Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၂၆.၁၀.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ရခိုင်ပြည်နယ်တွင် ချက်ခြင်းအရေးယူဆောင်ရွက်ရန် အမေရိကန်တိုက်တွန်း

(25 October 2012 ရက်စွဲပါ Canada.com မှ AP ၏ US urges immediate action by Myanmar to halt deadly communal violence ကို ဘာသာပြန်ဆိုသည်)

  1. JETRO အကြီးအကဲက မြန်မာဈေးကွက်တွင် ရင်းနှီးမြှုပ်နှံရန်တိုက်တွန်း

(26 October 2012 ရက်စွဲပါ The Japan Times မှ JETRO chief touts Myanmar market ကိုဘာသာပြန်ဆိုသည်)

******************************************************

ဘာသာပြန်သတင်းများ

ရခိုင်ပြည်နယ်တွင် ချက်ခြင်းအရေးယူဆောင်ရွက်ရန် အမေရိကန်တိုက်တွန်း

(25 October 2012 ရက်စွဲပါ Canada.com မှ AP ၏ US urges immediate action by Myanmar to halt deadly communal violence ကို ဘာသာပြန်ဆိုသည်)

ယခုအပတ် လူဒါဇင်နှင့်ချီ၍သေဆုံးသော လူမျိုးရေးနှင့် ပတ်သက်သော ပြင်းထန်သည့်ဖြစ်ရပ်များ ရပ်ဆိုင်းသွားရေးအတွက် ချက်ခြင်း အရေးယူဆောင်ရွက်ရန် အမေရိကန်က မြန်မာအာဏာပိုင်များအား တောင်းဆိုခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Victoria Nuland ကပြောကြားရာတွင် အမေရိကန်သည် ရခိုင်ပြည်နယ်မှ ဖြစ်ရပ်များအတွက် လွန်စွာစိုးရိမ်ကြောင်း ၊လူသားချင်းစာနာသော အခွင့်အရေးများ အပြည့်အဝပေးနိုင်ရန် အာဏာပိုင်များအား တိုက်တွန်းကြောင်း ပြောခဲ့သည်။

တနင်္ဂနွေနေ့က ပြန်လည်ဖြစ်ပွားသော ဗုဒ္ဓဘာသာရခိုင်လူမျိုးများနှင့် မူဆလင်ရိုဟင်ဂျာ အသိုင်းအဝိုင်းများကြား ဖြစ်ရပ်များတွင် အနည်းဆုံး (၅၆)ဦးသေဆုံးပြီး ၂၀၀၀ နီးပါးနေအိမ်များ ဖျက်ဆီးခံရကြောင်း ဒေသအစိုးရက သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့်အပတ်က မြန်မာနိုင်ငံနှင့် လူ့အခွင့်အရေးဆိုင်ရာဆွေးနွေးမှုများ အောင်မြင်သည်ဟု အမေရိကန်က ရှုမြင်ထားသည်။

Nuland ကပြောကြားရာတွင် အမေရိကန် အစိုးရတာဝန်ရှိပုဂ္ဂိုလ်များသည် ပြီးခဲ့သည့်ဇွန်လမှစ၍ ရခိုင်ပြည်နယ်သို့ငါးကြိမ် သွားရောက်ခဲ့ပြီး ဖြစ်ကာ မြန်မာအာဏာပိုင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်းဆိုသည်။

                                                                *****************************************

JETRO အကြီးအကဲက မြန်မာဈေးကွက်တွင် ရင်းနှီးမြှုပ်နှံရန်တိုက်တွန်း

(26 October 2012 ရက်စွဲပါ The Japan Times မှ JETRO chief touts Myanmar market ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် လူလတ်တန်းစားများ နိုးထလာမှုသည် မြန်မာနိုင်ငံရှိ ဂျပန်စီးပွားရေး လုပ်ငန်းများအတွက် အခွင့်အလမ်းများ မြှင့်တင်ပေးနိုင် လိမ့်မည်ဟု မျှော်လင့်ကြောင်း ဂျပန်ပြင်ပကုန်သွယ်ရေးအဖွဲ့ (JETRO)အကြီးအကဲက ပြောကြားခဲ့သည်။

JETRO ဥက္ကဌ Hiroyuki Ishige သည်မကြာမီက ဂျပန်ကုမ္ပဏီများအား ရန်ကုန်ရှိစက်မှုဇုန်သစ်သို့ သွားရောက်ပြသခဲ့သည်။ ၎င်းက ပြောကြားရာတွင် မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုအတွက် ဆွဲဆောင်အားကောင်းကြောင်း၊ အဘယ့်ကြောင့်ဆိုသော် အိမ်နီးခြင်းများနှင့်စာလျှင် စာတတ်နှုန်းမြင့်မားပြီး လုပ်အားခဈေးပေါသောကြောင့်ဟု ဆိုသည်။

ကုလသမဂ္ဂက မြန်မာနိုင်ငံကိုကမ္ဘာပေါ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ထားသည်။ သို့သော် လူလတ်တန်းစားများပြား လာခြင်းသည် နိုင်ငံ၏စားသုံးသူဈေးကွက် ကောင်းအောင်လုပ်ဆောင်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ၎င်းကမကြာသေးမီက ပြုလုပ်သော အင်တာဗျူးတွင် ပြောသည်။

“ဂျပန် ကုမ္ပဏီအများစုက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ လေးလေးနက်နက် စဉ်းစားနေကြပြီဆိုတာသိရလို့ ကျွန်တော်အားရပါတယ်” ဟု Ishige က ပြောသည်။

ရန်ကုန် အပြင်ဖက်ရှိ စက်မှုဇုန်သို့ သွားရောက်လေ့လာကြစဉ်တွင် ပါဝင်သူအများစုက လျှပ်စစ်မီးပြတ်သွားပါက မီးစက်အသုံးပြုရာတွင် မည်သို့သောလောင်စာ သုံးရမည်ကို မေးခွန်းမေးကြကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ပါက ကြုံတွေ့ရမည့် စိန်ခေါ်မှုများနှင့်ပတ်သက်၍ မေးမြန်းကြရာ Ishige က လျှပ်စစ်မီးမလုံလောက်မှု၊ ရေမလုံလောက်မှု၊ လမ်းများပိတ်ဆို့မှုနှင့် လုပ်သားများကို သယ်ယူပို့ဆောင်ရေးတွင် အခက်အခဲများကို ရှင်းပြ ခဲ့သည်။

မြန်မာနိုင်ငံတွင် မီးမကြာခဏ ပျက်သောကြောင့် စက်ရုံတွင်ကိုယ်ပိုင်မီးစက်များ ထားရန်လိုအပ်ကြောင်း Ishige ကပြောသည်။ ၎င်းသည် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဆိုင်ရာ နိုင်ငံခြားရေးရာ ဒုတိယဝန်ကြီးဟောင်း ဖြစ်ပြီး၊ ယမန်နှစ်ကမှ JETRO ဥက္ကဌ အဖြစ် ခန့်အပ်ခံရသူ ဖြစ်သည်။

မြန်မာနိုင်ငံတွင် စီးပွားရေး ပါတနာအဖြစ်ရွေးချယ်ရန်လွယ်ကူကြောင်း ၎င်းကပြောသည်။ အလားအလာကောင်းပြီး ယုံကြည်ရသော ပါတနာ ရှာဖွေရေးအတွက် မြန်မာအစိုးရ တာဝန်ရှိသူများနှင့်တိုင်ပင်ရန် Ishige ကအကြံပြုသည်။

မြန်မာအစိုးရသည် နိုင်ငံခြားကုမ္ပဏီများနှင့် ပါတနာပြုလုပ်ရန် အလားအလာကောင်းသော မြန်မာကုမ္ပဏီများ စာရင်းထုတ်ပြန်ရန် စဉ်းစားလျက် ရှိသည်ဟု ၎င်းကပြောသည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment