Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၂၇.၁၀.၂၀၁၂

ပြည်တွင်းသတင်း

  1. လာမည့် ၂၀၁၅ တွင်မြန်မာလုပ်သားအင်အား စစ်တမ်းကောက်ယူမည်
  2. နိုင်ငံရေးအကျဉ်းသားပောာင်းများရေးဆွဲသည့် ဥပဒေမူကြမ်းအတည်ပြုရန် ညီလာခံကျင်းပမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. တိုင်းရင်းသားများ မိမိဒေသမိမိ ပြန်လည်အုပ်ချုပ်ခွင့်ရတော့မည်
  1. ရခိုင်ပဋိပက္ခနှင့်ပတ်သက်၍ NDPD မှကြေညာချက်ထုတ်ပြန်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

လာမည့် ၂၀၁၅ တွင်မြန်မာလုပ်သားအင်အား စစ်တမ်းကောက်ယူမည်

မြန်မာနိုင်ငံအတွင်းရှိ အလုပ်သမားများ၏ သက်ဆိုင်ရာအချက်အလက်များနှင့် ပတ်သက်၍ ပိုမိုတိကျမှုရှိစေရန် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် မြန်မာ လုပ်သားအင်အားစစ်တမ်းတစ်ရပ် ကောက်ယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

ပြီးခဲ့သည့် ၁၉၉၀ ခုနှစ်တွင် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက လုပ်သားအင်အားစစ်တမ်း နောက်ဆုံးကောက်ယူခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ အလုပ်လက်မဲ့နှုန်းအား လေ့လာကြည့်ရာတွင် နိုင်ငံတကာနှင့်နှိုင်းယှဉ်ပါက များပြားလှသည်ပာုမဆိုနိုင်သည်ကို တွေ့ရှိရကြောင်း နိုင်ငံပိုင်သတင်းစာများ တွင် ဖော်ပြပါရှိသည်။

တစ်ကမ္ဘာလုံးရှိ နှစ်စဉ်ရရှိသော လူဦးရေတိုးနှုန်းအပေါ်အခြေပြု၍ လုပ်သားအင်အားတိုးနှုန်းကို  တွက်ချက်ရယူပြီး စစ်တမ်းမှကောက်ယူခဲ့သည့် အချက်အလက်များကို မှီတည်၍ လုပ်သားအင်အား၊ အလုပ်လက်မဲ့၊ အလုပ်လက်ရှိနှုန်း၊ အလုပ်လက်မဲ့နှုန်းနှင့် လုပ်သာအင်အားပါဝင်မှုနှုန်းတို့ကို ခန့်မှန်း၍ တွက်ချက်ရာတွင် စပိန်နိုင်ငံမှ ၂၀၁၂ ခုနှစ်တွင် အလုပ်လက်မဲ့နှုန်း ၂၄.၆ ရာခိုင်နှုန်းဖြင့် ပထမနေရာကိုဦးဆောင်၍ ၂၀၁၂ ခုနှစ်တွင် ပြင်သစ်နိုင်ငံမှ အလုပ် လက်မဲ့နှုန်း ၁၀.၂%ဖြင့် ဒုတိယလိုက်ခဲ့ပြီး မြန်မာနိုင်ငံမှာမူ ၂၀၁၁ ခုနှစ်တွင် အလုပ်လက်မဲ့နှုန်း ၄ ရာခိုင်နှုန်းဖြင့် နံပါတ် ၇ နေရာတွင် ရပ်တည်လျက် ရှိသည်။

ထို့ပြင် မကြာမီကာလအတွင်း ပြည်တွင်းသို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများ တရှိန်ထိုးဝင်ရောက်လာတော့မည်ဖြစ်သည့်အတွက် အလုပ်အကိုင်အခွင့်အ လမ်းများရနိုင်သည့် စက်ရုံ၊ အလုပ်ရုံများ ပေါ်လာရေး ဦးစီးပေးကြိုးစားလုပ်ဆောင်နိုင်မည်ဆိုပါက အလုပ်လက်မဲ့နှုန်းထားများမှာလည်း ယခုထက်ပို၍ လျော့ကျလာနိုင်ဖွယ်ရှိကြောင်း သိရသည်။

YC

------------------------------------------------------------------------------------------------------------------------

နိုင်ငံရေးအကျဉ်းသားပောာင်းများရေးဆွဲသည့် ဥပဒေမူကြမ်းအတည်ပြုရန် ညီလာခံကျင်းပမည်

နိုင်ငံရေးအကျဉ်းသားပောာင်းများမှ ရေးဆွဲထားသည့် ဥပဒေမူကြမ်းအတည်ပြုနိုင်ရေးအတွက် ညီလာခံတစ်ရပ် ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံ ရေးအကျဉ်းသားပောာင်းများအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“နိုင်ငံရေးအကျဉ်းသားပောာင်းတွေ စုပြီးရေးဆွဲထားတဲ့ ဥပဒေမူကြမ်းတစ်ခုကို အတည်ပြုနိုင်ဖို့အတွက် ညီလာခံကို သုံးရက်တိုင်တိုင် ကျင်းပမှာ ပါ။ ဒီညီလာခံဖြစ်မြောက်ရေးအတွက် နိုဝင်ဘာမှာ အခမ်းအနားတစ်ရပ် ကျင်းပဦးမှာပါ။ ပြီးတော့ ဒီညီလာခံမှာ နိုင်ငံရေးအကျဉ်းသားပောာင်းများအဖွဲ့ချုပ် ရန်ပုံငွေရရှိဖို့အတွက်လည်း ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်သွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ယင်းညီလာခံတွင် နိုင်ငံရေးအကျဉ်းသားပောာင်းများအားလုံး ပါဝင်နိုင်ရေးအတွက် နိုင်ငံရေးအကျဉ်းသားပောာင်းကော်မတီ၊ နိုင်ငံရေးအကျဉ်း သားပောာင်းများ ညီလာခံဖြစ်မြောက်ရေးကော်မတီနှင့် ပြည်သူများနှင့် ဆက်ဆံဆောင်ရွက်ရေးကော်မတီများကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပြီး လက် ရှိအချိန်တွင် ညီလာခံဖြစ်မြောက်ရေးအတွက် ၅၀ ရာခိုင်နှုန်း ချိတ်ဆက်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

”အခုလက်ရှိ ထောင်ထဲမှာရှိနေသေးတဲ့ ကျန်ရှိနိုင်ငံရေးအကျဉ်းသားတွေအတွက်လည်း ဆက်ပြီး ကြိုးစားပေးဦးမှာပါ။ နိုင်ငံရေးအကျဉ်းသားနေ့ သတ်မှတ်ဖို့အတွက်လည်း လုပ်ဆောင်နေပါတယ်။ ဒီညီလာခံမှာ အဲ့ဒီကိစ္စတွေကို တင်ပြနိုင်လိမ့်မယ်လို့ ထင်ပါတယ်”ပာု ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံရာမှ အစိုးရသစ်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သည့်အပြင် ယခင်အစိုးရပောာင်း လက်ထက်က ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားအတော်များများကို လွှတ်ပေးခဲ့သည်။

YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

တိုင်းရင်းသားများ မိမိဒေသမိမိ ပြန်လည်အုပ်ချုပ်ခွင့်ရတော့မည်

တိုင်းရင်းသားများကတောင်းဆိုထားသည့် ဖယ်ဒရယ်ပြည်ထောင်စုစနစ် ဖော်ဆောင်နိုင်ရေးအတွက် တိုင်းရင်းသားများကိုယ်တိုင် မိမိဒေသမိမိ ပြန်လည်အုပ်ချုပ်ခွင့်ပေးနိုင်ရေးအား စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ပြော ကြားချက်အရ သိရသည်။

“တိုင်းရင်းသားတွေ လိုလားတဲ့၊ တောင်းဆိုထားတဲ့ ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို ဖော်ဆောင်နိုင်ဖို့အတွက် ခုကတည်းက စတင်ဆောင်ရွက်နေ ပါပြီ။ ဒီဖယ်ဒရယ်စနစ်က တိုင်းရင်းသားတွေကို မိမိဒေသမိမိ ပြန်လည်အုပ်ချုပ်ခွင့်ပေးမယ့်ပုံစံပါ။ သူတို့ကို လုပ်ပိုင်ခွင့်တွေပေးဖို့အတွက်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေက တစ်ချို့အချက်တွေကို ပြင်ဆင်ရဦးမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ထို့ပြင် တိုင်းရင်းသားများတောင့်တသည့် ပြည်ထောင်စုဖက်ဒရယ်စနစ် ထူထောင်နိုင်ရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်မှာ အထူးလို အပ်လှပြီး ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာနိုင်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်ရာမှာ အားလုံးပါဝင်နိုင်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစု ကြည်အနေနဲ့လည်း လစ်လျူရှုမနေဘဲ ပါဝင်လာနိုင်ပါတယ်။ ကချင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ဖြစ်ပွားမှုတွေ ရပ်တန့်ဖို့ဆိုရင် NLD နဲ့ ဒေါ်အောင် ဆန်းစုကြည်အပေါ်မှာ မူတည်နေပါတယ်”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်တွင် လွှတ်တော်အတွင်းတွင်လည်း တိုင်းရင်းသားအရေးကိစ္စရပ်များနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များက စတင်ဆွေး နွေးနေပြီဖြစ်ပြီး လက်ရှိအချိန်တွင် ပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် (၁၁)ဖွဲ့အနက် (၁၀)ဖွဲ့နှင့် ငြိမ်းချမ်းရေးသဘောတူညီမှုများ ရရှိခဲ့ပြီးဖြစ် ကြောင်း သိရသည်။

YC

------------------------------------------------------------------------------------------------------------------------

ရခိုင်ပဋိပက္ခနှင့်ပတ်သက်၍ NDPD မှကြေညာချက်ထုတ်ပြန်

လက်ရှိ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားလျက်ရှိသော ပဋိပက္ခအကြမ်းဖက်မှုများနှင့်ပတ်သက်၍ အောက်တိုဘာလ ၂၅ ရက်နေ့တွင် အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးဒီမိုကရက်တစ်ပါတီ(NDPD)ပါတီမှ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကြေညာချက်အမှတ် (၂/၂၀၁၂)ကို ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းကြေညာချက်တွင် ရခိုင်ပြည်နယ်အတွင်း ရှေးနှစ်ပေါင်းများစွာကပင် ရခိုင်လူမျိုးများနှင့် ဒေသခံအစ္စလာမ်ဘာသာဝင်များသည် ဥမကွဲ၊ သိုက် မပျက်၊ အေးအတူ၊ ပူအမျှ ညီရင်းအကို မောင်ရင်းနှမကဲ့သို့ အတူယှဉ်တွဲပြီးနေထိုင်ခဲ့ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်ထောင်စုဖွား လူမျိုး များအားလုံး လူမျိုး၊ ဘာသာ၊ ဒေသအဆင့်အတန်းခွဲခြားခြင်းမရှိဘဲ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ သာတူညီမျှခြင်းတည်းပာူသော လောကပါလတရားကို အခြေပြုသည့် မြန်မာ့လူ့ဘောင်သစ်တစ်ရပ်ကို ဒီမိုကရေစီစနစ်ဖြင့် ဖော်ဆောင်ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံသားတိုင်းတွင်တာဝန်ရှိကြောင်း ဖော်ပြခဲ့ သည်။

ယခုအခါ ရခိုင်ပြည်နယ်အတွင်း ဘာသာရေး၊ လူမျိုးရေးကိုအကြောင်းပြု၍ အစွန်းရောက်ရခိုင်လူမျိုးများက ဒေသခံအစ္စလာမ်ဘာသာဝင်များ၏ နေအိမ်များကို မီးရှို့ခြင်း၊ လူသတ်ဖြတ်ခြင်း၊ လုယက်ခြင်းများကို ရခိုင်ပြည်နယ်အနှံ့အပြား၌ ပြုလုပ်ဆောင်ရွက်နေကြသည်ကို စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့မြင်ကြားသိနေရကြောင်းနှင့် ရခိုင်ပြည်နယ်အနှံ့အပြားတွင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ(၁၄၄)ထုတ်ပြန်ထားသည့်ကြားမှပင် ဒေသခံအစ္စလာမ်ဘာ သာဝင်များ၏ နေအိမ်များ၊ ဗလီများကို မီးရှို့ခြင်း၊ လူများကိုသတ်ဖြတ်ခြင်းအပေါ် အာဏာပိုင်များမှ အာဏာစက်ဖြင့် လုံခြုံမှုမပေးခြင်း၊ အချိန်မီ အကာအ ကွယ်ပေးမှုမရှိခြင်းအပေါ် ကျွန်တော်တို့ပါတီအနေဖြင့် ရခိုင်ပြည်နယ်အစိုးရအပေါ် အားမလိုအားမရဖြစ်ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့ပြင် လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်း လုံခြုံမှု၊ မီးရှို့မှုနှင့် လူသတ်မှုများဖြစ်ပွားနေမှုအပေါ် ဒေသခံအာဏာပိုင်များက ကာကွယ်မှုမပေး နိုင်ခဲ့သည့်အပြင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော မီးရှို့လုယက်မှု ပဋိပက္ခများအပေါ် ပြည်တွင်းဂျာနယ်အချို့မှ အဖြစ်မှန်နှင့်ဆန့်ကျင်ကာ ဖော်ပြခြင်းသည် မီဒီယာကျင့်ဝတ်သိက္ခာနှင့် မညီညွှတ်သည့်အပြင် မီးလောင်ရာလေပင့်သလို တစ်ဖက်စောင်းနင်းရေးသားဖော်ပြလျက်ရှိကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြခဲ့သည်။

ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး ထိရောက်စွာမပေးသဖြင့် လူမျိုးတုန်းသတ်ဖြတ်မှုမျိုးကဲ့သို့ ဦးတည်ဖြစ်ပွားလာ နေသဖြင့် အခြေအနေကို အမြန်ဆုံးချက်ချင်း ထိန်းသိမ်းပေးသင့်ကြောင်းနှင့် နှစ်ဖက်လုံးပျက်စီးမှုကို ဦးတည်စေနိုင်သော မီးရှို့လူသတ်မှု၊ အနိုင်ကျင့်မှုများ ကို ဆက်လက်မဖြစ်ပွားစေရန် ရခိုင်ပြည်နယ်အုပ်ချုပ်ရေးကို ခေတ္တရပ်ဆိုင်းပြီး အပြစ်မဲ့ဒေသခံ အစ္စလာမ်ဘာသာဝင်များ၏ အသက်အိုးအိမ်စည်းစိမ်၊ မီးရှို့ သတ်ဖြတ်ခြင်းများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးရန်အတွက် ပြည်ထောင်စုအစိုးရမှ တိုက်ရိုက်အုပ်ချုပ်၍ တာဝန်ယူဖြေရှင်းဆောင်ရွက်သင့် ကြောင်း NDPD ပါတီမှ သဘောထားထုတ်ပြန်ကြေညာခဲ့သည်။

NT

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

“ဒေါ်အောင်ဆန်းစုကြည် လွတ်လာတုန်းကလည်း ဒုတိယပင်လုံလိုဟာမျိုး ပြောထားတာတော့ရှိတယ်။ ဘက်စုံထောင့်စုံမှာရှိတဲ့ အများဆုံးကိုယ်စားပြုမှု ကျယ်ကျယ်ပြန့်ပြန့် တိုင်းရင်းသားပေါင်းစုံပါဝင်နိုင်မယ့် ညီလာခံမျိုးလုပ်ဖို့ မျှော်လင့်ပါတယ်။ လုပ်လည်းလုပ်သင့်ပါတယ်။ ပင်လုံစိတ်ဓါတ်ကို အခြေခံပြီး စကားပြောဖို့ ပိုအရေးကြီးပါတယ်။ အသွင်သဏ္ဍာန်အရဖြစ်ပြီးတော့ အနှစ်သာရအရ မပါလာမှာကိုပဲ စိုးရိမ်တယ်”

အောက်တိုဘာလ ၂၂ရက်နေ့ထုတ် The Messenger ဂျာနယ် အတွဲ(၃)၊ အမှတ် (၂၂)  တွင်ပါရှိသည့်“ပြည်ထောင်စုစနစ် အမည်ခံ တစ်ပြည်ထောင် စနစ်ကို ထူထောင်ခဲ့၍ ပြည်တွင်းစစ်မီး ပျံ့နှံ့ခဲ့ခြင်းဖြစ်ဟုဆို”သတင်းမှ Rain Fall အဖွဲ့မှာ ဇင်မာအောင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

 ------------------------------------------------------------------------------------------------------------------------

ကျွန်တော်တို့ နိုင်ငံကို တရုတ်ကချည်း လွှမ်းမိုးသွားတာ၊ အမေရိကန်ကချည်း လွှမ်းမိုးသွားတာ၊ ကျန်တဲ့နိုင်ငံတွေကလာပြီး လွှမ်းမိုးသွားတယ်ဆို နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်။ ဒါမျိုးအဖြစ်မခံပါဘူး။ မူဝါဒမှာလည်း ဒီအတိုင်းချထားပါတယ်။ နောက်တစ်ချက်ကတော့ အချုပ်အခြာအာဏာကို ထိပါးမ ခံပါဘူး။

အောက်တိုဘာလ ၂၄ရက်နေ့ထုတ်  Weekly Eleven News ဂျာနယ် အတွဲ (၈) အမှတ် (၃)တွင်ပါရှိသည့် “မည်သည့်နိုင်ငံကမှ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှုအဖြစ်မခံနိုင်ကြောင်း နိုင်ငံတော်သမ္မတပြောကြား” သတင်းမှ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

 ------------------------------------------------------------------------------------------------------------------------

လွှတ်တော်ဥက္ကဋ္ဌတစ်ယောက်အနေနဲ့လည်း အနည်းဆုံး လိုအပ်တဲ့အချိန်ကိုပဲ အသုံးပြုလိုပါတယ်။ မိမိလွှတ်တော်ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ဒီစင်မြင့်ပေါ် မှာ ဒီလိုထိုင်နေရသည်ပင်လျှင်လည်း မည်မျှအထိ အချိန်ပေး၊ ကျဉ်းထဲကြပ်ထဲ ဆောင်ရွက်ရတယ်ဆိုတာကို အားလုံးနားလည်မှာဖြစ်ပါတယ်။ အဲဒီလိုပဲ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့လည်း လွှတ်တော်ကာလအတွင်းမှာဆောင်ရွက်တဲ့ အချိန်အတိုင်းအတာဟာ ဤကာလအတွင်း လုံလောက်မှုရှိ၊ မရှိ တချို့ ဆိုလျှင် မလုံလောက်တဲ့အတွက် လွှတ်တော်အစည်းအဝေး ကျင်းပပြီးတဲ့အချိန်တွေမှာလည်း အချိန်ပိုလုပ်နေရတာဖြစ်သလို တချို့လည်း ရုံးပိတ်ရက်များမှာ ဆောင်ရွက်နေတာ အားလုံးအသိပဲဖြစ်ပါတယ်။ ထိုနည်းစွာပဲ လွှတ်တော်ကော်မတီများအနေနဲ့လည်း လွှတ်တော်ရပ်နားတဲ့အချိန်မှာ မည်ကဲ့သို့ မည်မျှ လောက် ဆောင်ရွက်နေတယ်ဆိုတာကလည်း အားလုံးအသိပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လွှတ်တော်ရဲ့ လုပ်ငန်းဆောင်ရွက်ချိန် လုံလောက်ဖို့ အဓိက တာဝန်ရှိသူဟာ လွှတ်တော်ဥက္ကဋ္ဌရဲ့တာဝန်လို့ ခံယူထားပါတယ်။ ဒါကြောင့် မည်ရက်၊ မည်၍၊ မည်မျှအထိ ဆောင်ရွက်မယ်ဆိုတဲ့အပိုင်းကတော့ လုပ်ငန်းအ ခြေအနေနဲ့ လွှတ်တော်ရဲ့ အခြေအနေပေါ်မှာ မူတည်တယ်လို့ပဲ ယူဆရမှာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၂၄ရက်နေ့ထုတ်  Weekly Eleven News ဂျာနယ် အတွဲ (၈) အမှတ် (၃)တွင်ပါရှိသည့် “လွှတ်တော်ပုံမှန်အစည်းအဝေးများ ကျင်း ပချိန်အတွက် လွှတ်တော်ပြက္ခဒိန်ထားရှိရန် လိုအပ်သော်လည်း အချိန်အတိအကျ သတ်မှတ်နိုင်ခြင်းမရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေ မန်းပြောကြား” သတင်းမှ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

*****************************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment