Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၃.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ကမ္ဘာ့ဘဏ်နှင့် ADBသည်တိုကျိုကွန်ဖရင့် တွင်မြန်မာနိုင်ငံသို့ချေးငွေများပေးရန် စဉ်းစားမည်။

(2October 2012 ရက်စွဲပါ “Asia Shimbunမှ World Bank,ADB to consider loans to Myanmar in Tokyo conference”သတင်းကို ဘာသာပြန်ဆိုသည်။)

  1. မြန်မာပြုပြင်ပြောင်းလဲရေး အချိန်မှတ်တမ်း ထိခိုက်နိုင်ချေရှိ

(UPI သတင်းမှ 2Oct 2012ရက်စွဲပါ “Myanmar Reform record at risk”ကိုဘာသာပြန်ဆိုသည်။)

  1. မြန်မာနိုင်ငံစားရိတ်နည်းလုပ်အား ထုတ်လုပ်သူဖြစ်လာနိုင်မလား

(Vlaue Walk မှ 1 Oct 2012 ရက်စွဲပါ “Myanmar to become the next low cost labor producer?” သတင်းဆောင်း ပါးကို ဘာသာပြန်ဆိုသည်။

  1. အမေရိကန်၌ ၄နှစ်အတွင်းကားအရောင်းရဆုံးလအဖြစ် တိုယိုတာဦးဆောင်

(BBC မှ 3Oct 2012ရက်စွဲပါ “Toyota leads US car sales to best month in four year”သတင်းကို ဘာသာပြန်ဆိုသည်)

************************************************************

ဘာသာပြန်သတင်းများ

ကမ္ဘာ့ဘဏ်နှင့် ADBသည်တိုကျိုကွန်ဖရင့် တွင်မြန်မာနိုင်ငံသို့ချေးငွေများပေးရန် စဉ်းစားမည်။

(2October 2012 ရက်စွဲပါ “Asia Shimbunမှ World Bank,ADB to consider loans to Myanmar in Tokyo conference”သတင်းကို ဘာသာပြန်ဆိုသည်။)

ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့သည် မြန်မာနိုင်ငံအပေါ် ချေးငွေများပေးရန် စဉ်းစားမည်ဖြစ်သည်။ ၎င်းတို့သည် ၁၉၈၀နောက်ပိုင်းမှစ၍ မြန် မာနိုင်ငံအပေါ် ချေးငွေများ ရပ်ဆိုင်းခဲ့သည်။

နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့နှင့် ကမ္ဘာဘဏ်တို့သည် တိုကျိုတွင် နှစ်ပတ်လည် အစည်းအဝေးများ ကျင်းပမည်ဖြစ်ရာ အရန်ဆွေးနွေးပွဲ အဖြစ် အောက်တိုဘာ ၁၁ရက်နေ့တွင် မြန်မာနိုင်ငံကိစ္စ ဆွေးနွေးကြမည် ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲတွင် ဂျပန်အစိုးရသည် နိုင်ငံများအား မြန်မာနိုင်ငံအပေါ် အ ကူအညီ ပေးကြရန် ပြောကြားနိုင်မည်ဟု မျှော်လင့်နေသည်။

မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်က နောက်ဆုံးငွေချေးခဲ့သည်မှာ ၁၉၈၈ခုနှစ်က နောက်ဆုံးဖြစ်သည်။ ၁၉၈၈ခုနှစ် စစ်တပ်မှ အာဏသိမ်းပြီး ကတည်းက မြန်မာနိုင်ငံသည် အကြွေးများ ပြန်လည်ပေးဆပ်ခြင်း မရှိပေ။

ကမ္ဘာ့ဘဏ်တွင် မြန်မာနိုင်ငံမှ ပြန်ဆပ်သော အကြွေးဒေါ်လာ သန်း၄၀၀ (ယန်း၃၁ဘီလီယံ)ရှိပြီး ADBတွင် ဒေါ်လာသန်း၅၀၀ ရှိသည်။

ဂျပန်ငွေကြေး အဖွဲ့အစည်းများနှင့် အခြားအုပ်စုများသည် မြန်မာနိုင်ငံက ပေးရန်ရှိသော ကြွေးမြီများ ပြန်ဆပ်၍ နိုင်ငံတကာ ငွေချေးသူများ ထံမှ ချေးငွေများ ပြန်လည်ရရှိရန် ပေါင်းကူးချေးငွေ (bridge loans)များပေးရန် စီစဉ်လျက်ရှိသည်။

--------------------------------------------------------------------------------------------------------------------

မြန်မာပြုပြင်ပြောင်းလဲရေး အချိန်မှတ်တမ်း ထိခိုက်နိုင်ချေရှိ

(UPI သတင်းမှ 2Oct 2012ရက်စွဲပါ “Myanmar Reform record at risk”ကိုဘာသာပြန်ဆိုသည်။)

စက်တင်ဘာလကုန်က ငြိမ်းချမ်းစွာ ဆန္ဒပြသူ များအပေါ် တရားစွဲဆို ထားမှုများကို ရုတ်သိမ်းပေးရန် Human Rights Watchက မြန်မာအစိုးရကို တောင်းဆိုလိုက်သည်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့တော်တွင် ဆန္ဒပြသူ ၁၀၀၀ခန့်ချီတက်ခဲ့ကြသည်ဟု HRWကပြောကြားသည်။ လူထုအစည်းအ ဝေးပွဲဆိုင်ရာ ဥပဒေ ချိုးဖောက်မှုများဖြင့် ဆန္ဒပြသူ၁၃ဦး အမှုရင်ဆိုင် နေရသည်ဟု HRWကဆိုသည်။

အများပြည်သူ လုံခြုံရေးနှင့် ပတ်သက်၍ အစိုးရက စိုးရိမ်ပူပန် နေသော်လည်း မိမိတို့က ဆန္ဒပြပွဲကို ဆက်လက်ပြုလုပ် သွားခဲ့ခြင်း ဖြစ်သည်ဟု ဆန္ဒပြသူများက HRWသို့ ပြောကြားသည်။

လူထုစုဝေးခြင်းဆိုင်ရာ ဥပဒေက ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းကို ခွင့်ပြုသော်လည်း ဖိအားပေး ခြိမ်းခြောက်မှုဟု ရှုမြင်ခဲ့ရသော ဆန္ဒပြမှုများကိုမူ တားမြစ် ထားဆဲဟု HRWကဆိုသည်။

မြန်မာအစိုးရသည် နိုင်ငံရေး အပြောင်းအလဲများ ပြုလုပ်လာသောကြောင့် နိုင်ငံတကာ၏ လက်ခုပ်သံကို ရရှိသော်လည်း တိုင်းရင်းသား ပဋိပက္ခနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများ ကျန်ရှိနေဆဲ ဖြစ်သည်။

HRW၏ အာရှပရိုဂရမ် ဒါရိုက်တာ ဖီလ်ရောဘတ်ဆန်က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး တံဆိပ်သည် ဆန္ဒပြ ကန့်ကွက်မှုကို သည်းမခံခြင်း ကြောင့် နာမည်ပျက်မည့် အန္တရာယ်ရှိသည်ဟု ထောက်ပြသည်။

“ငြိမ်းချမ်းစွာ ဆန္ဒပြသူ များအပေါ် တရားစွဲဆိုမှုကို ချက်ချင်းရုတ်သိမ်းပေးပါ”ဟု၎င်းက နယူယောက်မြို့တွင် ကြေညာချက်ထုတ်ပြန် တောင်းဆို လိုက်သည်။

---------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံစားရိတ်နည်းလုပ်အား ထုတ်လုပ်သူဖြစ်လာနိုင်မလား

(Vlaue Walk မှ 1 Oct 2012 ရက်စွဲပါ “Myanmar to become the next low cost labor producer?” သတင်းဆောင်း ပါးကို ဘာသာပြန်ဆိုသည်။

မြန်မာနိုင်ငံ၌ ပြီးခဲ့သောဧပြီလ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပ၍ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်အပြီးတွင် အမေရိကန်ပြည်ထောင်စုက မြန်မာထွက်ကုန် တင်သွင်းမှု တားမြစ်ချက်ကို ရုတ်သိမ်းပေးရန် ဆုံးဖြတ်ခဲ့သည်။ သယံဇာတ ကြွယ်ဝလွန်းသော်လည်း ၂၀၁၀ခုနှစ်က တစ်ဦးချင်း ဂျီဒီပီ ဒေါ် လာ ၇၀၀မျှသာရှိသော မြန်မာနိုင်ငံသည် ဒေသတွင်း အိမ်နီးချင်းများ၏နောက်တွင် အဝေးကြီး ပြတ်ကျန်နေခဲ့သည်။ ယခုမြန်မာပို့ကုန် တားမြစ်ချက် ရုတ် သိမ်းမှုကြောင့် မြန်မာနိုင်ငံသည် ဒေသတွင်း ရေပန်းစားသော ရင်းနှီးမြှုပ်နှံမှု ဇုံဖြစ်လာမလား (သို့မဟုတ်) ဖွံ့ဖြိုးရန် ဆက်လက်ရုန်းကန် နေရဦးမှာလား ဆို သည်ကို လေ့လာကြည့်ကြမည်။

ယခုအချိန်တွင် မလေးရှားနှင့် ထိုင်းကဲ့သို့ အိမ်နီးခြင်းနိုင်ငံများ၌ အလုပ်သမား စားရိတ်စက လျင်မြန်စွာ မြင့်တက်နေသည်။ တရုတ်နိုင်ငံသည်ပင် အလုပ်သမား စားရိတ်တက်လာသောကြောင့် စားရိတ်နည်း တန်ဖိုးမြှင့် ကုန်ထုတ်လုပ်သူများကို ဆွဲဆောင်နိုင်စွမ်း ကျသည်ထက် ကျလာသည်။ လာအို၊ ကမ္ဘောဒီးယားနှင့် အခြားနိုင်ငံများက စားရိတ်နည်း ကုန်ထုတ်လုပ်မှု နည်းလမ်းပြိုင်ပွဲတွင် ဖိအားပေး လာကြခြင်းကြောင့် ယခင်ကာလရှည်ကြာ လွှမ်းမိုးထား ခဲ့ကြသော နိုင်ငံကြီးများမှာ တန်ဖိုးကြီးထုတ်လုပ်မှုနှင့် သုတေသနကမ္ဘာသို့ စတင်ကူးပြောင်း နေကြရသည်။ ဤအခြေအနေသည် လုပ်အားခနည်း၍ အခြေခံအဆောက်အဦစနစ် ကောင်းကောင်းဖြည့်ဆည်း ပေးနိုင်သော အာရှနိုင်ငံများအတွက် အခွင့်အလမ်းများ ဖန်တီးပေးနေသည်။

မြန်မာနိုင်ငံသည် ၄င်းနှင့်တန်းတူလုပ်အားခဈေးချိုပြီး အရှိန်နေပြီးသား လာအိုနှင့်ကမ္ဘောဒီးယားတို့ကို ထုတ်လုပ် မှုကဏ္ဍတွင် ယှဉ်ပြိုင်ရန် ခက်ခဲပါ လိမ့်မည်။ သို့သော် ရေနံဓာတ်ငွေ့နှင့် သတ္တုအပါအ၀င် သယံဇာတများ ကြွယ်ဝနေဆဲ မြန်မာနိုင်ငံ အနေဖြင့် အခြေခံအဆောက်အဦစနစ် အားကောင်းဖွံ့ဖြိုး အောင် ပြုလုပ်၍ အပျံသင်စ စီးပွားရေး လုပ်ငန်းများကို ပံ့ပိုးပေးနိုင်သည်။

မြန်မာ့အထည်ချုပ် စီးပွားရေးသည် အားကောင်းသော အရင်းအမြစ်တစ်ခု ဖြစ်ဖွယ်ရှိသည်။ ယင်းနယ်ပယ်သည် အ မေရိကန်နှင့် ကုန်သွယ်မှု မရှိသည့်တိုင်အောင် ၂၀၁၁ခုနှစ်အတွင်း ဒေါ်လာသန်း၇၇၀ဖိုး ထုတ်လုပ်တင်ပို့ နိုင်ခဲ့သည်။ တရုတ်နိုင်ငံတွင် အလုပ်သမားခများ ဈေးတက်၍ စားရိတ်နည်း ထုတ်လုပ်မှု ကဏ္ဍတွင် အလုပ်သမားမလုံလောက်မှုဖြစ်ပေါ်နေသော ကြောင့် မြန်မာ့အထည်ချုပ်ကဏ္ဍသည် အားကောင်းသော စီးပွားရေးကဏ္ဍတစ်ခု ဖြစ် လာနိုင်သည်။

မြန်မာပို့ကုန် တားမြစ်ချက် ရုတ်သိမ်းပေးခြင်းသည် အမေရိကန်-မြန်မာဆက်ဆံရေး ပုံမှန်ဖြစ်လာသော ဆောင်ရွက်ချက်များထဲမှ နောက်ဆုံးတစ်ခု ဖြစ်သည်။ ၂၀၁၂မေလတွင် ၀ါရှင်တန်က မြန်မာနိုင်ငံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေး ၀န်ဆောင်မှု တားမြစ်ချက်များကို ရုတ်သိမ်းပေးခဲ့ပြီး ဖြစ်သည်။ sanctions ရုတ်သိမ်းမှုများ၏ ရလဒ်များကို တွေ့မြင်နိုင်ရန် အချိန်စောလွန်း နေသေးသော်လည်း မြန်မာနိုင်ငံသို့ နိုင်ငံတကာလုပ်ငန်းရှင် ဧည့်သည်များစံချိန် တင် အရေအတွက်ဖြင့် ရောက်ရှိလာခဲ့ကြသည်။

လူဦးရေသန်း ၆၀ရှိသော မြန်မာနိုင်ငံသည် ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှုများအတွက် ဈေးကွက်ကြီးတစ်ခုဟု ရှုမြင် နေကြသည်။ ကမ္ဘာတစ်လွှား သယံဇာတများ ချွတ်ခြုံကျနေချိန်တွင် သယံဇာတ အပျိုစင်နိုင်ငံကို စီးပွားရေး အသိုင်းအ၀ိုင်းက သဘောအကျကြီး ကျနေကြသည်။

စုစည်းလိုက်လျှင် လူဦးရေ သန်း၂၅၀၀ခန့်ရှိသော အိန္ဒိယ၊ တရုတ်နှင့် အင်ဒိုနီးရှားတို့ အကြားတွင် တည်ရှိသော မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ် ရေး လမ်းကြောင်းများ ဆုံရာအရပ်တွင် နေရာကောင်းရထားသည်။

အခြားတစ်ဖက်တွင်လည်း ပညာရေးနှင့် အခြေခံအဆောက်အဦး စနစ်များ နိမ့်ကျနေဆဲ မြန်မာနိုင်ငံသည် ယင်းကဲ့သို့ နေရာကောင်း ရထားသော အခြားအိမ်နီးချင်းများနှင့် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရလိမ့်မည်။ ထို့အပြင် တစ်ကမ္ဘာလုံး စီးပွားရေး နှေးကွေးမှုကို ရင်ဆိုင်နေရချိန်မျိုးတွင် မြန်မာနိုင်ငံသည် အဓိက နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ရန်ကြိုး စားနေရပေသည်။ ကမ္ဘာတစ်လွှား နိုင်ငံများစွာမှာ စီးပွားရေး အခြေအနေ မကောင်း သည့်အပြင် နိုင်ငံတကာ ကုန်သွယ်မှုမှာလည်း စတင်ကျဆင်းနေသည်။ ဤအခြေအနေများက မြန်မာနိုင်ငံ၏ ပေါ်ထွန်းမှုကို ဟန့်တားနိုင်သည်။

အဆုံးအစွန် ဆိုရလျှင် မြန်မာနိုင်ငံ၏ အောင်မြင်မှုသည် ခေါင်းဆောင်များ၏ ကျွမ်းကျင်မှု စွမ်းရည်ပေါ်တွင် ကြီးမားစွာ မူတည်နေသည်။ အမှန်စင်စစ် စီးပွာရေးထူထောင်ရာတွင် အသုံးပြုနိုင်သော၊ အမျိုးသား ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် ရန်ပုံ ငွေဖြည့်ပေးနိုင်သော သဘာဝ သယံဇာတများ မြန်မာနိုင်ငံတွင် ရှိနေပြီးဖြစ်သည်။ အဓိက ပြဿနာမှာ ပညာသားပါပါ အသုံးပြု၍ ရင်းနှီးမြှုပ်နှံမလား (သို့)အသုံးမ၀င်သော စီမံကိန်းများတွင် အဂတိ လိုက်စားရင်း ဖြုန်းတီးပစ်မှာလား ဆိုသည့်ကိစ္စပင်ဖြစ်သည်။

အကယ်၍ မှန်မှန်ကန်ကန် ရင်းနှီးမြှုပ်နှံ အသုံးပြုနိုင်မည် ဆိုပါက စားရိတ်နည်း ထုတ်လုပ်မှု နေရာသစ် ရှာနေကြသော နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ၏ အာရုံကို အပြတ်အသတ် ဆွဲဆောင်နိုင် လိမ့်မည်ဖြစ်ကြောင်း တစ်စေ့တစ်စောင်း ဆွေးနွေးတင်ပြလိုက်ပါသည်။

---------------------------------------------------------------------------------------------------------------------

အမေရိကန်၌ ၄နှစ်အတွင်းကားအရောင်းရဆုံးလအဖြစ် တိုယိုတာဦးဆောင်

(BBC မှ 3Oct 2012ရက်စွဲပါ “Toyota leads US car sales to best month in four year”သတင်းကို ဘာသာပြန်ဆိုသည်)

တိုယိုတာမိုတာသည် စက်တင်ဘာလတွင် အမေရိကန် ပြည်ထောင်စု၌ ၄နှစ်အတွင်း အရောင်းရဆုံး လအဖြစ် စံချိန်တင်လိုက်သည်။ စက်တင်ဘာ လတွင် ခရိုင်စလာက ၁၂ရာခိုင်နှုန်း ရောင်းချခဲ့ရပြီး တိုယိုတာက ၄၂ရာခိုင်နှုန်းနှင့် ဟွန်ဒါက ၃၁ရာခိုင်နှုန်း ရှိခဲ့သည်။

အတိုးနှုန်းနိမ့်ခြင်းနှင့် ဈေးချိုခြင်း အားသာချက်များကို အမေရိကန် ဝယ်ယူသူများ ရရှိခဲ့သည်ဟု အကဲခတ် လေ့လာသူများက ပြောကြားသည်။

ယခုလပိုင်းအတွင်း အမေရိကန် ကားလုပ်ငန်း နလံထမှုသည် အမေရိကန် စီးပွားရေး ကောင်းလာခြင်း၏ လက္ခဏာဟု ဆိုကြသည်။

စက်တင်ဘာ ရောင်းချရမှုသည် ယခင်နှစ်ကထက် ၁၂.၈ရာခိုင်နှုန်း မြင့်တက်ကာကားငယ်နှင့် လိုက်ထရပ်စ် စီးရေ ၁.၁၉သန်း ရောင်းချခဲ့ရသည်။ ၂၀၀၉စီးပွားရေး အကျပ်အတည်း ကာလအတွင်း အမေရိကန် ဖောက်သည်များ ကားသစ်ဝယ်ယူမှု ကျဆင်းသွားခဲ့ပြီး နောက်ပိုင်းခရီးသည်တင် ကားဝယ် လိုအား ပထမဆုံး ပြန်တက်လာခြင်း ဖြစ်သည်ဟု လေ့လာသူများက ဆိုကြသည်။

မော်တော်ယာဉ် ပိုင်ရှင်များက ၎င်းတို့၏ကားများ သက်တမ်းရင့် လာသောကြောင့် ယခုအခါ အသစ်လဲရန် စဉ်းစားနေကြပြီဟု သိရှိရသည်။ Ford အကြီးအကဲ Ellen Hughesက “စီးပွားရေးဟာ အခုလို ၁.၅ရာခိုင်နှုန်းနှင့် ၂ရာခိုင်နှုန်းအကြား မှန်မှန်သွားနေတယ်ဆိုရင် ဖောက်သည်တွေ တဖြည်းဖြည်း ပြန်ရောက် လာကြမှာပါ”ဟု ပြောကြားသည်။

ဂျပန် ကားထုတ်လုပ်သူများသည် ၂၀၁၁မတ်လ ငလျင်နှင့် ဆူနာမီကြောင့် ထုတ်လုပ်မှု ကျဆင်းသွားခြင်းမှ ပြန်လည်ရုန်းထ လာပြီးနောက်တွင် ယခုကဲ့သို့ ကြီးမားသော အောင်မြင်မှုကို ဆက်လက်ပြသ ခဲ့ကြခြင်း ဖြစ်သည်။

*******************************************************************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment