန်အဟုန်မြင့်ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်လျက်ရှိသူ သမ္မတဦးသိန်းစိန်က ပဋိပက္ခ၏နောက်ဆက်တွဲ ပြဿနာများကို ဂရုတစိုက်ကိုင်တွယ်သွားမည်ဟု ဘန်ကီမွန်းအားကတိပေးကြောင်း ကုလပြောရေးဆိုခွင့်ရှိသူ မာတင်နီဆာကီက ပြောကြားသည်။

ရခိုင်ပြည်ကိစ္စ၏ ကျယ်ပြန့်သောသက်ရောက်မှုသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် တစ်ခုလုံးအပေါ်တွင်သာမကပဲ အခြားတိုင်းပြည်များကိုပါ ထိခိုက်နိုင်သောကြောင့် ဂရုတစိုက်ကိုင်တွယ်ရန်လိုအပ်သည်ဟုဘန်ကီမွန်းက အဖွဲ့ဝင် ၅၇ နိုင်ငံ OIC အဖွဲ့၏ အတွင်းရေးမှူးချုပ် အက္ကမီလီဒင်းအစ္စနိုဂလူးကို ပြောကြားခဲ့သည်။ မြန်မာအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ဇွန်လက ဗုဒ္ဓဘာသာ၊ ရခိုင်များနှင့် မွတ်စလင်များ ဖြစ်ပွားခဲ့သော အဓိကရုဏ်းများအတွင်း လူပေါင်း ၉၀ ခန့်သေဆုံးခဲ့သည်ဟု တရားဝင်ကိန်းဂဏန်းများကဆိုသော်လည်း ထိုထက်ပိုများနိုင်သည်ဟု လူ့အခွင့်အရေး အုပ်စုများက ပြောကြားထားသည်။

လုံခြုံရေးတပ်ဖွဲ့များက ရိုဟင်ဂျာမွတ်စလင်များကို ပစ်ခတ်ခဲ့သည် ဟု HRW အဖွဲ့က စွပ်စွဲခဲ့သော်လည်း မြန်မာအစိုးရက ပယ်ချခဲ့သည်။

မြန်မာနိုင်ငံအတွင်းမှ ခန့်မှန်းခြေ ရိုဟင်ဂျာ ၈သိန်းခန့်သည် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ တရားမဝင် ရွှေ့ပြောင်းနေထိုင်ကြသော ဘင်္ဂါလီများစု မြန်မာအစိုးရနှင့် မြန်မာပြည်သူအများစုက သတ်မှတ်ပြောဆိုလျက်ရှိသည်။

သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာများ နယ်စပ်ဖြတ်ကူးဝင်ရောက်မှုကို ပိတ်ပင်လိုက်ပြီး ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်းမှ ရိုဟင်ဂျာ နှစ်သိန်းခန့်ကို ကူညီစောင့်ရှောက်ပေးနေသော ကယ်ဆယ်ရေးအေဂျင်စီများကိုလည်း တားဆီးထားသည်။ ယင်းလုပ်ရပ်သည် ရိုဟင်ဂျာများ မြန်မာနိုင်ငံဖက်တွင်နေကြဟုဆိုလိုခြင်းဖြစ်ကြောင်း နယူးယောက်အခြေစိုက် HRW အဖွဲ့ကပြောကြားသည်။

ဘန်ကီမွန်းနှင့် ဦးသိန်းစိန်တို့သည် ရခိုင်ပြည်နယ်ကိစ္စနှင့် ပတ်သက်၍ ပြဿနာရင်းမြစ်ကိုဖြေရှင်းရေးနှင့် နှစ်ဖက်အသိုင်းအ၀ိုင်းအကြား ဟာမိုနီဖြစ်အောင်အားပေးနိုင်မည့် ရေတိုရေရှည်ရှုဒေါင့်အမြင်များကို ဆွေးနွေးခဲ့သည်ဟု နာဆာကီ ကပြောကြားသည်။

ဒီကိစ္စရဲ့ရှုပ်ထွေးတဲ့ ရေရှည်အကျိုးဆက်တွေကို မြန်မာနိုင်ငံက ဖြေရှင်းသွားမယ်လို့ သမ္မတက အခိုင်အမာပြောကြားပါတယ်ဟု နာဆာကီက ဆိုသည်။

ထို့ပြင် နိုင်ငံမြောက်ပိုင်းမှ ကချင်လက်နက်ကိုင်များနှင့် အစိုးရတပ်များစစ်ဖြစ်နေခြင်းကို အဆုံးသတ်နိုင်ဖို့ အားထည့်ကြိုးပမ်းရန် ဘန်ကီမွန်းက တိုက်တွန်းခဲ့သည်။

“ကုလအထွေထွေအတွင်းရေးမှူးချုပ်က မြန်မာသမ္မတရဲ့ နိုင်ငံရေးအမြင်နဲ့ ဦးဆောင်မှုကို ထောက်ခံအားပေးပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နဲ့ အကောင်အထည်ဖော်ကြိုးပမ်းမှုတွေအပေါ်မှာ ဆက်လက်အာရုံစူးစိုက်သွားဖို့ တိုက်တွန်းအားပေးစကားပြောကြားခဲ့ပါတယ်”ဟု နီဆာကီ က ထုတ်ပြန် ပြောကြားသည်။  

                                                        ************************************************

ပထမဆုံး လူသားချင်းစာနာမှုမစ်ရှင်အဖွဲ့ မြန်မာနိုင်ငံသို့ထွက်ခွာ

(Bernamaသတင်းမှ 29 sept 2012 ရက်စွဲပါ First team of Humanitarian mission to Myanmar departs Saturday သတင်းကိုဘာသာပြန်ဆိုသည်)

ပူထရာဝမ်း မလေးရှားကလပ်၏အဖွဲ့ဝင် ၁၄ ဦးပါ လူသားချင်းစာနာမှုမစ်ရှင်အဖွဲ့သည် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာမျိုးနွယ်စုများကို အကူအညီ ပေးရန်အတွက် စနေနေ့တွင် မလေးရှားမှထွက်ခွာသွားကြသည်။

အဆိုပါမစ်ရှင်အဖွဲ့သည် ရခိုင်ပြည်နယ်အနေအထားနှင့် ပတ်သက်သည့် အချက်အလက်များကို ကောက်ယူမည်ဖြစ်ပြီး အစောပိုင်းက ဆီနာဘီမာ ကုန်သင်္ဘောဖြင့် ပေးပို့ထားသောစားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အခြားကယ်ဆယ်ရေးပစ္စည်းများ တန်ချိန် ၅၀၀ ခန့်အားဖြန့်ဝေမှုကို စောင့်ကြည့်လေ့လာကြမည်ဟု ပူထရာဝမ်းကလပ် ဥက္ကဋ္ဌအတွက် အဗ္ဗဒူလ်အဇီးဇ်က ပြောကြားသည်။

“မြန်မာနိုင်ငံကိုသွားဖို့ အဆင်ပြေမယ့်အချိန်ကို အောက်တိုဘာ ၃ ရက်နေ့မှာ ဒီမစ်ရှင်က ကျွန်တော်တို့ဆီကို အကြောင်းကြားပါလိမ့်မယ်”ဟု ၄င်းက သတင်းထောက်များအား ပြောကြားသည်။

Ummo Supreme Council တွင်လည်း အဖွဲ့ဝင်တစ်ဦးဖြစ်သူ အဗ္ဗဒူလ်အဇိးဇ်က “၄င်းမစ်ရှင်အဖွဲ့တွင် ဆေးကုသမှုတာဝန်ခံ ဒေါက်တာ အယ်လဝီအဗ္ဗဒူရာမင်၊ မီဒီယာတာဝန်ခံ အာမက်ဇိုင်နီခါမာရူဇာမန်၊ စေတနာ့ဝန်ထမ်း အဖွဲ့ခေါင်းဆောင် ဖရစ်ဟာဆန်တို့ပါဝင်သည်” ဆက်လက်ပြောကြားသည်။

ဒုတိယကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၀ ရက်နေ့တွင် ပြန်လာရန်စီစဉ်ထားပြီး ယခုကူညီထောက်ပံ့ မှုများကို ရိုဟင်ဂျာ မွတ်စလင်များကိုသာပေးရန် ကန့်သတ်ထားခြင်းမရှိဘဲ အခြားလိုအပ်သူများကိုလည်း ကူညီပေးသွားမည်ဖြစ်သည်ဟု ၄င်းကဆက်လက်ပြောကြားသည်။

*******************************************************************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment