Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၂.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ယူအက်စ်ပိတ်ဆို့မှုအလျှော့နှင့် ဂျပန်ရင်းနှီးမြှုပ်နှံမှု အမြှင့်နှင့် ခေါင်းဆောင်နှစ်ဦး၏ ခရီးစဉ်အောင်မြင်မှု အဆက်အစပ်

*****************************************

ဆောင်းပါးကဏ္ဍ

ယူအက်စ်ပိတ်ဆို့မှုအလျှော့နှင့် ဂျပန်ရင်းနှီးမြှုပ်နှံမှု အမြှင့်နှင့် ခေါင်းဆောင်နှစ်ဦး၏ ခရီးစဉ်အောင်မြင်မှု အဆက်အစပ်

မင်းတင်

(အောက်တိုဘာ၁၂ရက်ထုတ် ပြည်သူ့ခေတ်ဂျာနယ်အတွဲ()အမှတ်()တွင်ပါရှိသည့် ဆောင်းပါးကို ထုတ်ယူ ဖော်ပြချက်။)

ပြီးခဲ့သည့် သတင်းပတ်အတွင်းက မြန်မာပြည်သူတွေအကြား လှုတ်ခတ်မှု အတော်ဖြစ်ပေါ်ခဲ့ကြရသည်။ အောက်တိုဘာလ ၁ရက်ညပိုင်း တနင်္လာ နေ့ညပိုင်း----။ သမ္မတဦးသိန်းစိန် ယူအက်စ်ခရီးမှပြန်ရောက်လာသည်။ သောင်းသောင်းဖျဖျကြိုဆိုကြသော အဖွဲ့အစည်းများအပြင် အရပ်ဖက်လူမှုအသင်း အပင်းတွေလည်း ပါဝင်ကြသည်ဖြစ်၍ သမ္မတက ပြည်သူကို လေးစားလိုက်သမှုဖြင့် လူအုပ်ထဲဝင်ပြီး လေဆိပ်အဝင်လမ်းမရောက်မှ ကားပေါ်တက်ခဲ့ သည်။

နိုင်ငံပိုင်သတင်းစာများမှ ဖော်ပြသည်က အကြီးအကဲခရီးစဉ်မို့ဆိုလျှင် ပုဂ္ဂလိကပိုင်ဂျာနယ်တွေမှာလည်း မျက်နှာဖုံးမှာတောင် အတော်ဖော်ပြခဲ့ရ တော့ လူတွေ၊ ပြည်သူတွေ မီဒီယာတွေ၏ စိတ်အကွေ့ကို ဖျတ်ခနဲ မြင်လိုက်၊ သိလိုက်ရ၏။ ၁ရက်နေ့မှာပဲ ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့်အဖွဲ့ အာရှ-ဥရောပ ပါလီမန်များ ပူးပေါင်းဆောင်ရွက်ရေး (ASEP-7) တက်ရောက်ရန် လာအိုနိုင်ငံသို့ ထွက်ခွာသည်။

ထိုအစည်းအဝးက အောက်တိုဘာ ၃ရက်မှ ၅ရက်အထိဖြစ်ပြီး သြစတြေးလျနိုင်ငံသို့ ခရီးဆက်မည်ဖြစ်သည်။ ထို ASEP တွင် လက်ရှိဖွဲ့ဝင် ၅၇ နိုင်ငံဖြင့် ဖွဲ့စည်းထားပြီး အာရှမှ ၁၆နိုင်ငံ၊ ဥရောပမှ ၂၇နိုင်ငံ၊ သမုဒ္ဒရာပိုင်းမှ ၂နိုင်ငံနှင့် ဥရောပပါလီမန်တို့ ပါဝင်သည်။ ဘင်္ဂလားဒေ့ရှ်၊ နော်ဝေနှင် ဆွစ်ဇာ လန်နိုင်ငံတို့က လေ့လာသူအဖြစ် တက်ရောက်ကြသည်။

သြစတြေးလျ၊ မြန်မာ၊ နယူဇီလန်နှင့် ရုရှား၎နိုင်ငံတို့က အဖွဲ့ဝင်သစ်အဖြစ် လျှောက်ထားကြဆဲဖြစ်ကြပြီး မြန်မာအနေဖြင့် မကြာခင် အမြဲတမ်း အဖွဲ့ဝင်နိုင်ငံဖြစ်လာတော့မည်ဟု သိရသည်။ ASEP၏ အဓိကရည်ရွယ်ချက်မှာ အာရှနှင့် ဥရောပနိုင်ငံများ၊ ပြည်သူများကြားနားလည်မှုကို တိုးမြှင့်ဆောင် ရွက်ဆက်ဆံရေးကို ရည်စူးသော အာရှ-ဥရောပအစည်းအဝေး (ASEM) ဖြစ်သည်။

အောက်တိုဘာ ၄ရက်နေ့ည

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ်မှ ပြန်ရောက်သည်။ စက်တင်ဘာ ၁၆ရက်နေ့မှစခဲ့သည်ဖြစ်၍ စုစု ပေါင်း ၁၉ရက်ခရီး၊ အပြန်နှစ်ရက်နုတ်လျှင် ယူအက်စ်၌ လေဆိပ်သို့ လေယာဉ်မဆိုက်ခင် ကြိုတင်ရောက်နှင့်နေကြသော ပြည်သူတစ်သောင်းခန့်ရှိနေ၏။ လာရောက်ကြိုဆိုဂုဏ်ပြုကြသူတွေ၊ လမ်းမပေါ်ထွက်ကြိုဆိုနေကြသူတွေထဲမှ တက္ကသိုလ်ရိပ်သာလမ်းအိမ်အထိ တစ်နာရီတစ်ဆယ့်ငါးမိနစ်ခန့်ကြာပြီး ည ၁၁နာရီလောက်မှ ရောက်သည်။ နေအိမ်တွင်းခေတ္တသာဝင်ပြီး ပြန်ထွက်၍ ဂုဏ်ယူစွာစောင့်ကြိုနေကြသော ပြည်သူများကိုစကားပြောသည်။ ‘ယခုအချိန် သည် အရေးအကြီးဆုံး၊ အခက်အခဲဆုံး အချိန်ကာလတစ်ရပ်ဖြစ်နေသည်၊ အလုပ်လုပ်ကြရမည်၊ ထိုင်နေ၍မရ’စသည့် အဓိပ္ပါယ်များစွာပါဝင်သော စကား တချို့ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ၁၇ရက်တာ ယူအက်စ်ခရီးစဉ် ဓာတ်ပုံမှတ်တမ်းများ၊ နောက်ဆုံးရသတင်းများဖြင့် ဖော်ပြပြီးဖြစ်သည်။ ဤဆောင်းပါး ၌လည်း တစ်ပုဒ်တည်းဖြင့် ပြည့်စုံစွာ ဖော်ပြနိုင်မည်မဟုတ်၊။

ခြုံငုံသုံးသပ်ရလျှင် ဒေါ်အောင်ဆန်းစုကြည်၏ ယူအက်စ်ခရီးစဉ် ကြောင့်ရော၊ သမ္မတ၏ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းကြောင့်ပါ ‘မြန်မာမိုဒယ်’ဟု နိုင်ငံတကာ၌ အမည်တွင်နေသော မြန်မာ့ဒီမိုကရက်တိုက်ဇေးရှင်း ပိုမိုတောက်ပ လင်းလက်ခဲ့သည်။

အောက်တိုဘာ၅ရက်နေ့တွင် မြန်မာ့ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်ကို ပိုမြန်မြန်ရွေ့စေအောင် အသိအမှတ်ပြုသည့်အနေဖြင့် နိုင်ငံတကာ ဘဏ္ဍာရေး အင်စတီကျူးရှင်းကြီးများပေါ်ကာ ယူအက်စ်က ဥပဒေပြဋ္ဌာန်းကန့်သတ်ထားသည်များ ရုတ်သိမ်းရန် ဥပဒေပြန်လည်ပြုပြင်ရေး တောင်းခံလွှာကို သမ္မတ အိုဘားမား လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်။ ဤကိစ္စက မြန်မာအလုပ်ဖြစ်စေသော ပေါ်လစီ၊ ကောင်းမန်သောအုပ်ချုပ်ရေး အသေအချာ အခိုင်အ မာ ဖြစ်ထွန်းလာစေရန်အတွက် သန်မာအားကောင်းသော (အင်စတီကျူးရှင်းကြီးများ) ဖြစ်ပေါ်ရေး အထောက်အကူများစွာ ဖြစ်စေလိမ့်မည်ဟု ယူအက်စ် ဘဏ္ဍာရေးဌာနက ပြောသည်။

ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ (IMF)၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ တို့ထံမှ နည်းပညာအကူအညီအပြင် အခြားနည်းလမ်းများစွာ ဖြင့် အခွင့်အလမ်းတွေရရှိလာဖို့ လမ်းပွင့်မှု တစ်ရပ်ဟု ယူဆနိုင်ပါသည်။ ဤအချက်ကလည်း မြန်မာခေါင်းဆောင် ၂ဦး(သမ္မတနှင့် ဒေါ်စု)တို့၏ အမေရိက ခရီးစဉ်များနှင့် ရိုက်ခတ်ဆက်စပ်နေပါ၏။ တကယ်ပဲ အားလုံးအလုပ်လုပ်ကြဖို့သာ ရှိသည်။

ဂျပန်တွေ ပိုစောစောဝင်လာ

ဂျပန်အစိုးရဌာနများ၊ အေဂျင်စီများ၊ ပုဂ္ဂလိကလုပ်ငန်းများ စစ်တမ်းပြု၍ ထုတ်ပြန်လိုက်သော ရိုက်တာ စပယ်ရှယ်ရီပို့တစ်စောင် အောက်တိုဘာ ၃ရက်နေ့ ထွက်လာသည်။

ရန်ကုန်၊ သီလဝါဆိပ်ကမ်းကို အထုးစီးပွားရေးဇုန် (SEZ)အဖြစ် တိုးမြှင့်ဆောင်ရွက်ရေး ရင်းနှီးမြှုပ်နှံမှု၊ ထားဝယ်ဆိပ်ကမ်းကို အရှေ့တောင်အာရှ ၏အကြီးဆုံး စက်မှုဇုန်ကြီးဖြစ်လာစေရေး၊ ဒေါ်လာ၃ဒဿမ ၂ဘီလီယံရင်းနှီးမြှုပ်နှံမှု၊ အခြားကဏ္ဍများ၌ ဆက်လက်တိုးချဲ့ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဒေါ်လာ ၁၈ဘီလီလောက် ဂျပန်စီးပွားရေးရင်းနှီးမြှုပ်နှံမှုသူများ ယခင်ကြွေးမြီပေးလျော်ခြင်းအပြင် ဂျပန်အစိုးရနှင့် အေဂျင်စီတွေ မြန်မာနဲ့ ပတ် သက်ပြီး အဓိကဆုံးဖြတ်ချက်တွေ ခပ်မြန်မြန်ချ၊ ဆောင်ရွက်ဖို့ ဂျပန်-မြန်မာ ပူးပေါင်းရေးအဖွဲ့တွေက တွန်းအားပေးနိုင်ခဲ့တယ်ဟုလည်း ရိုက်တာက ဆို ထားသည်။

ဒါဆို ယူအက်စ်အပါအဝင် ဥရောပကုမ္ပဏီကြီးတွေ ဘာ့ကြောင့်နှောင့်နှေးနေသလဲ။ တွေးစရာဖြစ်လာ၏။ အောက်တိုဘာ ၁၈ရက်တွင် ပြန်စမည့် လွှတ်တော်တွင် ပြန်လည်ဆွေးနွေးညှိနှိုင်းရန် သမ္မတက (ပြင်ဆင်သင့်သည်ဟုယူဆသော အချက်များ ဖြည့်စွက်၍) ပြန်ပို့ထားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုဥပဒေကို ခိုင်မာရေရာ သေချာသည်အထိ စောင့်ကြည့်လိုကြသည်။ နှစ်ဘက်မျှခြေ ညီဥပဒေမျိုး၊ လုပ်ကိုင်ရလွယ်ကူ(ease) ဖြစ်သောဥပဒေမျိုး မျှော်လင့် ကြသည်။ အလုပ်သမားဆိုင်ရာဥပဒေနှင့် မြေပိုင်ဆိုင်ခွင့်ဆိုင်ရာ ဥပဒေတို့ကိုလည်း နှိုင်းယှဉ်ချိန်ဆ ထည့်သွင်းစဉ်းစားနေကြကြောင်း လေ့လာသုံးသပ်သူ ပညာရှင်များစွာ အဆိုအရ ကြားသိနေရပါ၏။

ဂျပန်ဘက်ကတော့ ဒီလိုကာလကြားထဲ ခပ်စောစော ကြိုဝင်လာကြခြင်း ဖြစ်သည်။ အနောက်တိုင်းနိုင်ငံစုံ ကော်ပိုရေးရှင်းကြီးတွေ ခပ်မြန်မြန် ဝင် လာကြစေဖို့ (နဂိုရှိရင်းစွဲအပြည့်အပြင်) ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အစိုးရယန္တရား--ဒါတွေ ချောမွေ့ပြေပြစ် ကောင်းမွန်မျှတ မြန်ဆန်ဖို့ လိုအပ် လာတာကလည်း ပိုထင်ရှားလာနေပါ၏။

နိုင်ငံရေးရာ စီးပွားရေး

နိုင်ငံရေးအရ မြန်မာ့မိုဒယ် ဒီမိုကရက်တိုက်ဇေးရှင်း ရှေ့သို့မှန်မှန် ဆက်လှမ်းနေသည်ဟု ယူဆနိုင်ပါသည်။ နိုင်ငံရေးရာစီးပွာရေး (Political Economy) အရတော့ အေက်ခြေအလွှာ သာမာန်ပြည်သူအများစု၏ နိစ္စဓူဝ စားဝတ်နေရေး အခြေခံများ သိပ်အပြောင်းအလဲမတွေ့ရသေးပါ။ ဗြုန်းကနဲ၊ ဒိုင်းကနဲ ပြုပြင်ပြောင်းလဲ၍ ဖြစ်နိုင်၊ ရနိုင်သည်တော့မဟုတ်။ အခြေခံအရင်းအမြစ်တွေ အားလုံးနီးပါး ရှိနေနှင့်ပြီးသားဖြစ်၍ မြန်ဆန်စေလိုသော ဆန္ဒသာ ဖြစ်သည်။

မြေနေရာ၊ သံယံဇာတ(ပညာရေးချို့တဲ့သော်ငြားလည်း ကြီးမားပျိုရွယ်သည့်) လုပ်သားအင်အားစု စသဖြင့်။

ယမန်နေ့ကပဲ တက်လာသော bloombergသတင်း တစ်ပုဒ်၌ လှိုင်သာယာစက်မှုဇုန် တချို့နေရာကောင်းတွေ၏ ကာလပေါက်ဈေးမှာ တစ်ဧက လျှင် ယူအက်စ် ဒေါ်လာ၅သိန်းဟုဖတ်ရတော့ ပြည်တွင်းဂျာနယ်တွေ လိုက်ပြန်ရှာဖတ်မိသည်။ ဆိတ်ငြိမ်သော မြို့လယ်ကောင်မြေဈေးတွေကရော၊ ကုမ္ပဏီတွေအခြေစိုက်၍ ရုံးခန်းဖွင့်ရန် သင့်တော်သော မြို့နယ်တွေရော….။ ဒါက ဒီတစ်ပတ်လောက်လေးကို ‘ရှပ်’ ကြည့်ခြင်းလောက်ကို ‘ကွက်’ကြည့် ခြင်းလောက်မျှသာ။

အမျိုးသားပြန်လည်ရင်ကြားစေ့ သင့်မြတ်ရေး၊ စစ်မှန်သော ဒီမိုကရေစီရေးတို့သည် ရေရှည်ခရီးဖြစ်ပါသည်။ ၎င်းတို့ကို ဖော်ဆောင်ရန်၊ တိုင်း ပြည်နှင့် ပြည်သူ ကြီးပွားတိုးတက်ချမ်းမြေ့ရန် ‘တရားဥပဒေစိုးမိုးရေး’ ကဏ္ဍ အရေးကြီးလှ၏။ ဥပဒေကို အသားလွတ်ကြောက်နေရခြင်းမျိုးမဟုတ်။ ဥပဒေဆိုတာ ကိုယ့်ကိုအကာအကွယ်ပေးတာဟု စည်းကမ်းကျ၊ စိတ်ထားပြည့်နိုင်ငံသားများဖြင့် တည်ဆောက်ထားသော လူ့အဖွဲ့အစည်း..။

ဟုတ်ပါသည်။ ထိုအဆင့်၊ ထိုအနေအထားသို့ရောက်ရန် မိမိတို့အားလုံး အလုပ်လုပ်ကြရမည့်အချိန်။ အလုပ်က အမြဲလုပ်နေရတာပဲ၊ မနည်းရုန်း နေကြရတာတောင်..ဆိုသော စကားသံများ ပါးလျမှေးမှိန်သွားစေဖို့ ပိုလုပ်သာကိုင်သာရှိသော၊ အခွင့်အလမ်းများနှင့် တောက်ပနေသော လူ့အဖွဲ့အစည်း ဖြစ်လာစေရေး ပတ်ဝန်းကျင်ကောင်းတွေ များများပိုဖန်တီးပေးနိုင်ဖို့လည်း လိုအပ်ပါသည်။

****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment