Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံ၏ တိုးတက်သောအမြင်

(2 October 2012 ရက်စွဲပါ Khaleej Time မှ ခေါင်းကြီးပိုင်းဖြစ်သော Myanmar’s Progressive insight ကိုဘာသာပြန်ဆိုသည်)

  1. ဦးသိန်းစိန်၏ စကားကပြသနေသော နိုင်ငံရေးပရိယာယ်

(Gulf News မှ 1 Oct 2012 ရက်စွဲပါ TheinSein overture shows political guile သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

  1. ဦးသိန်းစိန်၏ခရီးစဉ်တွင် အမေရိကန်နှင့် ဆက်ဆံရေးကိုမြှင့်တင်

(China Daily မှ 2.Oct 2012 ရက်စွဲပါ TheinSein trip boosts ties with U.S သတင်းကို ဘာသာပြန်ဆိုသည်)

  1. စက်တင်ဘာလတွင်လည်း တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုကျုံဝင်နေဆဲ

(1 October 2012 ရက်စွဲပါ BBC News မှ China manufacturing activity shrinks again in September ကိုဘာသာပြန်ဆိုသည်)

************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံ၏ တိုးတက်သောအမြင်

(2 October 2012 ရက်စွဲပါ Khaleej Time မှ ခေါင်းကြီးပိုင်းဖြစ်သော Myanmar’s Progressive insight ကိုဘာသာပြန်ဆိုသည်)

မြန်မာအစိုးရသည် တမူထူးခြားစွာ ခွဲထွက်စဉ်းစားလျက်ရှိသည်။ လာမည့် နိုင်ငံခေါင်းဆောင်အဖြစ် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဦးသိန်းစိန်က လက်ခံကြောင်းမှတ်ချက်ပေးခဲ့ရာ နောက်ကွယ်မှ အဓိပ္ပါယ်များစွာပါရှိနေသည်။ အဆိုပါ ရပ်တည်ချက်သည် မြန်မာနိုင်ငံတွင် ယခုမှ ဖွံ့ဖြိုးစဒီမိုကရေစီယဉ်ကျေးမှုကို ပိုမိုအားကောင်းအောင် လမ်းခင်းပေးခြင်းကြောင့် ကြိုဆိုရမည်ဖြစ်သော်လည်း အာဏာရှိသောစစ်တပ်ကို နိုင်ငံရေးရာများတွင်ပါဝင်ခြင်းမှ ပို၍စည်းခြားလိုက်သည့် သဘောကိုညွှန်ပြနေပေသည်။

ရည်ရွယ်ချက်မှာ အစိုးရက ၎င်းအပေါ်ချမှတ်ထားသော အရေးယူမှုများ ရုတ်သိမ်းနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အား အသုံးချ နိုင်ရေးအတွက်ဖြစ်ပုံရပြီး၊ တစ်ချိန်တည်းမှာပင် နိုင်ငံတကာအသိုင်းအဝိုင်းက တောင်းဆိုထားသော ပြုပြင်ပြောင်းလဲရေးနှင့် ဒီမိုကရေစီအတွက် လုပ်ဆောင်မှုများကို လုပ်ကိုင်နေကြောင်းပြသလိုခြင်းဖြစ်သည်။ အကြောင်းပြချက်များ မည်သို့ပင်ရှိစေကာမူ၊ မြန်မာပြည်သူများအတွက် ၎င်းတို့၏ ကြိုးပမ်းမှုများထဲမှ အသီးအပွင့်ခံစားရတော့မည့် လက္ခဏာကောင်းတစ်ခုဖြစ်သည်။

သို့သော်အစိုးရတွင် ကြီးမားသောစိန်ခေါ်မှုများရှိနေပြီး ထိုသို့ဆွဲဆောင်မှုရှိသောအပြောမျိုးဖြင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်မပာုတ်ပေ။ ပထမဆုံးလုပ်ဆောင်ရမည့်ကိစ္စမှာ လူမှုအုပ်ချုပ်ရေး(Social Polity)ကို အမှန်တကယ်ပြောင်းလဲပစ်ရမည်ဖြစ်ပြီး လူထုတွင် အာဏာတည်သည်ဆိုသည့် အချက်ကိုသေချာအောင် လုပ်ဆောင်ပေးရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အနိမ့်ကျဆုံးသော လူ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အာဏာရှင်အုပ်ချုပ်မှုကို နှစ်ရှည်လများထပ်ဆင့်ခံစားခဲ့ကြရသည်။ ပြည်သူများကို လွတ်လပ်စွာပြောဆိုခွင့်မပေးဘဲ၊ စီးပွားရေးလုပ်ခွင့်များလည်းမရကြပါ။ ထိုနည်းတူစွာပင် မြန်မာနိုင်ငံတွင် လူမျိုးရေးနှင့်ဆိုင်သော ကိစ္စရပ်များတွင် ရောဂါရင့်နေပြီဖြစ်သည်။ မကြာခင်ကဖြစ်ပေါ်ခဲ့သော ရိုပာင်ဂျာများနှင့် ရခိုင်လူမျိုးများကြား ပဋိပက္ခကသက်သေဖြစ်သည်။ ထို့အတူပင် တိုင်းရင်းသားများနှင့်ဆိုင်သော ကိစ္စရပ်များတွင်လည်း မည်သို့ဆုံးဖြတ်ရမည်ကိုမသိသော ခက်ခဲသောအခြေအနေများ ဖြစ်ပေါ်နေသည်။

သမ္မတဦးသိန်းစိန်သည် မြန်မာနိုင်ငံ၏ရှုပ်ထွေးသော နိုင်ငံရေးနှင့် လူမှုစီးပွားကိစ္စများကိုင်တွယ်ဆောင်ရွက်ရန် ယခင်ကထက်စာလျှင် ယုံကြည်မှု ပိုရှိလာပြီး အသာစီးရနေသည်။ ဒေါ်အောင်ဆန်းစုကြည်ပြဿနာသည် အစိုးရအပေါ်တိုက်ပွဲဝင်ခဲ့ပြိး တာဝန်ကျေခဲ့ပြီးဖြစ်သည်။ ပြည်သူများကိုယ်စား သူလုပ်ပေးခဲ့သည့် ကြီးမားသောအလုပ်များကို အသိအမှတ်ပြုရမည်ဖြစ်သည်။ မြန်မာနိုင်ငံကို ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သော စစ်တပ်နှင့် အစိုးရသည် အမည်ခံရွေးချယ်တင်မြှောက်သော လွှတ်တော်ကိုဖော်ဆောင်ပေးသော ရက်ရောမှုမျိုးနှင့်ပြီးလိမ့်မည်ပာု မျှော်လင့်၍မရနိုင်ပေ။ ပြောင်းလဲမှုတွင် စစ်မှန်သောအနှစ်သာရ ရှိရမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးဆည်းကပ်ကိုးကွယ်မှုသည် တမူခြားနားသော တစ်ခုခုကိုဖြစ်စေလိမ့်မည်ဆိုသော မျှော်လင့်ချက်သည် မဖြစ်နိုင်သော သီအိုရီတစ်ခုဖြစ်သည်။ အာဏာရှင်၏အမွေဆိုးများ(Legacy of repression)ကို ဆက်ခံခြင်းအား ရပ်ဆိုင်းရန်အချိန်ရောက်နေပြီဖြစ်သည်။

                                                            *********************************************************************

ဦးသိန်းစိန်၏ စကားကပြသနေသော နိုင်ငံရေးပရိယာယ်

(Gulf News မှ 1 Oct 2012 ရက်စွဲပါ TheinSein overture shows political guile သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

ဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးနွေးထွေးကြောင်း အချက်ပြခြင်းဖြင့် သူ့ကိုယ်သူအာဏာရှင်အဖြစ်မှ ခေါင်းဆောင် အဖြစ်သို့ ကူးဖြတ်ပြောင်းလဲမှုပြုလုပ်လိုက်သည်။

အကယ်၍ ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်တင်မြှောက်ခံပါက သမ္မတဖြစ်လာနိုင်သည်ဟု လက်ရှိသမ္မတဦးသိန်းစိန်က လူသိရှင်ကြားထုတ်ဖော် ပြောဆိုခဲ့ခြင်းသည် မြန်မာအစိုးရအကြီးအကဲ၏ နိုင်ငံရေးလာဘ်မြင်မှုနှင့် နိုင်ငံရေးစွမ်းဆောင်ရည်ကို ဖော်ကျူးနေသည်။

ဦးသိန်းစိန်သည် တိုင်းပြည်၏ ကျဆင်းနေသောစီးပွားရေးနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအကြား ၄င်း၏ပုံရိပ်ကိုမြှင့်တင်ရန် ကြိုးပမ်းသည့်အနေဖြင့် ယခင်ကထိုးဖောက်မရနိုင်ခဲ့သော နိုင်ငံရေး၊ စီးပွားရေးစနစ် စင်္ကြန်လမ်းများကိုဖွင့်ပေးရန် လိုလားထောက်ခံသူတစ်ဦးဖြစ်သည်။

မြန်မာနိုင်ငံသည် သယံဇာတကြွယ်ဝသော်လည်း တိုင်းပြည်အာဏာကို အဓမ္မသိမ်းပိုက်ခဲ့သော တပ်မတော်အစိုးရဟောင်း၏ ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးညစ်ပတ်မှုများအပေါ် အရေးယူဒဏ်ခတ်သည့် Sanctions များကြောင့် ဖွံ့ဖြိုးနိုင်စွမ်းထိခိုက်ခဲ့ရသည်။ နှစ်ပေါင်းများစွာအကျယ်ချုပ် ထိန်းသိမ်းခံရခြင်းမှ လွှတ်မြောက်လာကာ ဒေါ်အောင်ဆန်းစုကြည်သည် ယင်းဖြစ်ရပ်များ၏ အထင်ရှားဆုံးဥပမာပင်ဖြစ်ပါသည်။

ယခုအခါ မြန်မာနိုင်ငံသည် ဒီမိုကရေစီသို့ဦးတည်ရာလမ်းပေါ်တွင် ရုန်းကန်ချီတက်နေပြီဖြစ်ပြီး၊ တင်းကြပ်လွန်းသော ပြည်တွင်းဥပဒေများကို ဖြေလျော့ပေးခြင်းသည် ငွေထုပ်ကိုင်ကာ လည်ပင်းရှည်အောင်စောင့်နေကြသော ရင်းနှီးမြှုပ်နှံသူများအတွက် ကောင်းသတင်းအဖြစ်ပေါ်ထွက်လာခဲ့ပြီး တိုးတက်ပြောင်းလဲခြင်း စန်းထတော့မည့်အချိန်တွင် ဆိုင်ရာဆိုင်ရာအင်စတီကျူးရှင်းများ အဖွဲ့အစည်းများကလည်း ကိုယ်စီကိုယ်စီမောင်းတင် ကြိုးစားကြဖို့ လိုပါလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးနွေးထွေးကြောင်းကို အေးဆေးသက်သာစွာ ပြောကြားခြင်းဖြင့် သူ့ကိုယ်သူအာဏာရှငအဖြစ်မှ ခေါင်းဆောင်အဖြစ်သို့ ကူးဖြတ်ပြောင်းလဲလိုက်ပါသည်။ ဤစကားကြောင့် ကမ္ဘာ့အသိုင်းအဝိုင်းအလယ်တွင်လည်း သိသိသာသာအားပေးထောက်ခံမှု ရရှိခဲ့သည်။

“ဦးသိန်းစိန်သည် ၄င်း၏ပုံရိပ်ကိုမြှင့်တင်ရင်း ဒေါ်အောင်ဆန်းစုကြည်၏ တန်းတူညီမျှရပိုင်ခွင့်ကို ဖော်ထုတ်လိုက်သော်လည်း ယင်းစိတ်ကူးကို ပွင့်ပွင့်လင်းလင်းစိန်ခေါ်လိုသူ အနည်းသာရှိကြောင်း၊ အဘယ့်ကြောင့်ဆိုသော် နောက်ဆုံးတွင် ပြည်သူများ၏ကောင်းစားရေးကိုသာ ဦးစားပေးကြရမည် ဖြစ်ကြောင်း”ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုကြသည်။

                                                            **********************************************************

ဦးသိန်းစိန်၏ခရီးစဉ်တွင် အမေရိကန်နှင့် ဆက်ဆံရေးကိုမြှင့်တင်

(China Daily မှ 2.Oct 2012 ရက်စွဲပါ TheinSein trip boosts ties with U.S သတင်းကို ဘာသာပြန်ဆိုသည်)

တနင်္ဂနွေနေ့ကပြီးဆုံးသွားသော သမ္မတဦးသိန်းစိန်၏ရက်သတ္တပတ်ကြာ အမေရိကန်ခရီးစဉ်သည် နှစ်နိုင်ငံအကြား ဆက်ဆံရေးကဏ္ဍသစ်တစ်ခု ကို ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

၂၀၁၁ မတ်လတွင် အာဏာရပြီးနောက် ၁၈ လအကြာစက်တင်ဘာ ၂၄ မှ ၃၀ အထိသွားရောက်ခဲ့သော ၄င်းခရီးစဉ်သည် ၄၆ နှစ်အတွင်း မြန်မာ အစိုးရအကြီးအကဲတစ်ဦး၏ ပထမဆုံးအမေရိကန်ခရီးစဉ် ဖြစ်လာခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာသမ္မတဦးသိန်းစိန်အား နယူးယောက်မြို့ မာတ်ခ့်ဟိုတယ်သို့ လာရောက် တွေ့ဆုံသည်။ ဦးသိန်းစိန်က ဒီမိုကရေစီကူးပြောင်းရေးပြုလုပ်မည့် သူ၏ဆုံးဖြတ်ချက်ကို ထပ်မံပြောကြားခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စု၏ အသိအမှတ် ပြုမှုသည် မြန်မာနိုင်ငံရွေးချယ်လိုက်သော လမ်းကြောင်းအတိုင်းဆက်သွားရန် အားပေးမှုတစ်ခုဖြစ်သည်ဟု ပြောဆိုခဲ့သည်။

ဟီလာရီကလင်တန်က “ယခုတစ်ကြိမ် တတိယအကြိမ် တွေ့ဆုံမှုဖြစ်ကြောင်း၊ မြန်မာသမ္မတနှင့် အစိုးရက အကောင်အထည်ဖော်လျက်ရှိသော ဖြေးဖြေးမှန်မှန် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ဝါရှင်တန်ကစောင့်ကြည့် လေ့လာနေကြောင်း၊ ပြုပြင်ပြောင်းလဲရေးအားထုတ်မှုကို အသိအမှတ်ပြုရန်နှင့် ဆက်လက်ပြောင်းလဲရေးကို အားပေးရန်အတွက် နေပြည်တော်၏ဆောင်ရွက်မှု အဆင့်တိုင်းကိုတုန့်ပြန်ပေးနေကြောင်း”ပြောကြားခဲ့သည်။

တိုးတက်မှုရှိနေသော ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို အသိအမှတ်ပြုသည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုက မြန်မာထွက်ကုန်တင်သွင်းမှု တားမြစ်ချက်ကို ဖြေလျော့ပေးခြင်းအားဖြင့် နှစ်နိုင်ငံအကြား ပုံမှန်ကူးသန်းရောင်းဝယ်ဆက်ဆံနိုင်မည့် ဆောင်ရွက်ချက်ကိုပြုလုပ်ခဲ့သည်။

နောက်ဆက်တွဲဆောင်ရွက်စရာ ကိစ္စများနှင့်ပတ်သက်၍ အမေရိကန်ကွန်ဂရက်အပါအဝင် အခြားသက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်လက် တိုင်ပင်ညှိနှိုင်းသွားမည်ဟု ကလင်တန်က ဦးသိန်းစိန်အား ကတိပြုခဲ့သည်။

နိုင်ငံအတွင်းငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုရှိစေရန်အတွက် တိုင်းရင်းသားပဋိပက္ခကိုအဆုံးသတ်ရန် ဆောင်ရွက်နေသည့် သမ္မတ၏ကြိုးပမ်းမှုများကို ကလင်တန်က အသိအမှတ်ပြုချီးကျူးခဲ့သည်။

သမ္မတဦးသိန်းစိန်သည် အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကင်ဆင်ဂျာ စသည်တို့နှင့်လည်း သီးခြားဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ထို့အပြင် ဥရောပကောင်စီ၊ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ၊ အမေရိကန် ကုန်သည်ကြီးများအသင်းတို့မှခေါင်းဆောင်များ၊ အာရှလူမှု အဖွဲ့အစည်းဝင်များနှင့်လည်း သမ္မတဦးသိန်းစိန်ကတွေ့ဆုံခဲ့သည်။

ဦးသိန်းစိန်သည် ၄င်းခရီးစဉ်အတွင်း နယူးယောက်တွင်ကျင်းပနေသော ၆၇ ကြိမ်မြောက် ကုလအထွေထွေညီလာခံသို့လည်း တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။

ဦးသိန်းစိန်က မြန်မာနိုင်ငံသည် နယ်ပယ်အသီးသီးရှိ ကုလသမဂ္ဂလှုပ်ရှားမှုများတွင် ပိုမိုပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် တာဝန်ယူတက်သော လေးစားထိုက်သော နိုင်ငံအဖြစ်ရပ်တည်ရင်း ၂၁ ရာစု၏စိန်ခေါ်မှုများကို ခိုင်မာသောစိတ်ဓါတ်ဖြင့် ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ယခုအခါ မြန်မာနိုင်ငံသည် ခေတ်သစ်တစ်ခုသို့ ဝင်ရောက်နေပြီဖြစ်ကြောင်း ပြောကြားသွားသည်။

ပြည်တွင်းရေးရာနှင့်ပတ်သက်၍ ပြောကြားရာတွင် လွှတ်တော်၊ တရားရေးစနစ်၊ လက်နက်ကိုင်တပ်ဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက် အဖွဲ့အစည်းနှင့် ပြည်သူတစ်ရပ်လုံးသည် ဒီမိုကရေစီသို့ဦးတည်ကာ နောက်ပြန်မလှည့်တမ်း၊ လုပ်ငန်းစဉ်ကို လုပ်ဆောင်နေကြသည်ဟု ၄င်းကဆိုသည်။

ဗဟိုဦးစီးအာဏာရှင်စနစ်ကို နောက်မှာချန်ထားခဲ့ပါပြီ။ ဒီမိုကရေစီအစိုးရနဲ့ အားကောင်းမောင်းသန်လွှတ်တော်ကိုလည်း ဖွဲ့စည်းနိုင်ခဲ့ပါပြီဟု ၄င်းကပြောကြားသည်။

နိုင်ငံရေးပြောင်းလဲတိုးတက်မှုသည် နိုင်ငံရေးတရားဝင်ခြင်းကို အားပေးသည်။ ထို့အတွက် နိုင်ငံရေးတည်ငြိမ်အောင် ဖန်တီးမှုချောမွေ့စေပြီး စီးပွားရေးလူမှုရေး အသွင်ပြောင်းရန် လမ်းပွင့်သွားစေသည်ဟု ဦးသိန်းစိန်က        ဆိုသည်။

စီးပွားရေးကဏ္ဍနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် စွမ်းအင်ကဲ့သို့သောကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများကို အနီးကပ်သတိထား စောင့်ကြည့်ရန်လိုအပ်သည်ဟု ဦးသိန်းစိန်က ပြောကြားခဲ့သည်။

                                *************************************************************

စက်တင်ဘာလတွင်လည်း တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုကျုံဝင်နေဆဲ

(1 October 2012 ရက်စွဲပါ BBC News မှ China manufacturing activity shrinks again in September ကိုဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံတွင် ဒုတိယမြောက်လအဖြစ် ထုတ်လုပ်မှုများ ဆက်လက်ကျုံဝင်ခဲ့ရာ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးအနေဖြင့် စီးပွားရေးအရ နှေးကွေးလာသော နောက်ထပ်လက္ခဏာတစ်ခုဖြစ်သည်။

ဝယ်ယူမှုစီမံခန့်ခွဲရေးညွှန်းကိန်း(Purchasing Manager’s Index)(PMI)သည် စက်တင်ဘာလတွင် ၄၉.၂ သာရှိခဲ့သည်ပာု အစိုးရ ကိန်းဂဏန်းများက ပြသနေသည်။

ညွှန်းကိန်း ၅၀ ၏အောက်ကိုလုပ်ဆောင်မှုများ ကျုံဝင်သွားသည်ပာုကောက်ယူပြီး ၅၀ အထက်ကိုသာလျှင်တိုးတက်လာကြောင်းဖတ်နိုင်သည်။

ပြည်တွင်း၊ ပြည်ပ ပစ္စည်းဝယ်ယူမှုများအားနည်းလာခြင်းက တရုတ်နိုင်ငံထုတ်လုပ်မှုကို များစွာဖိစီးမှုဖြစ်စေသည်။

ညွှန်းကိန်း ၅၀ အောက်ရောက်နေသည်ဆိုသော်လည်း စက်တင်ဘာလတွင် သြဂုတ်လထက် ကိန်းဂဏန်းအရ တိုးတက်မှုရှိလာသည်။

“စက်တင်ဘာလ PMI ကိုကြည့်လျှင် သာမန်အားဖြင့် အားကောင်းလာတဲ့သဘောပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ပြီးခဲ့တဲ့လကထက် ပိုကောင်းလာတယ်လို့ မမြင်မိဘူး”ပာု ING မှ Prakash Sakpal ကပြောသည်။

တရုတ်ထိပ်တန်းခေါင်းဆောင်များကလည်း ပြန်ဆောင့်တက်မလာချင်း တိုးတက်မှုများ နှေးကွေးနေဦးမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

အဆောက်အဦးများအတွက်အသုံးပြုသော သန့်စင်ပြီးသတ္တုများ၊ သံမဏိများနှင့် အခြားပစ္စည်းများမှာယူမှုမှာ ငြိမ်သက်နေဆဲဖြစ်ကြောင်း အမျိုးသားစာရင်းအင်း ဗျူရိုမှကိန်းဂဏန်းများက ပြသနေသည်။

အစိုးရက အိမ်ခြံမြေဈေးများ မိုးထိမြင့်မားနေမှုကို ကန့်သတ်ထိန်းချုပ်မှုကြောင့် ပြီးခဲ့သည့်လများအတွင်း တရုတ်အိမ်ခြံမြေကဏ္ဍတွင် နှေးကွေးမှုများရှိနေသည်

အစိုးရသည်မကြာသေးမီက အခြေခံအဆောက်အဦးစီမံကိန်းများနှင့်ပတ်သက်၍ သုံးစွဲမှုများအပေါ် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထိုသို့ သုံးစွဲမှုများသည် တိုးတက်ကြီးထွားမှုမြှင့်တင်ရေးအတွက် ငွေထည့်ဝင်ခြင်းတစ်မျိုးအဖြစ် အများကရှုမြင်ထားခဲ့သည်။

တရုတ်နိုင်ငံ၏ စီးပွားရေးသည် ဒုတိယလေးလပတ်တွင် သုံးနှစ်အတွင်း အနှေးဆုံးနှုန်းဖြစ်နေသည်။

*******************************************************************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment