Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၂၆.၁၀.၂၀၁၂

ပြည်တွင်းသတင်း

  1. ဝန်ကြီးဌာနသုံးခုပိုင် စက်ရုံနှင့်မြေကွက်များကို ပုဂ္ဂလိကသို့လွှဲပြောင်းပြီ
  2. ဆန်ဈေးနှုန်းအကျဘက်သို့ ဦးတည်နိုင်သည့်အတွက် အရန်ဆန် ပြည်ပသို့ ပြန်လည်တင်ပို့မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. တရားရုံးများ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး မေးခွန်းမေးမြန်း
  2. ရခိုင်ပဋိပက္ခနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

ဝန်ကြီးဌာနသုံးခုပိုင် စက်ရုံနှင့်မြေကွက်များကို ပုဂ္ဂလိကသို့လွှဲပြောင်းပြီ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနပိုင် စက်ရုံနှင့် မြေကွက်များကို ပုဂ္ဂ လိကသို့ စတင်လွှဲပြောင်းရောင်းချလိုက်ပြီဖြစ်ကြောင်း ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်မှ ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ စက်မှုဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက “ဒီသတင်းက ပာုတ်ပါတယ်။ ကျပ်သန်း ၅၅၀၀ ကျော်နဲ့ လွှဲပြောင်းရောင်းချ ခဲ့တာပါ။ နောက်ပိုင်းလည်း အစိုးရနဲ့ ပုဂ္ဂလိက ပာန်ချက်ညီညီစီးပွားရေးလုပ်ကိုင်သွားဖို့ ရည်ရွယ်ထားပါတယ်”ပာု အတည်ပြုပြောကြားသည်။

ယင်းရောင်းချမှုများတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပိုင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပုဇွန် တောင်လမ်း၊ စက်ဆန်းရပ်ရှိ မြေ ၁ ဒသမ ၄၃၀ဧကနှင့် အဆောက်အအုံအား ကျပ်သန်း ၁၆၀၀ ဖြင့်လည်းကောင်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ပိုင် မွေးမြူရေး၊ အစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းပိုင်မြေ ၄ ဒသမ ၇၀ ဧကကျယ်ဝန်းသည့် သာကေတမြို့နယ် မြမာလာလမ်း၊ စက်မှုဇုန်ရှိ သာကေတ စည်သွပ်စက်ရုံကိုကျပ် ၃၂၉၀သန်းဖြင့်လည်းကောင်း၊ စက်မှုဝန်ကြီးဌာနပိုင် သင်္ဃန်းကျွန်းအထည်စက်ရုံအမှတ်(၁၅)နှင့် ဆက်စပ်မြေကွက်၏ မြေ ၀ ဒသမ ၄၃၈ဧကနှင့် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ ဗိုလ်ကံညွန့်ရပ်ကွက် ဦးဘဟန်လမ်းရှိ အဆောက်အအုံတစ်ခုတို့အား ကျပ်သန်း ၆၇၀ဖြင့် လည်းကောင်း ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချခဲ့ကြောင်း သိရသည်။

ထိြု့ပင် မကြာသေးမီကာလအတွင်းကလည်း စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံပိုင် ရေနံချက်စက်ရုံများ၊ ရေနံဓာတ်ငွေ့ရည်စက်ရုံများ၊ မက်သနေစက်ရုံများနှင့် ဓာတ်မြေသြဇာစက်ရုံများကို ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရန် ဆောင်ရွက်ခဲ့ပြီး နိုင်ငံပိုင်စွမ်းအင်ဆိုင်ရာရုံးများ အား ပုဂ္ဂလိသို့ အကျိုးတူလွှဲပြောင်းပေးအပ်ရန် ပြင်ဆင်ခဲ့ကြောင်း သိရသည်။

YC

------------------------------------------------------------------------------------------------------------------------

ဆန်ဈေးနှုန်းအကျဘက်သို့ ဦးတည်နိုင်သည့်အတွက် အရန်ဆန် ပြည်ပသို့ ပြန်လည်တင်ပို့မည်

မကြာမီကာလအတွင်း ပြည်တွင်းဆန်ဈေးနှုန်းများမှာ အကျဘက်သို့ ဦးတည်လာနိုင်သည့်အတွက် နိုင်ငံတော်အရန်ဆန်များကို ပြည်ပသို့ ပြန် လည်တင်ပို့တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ခု ဆန်တွေကို ပြည်တွင်းမှာ အရမ်းကိုပုံနေပါပြီ။ မကြာခင် ပြည်တွင်းဆန်ဈေးနှုန်းတွေ အကျဘက်ကို ဦးတည်နိုင်ပါတယ်။ ဒါ့ကြောင့် ပြည်တွင်း လက်လီပေးနေတဲ့ဈေးကွက်ကို ခနရပ်ပြီး အရန်ဆန်တွေကို ပြည်ပကိုတင်ပို့ဖို့လုပ်ရတာပါ။ အရင်နှစ်က နိုင်ငံတော်က အရန်ဆန်ထားရှိဖို့ဆိုပြီး ဆန်တန် ချိန် တစ်သိန်း ဝယ်ယူထားပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ထို့ပြင် အောက်တိုဘာလ ၁၉ ရက်နေ့တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ယခုနှစ်ဆောင်းသီးနှံအတွက် လယ်သမားများ ကို နွေစပါးစိုက်စရိတ် တစ်ဧကလျှင် ကျပ်ရှစ်သောင်းအထိ ထုတ်ချေးပေးတော့မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

“တောင်သူတွေအတွက် ရေးရှုပြီးတော့ ဆောင်းသီးနှံအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးပေးသွားမှာပါ။ အရင်က တစ်ဧကကို ကျပ်နှစ်သောင်းသာ ထုတ်ချေးခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာတော့ တောင်သူတွေကို စိုက်စရိတ်ချေးငွေ ကျပ်ငါးသောင်းထုတ်ချေးခဲ့ပြီးတော့ အခုရာသီ မှာတော့ ရှစ်သောင်းအထိ ထုတ်ချေးပေးသွားမှာပါ”ပာု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှထွက်ရှိသည့်ဆန်များကို ဥရောပ၊ စင်္ကာပူနှင့် အာဖရိကနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပြီး ယခုကဲ့သို့ ဆန်စပါး ပြည်ပသို့ ထုတ်ရောင်းချရခြင်းမှာ တောင်သူများ စီးပွားရေးခံသာနိုင်စေရန်ရည်ရွယ်၍ တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။

YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

တရားရုံးများ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး မေးခွန်းမေးမြန်း

တရားရုံးအဆင့်ဆင့်၏ လာဘ်ပေးလာဘ်ယူ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ မည်ကဲ့သို့ အရေးယူစီမံဆောင်ရွက်ထားသည်ကို သိရှိလို ကြောင်း အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် ဒီပဲယင်းမဲဆန္ဒနယ် မှ လွှတ်တော်ကိုယ်စားလှယ်ဦးစိုးညွှန့်က မေးခွန်းမေးမြန်းခဲ့သည်။

ယင်းမေးခွန်းနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွှန့်က တရားရုံးအဆင့်ဆင့်တွင် မရိုးသားမှုများ ခေတ်စားနေ ကြောင်း မြေပြင်သတင်းများအရ ကြားသိရကြောင်း ပြောဆိုချက်မှာ တရားရုံးအားလုံးကို ရိုးသားမှုမရှိဘဲ အဂတိလိုက်စားနေသည်ပာု ထင်ယောင်ထင်မှား ဖြစ်စေပါကြောင်း၊ မြေပြင်သတင်းများအရ ကြားသိရသည်ဆိုသည်မှာ တစ်ဆင့်ကြားသတင်းဖြစ်သည့်အတွက် တစ်ထစ်ချမှန်ကန်သည့် သတင်းပာု မပြောနိုင်ပါကြောင်းနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် တရားရုံးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်နေကြသော တရားသူကြီးများ၊ ဝန်ထမ်းများ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှု၊ အကျင့်ပျက်မှု၊ လုပ်ငန်းတာဝန်များပေါ့လျော့စွာ ဆောင်ရွက်ခြင်းတို့မဖြစ်ပွားနိုင်စေရန် ကြိုတင် ကာကွယ်ရေးအတွက် ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ထို့ပြင် ကော့သောင်းမဲဆန္ဒနယ်မှ ဦးမြင့်ထွန်း၏ ပြည်သူ့လွှတ်တော် အတည်ပြုပေးခဲ့သော တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ်ကြံ့ခိုင်စေရန် ဝိုင်း ဝန်းကူညီထောက်မပေးရေးအဆိုနှင့် ပတ်သက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က စီမံဆောင်ရွက်မှုအခြေအနေကို သိရှိလိုကြောင်း မေးခွန်းကို မေးမြန်းခဲ့သည်။

ယင်းမေးခွန်းနှင့်ပတ်သက်၍ သဲကုန်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်က ကိုယ်စားမေးမြန်းခဲ့ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွှန့်ကပင် တရားစီရင်ရေးကဏ္ဍကို ကျန်ရှိသော မဏ္ဍိုင်(၄)ရပ်က ဝိုင်းဝန်းကူညီဆောင်ရွက်လာပါက ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လိုအပ်သလို လိုက်နာဆောင်ရွက်ရန် အသင့်ပြင်ထားပြီးဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သော အဆိုနှင့်ပတ်သက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များ ရေးဆွဲထုတ်ပြန်ရန် လိုအပ်မည်မပာုတ်ပာု ယူ ဆပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ယင်းလွှတ်တော်အစည်းအဝေးတွင် မေးခွန်း(၅)ခု မေးမြန်းဖြေကြားခြင်း၊ အသိပေးတင်ပြခြင်း၊ အစီရင်ခံစာတင်သွင်းခြင်း၊ အရေးကြီးအဆို တင်သွင်းခြင်းနှင့် အဆိုတင်သွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

YC

------------------------------------------------------------------------------------------------------------------------

ရခိုင်ပဋိပက္ခနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်

လက်ရှိ ရဃိုင်ပြည်နယ်အတွင်း ထပ်မံဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ချက် အမှတ်(၁/၂၀၁၂)ကို အောက်တိုဘာလ ၂၅ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ရခိုင်ဒေသခံပြည်သူများနှင့် ဘင်္ဂါလီတို့အကြား ပဋိပက္ခဖြစ်ပွားနေခြင်းနှင့်ပတ်သက်၍ အလျင်အမြန် အေးငြိမ်းသွားစေရန် ရခိုင်ပြည်နယ်အစိုးရမှ မြို့နယ်အချို့တွင် ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍လည်းကောင်း၊ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဥပဒေကဲ့သို့ အာဏာတည်သည့်အမိန့်ကို ထုတ်ပြန်၍ အရေးပေါ်အခြေအနေကြေညာ၍လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော်အပါအဝင် ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သောကြောင့် အချိန်တိုအတွင်း တည်ငြိမ် အေးချမ်းမှုကို ပြန်လည်ရရှိခဲ့ပြီး အရေးပေါ်အခြေအနေ ထုတ်ပြန်ဆောင်ရွက်မှုကို ဥပဒေနှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းထုတ်ပြန်ချက်တွင် ၂၀၁၂ ခုနှစ် မေလနှင့် ဇွန်လတို့တွင်ဖြစ်ပွားခဲ့သော ရာဇဝတ်မှုများကို အကြောင်းပြု၍ လူအုပ်စုအချင်းချင်း ဒေါသအ လျောက် အကြမ်းဖက်တိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုများဖြစ်ပွားခဲ့ရာ ဇွန်လ ၁၄ ရက်နေ့အထိ သေဆုံးသူ ၅၀ ဦး၊ ဒဏ်ရာရရှိသူ ၅၄ ဦးရှိခဲ့ပြီး လူနေအိမ် ၂၂၃၀ အိမ်နှင့် ဘာသာရေးအဆောက်အအုံ ၁၄ ခု မီးလောင်ဆုံးရှုံးခဲ့သည့်အပြင် ဒေသခံပြည်သူ ၆၁၄၆၂ ဦးတို့ အိုးမဲ့အိမ်မဲ့ဖြစ်ကာ ဒုက္ခသည်စခန်းများသို့ ရောက်ရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အထက်ပါဖြစ်စဉ်အပေါ် နိုင်ငံတကာ အဖွဲ့အစည်းအချို့တို့မှ မြန်မာနိုင်ငံအား လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် ပုံဖော်ပြီး ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့သည့်အပြင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသို့ပင် တင်ပြခဲ့ရာ၊ နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါပြစ်တင်ဝေဖန်မှုများကို နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်း ချေဖျက်ခဲ့ရသည့်အပြင် တစ်ချိန်တည်းမှာပင် ဒုက္ခသည်များအတွက် ယာယီနေရာချထားရေး၊ စားနပ်ရိက္ခာထောက်ပံ့ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ပြည့်စုံရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် လူသားချင်း စာနာထောက်ထားသည့် ထောက်ပံ့ကူညီမှုများရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

ထို့ပြင် လက်ရှိအခြေအနေသည် ဒီမိုကရေစီဖော်ဆောင်သော ပြုပြင်ပြောင်းလဲမှုများကို အချိန်တိုအတွင်း ညင်သာစွာ အသွင်ကူးပြောင်းနိုင်ခဲ့ ခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းမှ အသိအမှတ်ပြု ထောက်ခံလျက်ရှိသကဲ့သို့၊ ဆက်လက်တိုးတက် ဖြစ်ပေါ်လာမည့် အခြေအနေများကို စိတ်ဝင်စားစွာ စောင့်ကြည့်နေကြသည့် အချိန်ကာလလည်းဖြစ်ပြီး ယခုကဲ့သို့ အခြေအနေတွင် တစ်ကျော့ပြန်ဖြစ်ပွားလာသော ဆူပူ အကြမ်းဖက်မှုများသည် နိုင်ငံတော်၊ နိုင်ငံသားတို့၏ ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားကို ထိခိုက်နစ်နာစေနိုင်သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်နှင့် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာတည်ငြိမ် အေးချမ်းရေးကို ထိထိရောက်ရောက် ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ရခိုင်ပြည်နယ်ပဋိပက္ခတွင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများလည်းရှိနေကြောင်း သိရှိရသည့်အတွက် ၎င်းတို့ကို ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့သည်။

YC

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

ရခိုင်လူမျိုးတွေရဲ့ပထဝီ နိုင်ငံရေး အနေအထားအရ ပါတီတွေ၊ အများကြီး ဖြစ်လို့မရဘူး။ ပါတီတစ်ခုတည်း ဖြစ်လေ အကျိုးရှိလေပဲ။ ပါတီများနေရင် ဒေသအကျိုးယုတ်မယ်။ ပါတီပေါင်းတယ်ဆိုတာ နဂိုမူလကတည်းက ပေါင်းစေလိုတဲ့ စေတနာရှိဖို့လိုတယ်။ အတ္တတွေကို ပယ်ရမယ်။ ငါတော်တယ်။ ငါတတ်တယ်။ ငါစီနီယာကျတယ်။ ငါမှန်တယ် ဒါတွေကို လျော့ရမယ်။

အောက်တိုဘာလ ၂၂ရက်နေ့ထုတ် The Messenger ဂျာနယ် အတွဲ(၃) အမှတ် (၂၂) တွင်ပါရှိသည့် "ပါတီနှစ်ခု မပူးပေါင်းနိုင်အောင် ကြိုးစားသူသည် ရခိုင်လူမျိုးများ၏ ရန်သူဟု တိုင်းရင်းသားရေးရာ ဝန်ကြီးပြော" သတင်းမှ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

------------------------------------------------------------------------------------------------------------------------

“ပြည်သူ့ခံစားခွင့် မရှိဘူးဆိုတဲ့ကိစ္စက အင်စတီကျူးရှင်းပြဿနာလို့ မြင်တယ်။ အင်စတီကျူးရှင်းတွေက နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးလာတယ်။ အား လုံးက အရပ်စကားနဲ့ပြောရရင် ခိုင်းမှလုပ်တတ်ကြတယ်။ ကိုယ့်နယ်ပယ်မှာ၊ ကိုယ့်အဆင့်မှာ ကိုယ့်ကိုကိုယ် တာဝန်ယူပြီးတော့ ဆုံးဖြတ်ချက် တစ်ခုခုချ လိုက်၊ တာဝန်ယူမယ်ဆိုတဲ့ စိတ်ဓာတ်ထက် တစ်ခုခုလုပ်မယ်ဆိုရင် ဘယ်သူခိုင်းလို့ လုပ်ရတယ်ဆိုတာက သူတို့ရဲ့ဆီမှာ စွဲနေတယ်။ အဲဒါကို ပြင်မှရ မယ်”

အောက်တိုဘာလ ၂၂ရက်နေ့ထုတ် The Messenger ဂျာနယ် အတွဲ(၃) အမှတ် (၂၂) တွင်ပါရှိသည့် "ပြုပြင်ပြောင်းလဲရေး၏ အကျိုးရလာဒ်ကို အောက် ခြေပြည်သူများ ခံစားရအောင် ဆောင်ရွက်ပေးဖို့လို" သတင်းမှ ၈၈ မျိုးဆက်ကျောင်းသား ကိုကိုကြီး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

------------------------------------------------------------------------------------------------------------------------

“ဖွံ့ဖြိုးပြီးဖြစ်တဲ့ တိုင်းပြည်တစ်ပြည်မှာဆိုရင် အနည်းဆုံးလစာနှုန်းဆိုပြီး ပြဋ္ဌာန်းထားတဲ့ ဥပဒေရှိတယ်။ တိုင်းပြည်တိုင်းတော့ မဟုတ်ဘူးပေါ့။ တကယ်လို့ ဒီနိုင်ငံမှာ အနိမ့်ဆုံးလစာခံစားခွင့် သတ်မှတ်မယ်ဆိုရင်တော့ တည်တည်တံ့တံ့နဲ့နေနိုင်၊ စားနိုင်၊ သွားလာနိုင်တဲ့ အဆင့်မျိုးရှိမယ့် လစာမျိုးဆိုရင်တော့ ဒီကအလုပ်သမားတွေ အဆင်ပြေလာမယ်။ အရမ်းအမြင့်ကြီးတော့ မဟုတ်ဘူးလေ။ ဝင်ငွေတွေက ဖြစ်သင့်တာနဲ့ ဖြစ်နေတာတွေက ဒီလိုပဲ ကွာခြားနေဦး မှာပဲ”

အောက်တိုဘာလ ၂၂ရက်နေ့ထုတ် The Messenger ဂျာနယ် အတွဲ(၃)၊ အမှတ် (၂၂) တွင်ပါရှိသည့် "အနိမ့်ဆုံးလစာ သတ်မှတ်မည်ဆိုပါက နေထိုင် စားသောက်မှုစရိတ်များကင်းလွတ်သော ဝင်ငွေဖြစ်ရန်လို"သတင်းမှ စီးပွားရေးပညာရှင် ဒေါ်ရီရီမြင့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

*****************************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment