Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. လာမည့် စိန်ခေါ်မှုများကိုရင်ဆိုင်ရန် ကုလပံ့ပိုးမှု မြန်မာရနိုင်မည်

(UN News Centre မှ 28 Sept 2012 ရက်စွဲပါ “Myanmar can count UN Support to face challenges ahead, says envoy”သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြောက်ကိုရီးယား-မြန်မာဆက်ဆံရေး ရပ်စဲရန် အမေရိကန်၏ တောင်းဆိုမှုအပေါ် မြောက်ကိုရီးယားတို့ ပြင်းထန်စွာကန့်ကွက်

(28 Sept 2012 ရက်စွဲပါ The Korea Times မှ NK denounces US efforts to end North-Myanmar ties ကိုဘာသာပြန်ဆိုသည်)            

  1. ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် လက်သင့်ခံမည်ဖြစ်ကြောင်း ဦးသိန်းစိန်ပြောကြား

(BBC သတင်းဌာနမှ 29 September 2012 ရက်စွဲပါ Burma's Thein Sein 'would accept Suu Kyi as president' ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံမှ သွင်းကုန်ပိတ်ပင်ကန့်သတ်မှု အမေရိကန်ဖယ်ရှားလိုက်မှုကြောင့် Yoma နှင့် Interra ကုမ္ပဏီတို့၏ စတော့ရှယ်ယာနှုန်းများမြင့်တက်

(Stock News Singapore မှ 27 September 2012 ရက်စွဲပါ Yoma, Interra up on US plans to ease Myanmar import ban ကိုဘာသာပြန်ဆိုသည်)

************************************************************

ဘာသာပြန်သတင်းများ

လာမည့် စိန်ခေါ်မှုများကိုရင်ဆိုင်ရန် ကုလပံ့ပိုးမှု မြန်မာရနိုင်မည်

(UN News Centre မှ 28 Sept 2012 ရက်စွဲပါ “Myanmar can count UN Support to face challenges ahead, says envoy”သတင်းကိုဘာသာပြန်ဆိုသည်)

ကုလသမဂ္ဂသည် မြန်မာနိုင်ငံရင်ဆိုင်နေရသာ စိန်ခေါ်မှုအမျိုးမျိုးကို ဖြေရှင်းရန်အတွက် မြန်မာပြည်သူများကို အကူအညီဆက်တိုက် ပေးသွားမည်ပာု ကုလအကြီးတန်းတာဝန်ရှိသူက မနေ့ကပြောကြားသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တစ်ခုလုံးနှင့် လက်ရှိတိုးတက်ပြောင်းလဲမှုများကို ဆွေးနွေးကြသော မြန်မာနိုင်ငံဆိုင်ရာ မိတ်ဆွေများ အဖွဲ့၏ထိပ်ပိုင်းအဆင့် အစည်းအဝေးသို့ တက်ရောက်လာသူများထဲတွင် ကုလအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံအထူးအကြံပေး ဗီဂျေနမ်ဘီးယားလည်း ပါဝင်သည်။

၆၇ ကြိမ်မြောက် ကုလအထွေထွေညီလာခံ အဝန်းအဝိုင်းတွင်ကျင်းပခဲ့သော အစည်းအဝေးအပြီးတွင် ဗီဂျေးနမ်ဘီယားက “မြန်မာအစိုးရ လုပ်ဆောင်ခဲ့တဲ့ တိုးတက်ပြောင်းလဲကို ကျွန်တော်တို့ အသိအမှတ်ပြုခဲ့ကြပါတယ်”ပာု သတင်းထောက်များအား ပြောကြားသည်။

“မြန်မာနိုင်ငံပာာ ဒီမိုကရေစီအင်စတီကျူးရှင်းတွေ အားကောင်းအောင်၊ တိုင်းပြည်ထဲက လူမျိုးကွဲ၊ ဘာသာကွဲအုပ်စုတွေနဲ့ ငြိမ်းချမ်းရေးရအောင် ဆက်လက် လုပ်ဆောင်လိမ့်မယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ ဒီနိုင်ငံ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊ လူသားချင်းစာနာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးစိန်ခေါ်မှု အမျိုးမျိုးကို မြန်မာပြည်သူတွေ ဖြေရှင်းနိုင်အောင် ကုလအဖွဲ့က သူတက်နိုင်တဲ့အပိုင်းကနေ ဆက်လက်ကူညီသွားမှာပါ”ပာု ဗီဂျေးနမ်ဘီးယားက ရှင်းလင်း ပြောကြားသည်။

စစ်အုပ်ချုပ်ရေးဖျက်သိမ်းထားသော မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန် ဦးဆောင်သောအစိုးရက ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို ဆက်တိုက် အကောင်အထည်ဖော်လျက်ရှိသည်။ ၎င်းအပြောင်းအလဲများထဲတွင် ယခင်အစိုးရလက်ထက်က အထိန်းသိမ်းခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးခဲ့သော ကြားဖြတ်ရွေးကောက်ပွဲကျင်းပမှုပါဝင်သည်။ ဒုတိယအကျော့ ပြုပြင်ပြောင်းလဲမှုများတွင် စီးပွားရေးကဏ္ဍ ပြင်ဆင်ခြင်းကို ဦးစားပေးမည်ပာု ဇွန်လက ကြေညာထားသည်။

ယမန်နေ့က ကုလသမဂ္ဂညီလာခံတွင် မိန့်ခွန်းပြောကြားရာ၌ သမ္မတဦးသိန်းစိန်က “မြန်မာနိုင်ငံသည် ဒီမိုကရေစီကူးပြောင်းမှု တိုးတက်အောင် ပြုလုပ်နေစဉ်ကာလတွင် စိန်ခေါ်မှုမြောက်များစွာကို ရင်ဆိုင်နေရသောကြောင့်၊ မြန်မာပြည်သူများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံး၏ အားပေးထောက်ခံမှု၊ သည်းခံစိတ်ရှည်မှုတို့ကို လိုအပ်လိမ့်မည်”ပာု ပြောကြားသွားခဲ့သည်။

                                                                    ***************************************

မြောက်ကိုရီးယား-မြန်မာဆက်ဆံရေး ရပ်စဲရန် အမေရိကန်၏ တောင်းဆိုမှုအပေါ် မြောက်ကိုရီးယားတို့ ပြင်းထန်စွာကန့်ကွက်

(28 Sept 2012 ရက်စွဲပါ The Korea Times မှ NK denounces US efforts to end North-Myanmar ties ကိုဘာသာပြန်ဆိုသည်)

မြောက်ကိုရီးယားသည် သောကြာနေ့က အမေရိကန်က မြန်မာနိုင်ငံအား ကွန်မြူနစ်မြောက်ကိုရီးယားနှင့် ဆက်ဆံရေးရပ်ဆိုင်းရန် မကြာမီက တောင်းဆိုခဲ့ခြင်းနှင့်ပတ်သက်၍ ပြင်းထန်စွာကန့်ကွက်ပြောကြားခဲ့သည်။

“ပထမတော့ စစ်ရေးအရဆက်ဆံရေးတွေ ဖြတ်တောက်ဖို့တောင်းဆိုခဲ့ပါတယ်။ အခုတော့ အမေရိကန်က ကျွန်တော်တို့နဲ့ဆက်ဆံရေး ရပ်ဆိုင်းဖို့ ဗြောင်ကျကျဖိအားပေးလာပါပြီ။ ကျွန်တော်တို့ကိုလည်း မကောင်းတဲ့မိတ်ဆွေ(Bad Friend)အဖြစ် တံဆိပ်ကပ်ပါတယ်”ပာု မြောက်ကိုရီးယား နိုင်ငံခြားရေးရာ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြောင်း မြောက်ကိုရီးယား အစိုးရပိုင် Korean News Agency က သတင်းရေးသားခဲ့သည်။

မြောက်ကိုရီးယားဆန့်ကျင်ရေးအတွက် အမေရိကန်က မြန်မာနိုင်ငံအား တောင်းဆိုမှုကို ပြင်းထန်စွာကန့်ကွက်ခဲ့ပြီး မကောင်းသောမိတ်ဆွေ(bad friend)ဆိုသည့် တံဆိပ်သည် အမေရိကန်နှင့်သာ ထိုက်တန်ကြောင်း မြောက်ကိုရီးယားကပြောသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်သည် စက်တင်ဘာလက မြန်မာသမ္မတဦးသိန်းစိန်နှင့် လည်းကောင်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ မြောက်ကိုရီးယားနှင့်ဆက်ဆံရေးအတွက် စွပ်စွဲထားမှုများအပေါ် စိုးရိမ်ကြောင်း ဖွင့်ပာခဲ့သည်။

အကယ်၍ မြန်မာနိုင်ငံသည် သံသယရှိနေသော မြောက်ကိုရီးယားနှင့်ဆက်ဆံရေးသန့်ရှင်းသွားပါက အမေရိကန်သည် အရေးယူမှုများ ဖြေလျော့ရန်ဆန္ဒရှိကြောင်း ကလင်တန်က ထုတ်ဖော်ပြောကြားခဲ့သည်။

“အမေရိကန်ရဲ့ မြောက်ကိုရီးယားအပေါ် မိတ်ဆွေမပီသစွာ ခွဲခြားဆက်ဆံသည့် မူဝါဒပာာ နည်းနည်းမှမပြောင်းလဲသေးပါဘူး”ပာု မြောက်ကိုရီးယားပြောခွင့်ရပုဂ္ဂိုလ်က နိုင်ငံပိုင်သတင်းဌာနသို့ ပြောသည်။

အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က မြောက်ကိုရီးယားအပေါ် အမေရိကန်၏ ရပ်တည်ချက်ကိုပြောင်းရန် တောင်းဆိုရာ၌ “တကယ်လို့ အမေရိကန်ပာာ သူရဲ့ရန်လိုတဲ့ ခေတ်မမှီတဲ့ မြောက်ကိုရီးယားဆန့်ကျင်ရေး မူဝါဒကိုဆက်ပြီးဖက်တွယ်ထားမယ်ဆိုရင်တော့ ကိုရီးယားကျွန်းဆွယ်မှု အမေရိကန်တို့ ရှိနေနိုင်လိမ့်မယ် မပာုတ်ပါဘူး”ပာု ဆိုခဲ့သည်။

                                **********************************************************

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် လက်သင့်ခံမည်ဖြစ်ကြောင်း ဦးသိန်းစိန်ပြောကြား

(BBC သတင်းဌာနမှ 29 September 2012 ရက်စွဲပါ Burma's Thein Sein 'would accept Suu Kyi as president' ကိုဘာသာပြန်ဆိုသည်)

အကယ်၍ ပြည်သူလူထုကသာ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးကြသည်ဆိုပါက မိမိအနေဖြင့် ၎င်းအားသမ္မတအဖြစ် လက်သင့်ခံသွားမည် ဖြစ်သည်ဟု မြန်မာသမ္မတဦးသိန်းစိန်က BBC သို့ ပြောသည်။

လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲ၌ ပြည်သူလူထုက မည်သူမည်ဝါကို ရွေးကောက်တင်မြှောက်သည်ဖြစ်စေ ၎င်းတို့၏ ဆန္ဒသဘောထားကို အလေးထားသွားမည်ဖြစ်သည်ဟု ဦးသိန်းစိန်ကအခိုင်အမာ ပြောဆိုသည်။

မိမိအနေဖြင့် တိုင်းပြည်၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်များကို ဆုံးဖြတ်ထားသည့်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မိမိသည် အတူပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံကို ဆယ်စုနှစ်များစွာအုပ်ချုပ်ခဲ့သည့် စစ်အစိုးရခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သူ ဦးသိန်းစိန်သည် အရပ်သားများဦးဆောင်သော အစိုးရပီပြင်စွာ ပေါ်ပေါက်လာရေးနှင့် ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာရေးတို့အတွက် ထူးခြားသည့်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည်။

၎င်းသည် လွန်ခဲ့သည့်နှစ်ရက်ခန့်က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ကျင်းပသည့် ကုလသမဂ္ဂထွေထွေညီခံ၌ ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ကွန်ဂရက်၏ ရွှေတံဆိပ်ဆုချီးမြှင့်ခြင်းခံရမှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားသည်။

BBC သတင်းဌာန၏ Hardtalk အစီအစဉ်၌ အင်တာဗျူးပြုလုပ်ရာတွင် နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် မြန်မာသမ္မတ  ဖြစ်လာနိုင်သည့် အလားအလာရှိမှုနှင့်ပတ်သက်၍ပင် ထည့်သွင်းပြောဆိုသွားသည်။

"ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်ခေါင်းဆောင် ဖြစ်လာမယ်၊ မဖြစ်ဘူးဆိုတဲ့ကိစ္စဟာ ပြည်သူတွေရဲ့ဆန္ဒအပေါ်မှာ မူတည်ပါတယ်။ တကယ်လို့ ပြည်သူတွေက သူမကိုလက်ခံတယ်ဆိုရင် ကျွန်တော်လည်း လက်ခံမှာပါ"ဟု သမ္မတ ဦးသိန်းစိန်ကပြောသည်။

"ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော့်အကြားမှာ ပြဿနာတစ်ခုမှ မရှိပါဘူး။ ကျွန်တော်တို့ အတူလက်တွဲပြီး အလုပ်လုပ်နေကြတာပါ"ပာု ၎င်းက ဆက်လက်ပြောသည်။

သို့သော် လွှတ်တော်တွင် နေရာအများစုရယူထားသည့် စစ်တပ်(တပ်မတော်)အနေဖြင့် တိုင်းပြည်၏နိုင်ငံရေးတွင် အဓိကကျသော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်သွားမည်ဖြစ်ကြောင်း ဦးသိန်းစိန်က ဖြည့်စွက်ပြောဆိုသည်။

ယခုရက်သတ္တပတ်အတွင် ဦးသိန်းစိန်၏ မှတ်ချက်ပေးပြောဆိုမှုများမှာ ၂၀၁၁ ခုနှစ်၊ စစ်အစိုးရအဖွဲ့ ဖျက်သိမ်းပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေး ခေါင်းဆောင်ပိုင်းထံမှ နွေးထွေးမှုအရှိဆုံးသော မှတ်ချက်များပင်ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံသည် ရိုဟင်ဂျာမွတ်စလင်နှင့် ရခိုင်ဗုဒ္ဓဘာသာဝင်များအကြား ပဋိပက္ခအပါအဝင် ယနေ့အချိန်အထိ ပြဿနာပေါင်းများစွာနှင့် ရင်ဆိုင် နေရဆဲဖြစ်သည်။ သမ္မတဦးသိန်းစိန်သည် ပြည်တွင်းပဋိပက္ခများ အဆုံးသတ်ရေးအတွက် ထပ်ခါတလဲလဲ ကတိကဝတ်ပြုပြောဆိုထားသည်။ သို့သော် ရခိုင်ပြည်နယ်တွင်း ပြဿနာများအတွက် ဖြစ်နိုင်ခြေရှိသော အဖြေထွက်ပေါ်ရန် ၎င်းသာမက ဒေါ်အောင်ဆန်းစုကြည်ပါ ဆောင်ကြဉ်းနိုင်ခြင်းမရှိပေ။

ဤအတောအတွင်းမှာပင် မြန်မာနိုင်ငံအပေါ် ပြဋ္ဌာန်းထားသည့် ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးရန် ဦးသိန်းစိန်က ထပ်မံမေတ္တာရပ်ခံ လိုက်သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကမူ မြန်မာနိုင်ငံမှ ပို့ကုန်ပိတ်ပင်ကန့်သတ်မှုအား ဖယ်ရှားပေးမည်ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

                                                                  *********************************************

မြန်မာနိုင်ငံမှ သွင်းကုန်ပိတ်ပင်ကန့်သတ်မှု အမေရိကန်ဖယ်ရှားလိုက်မှုကြောင့် Yoma နှင့် Interra ကုမ္ပဏီတို့၏ စတော့ရှယ်ယာနှုန်းများမြင့်တက်

(Stock News Singapore မှ 27 September 2012 ရက်စွဲပါ Yoma, Interra up on US plans to ease Myanmar import ban ကိုဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံမှပို့ကုန်တင်သွင်းမှုအား ကန့်သတ်ပိတ်ဆို့ထားမှုကို ဖယ်ရှားပေးလိုက်သည့်သတင်း ထွက်ပေါ်လာပြီး နောက် Yoma Strategic Holding Ltd ကဲ့သို့ စင်ကာပူမှတ်ပုံတင် မြန်မာကုမ္ပဏီများ၏ စတော့ရှယ်ယာနှုန်းထားများ မြင့်တက်သွားသည်။

Yoma ၏ရှယ်ယာမှာ ၉ ရာခိုင်နှုန်း(၀ ဒဿမ ၄၈၅ဒေါ်လာ)မြင့်တက်သွားပြီး ရှယ်ယာ ၅၂ ဒဿမ ၇ သန်း ရောင်းချခဲ့ရသည်။ မြန်မာအခြေစိုက် စွမ်းအင်ကုမ္ပဏီဖြစ်သော Interra Resources Ltd မှာ ၅ ဒဿမ ၁  ရာခိုင်နှုန်း(ဝ ဒဿမ ၄၁၅ ဒေါ်လာ)မြင့်တက်သွားကာ ရှယ်ယာ ၂၀ ဒဿမ ၃ သန်း ရောင်းချခဲ့ရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က သမ္မတဦးသိန်းစိန်နှင့် ဗုဒ္ဓဟူးနေ့ကတွေ့ဆုံရာတွင် "အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံမှတင်ပို့သော ကုန်ပစ္စည်းများကန့်သတ်ပိတ်ပင်ထားမှုကို ဖြေလျှော့ပေးမည်ဖြစ်ကြောင်း"ပြောကြားသည်။ ထိုသို့ ဖယ်ရှားပေးမှုသည် နှစ်ပေါင်းများစွာ နိုင်ငံရေးနှင့် စီးပွားရေးအရ အထီးကျန်ဖြစ်ခဲ့သည့် မြန်မာနိုင်ငံအတွက် ကြီးမားသောအကူအညီ အထောက်ပံ့တစ်ခုဖြစ်သည်။

"ဒီသတင်းဟာ မြန်မာ့စီးပွားရေးလုပ်ငန်းတွေအတွက် အပြုသဘောဆောင်တဲ့ သတင်းကောင်းတစ်ခုပါပဲ။ မြန်မာစီးပွားရေးလုပ်ငန်းတွေအနေနဲ့ ပွင့်လင်းလာတဲ့ ဈေးကွက်နဲ့ ကုန်သွယ်မှုတွေကြောင့် ကြီးမားတဲ့အကျိုးအမြတ်တွေ ရရှိနိုင်မှာဖြစ်ပါတယ်"ဟု ပြည်တွင်းမှကုန်သည်တစ်ဦးက ဆိုသည်။

*******************************************************************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment