Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၆.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ကန့်ကွက်ဆန္ဒပြမှုများကြောင့် OICရုံးဖွင့်လှစ်မည့် ကိစ္စကို မြန်မာပိတ်ပင်

(ABC Newsမှ “Burma blocks OIC office mass protest” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. All Nippon Airwayကမြန်မာခရီးစဉ်များ ပြန်လည်စတင်မည်

(Japan Today Newsမှ 16 October 2012ရက်စွဲပါ “All Nippon Airway restart Myanmar flights” သတင်းကို ဘာသာပြန်ဆိုသည်)

  1. အလယ်အလတ်ထိုင်းကုမ္ပဏီများ မြန်မာနိုင်ငံသို့အခြေချရန် ဘန်ကောက်ဘဏ်တိုက်တွန်း

(Bangkok Postမှ 16 October 2012ရက်စွဲပါ “BBL urges mid-sized Myanmar outlays” သတင်းကိုဘာသာ ပြန်ဆိုသည်။ )

***********************************************

ဘာသာပြန်သတင်းများ

ကန့်ကွက်ဆန္ဒပြမှုများကြောင့် OICရုံးဖွင့်လှစ်မည့် ကိစ္စကို မြန်မာပိတ်ပင်

(ABC Newsမှ “Burma blocks OIC office mass protest” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံတွင် လူမျိုးရေးဘာသာရေး တင်းမာမှုများ ဖြစ်ပွားနေသော ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ မွတ်စလင်များအား ကူညီမည့် အစ္စလာမ်မစ် ပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့ OICရုံးခန်း ဖွင့်လှစ်ရန် ကိစ္စကို မြန်မာသမ္မတက တားမြစ်ပိတ်ပင်လိုက်သည်။

နိုင်ငံတစ်လွှားမြို့ကြီးများတွင် သံဃာတော်များနှင့် ပြည်သူများ ထောင်ချီ၍ ဆန္ဒပြခဲ့ကြပြီး သူတို့၏ တောင်းဆိုချက်ကို အစိုးရက သဘောတူလက် ခံသည်အထိ ဆက်လက်ဆန္ဒပြ သွားကြရန် ဆုံးဖြတ်ထားသည်ဟု သိရှိရသည်။

ဆန္ဒပြချီ တက်ပွဲတစ်ခုတွင် ဘုန်းတော်ကြီး ဦးပညာနန္ဒက “OICဟာ ဘင်္ဂါလီတွေ အတွက်သာဖြစ်ပါတယ်။ မြန်မာပြည်သူတွေအတွက် မဟုတ်ပါ ဘူး” ဟု ပြောကြားသည်။

ယင်းသို့ နိုင်ငံအနှံ့တွင် ဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက်တွင် သမ္မတ ဦးသိန်းစိန်၏ရုံးက “မြန်မာနိုင်ငံတွင် OICကိုယ် စားလှယ်ရုံး ဖွင့်ခွင့်မပြုပါ”ဟု ပြောကြားသည်။

“ပြည်သူတို့၏ ဆန္ဒနှင့် မကိုက်ညီသည့် အတွက် OICကိုယ်စားလှယ်ရုံးဖွင့်ခွင့် မပြုပါဘူး”ဟု သမ္မတရုံး ဝက်ဆိုက်ဒ်တွင် တင်ထားသော ကြေညာ ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ယခုနှစ်တွင် အစောပိုင်းက ဗုဒ္ဓဘာသာ ရခိုင်များနှင့် ရိုဟင်ဂျာ မူစလင်များအကြား သွေးမြေကျ အခြေအတင် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးချိန်မှ စတင်၍ တင်းမာမှုများ ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။

-------------------------------------------------------------------------------------------------------------------------

All Nippon Airwayက မြန်မာခရီးစဉ်များ ပြန်လည်စတင်မည်

(Japan Today Newsမှ 16 October 2012ရက်စွဲပါ “All Nippon Airway restart Myanmar flights” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မြန်ဆန်ဆန် ပြောင်းလဲနေသော မြန်မာနိုင်ငံကို အသစ်တစ်ဖန် စိတ်ဝင်စားသည့် အနေဖြင့် All Nippon Airway လေကြောင်းက ယခင်၁၂နှစ် အကြာက ရပ်ဆိုင်းထားသော ရန်ကုန်မြို့တော်သို့ တိုက်ရိုက်ပျံသန်းမှုကို တနင်္လာ နေ့က စတင်လိုက်သည်။

မကြာသေးမီက  ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု များစတင်ပြုလုပ်လာကာ  နိုင်ငံတကာနှင့် ပြန်လည်ဆက်ဆံလာ ခဲ့သော တစ်ချိန်က တံခါးပိတ် မြန် မာနိုင်ငံသို့ လုပ်ငန်းရှင် ဧည့်သည်နှင့် ခရီးသည်များ အရေအတွက် တိုးမြင့်ရောက်ရှိ နေသည်ဟု လေကြောင်းလိုင်းက ထောက်ပြပြောဆိုသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ၂၀၀၀ခုနှစ်မှစတင်၍ ခရီးစဉ်များရပ်ဆိုင်းထား ခဲ့သော ANAလေကြောင်းလိုင်းက တိုကျိုနာရီတာ လေဆိပ်နှင့် ရန်ကုန်လေဆိပ်ကြား တစ်ပတ်လျှင် သုံးကြိမ်ပျံသန်းမည်ဟု ပြောကြားသည်။

“မြန်မာနိုင်ငံဟာ စီးပွားရေး ဖွံ့ဖြိုးမယ့် အလားအလာ မြင့်မားနေပါတယ်။ မြန်မာနိုင်ငံကို ဝင်ဖို့ဆုံးဖြတ်ပြီးသွားတဲ့ ဂျပန်ကုမ္ပဏီ တွေအများကြီးပဲ။ နောက်ထပ် တစ်ခြားကုမ္ပဏီတွေကလည်း ဒီအတိုင်းလုပ်ဖို့ ပြင်ဆင်နေကြပါတယ်”ဟု ANAလေကြောင်းလိုင်း ဥက္ကဋ္ဌ ရှင်နီချိရိုအီတိုက တနင်္လာတွင် ပြော ကြားကြောင်း ကျိုဒိုသတင်းဌာနက ထုတ်ပြန်သည်။

ဟောင်ကောင် Dragon Airနှင့် Singapore Airlinesတို့ကလည်း ရန်ကုန်မြို့တော်သို့ ပုံမှန်ခရီးစဉ်များ ပျံသန်းမည့် အစီအစဉ်များကို ပျံသန်းမည့် အစီအစဉ်များကို ထုတ်ပြန်ကြေညာ ထားကြသည်။

ကမ္ဘာတွင် Burmaဟုလူသိများသော မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခွင့်ပေးခြင်း၊ မီဒီယာဆင်ဆာ ဖြေလျှော့ပေးခြင်း အပါအဝင် သိသာထင်ရှားသော အပြောင်းအလဲများကို ဆက်တိုက်ပြုလုပ် လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ခရီးသွားများ ပိုမိုစီးဝင်လာခြင်းကြောင့် ရန်ကုန်မြို့တော်အဦးတွင် လေဆိပ်သစ်တစ်ခု တည်ဆောက်ရန် စီစဉ်နေကြောင်းနှင့် ၂၀၁၆ တွင် စတင်လည်ပတ်ရန် မျှော်လင့်ထားကြောင်း မြန်မာအာဏာပိုင်များက ဇူလိုင်လတွင် ပြောကြားထားသည်။

--------------------------------------------------------------------------------------------------------------------------

အလယ်အလတ် ထိုင်းကုမ္ပဏီများ မြန်မာနိုင်ငံသို့ အခြေချရန် ဘန်ကောက်ဘဏ်တိုက်တွန်း

(Bangkok Postမှ 16 October 2012ရက်စွဲပါ “BBL urges mid-sized Myanmar outlays” သတင်းကိုဘာသာ ပြန်ဆိုသည်)

မြန်မာနို်င်ငံတွင် စီးပွားရေး အသွင်ပြောင်းမှု ဖြစ်စဉ်တွင် ကြီးထွားလာသော စီးပွားရေးအခွင့်အလမ်းများမှ အကျိုးအမြတ်ရရန် အတွက် ထိုင်း အ လယ်အလတ်အဆင့် ကုမ္ပဏီများ မြန်မာနိုင်ငံသို့ ခြေလှမ်းချဲ့ကြရန် ဘန်ကောက်ဘဏ်က အားပေးတိုက်တွန်း လျက်ရှိသည်။

မြန်မာနိုင်ငံသည် ကျေးလက်စီးပွားရေး နိုင်ငံအဖြစ်မှ စက်မှုစီးပွားရေး နိုင်ငံအဖြစ်သို့ အသွင်ကူးပြောင်းနေကြောင်း ယခုအခါ ကမ္ဘာတစ်လွှား ရင်းနှီး မြှုပ်နှံ သူများအကြား ရေပန်းစားနေသည်ဟု ဘန်ကောက် ဘဏ်ဥက္ကဋ္ဌ ကိုဆန်ပန် ပိုင်ရပ်စ်က ပြောကြားသည်။

ထို့အတွက် အလားတူ အတွေ့အကြုံမျိုးဖြင့် စွန့်စားရင်းနှီးမြှုပ်နှံရာတွင် ထိုင်းနှင့်နယ်ခံ စီးပွားရေးသမား များက အခြားအရင်းအနှီး မြှုပ်နှံသူများထက်  ပိုမို အားသာချက် ရှိနိုင်သည်ဟု ဆိုသည်။

“မြန်မာနိုင်ငံသည် အခြားအခြေခံ အဆောက်အအုံစနစ် ဖွံ့ဖြိုးရေးနှင့် အစားအစာ၊ လယ်ယာစိုက်ပျိုးရေး၊ ကဏ္ဍတွင် အကူအညီ လိုအပ်နေသည်၊ ဒေသတွင်း အင်အားကြီး ကုမ္ပဏီများက သံယံဇာတ ထုတ်ယူရေး နယ်ပယ်တွင် ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်သည်”ဟု  ကိုဆစ်ပန်ခိုင်က ပြောကြားသည်။

ဘန်ကောက်သည် ထိုင်းလူမျိုးဖောက်သည်များ၏ ရင်းနှီးမြှုပ်နှံမှုများ ကြီးထွားလာခြင်းနှင့် လိုက်လျောညီထွေ ဖြစ်အောင် မြန်မာနိုင်ငံမှ မိတ်ဖက် ဘဏ် ၄ခုကို အရေအတွက်တိုးရန် စီစဉ်နေသည်။

အိမ်နီးချင်း မြန်မာနိုင်ငံသို့ အခြေချမည့် ပြည်တွင်းကုမ္ပဏီများ အတွက် မတည်ရင်းနှီးငွေထက် အကြံဥာဏ်က ပိုမိုအရေးကြီးသည်။ ထိုင်းနိုင်ငံ၏ အ ကြီးဆုံး ဘဏ်တစ်ခုဖြစ်သော မြန်မာနိုင်ငံမှ CBဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ အေးရှား ဂရင်းဖွံ့ဖြိုးရေးဘဏ် စသောပုဂ္ဂလိက ဘဏ်၎ခုနှင့်  ယခုနှစ် သြဂုတ်လ အတွင်း သဘောတူညီမှုများ လက်မှတ်ရေး ထိုးထားသည်။

ကူးသန်းရောင်းဝယ်မှုဆိုင်ရာ ဘဏ်ချင်းဆက်သွယ်မှု စနစ်ကို ထိုင်လူမျိုး ဖောက်သည်များအား အဓိက ပံ့ပိုးကူညီ ပေးနိုင်လိမ့်မည်ဟု သိရသည်။

*******************************************************************************************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment