Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၂၇.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံတွင် တိုးတက်မှုများရှိပာု Quintana ပြော

(25 Oct 2012 ရက်စွဲပါ AP ၏ UN experts says Myanmar making progress ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနယ်စပ်တစ်လျောက် ကင်းလှည့်မှုကို ဘင်္ဂလားဒေ့ရှ်တိုးမြှင့်

(Gult Time မှ 26 Oct 2012 ရက်စွဲပါ “Bangladesh steps up patrols along Myanmar border”သတင်းကို ဘာသာပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတွင် တိုးတက်မှုများရှိပာု Quintana ပြော

(25 Oct 2012 ရက်စွဲပါ AP ၏ UN experts says Myanmar making progress ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲအစီအစဉ်သည် လျင်မြန်စွာရှေ့သို့ လုပ်ဆောင်လျက်ရှိရာ တိုးတက်မှုများမှာ အားတက်ဖွယ်ဖြစ်ကြောင်း၊ သို့သော် နိုင်ငံရေးအကျဉ်းသားများ ဆက်လက်ထိန်းသိမ်းထားခြင်းနှင့် ရခိုင်ပြည်နယ်မှပြင်းထန်သော ဖြစ်ရပ်များအပါအဝင် လေးနက်သောစိန်ခေါ်မှုများ ရှိနေသေးကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်က ပြောကြားခဲ့သည်။

Tomas Ojea Quintana ကကြာသပတေးနေ့က ကုလသမဂ္ဂအထွေထွေညီလာခံတွင် အစီရင်ခံစာတင်သွင်းရာ၌ သမ္မတဦးသိန်းစိန်သည် လွတ်ငြိမ်းချမ်းသာခွင့်(၆)ကြိမ်ပေးပြီး နိုင်ငံရေးအကျဉ်းသား(၇၃၀)ကျော် လွှတ်ပေးခဲ့သော်လည်း လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးအသင်း ဒါရိုက်တာ ဦးအေးမြင့်အပါအဝင် အချို့ထောင်ထဲတွင်ရှိနေသေးကြောင်း ပြောသည်။

“မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လျင်မြန်တဲ့နှုန်းနဲ့ ဆက်လက်လုပ်ဆောင်နေပါတယ်။ သိသာထင်ရှားတဲ့ တိုးတက်မှုတွေလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ လူ့အခွင့်အရေးအခြေအနေလည်း တိုးတက်လာပါတယ်”ပာု Quintana ကပြောသည်။ “ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေကို ကိုင်တွယ်ရေးပာာ အရေးကြီးတယ်ဆိုတာ ထင်ရှားပါတယ်”ပာု ၎င်းကပြောသည်။

၎င်းက အစိုးရအား ကျန်ရှိသော နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိ ချက်ချင်းလွှတ်ရန် တိုက်တွန်းခဲ့သည်။

Quintana ကပြောကြားရာတွင် ၎င်းသည် ဖမ်းဆီးထားသူများကို SB မှပုဂ္ဂိုလ်များကစစ်ဆေးရာတွင် နှိပ်စက်မှုများ၊ အဆက်မပြတ် လက်ခံရရှိ ထားကြောင်းဆိုသည်။

အစိုးရသည် မီဒီယာနှင့်ဆန္ဒပြမှုများတွင် ကန့်သတ်မှုများကိုဖြေလျော့ပေးခဲ့သော်လည်း ဥပဒေသစ်များတွင် လွတ်လပ်စွာစုဝေးခွင့်နှင့် ဖော်ထုတ် ခွင့်ကိုကန့်သတ်မှုများ ပြုလုပ်ထားဦးမည်ကိုစိုးရိမ်ကြောင်း Quintana ကပြောသည်။

ယခင်က ၎င်းသည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများကို ပြင်းထန်စွာဝေဖန်ခဲ့သော်လည်း ယခုအစီရင်ခံစာမှစတင်၍ အပေါင်း လက္ခဏာဆောင်သော သုံးသပ်မှုများ စတင်တွေ့မြင်လာရသည်။

“ဒီလုပ်ငန်းစဉ်ကြီး ရှေ့ဆက်မောင်းနှင်နိုင်ဖို့နဲ့ မြန်မာပြည်သူများရဲ့ တိုးတက်ရေးကို အာရုံပြုမှုဆက်လက်ထားရှိနိုင်ရေးအတွက် လူ့အခွင့်အရေးပာာ လုပ်ငန်းစဉ်ရဲ့အသည်းနှလုံးအဖြစ် ရှိနေသင့်ပါတယ်”ပာု ၎င်းကအလေးပေး ပြောကြားခဲ့သည်။အထူးသဖြင့် ရခိုင်ပြည်နယ်မှ ဗုဒ္ဓဘာသာ ရခိုင်များနှင့် မူဆလင်ရိုပာင်ဂျာများကြား ပဋိပက္ခများနှင့် ကချင်ပြည်နယ်မှတိုက်ပွဲများတွင် ပို၍လိုအပ်ကြောင်းဆိုသည်။

ရခိုင်ပြည်နယ်တွင် နောက်ဆုံးဖြစ်ပေါ်နေသော ဖြစ်ရပ်များအရ လူပေါင်း(၅၆)ဦးသေဆုံးပြီး (၂၀၀၀)နီးပါးနေအိမ်များ ဖျက်ဆီးခံရကြောင်း မြန်မာ အစိုးရတာဝန်ရှိသူများက ကြာသပတေးနေ့က ပြောကြားခဲ့သည်။

                                                        ***********************************************

မြန်မာနယ်စပ်တစ်လျောက် ကင်းလှည့်မှုကို ဘင်္ဂလားဒေ့ရှ်တိုးမြှင့်

(Gult Time မှ 26 Oct 2012 ရက်စွဲပါ “Bangladesh steps up patrols along Myanmar border”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ထပ်မံဖြစ်ပွားသော လူမျိုးရေး၊ ဘာသာရေး၊ အဓိကရုဏ်းကြောင့် ထွက်ပြေးလာသူ ရိုပာင်ဂျာမွတ်ဆလင် ဒုက္ခသည်များကို သယ်ဆောင်လာသည့် စက်လှေများ ဒါဇင်နှင့်ချီ၍ ဝင်ရောက်လာသည့်သတင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံနှင့် နယ်စပ်မြစ်ကြောင်း  တစ်လျောက် ကင်းလှည့်စောင့်ကြပ်မှုကို တိုးမြှင့်လိုက်သည်။

ဇွန်လက လူ ၁၀၀ ခန့်သေဆုံးခဲ့ရသော ရခိုင်-ရိုပာင်ဂျာ ပဋိပက္ခဖြစ်ပွားရာဒေသ မြန်မာနိုင်ငံအနောက်ပိုင်းတွင် ယခုရက်ပိုင်း ထပ်မံဖြစ်ပွားသော အကြမ်းဖက်မှုများကြောင့် အနည်းဆုံး ၆၄ ဦးခန့် အသက်ဆုံးရှုံးခဲ့ပြီး၊ အိမ်ခြေ ၂၀၀၀ ကျော်မီးလောင်ပျက်စီးသွားသည်ပာု သိရသည်။

“ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲကို စက်လှေတွေအများကြီး ဦးတည်လာနေကြပါတယ်။ ဒီဘက်ထဲကို သူတို့ဝင်မလာနိုင်အောင် ကင်းလှည့်စောင့်ကြပ်မှု ကို ကျွန်တော်တို့တင်းကြပ်ထားပါတယ်”ပာု ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်မှူး ဗိုလ်မှူးကြီး ဇာပာစ်ပာာဆန်က AFP သတင်းဌာနသို့ပြောကြားသည်။

ရိုပာင်ဂျာစက်လှေများသည် ညပိုင်းတွင် နတ်မြစ်ကိုဖြတ်၍ ဘင်္ဂလားဒေ့ရှ်ဘက်သို့ဝင်ရန် ကြိုးစားကြလိမ့်မည် မျှော်လင့်ရကြောင်း ဗိုလ်မှူးကြီး ဇာပာစ်ပာာဆန်က ဆိုသည်။

ဇွန်လက ရခိုင်ပြည်နယ် အဓိကရုဏ်းအပြီးနောက်ပိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်အများစုပါဝင်သော ရိုပာင်ဂျာများကို တင်ဆောင်လာသည့် စက်လှေ ၁၆ စင်းခန့်ကို ဘင်္ဂလားဒေ့ရှ်မြစ်ကြောင်း ကင်းလှည့်တပ်ဖွဲ့က ပြန်လည်မောင်းထုတ်ခဲ့သည်။

ယင်းကဲ့သို့ ဒုက္ခသည်များအား မောင်းထုတ်သောအပြုအမူကြောင့် ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအုပ်စုများ၏ ပြစ်တင်ဝေဖန်မှုကို ခံခဲ့ရသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၎င်း၏အရှေ့တောင်ပိုင်းတွင် နေထိုင်နေကြသော ရိုပာင်ဂျာ ၃ သိန်းခန့်ကြောင့် ဝန်ထုပ်ဝန်ပိုးပိနေပြီးဖြစ်၍ နောက်ထပ်ဒုက္ခသည်အသစ်များကို လက်သင့်ခံတော့မည်မပာုတ်ပာု ပြောကြားထားသည်။

                                          *********************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment