Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
Document yangonchronicle2011 Op-Ed

Snapshot of the item below:
yangonchronicle2011 Op-Ed

၁၇.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. လုပ်သင့်သလောက်ပဲ လုပ်ကြပါ

*****************************************

ဆောင်းပါးကဏ္ဍ

လုပ်သင့်သလောက်ပဲ လုပ်ကြပါ

မိုးတင့်

(အောက်တိုဘာ ၁၇ရက်ထုတ် News Week ဂျာနယ် အတွဲ (၂) အမှတ် (၅၂) မှ ထုတ်ယူတင်ပြချက်။)

ပိုတဲ့စကားကြောင့် ပေါ့တယ်လို့အဆိုရှိပါတယ်။ တကယ့်အဖြစ်အပျက်ထက် ပိုမိုချဲ့ကားပြီး ပြောရမယ်ဆိုလို့ရှိရင် တကယ့်အဖြစ်အပျက် အနှစ် သာရ ပေါ့ပေါ့ရွှတ်ရွှတ်င်္ကြီး ဖြစ်သွားတတ်ပါတယ်။ မြန်မာနိုင်ငံဟာ အသွင်ကူးပြောင်းစကာလမှာ ပိုမိုပွင့်လင်းလာပြီး ကိုယ့်ဆန္ဒကို တရားဝင်ဥပဒေအရ ဖော်ထုတ်ခွင့်ရရှိလာတဲ့အခါ ဆန္ဒပြမှုတွေ၊ တရားစွဲဆိုမှုတွေ နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်တွေ့ရှိလာရတယ်။

အလုပ်သမားဆန္ဒပြမှုတွေ လယ်သမားဆန္ဒပြမှုတွေ အပါအဝင်တရားစွဲဆိုမှုတွေ ရဲ့နောက်မှာ နိုင်ငံရေးသမားဟု အမည်ခံသူများ ပါပါဝင်လာကြ တဲ့အခါ သေးတဲ့အမှုပိုကြီး လာတတ်ကြတာကိုလည်း လေ့လာမိတယ်။ တစ်ချို့နိုင်ငံရေးသမား အမည်ခံတွေ လုပ် စားလာသလိုမျိုး တောင်းခံစားရတယ်။ နိုင်ငံတစ်နိုင်ငံလုံးနဲ့ ပတ်သက်တဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းကို တက်ညီလက်ညီနှင့် ဝိုင်းဝန်းဆန္ဒပြလိုက်တာ ကောင်းမွန်သောရလာဒ်တွေ ထွက်ရှိလာခဲ့ တယ်။ သို့သော်တစ်ခါတစ်ရံအစွန်းရောက်လွန်းသော ပြောဆိုဆန္ဒပြမှုတွေကို ဖတ်ရှုကြားသိနေရတယ်။ ဘာပဲဖြစ်ဖြစ် အရင်အစိုးရလက်ထက်က ဆောင် ရွက်ခဲ့တာဆိုရင် ဆန္ဒပြပြီးရပ်တန့်ခိုင်းမှာပဲဆိုတဲ့ ပြုမူပြောဆိုမှုတွေကိုလည်း ကြိုကြားကြိုကြား ကြားတွေ့လာရတယ်။

ဒီမိုကရေစီနည်းအရ အများစုရဲ့ဆန္ဒကို အနည်းစုကဆန္ဒပြပြီး တရားစွဲရမယ်ဆိုတဲ့ကိစ္စတွေ ဆန္ဒပြမှုတွေကိုလည်း တွေ့ရတယ်။ အဖွဲ့အစည်းထဲ ကို ရှေ့နေဟုခေါ်ဆိုသောသူတစ်ဦးကို ခေါ်သွင်းလာပြီး အနည်းငယ်သော ဆန္ဒပြသူတွေက အများစု(ကိုယ့်အဖွဲ့ထက် အဆ ၂၀၊၃၀ ကျော်ပိုများတဲ့) ဖြစ်တဲ့ အဖွဲ့ကို အရေးယူတရားစွဲဖို့ စီစဉ်တဲ့ကိစ္စတွေလည်း မြင်နေကြားသိနေရတယ်။

ပြေလည်ပြီးသားကိစ္စကို နို်င်ငံရေးသမားလို့ ကိုယ့်ကိုကိုယ်သတ်မှတ်ထားသူတွေဝင်ရောက်ပြီး အစကပြန်စကြတာမျိုးလည်း ကြားသိဖတ်ရှုရ တယ်။ တစ်ခါတစ်လေ နိုင်ငံနဲ့ချီပြီး အကျိုးရရှိနိုင်တဲ့ကိစ္စများမှာလည်း Transperancy ရှိအောင် တိုက်တွန်းလှုံ့ဆော် သင့်ရုံလောက်ကို လုံးဝရပ်ပေးဖို့အထိ တောင်းဆိုနေကြတာလည်း တွေ့မြင်ကြားသိနေရတယ်။

တောင်သူလယ်သမား၊ အလုပ်သမားတွေဆိုသည်မှာ အခြေခံလူတန်းစား အရိုးသားဆုံး အောက်ခြေလူတန်းစားတွေသာ ဖြစ်ပါတယ်။ နိုင်ငံသိ နိုင်ငံရေးသမားများသာမက ကိုယ့်ကိုယ်ကို နိုင်ငံရေးသမားပါလို့ခံယူထားတဲ့ လူတွေရောက်လာပြီး အရောင်ဆိုးလိုက်ရင် ရိုးသားတဲ့လူတန်းစားတွေ အရောင်ပြောင်းသွားတတ်ကြပါတယ်။ အောက်ခြေလူတန်းစားပြည်သူတွေဟာ သူတို့ယုံကြည်အားကိုးမိပြီဆိုရင် ဘာလုပ်ခိုင်းခိုင်း အသက်ကိုတောင် ပဓာနမထားဘဲ ရိုးသားစွာ ယုံကြည်ပြုလုပ်ပေးတတ်ကြတဲ့ စိတ်နေစိတ်ထားတွေ ရှိတတ်ကြပါတယ်။ အဲဒီစိတ်နေစိတ်ထားတွေရှိတတ်ကြပါတယ်။ အဲဒီ စိတ်နေကို နိုင်ငံရေးသမားတွေ မိမိထင်ပေါ်လိုမှုအတွက် အသုံးမချသင့်ပါဘူး။

တစ်ခါတစ်ရံနိုင်ငံရေးသမား ဟုအမည်ခံတွေဟာ နိုင်ငံတိုးတက်ရေးအတွက် အနှောက်အယှက်ပေးတတ်တဲ့သူတွေ ဖြစ်မှန်းမသိ ဖြစ်သွားတတ် ကြတယ်။ တစ်ခါကလည်း အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်ထဲမှာ “ငါတို့ကတော့ အသက်အသေခံပြီး ဆန္ဒပြမှာပဲဆိုတာ ကမ္ဘာကသိအောင် ကြွေးကြော် ပြီ”ဆိုပြီး ဆောင်းပါးတိုတစ်ပုဒ်ပါလာတာ ဖတ်ရှုဖူးတယ်။ မခုလို မြန်မာနိုင်ငံဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေတဲ့အချိန်မှာ နိုင်ငံခြားမှ ရင်းနှီး မြှုပ်နှံမယ်လို့ စီစဉ်နေသူတွေအတွက် လက်တွန့်စေမယ့် အရေးသားအပြောအဆိုတွေ ဖြစ်တယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့် စဉ်စားစေလိုပါတယ်။

အထိအခိုက်မခံတဲ့ ကိစ္စတွေဖြစ်တဲ့ ရခိုင်ပြည်နယ်အရေးအခင်းနဲ့ ပတ်သက်ပြီးတော့လည်း နိုင်ငံရေးခေါင်းဆောင်ဟုဆိုသူတစ်ဦးမှ မြန်မာနိုင်ငံ သား ရိုဟင်ဂျာဖြစ်ခွင့်ရှိတယ်လို့ ဆိုသုံးသပ်ထားတာကို ဂျာနယ်တစ်စောင်(ထိုအချိန်က တစ်စောင်မကပါ) မှာ ဖတ်ရှုလိုက်ရဘူးတယ်။ နိုင်ငံတော်တာဝန် ရှိသူ အကြီးအကဲတွေကတောင် မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာမရှိဘူးလို့ အတိအလင်းပြောဆိုထားတာကို ထိုနိုင်ငံရေးသမား အမည်ခံသူက ငါ့စကား နွားရ ပြောဆိုခဲ့တာ တွေ့ရတယ်။ လူအထင်ကြီးအောင် ဝင်ပြောရင်း စကားမှားသွားတယ်ထင်ပါတယ်။

မဖြစ်မနေညှိနှိုင်းတိုင်ပင်လို့မရလို့ ဆန္ဒဖော်ထုတ်ရမယ့်ကိစ္စတွေ ရှိသလို ဘာဖြစ်ဖြစ် ခေတ်မီအောင် ဆန္ဒပြကြမယ်ဆိုရင်တော့ ရှေ့ရေးအတွက် ရင်လေးစရာပါပဲ။ စက်ရုံဆို ဆန္ဒပြကွာ၊ လယ်သမားဆိုဆန္ဒပြကွာ၊ Crony ခရိုနဆိုဆန္ဒပြကွာ၊ တရုတ်ဆိုဆန္ဒပြကွာဆိုပြီး ကျားကျားမီးယပ်လုပ်နေရင်တော့ ရင်းနှီးမြှုပ်နှံမှုကို စွဲဆောင်ရာမကျဘဲ ဆန့်ကျင်ရာကျနေမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ နိုင်ငံတိုးတက်ဖို့ရာမှာ အနှောက်အယှက်ဖြစ်စေတဲ့ အပြုအမူတွေဘဲ ဖြစ်လာလိမ့်မယ်။

လိုအပ်ရင်သုံးဖို့အတွက် အကောင်းဆုံးအခွင့်အရေးပေးထားတာကို အချီးအနှီးပေါပေါလောလော အသုံးချနေရင် ကြာရင်တန်ဖိုးမရှိ မလေးစား တော့မှာ သေချာတယ်။ နိုင်ငံတကာ Image မှာလည်း မြန်မာနိုင်ငံကို အထင်မသေးစေလိုပါ။ ယုံယုံကြည်ကြည် လိုလိုလားလားနဲ့ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှု ပြုစေလိုပါတယ်။ ယခုအခါ မြန်မာနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ Image တစ်ခု စတင်တည်ဆောက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အစိုးရအဖွဲ့များသာမကဘဲနှင့် စင်မြင့်ပေါ် ဂျာနယ်စာမျက်နှာပေါ်တွေကနေ လူပြိန်းကြိုက်တွေ၊ တစ်ပွဲထိုးတွေပြောဆိုတာကို မသိနားမလည်တဲ့ပြည်သူတွေ နားယောင်သွားပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အနှောက်အယှက်ဖြစ်သွားမှာ ဖြစ်နေတာကို ဆက်လက်မပြုလုပ်မိကြဖို့ လိုပါတယ်။ မယောင်ရာဆီလူး ဖြစ်နေရင် တကယ်အနှစ်သာရတွေပျောက်ဆုံးပြီး အုတ်ရောရောကျောက်ရောရောဖြစ်ကုန်မှာ စိုးရွံ့မိပါတယ်။ နိုင်ငံရေးသမားများ နည်းမည်ခံယူထားသူ များ၊ ဒီမိုကရေစီနာမည် ခံယူထားသူများ၊ ဒီမိုကရေစီအသုံးချနေသူများ သတိချပ်စေချင်ပါတယ်။

****************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment