Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၀.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ဦးသိန်းစိန်နိုဘယ်ဆုရှင်ဖြစ်လာမည်လော့ -

(9 October 2012 ရက်စွဲပါ The Diplomat မှ Prashonth Parameswaran ရေးသားသော Thein Sein:Nobel Laureatc?ကို ဘာသာပြန်ဆိုသည်။)

  1. ADB ဥက္ကဌ Kuroda ကမြန်မာနိုင်ငံအတွက်အကူးအညီပေးရေးအစီအစဉ်ရေးဆွဲလျက်ရှိသည်ဟုဆို-

(9 October 2012 ရက်စွဲပါ Reuters မှ ADB Kuroda says crafting aid plan for Myanmar ကိုဘာသာပြန်ပါသည်။)

  1.  ရန်ကုန်မြေဈေး ၃၉% တက်

(Reuters  သတင်းမှ 10 Oct 2012  ရက်စွဲပါ  “Yangon Property Prices Up 39%” သတင်းကို ဘာသာပြန်ဆိုသည်။)

***********************************************

ဘာသာပြန်သတင်းများ

ဦးသိန်းစိန်နိုဘယ်ဆုရှင်ဖြစ်လာမည်လော့ -

(9 October 2012 ရက်စွဲပါ The Diplomat မှ Prashonth Parameswaran ရေးသားသော Thein Sein:Nobel Laureatc?ကို ဘာသာပြန်ဆိုသည်။)

(စာရေးသူသည် Tufts တက္ကသိုလ် Fletcher School of Law and Diplomacy မှနိုင်ငံတကာဆက်ဆံရေး PHD ကျောင်းသားဖြစ်ပါသည်။)

မြန်မာနိုင်ငံအတွက် လူသိအများဆုံး အချက်တစ်ခုမှာ နိုဘယ်ဆုရှင်နှင့် ဒီမိုကရေစီ လှုပ်ရှားသူ ဒေါ်အောင်ဆန်းစုကြည်၏ နေထိုင်ရာ နိုင်ငံဖြစ်သည် ဆိုသော အချက်ဖြစ်သည်။ သူသည် ၁၉၉၁ခုနှစ်က နိုဘယ်ဆုကို ချီးမြှင့်ခြင်းခံရပြီး၊ ပြီးခဲ့သည့် ဇွန်လက သူ၏နော်ဝေ ခရီးစဉ်တွင်မှဆုကို ပေးနိုင်ခဲ့သည်။ သို့သော်နောက်ဆုံး ထွက်ပေါ်လာသော သတင်းများအရ မြန်မာနိုင်ငံတွင် နောက်ထပ် နိုဘယ်ငြိမ်းချမ်းရေး ဆုရရန် အလားအလာ ရှိကြောင်း သိရသည်။

Osloငြိမ်းချမ်းရေး သုတေသန အင်စတီကျူ အကြီးအကဲနှင့် နိုဘယ်ဆု လုပ်ငန်းစဉ် အနီးကပ် စောင့်ကြည့်သူ Kristian Berg Harpviken သည်မြန်မာ့နိုင်ငံသမ္မတ ဦးသိန်းစိန်အားယ ခုအပတ် နှောင်းပိုင်းတွင် ဆုအ တွက်တရားဝင် မကျေညာမီ ထည့်သွင်းစဉ်စားသည့် ငါးဦးစာရင်းတွင် ထည့် သွင်းထားသည်။

Harpviken၏ အဆိုအရ ဦးသိန်းစိန်သည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တဖြည်းဖြည်း တိုးတက်ဖြစ်ပေါ် စေရေးကို ဦးဆောင် လုပ်ကိုင် ခဲ့သူ ဖြစ်သည်ဟု ဆိုသည်။ နိုဘယ်ဆုပေးခြင်း၏အရေးကြီးဆုံးအချက်မှာငြိမ်း ချမ်းရေး ဖော်ဆောင်ခြင်း အတွက်ပေးခြင်း ဖြစ်သည်။ နိုဘယ်ဆု ရွေး ချယ်ရေး ကော်မတီသည် ငြိမ်းချမ်းရေးအတွက် ကြားမှဝင်၍ ညှိနှိုင်းပေးသူများ၊ ပဋိပက္ခ ဖြစ်နေသောအဖွဲ့မှ ကိုယ်စားလှယ်များကို ယခင်က ဆုပေးခဲ့ဖူးသည်။

မြန်မာနိုင်ငံသည် မကြာသေးမီကာလမှစ၍ ကြီးမားသော နိုင်ငံရေးနှင့်စီးပွားရေးအရ အသွင်းပြောင်းလဲမှုများကို လုပ်ဆောင်နေဆဲ ကာလတွင် အသေအချာ ရှိနေခဲ့သည်။ ဦးသိန်းစိန်သည် ၂၀၁၁မတ်လ ၎င်းအာဏာ စတင်ယူပြီး ကတည်းက ထင်ရှားသော နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲ မှုများကို လုပ်ဆောင်လာခဲ့ရာ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း၊ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)နှင့် ပြန်လည်ပေါင်း စည်းခြင်း၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု၊ အခွန်နှင့် ငွေလဲလှယ်မှုနှုန်း ကဲ့သို့များစွာ လိုအပ်နေသော စီးပွားရေးအရ ပြန်လည်ချိန်ညှိမှုများ ပြုလုပ်ပေးခဲသည်။

ယခုအချိန်ထိမူ ပြောင်းလဲမှုများကို  နည်းလမ်းအသစ်များ အသုံးပြု၍ လုပ်ဆောင်နေရာ အောင်မြင်သည်ဟု ပြောရန်လည်းကောင်း၊ ဆုတံဆိပ်များပေးရန် လည်းကောင်း စောလွန်းသေးသည်ဟု ဆိုကောင်းဆိုနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင်ရာတွင် အတားအဆီးတစ်ချို့ ရှိနေသေးသည်ဟု အချို့က ထောက်ပြကြပါသည်။အဆိုပါအတားအဆီးများတွင်စွမ်းရည်နှင့်ပညာရှင်ပြသာနာများ၊စစ်တပ်နှင့်အခြားအဖွဲ့ များတွင် ကပျက် ကယက် လုပ်ဆောင်မည့်သူများရှိနေခြင်း၊(Spoilers)၊ကျန်ရှိနေသေးသည်တိုင်းရင်းသားများနှင့် ပြန်လည် ပေါင်းစည်းရေး လုပ်ငန်းများ ပါဝင်သည်။ မဖြေရှင်းရသေးသော ပုစ္ဆာအများအပြားလည်းကျန်ရှိနေပါ သေးသည်။ အုပ်ချုပ်ရေးပိုင်းနှင့် ဥပဒေပြုရေး အပိုင်းကြား ထိန်းညှိပေးမှုကရော မည်သို့ ရှိမည်နည်း။ တိုင်းရင်းသား ဒေသများတွင် သူပုန်များ တစ်စခန်း ထလာပါက စစ်တပ်သည် မည်သို့တုန့်ပြန်မည်နည်း။ အခြေခံ ဥပဒေပါအတိုင်း အရေးပေါ် အခြေအနေ ကြေညာမည်လော။ ၂၀၁၅ခုနှစ်တွင်အချိန်ကျလာပါကစစ်တပ်သည်ဒေါ်အောင်ဆန်းဆု ကြည်အား သမ္မတလောင်း တစ်ဦးအဖြစ် အမှန်တကယ် လက်ခံပါမည်လော။ မကြာသေးမီက မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး ဗဟိုဌာန၏ အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာ နိဂုံးချုပ်၌ စစ်မှန်သော ပြောင်းလဲမှုများမှာ လုပ်ဆောင်လျက် ရှိနေသော်လည်း နောက်ပြန်မလှည့်မှုအတွက် လုံးဝစိတ်ချရသော အနေအထား မရှိသေးဟု ဖော်ပြထားသည်။

Harpvikenက အကယ်၍ ဦးသိန်းစိန်အား နိုဘယ်ဆု ချီးမြှင့်ခဲ့လျှင်အငြင်းပွားမှုများပေါ်ပေါက်ဖွယ်ရှိသည်ကိုသိရှိ မည်ဖြစ်ပြီး၊ ၎င်း၏အကြိုက်ဆုံး ငါးဦး၌ဦးသိန်းစိန်ကို နောက်ဆုံးနေရာတွင် ထားရှိထားပါသည်။ သို့သော်၎င်းပြော ကြားရာတွင် ကော်မတီသည် တစ်ခါတစ်ရံတွင်ဆုကို အကောင်းဆုံး အတော်ဆုံးများ(saints)ကိုသာ ချီးမြှင့်သည် မဟုတ်ပဲ၊ စွန့်စားမှုများစွာ ရှိသည့်ကြားမှ မတူခြားနားသော လုပ်ငန်းစဉ်များ လုပ်ဆောင်သူများ ကိုလည်းပေးလေ့ရှိ ကြောင်းဆိုသည်။

အမှန်တကယ်ပင် နိုဘယ်ဆု ကော်မတီကလည်း အံ့သြမှုများ ဖြစ်ရအောင် လုပ်ဆောင်မှုများမှာ အဆန်းတကြယ် မဟုတ်တော့ပေ။ ၁၉၇၃ခုနှစ်က ဆုရွေးချယ်ရေး ကော်မတီသည် ဟင်နရီကစ်ဆင်းဂျားနှင့် မြောက်ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး လီဒွတ်တို့ကို ၎င်းတို့၏ ဗီယက်နမ် ပဋိပက္ခ ရပ်ဆိုင်းရေး ကြိုးပမ်းမှု များအတွက် ဆုချီးမြှင့်ခဲ့ပါသည်။ (လီဒွတ်သုံသည် ဗီယက်နမ်တွင် ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သေးဟု ဆိုကာ ဆုလက်ခံခြင်း မရှိပေ) ထိုနည်းတူစွာပင် ၁၉၉၄ခုနှစ်တွင် နိုဘယ်ဆုကို ရာဆာအာရာဖတ်၊ Shimom Peresနှင့် Yitzhak Rabinတို့ကို အရှေ့လယ်ပိုင်းတွင် နိုင်ငံနှစ်ခုကြား အဖြေရှာရေး ကြိုးပမ်းမှုများအတွက် ပေးအပ်ခဲ့သည်။ အမေရိကန်သမ္မတ Barack Obama ကိုကြည့်ပါ။ လွန်ခဲ့သည့် သုံးနှစ်က ၎င်း၏သတင်းထုတ်ပြန်ရေး အတွင်းရေးမှူး Robert Gibbsက နိုဘယ်ဆုရကြောင်း သတင်းပေးခဲ့ရာ အလွန်တရာ အံ့သြခဲ့ကြောင်းဆိုသည်။ Obamaအနေဖြင့် နိုဘယ်ဆုအတွက် မြင် သာထင်သာသော အောင်မြင်မှု အနည်းငယ်သာ ရှိခဲ့သည်။         

-------------------------------------------------------------------------------------------------------------------  

ADB ဥက္ကဌ Kurodaက မြန်မာနိုင်ငံအတွက် အကူးအညီပေးရေး အစီအစဉ် ရေးဆွဲလျက် ရှိသည်ဟုဆို-

(9 October 2012 ရက်စွဲပါ Reuters မှ ADB Kuroda says crafting aid plan for Myanmar ကိုဘာသာပြန်ပါသည်။)

အာရှဖွံ့ဖြိုးရေးဘဏ် (ADB)သည် မြန်မာနိုင်ငံအပေါ် ကနဦး အကူအညီပေးရေး အစီအစဉ် ရေးစွဲလျက် ရှိပြီး၊ ၎င်း၏ကြွေးမြီ ပြသာနာများ ဖြေရှင်းပြီး မှ ဆိုသော ကန့်သတ်ချက်ဖြင့်ဖြစ်ကြောင်း ADB ဥက္ကဌ Haruhiko Kurodaက အင်္ဂါနေ့က ပြောခဲ့သည်။

Kurodaသည် ယခုအပတ် ကျင်းပမည့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ အစည်းအဝေး တက်ရောက်ရန် တိုကျိုတွင် ရောက်ရှိနေပြီး၊ ADBသည် မြန်မာနိုင်ငံအပေါ် အမြန်ဆုံး အကူအညီများ အဆိုပြုနိုင်ရန် မျှော်လင့်နေကြောင်း၎င်းက သတင်းထောက် အုပ်စုတစ်ခုသို့ ပြောကြားခဲ့သည်။

--------------------------------------------------------------------------------------------------------------------             

 ရန်ကုန်မြေဈေး ၃၉% တက်

(Reuters  သတင်းမှ 10 Oct 2012  ရက်စွဲပါ  “Yangon Property Prices Up 39%” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာ့နိုင်ငံရေး၊ စီးပွားရေး ရာသီဥတု ပွင့်လင်းစ ပြုလာသည်နှင့်အမျှ အိမ်၊ခြံ၊မြေ ဈေးကွက်အတွင်းသို့ ငွေကြေးကစားသူများ အပြိုင်အဆိုင် ဝင် ရောက်လာကာ၊ မြေဈေးနှုန်းများ တဟုန်ထိုး တက်နေပြီး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ သူများက စက်ရုံနှင့် ရုံးခန်းဖွင့်ရန် နေရာအတွက် အသည်းအသန် ရှာဖွေ နေကြသည်ဟု သိရှိရသည်။

ယခုအခါ ပထမဦးဆုံး အကြိမ်အနေဖြင့် ကိန်းဂဏန်းများ ထုတ်ပြန်ကာ မြေဈေးနှုန်းများ မည်မျှခုန်တက် သွားသည်ကို ပြသခဲ့သည်။ ကူးသန်း ရောင်းဝယ်ရေး မြို့တော်ရန်ကုန် လူနေရပ်ကွက်များ၏ တစ်စတုရန်းပေ ပျမ်းမျှဈေးနှုန်းကို တိုင်းတာထားသည့် (The Silk Road Yangon Property) ညွှန်း ကိန်းဇယားတွင် ယခုနှစ် ပထမ၉လအတွင်း ၃၉% မြင့်တက်သွားခဲ့သည်။ ယခုအခါ တစ်စတုရန်းပေ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၈၅ (ကျပ်ငွေ ၇၂၀၀၀ ခန့်) ရှိနေပါသည်။

              ကမ္ဘာ့နောက်ဆုံးပေါ် ဈေးကွက်သစ်များတွင် လုပ်ကိုင်နေသည့် ရင်းနှီးမြှုပ်နှံမှု ဘဏ်တစ်ခုဖြစ်သော (Silk Road )၏ ဌာနခွဲ တစ်ခုက ယင်း ကိန်း ဂဏန်းကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၌ ၂၀၁၁တွင် အာဏာရှင် စစ်အုပ်ချုပ်ရေးစနစ် အဆုံးသတ် သွားပြီးနောက်ပိုင်း သမ္မတ ဦးသိန်းစိန် လက်ထက် နိုင်ငံရေး၊ စီးပွားရေး မြန်မြန်ဆန်ဆန် ပြောင်းလဲပြင်ဆင်မှုများကြောင့် နိုင်ငံတကာ၏ စိတ်ဝင်စားမှုများ တစ်ဟုန်ထိုး ကြီးထွားလာခဲ့သည်။

နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်များ တစ်ဖွဲဖွဲဝင်လာမှုကြောင့် အိမ်၊ခြံ၊မြေ ဈေးနှုန်းသာမကပဲ ရန်ကုန်မြို့တော်ဟိုတယ်ခန်း ဈေးနှုန်းများပါ ၆၅ ရာခိုင်နှုန်း တက်သွားခဲ့သည်ဟု (Silk Road) ကဆိုပါသည်။ ၎င်းဖြစ်စဉ် သည် ကမ္ဘာ့ဟိုတယ်လုပ်ငန်း စီးပွားရေးနယ်ပယ်တွင် အကြီးဆုံးဈေးတက်မှုတစ်ခု ဖြစ်သောကြောင့် ဇွန်လတွင် အစိုးရက နိုင်ငံခြားသားပိုင် ဟိုတယ်ကြီးများ၏ အခန်းခ နှုန်းများကို ဝင်ရောက်သတ်မှတ် ပေးခဲ့ရသည်။

              ရုံးခန်းငှားခနှုန်း များသည်လည်း ယခုနှစ်အတွင်း ၅၀ ရာခိုင်နှုန်း မြင့်တက်လာသည်။ ယခုအခါ ရန်ကုန်မြို့လယ်တွင် တစ်စတုရန်း မီတာအတွက် တစ်လ ငှားရမ်းခနှုန်း အမေရိကန် ဒေါ်လာ၅၀ကျော်နေပြီဟု သိရှိရသည်။

              သို့သော်ငြားလည်း ရန်ကုန်မြို့တော်တွင် ရရှိနိုင်သော  စုစုပေါင်းရုံးခန်းဧရိယာမှာ ၆၃၀၀၀ စတုရန်းမီတာခန့်သာရှိပြီး ထိုင်းနိုင်ငံမြို့တော် ဘန် ကောက်တွင် ရရှိနိုင်သော ဧရိယာ ပမာဏ၏ တစ်ရာခိုင်နှုန်းပင် မပြည့်ဟု (Silk Road)ကပြောကြားသည်။

*******************************************************************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment